iMyanmarHouse.com - Best Property Website for Myanmar
×

ဆီးခုံေမႊးရိတ္သူေတြ ေရာဂါကူးစက္မႈ အႏၱရာယ္ ပိုမ်ားၾကေၾကာင္း ေလ့လာေတြ႔ရိွခဲ့ပါတယ္။ လူငယ္ေတြမွာ ယင္းအေမႊး ရွင္းလင္းမႈလုပ္တာလည္း အမ်ားဆုံးျဖစ္ေၾကာင္း ကြ်မ္းက်င္ပညာရွင္ေတြက ဆုိပါတယ္။ ခႏၶာကိုယ္ေအာက္ပုိင္းရိွ အေမႊးကို ဖေယာင္းနဲ႔ႏႈတ္ ဒါမွမဟုတ္ တိသူေတြ လိင္ကိစၥ ပိုမိုႏုိးၾကားကာ လိင္ဆက္ဆံမႈကတဆင့္ ကူးစက္တဲ့ေရာဂါ (STIs) အႏၱရာယ္ ပိုမိုျမင့္မားေစပါတယ္။ ဒီလုိ အေမႊးအမွ်င္ေတြ သန္႔စင္တာက အေရျပား ထိရွရာနဲ႔ ေပါက္ျပဲမႈအေသးမႊားေလးေတြ ျဖစ္ေပၚေစျပီး ေရာဂါကူးစက္မႈ ပိုျဖစ္လြယ္ေစပါတယ္။

အဆိုပါေလ့လာမႈအေနျဖင့္ အေမရိက,က အသက္ ၁၈ နဲ႔ ၆၅ ၾကားရိွ အရြယ္ေရာက္ျပီးသူ ၇,၅၀၀ ေက်ာ္ကို စစ္ေဆးေလ့လာခဲ့တာပါ။ ၁၃% ဝန္းက်င္ဟာ အနည္းဆုံး STI တစ္မ်ဳိးရွိေၾကာင္း ဝန္ခံၾကပါတယ္။ ၄ ေယာက္မွာ ၃ ေယာက္က အေမႊးေတြ ရွင္းလင္းၾကပါတယ္။

ကုိယ္နဲ႔အေမႊးကို သန္႔စင္လြန္းသူေတြဟာ ဆစ္ဖလစ္ကာလသားေရာဂါ၊ အသားမာနဲ႔ gonorrhea ကာလသားေရာဂါစတဲ့ ေရာဂါကူးစက္မႈအႏၱရာယ္အမ်ားဆုံး ျဖစ္ပါတယ္။ အေမႊးအမ်ွင္ေတြရွင္းပစ္ျခင္းက အေရျပားအေပၚယံလႊာေပါက္ျပဲမႈေလးေတြ ျဖစ္ေစျပီး STI ေရာဂါအႏၱရာယ္ ပုိမိုျမင့္တက္ေစႏုိင္တယ္လုိ႔ ယင္းသုေတသနဦးစီးသူ ေဒါက္တာ Benjamin Breyer က ေျပာဆိုခဲ့ပါတယ္။

အေမႊးအမွ်င္ သန္႔စင္သူေတြဟာ အျခားသူေတြထက္ အႏၱရာယ္ျဖစ္ေစတဲ့ လိင္ကိစၥေဆာင္ရြက္ႏိုင္ေျခ ပိုမ်ားၾကပါတယ္။ မိန္းကေလးေတြ အေမႊးရိတ္ဖုိ႔ အသုံးမ်ားဆုံးကလည္း ရုိးရုိးဘလိတ္ဓားပဲ ျဖစ္ပါတယ္။

Credit : trend myanmar

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဆီးခုံမွှေးရိတ်သူတွေ ရောဂါကူးစက်မှု အန္တရာယ် ပိုများကြကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။ လူငယ်တွေမှာ ယင်းအမွှေး ရှင်းလင်းမှုလုပ်တာလည်း အများဆုံးဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။ ခန္ဓာကိုယ်အောက်ပိုင်းရှိ အမွှေးကို ဖယောင်းနဲ့နှုတ် ဒါမှမဟုတ် တိသူတွေ လိင်ကိစ္စ ပိုမိုနိုးကြားကာ လိင်ဆက်ဆံမှုကတဆင့် ကူးစက်တဲ့ရောဂါ (STIs) အန္တရာယ် ပိုမိုမြင့်မားစေပါတယ်။ ဒီလို အမွှေးအမျှင်တွေ သန့်စင်တာက အရေပြား ထိရှရာနဲ့ ပေါက်ပြဲမှုအသေးမွှားလေးတွေ ဖြစ်ပေါ်စေပြီး ရောဂါကူးစက်မှု ပိုဖြစ်လွယ်စေပါတယ်။

အဆိုပါလေ့လာမှုအနေဖြင့် အမေရိက,က အသက် ၁၈ နဲ့ ၆၅ ကြားရှိ အရွယ်ရောက်ပြီးသူ ၇,၅၀၀ ကျော်ကို စစ်ဆေးလေ့လာခဲ့တာပါ။ ၁၃% ဝန်းကျင်ဟာ အနည်းဆုံး STI တစ်မျိုးရှိကြောင်း ဝန်ခံကြပါတယ်။ ၄ ယောက်မှာ ၃ ယောက်က အမွှေးတွေ ရှင်းလင်းကြပါတယ်။

ကိုယ်နဲ့အမွှေးကို သန့်စင်လွန်းသူတွေဟာ ဆစ်ဖလစ်ကာလသားရောဂါ၊ အသားမာနဲ့ gonorrhea ကာလသားရောဂါစတဲ့ ရောဂါကူးစက်မှုအန္တရာယ်အများဆုံး ဖြစ်ပါတယ်။ အမွှေးအမျှင်တွေရှင်းပစ်ခြင်းက အရေပြားအပေါ်ယံလွှာပေါက်ပြဲမှုလေးတွေ ဖြစ်စေပြီး STI ရောဂါအန္တရာယ် ပိုမိုမြင့်တက်စေနိုင်တယ်လို့ ယင်းသုတေသနဦးစီးသူ ဒေါက်တာ Benjamin Breyer က ပြောဆိုခဲ့ပါတယ်။

အမွှေးအမျှင် သန့်စင်သူတွေဟာ အခြားသူတွေထက် အန္တရာယ်ဖြစ်စေတဲ့ လိင်ကိစ္စဆောင်ရွက်နိုင်ခြေ ပိုများကြပါတယ်။ မိန်းကလေးတွေ အမွှေးရိတ်ဖို့ အသုံးများဆုံးကလည်း ရိုးရိုးဘလိတ်ဓားပဲ ဖြစ်ပါတယ်။

Credit : trend myanmar



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top