iMyanmarHouse.com - Best Property Website for Myanmar
×










အမှီခိုကင်းခြင်း






ပို့သပေးပါတယ်။


Credit : trend myanmar

#Unicode Version

အမျိုးသားအများစုဟာ အိမ် ထောင်ရှင်အမျိုးသားမရှိပဲ ကိုယ့်ခြေကိုယ်လက်နဲ့ ကိုယ့်သားသမီးကို ပြုစုပျိုးထောင်နေတဲ့ တစ်ကိုယ်တော် မိခင်တွေ (single moms) တွေကို ဘာ့ကြောင့် ပိုစိတ်ဝင်စားလာကြပါသလဲ။ ဒါယုံချင်စရာရှိပါရဲ့လား။ ဒါပေမယ့် ခုနောက်ပိုင်းမှာ ကွာရှင်းပြတ်စဲထားတဲ့ အမျိုးသားတွေတောင် ဖူးစာရှာဖွေရေးဝက်ဘ်ဆိုဒ်တွေမှာ ကလေးအမေတွေရဲ့ ပရိုဖိုင်တွေ ရှာလာတတ်ကြပါပြီ။  ဒါပေမယ့် ပွင့်ပွင့်လင်းလင်း ပြောရရင် လှပကောင်းမွန်တဲ့ ဘဝကို တကယ် မျှော်မှန်းထားတဲ့ အမျိုးသားတစ်ဦးဟာ အပြင်ပမ်းအလှအပကို ကျော်ကြည့်ဖို့နဲ့ မမျှော်လင့်တဲ့ အတိတ်အဖြစ်အပျက်ရှိသူနဲ့ ဆုံတဲ့အခါ သူဟာကိုယ့်အတွက် သင့်တော်မှန်ကန်တယ်လို့ ယူဆတယ်၊ ခံစားမိတယ်ဆိုရင် သမားရိုးကျမဟုတ်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်။

တကယ်လို့ စိတ်ထားကောင်းပြီး ကြင်နာတတ်တဲ့ တစ်ခုလပ်ကလေးမေတစ်ယောက်ယောက်နဲ့ ဆုံတွေ့မိတယ်ဆိုပါစို့။ ဒါဆို သူမ  အဆုံးသတ်ဖို့ ရွေးချယ်ခဲ့တဲ့ သူမအတိတ်နဲ့ အရင်အိမ်ထောင်အကြောင်းက သင်တို့နှစ်ယောက်အတွက် အရေးကြီးသလားဆိုတ စဉ်းစားပါ။ သင်ဟာ ကိုယ်ချစ်တဲ့သူနဲ့  ဘဝကို အေးချမ်းစွာ အတူဖြတ်သန်းနေထိုင်နိုင်တယ်လို့ သိလိုက်တဲ့အချိန်မှာ အရင်ကလက်ခံထားတဲ့အရာတွေဟာ အလကားပါလားလို့ သိလာပါလိမ့်မယ်။

ဘာ့ကြောင့် တစ်ကိုယ်တော်အမေတွေဟာ လက်တွဲသင့်တဲ့သူတွေ ဖြစ်တယ်ဆိုတာ အောက်မှာ ဖတ်ကြည့်လိုက်ကြရအောင်။

အချစ်ရေးအကြောင်း ကောင်းစွာသိခြင်း

အမျိုးသားတွေအကြောင်း ပိုသိထားတဲ့ အမျိုးသမီးတစ်ဦးဟာ အမျိုးသားတစ်ဦးကို ကောင်းစွာ ကိုင်တွယ်နိုင်ပါတယ်။ အမျိုးသားတွေရဲ့ အတွင်းစိတ်ကို နားလည်နိုင်ပါတယ်။ ဒီအချက်က သူမကို အမျိုးသားတစ်ဦးနဲ့ ပိုမိုကောင်းမွန်စွာ အဖော်အဖက်ပြုဖို့ ကူညီပေးပါလိမ့်မယ်။

စိတ်လှုပ်ရှားမှုကြောင့် အနှပ်ခံရမှာ မဟုတ်

အရင်က အိမ်ထောင်ပြုဖူးတဲ့အမျိုးသမီးမှသာ အမျိုးသားတစ်ဦးဆီက မျှော်လင့်သင့်တဲ့အရာ၊ မမျှော်လင့်သင့်တဲ့အရာကို သိနားလည်ကြပါတယ်။ အဲဒီလိုမျိုးပဲ အိမ်ထောင်ပျက်ဖူးတဲ့ အမျိုးသမီးတွေမှာ အိမ်ထောင်ဖက်အဖြစ် သင့်ကို ရွေးချယ်တဲ့အကြောင်းအရင်း အခိုင်အမာ ရှိတတ်ကြပါတယ်။ သင့်မှာရှိတာ သူမသိထားပြီး ဖြစ်နေပါလိမ့်မယ်။

ကလေးပြုစုပျိုးထောင်ရာမှာ အတွေ့အကြုံရှိခြင်း

ကလေးတစ်ယောက် ပြုစုပျိုးထောင်ရတာ ပေါ့သေးသေးကိစ္စ မဟုတ်ပါဘူး။ ပထမဆုံးအကြိမ်ဆို ခေါင်းခဲနေရပါလိမ့်မယ်။ ဒါပေမယ့် တစ်ခုလပ် ကလေးမေတစ်ယောက်ဆိုရင် ဒီနေရာမှာ အတွေ့အကြုံအပြည့်ရှိထားသူမို့ မိသားစုဘဝကို ပိုမိုကောင်းမွန်အောင် သူမ စီမံဆောင်ရွက်နိုင်ပါလိမ့်မယ်။

အမှီခိုကင်းခြင်း

တစ်ခုလပ် ကလေးမေတစ်ဦးဆိုတာ ဘယ်နေရာမဆိုသွားရောက်ပြီး ဘာအထောက်အပံ့မှ မရှိဘဲ ကလေးအတွက် ဘာမဆို တစ်ယောက်တည်း လုပ်ဆောင်ရသူပါ။ အဲဒါက အမှီခိုကင်းပြီး ရှေ့ရေး စိတ်ချရတယ်ဆိုတာ ပြတာပါပဲ။

အချစ်ရေးမှာ ငြိမ်းချမ်းမှုရဲ့တန်ဖိုးကို သူမ သဘောပေါက်တယ်

အမျိုးသမီးတစ်ယောက် အိမ်ထောင်ပျက်တဲ့အခါ အေးချမ်းမှု သို့မဟုတ် ပျော်ရွှင်မှု မရှိတော့လို့ ဒီလိုလုပ်ခဲ့တာ  ဖြစ်ပါလိမ့်မယ်။ ဒီတော့ အချစ်ရေးကိစ္စမှာ အေးချမ်းမှုအပိုင်း သူဘောပေါက်မိမှာပါပဲ။ ဒီတော့ ငြမ်းချမ်းမှုကို တန်ဖိုးထားတတ်တဲ့ တစ်စုံတစ်ယောက်ကို ရွေးချယ်လိုက်ပါက ဝရုန်းသုန်းကား ဖြစ်နိုင်ခြေအလားအလာတွေ လျှော့နည်းသွားပါလိမ့်မယ်။

သင့်အပေါ် လေးစားမှု ပိုရှိခြင်း

ကလေးအမေတွေကို ရှောင်မယ့်အစား သူမနဲ့ လက်တွဲဖို့ ရွေးချယ်လိုက်ပါက နှလုံးသားရေးရာမှာ သိသိသာသာ တစ်ပန်းသာ ပါလိမ့်မယ်။ အဲဒါက နောက်ပိုင်းမှာ ဘဝရဲ့ အနှစ်သာရကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top