iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္ႏွာသစ္ျခင္းဆိုတာ လူတိုင္းအၿမဲလုပ္ေနရတဲ့ သန႔္စင္ျခင္းအလုပ္တစ္ခုျဖစ္ၿပီး လူတိုင္းနည္းပါး မ်က္ႏွာသစ္နည္း မွားယြင္းေနတာကိုလည္း ေတြ႕ရပါတယ္။

၁။ ညစ္ေပေသာ လက္ျဖင့္မ်က္ႏွာသစ္ျခင္း

မ်က္ႏွာမသစ္ခင္မွာ လက္ကိုေသခ်ာသန႔္စင္ေအာင္ ေဆးေၾကာသင့္ပါတယ္။ ညစ္ေပေသာလက္ျဖင့္ မ်က္ႏွာသစ္ျခင္းဟာ လက္မွာရွိတဲ့ အညစ္အေၾကးမ်ားႏွင့္ ဘက္တီးရီးယားမ်ားကို မ်က္ႏွာႏွင့္ ထိေတြ႕ေစနိုင္ၿပီး ပိုမိုညစ္ညမ္းေစနိုင္ပါတယ္။ ဒါေၾကာင့္မို႔လို႔ မ်က္ႏွာမသစ္ခင္ လက္ကို ေရျဖင့္ ေသခ်ာစြာေဆးေၾကာေပးသင့္ပါတယ္။

၂။ မ်က္ႏွာသန႔္ေဆးမွားယြင္းအသုံးျပဳျခင္း

ေနာက္တစ္ခုမွားယြင္းတဲ့အခ်က္ကေတာ့ ကိုယ့္အသားအေရႏွင့္မလိုက္ဖက္တဲ့ မ်က္ႏွာသန႔္ေဆးကိုအသုံးျပဳမိျခင္းပါပဲ။ အသားအေရေျခာက္ေသြ႕သူမ်ားအတြက္ ခရင္(မ္)ပုံစံျဖင့္ဖန္တီးထားတဲ့ မ်က္ႏွာသန႔္ေဆးေတြကို အသုံးျပဳသင့္ၿပီး အဆီျပန္တဲ့ အသားအေရပိုင္ရွင္မ်ားအတြက္ gel cleanser ကိုအသုံးျပဳသင့္ပါတယ္။ တကယ္လို႔ သင့္မ်က္ႏွာျပင္အသား အေရက မ်က္ႏွာသစ္ၿပီးေနာက္ပိုင္းမွာ အသားအေရတင္းက်ပ္တာမ်ိဳး၊ ေျခာက္ေသြ႕တာမ်ိဳးကို ခံစားရတယ္ဆိုရင္ေတာ့ အျခားမ်က္ႏွာသစ္ေဆးတစ္မ်ိဳးကို ေျပာင္းလဲအသုံးျပဳသင့္ပါၿပီ။

၃။ တိုက္ခြၽတ္ေဆးေၾကာျခင္းအမွားမ်ား

မ်က္ႏွာအသားအေရတိုက္ခြၽတ္ေဆးေၾကာျခင္းဟာ အသားအေရထိန္းသိမ္းျခင္းရဲ႕ အဆင့္တစ္ခုျဖစ္ေပမယ့္ တိုက္ခြၽတ္မႈလြန္ကဲသြားရင္ေတာ့ ေဘးဥပဒ္ျဖစ္ေစမွာအေသအခ်ာပါပဲ။ အလြန္အမင္း အသားအေရတိုက္ခြၽတ္ျခင္းဟာ အသားအေရကို ေယာင္ယမ္းေစၿပီး ေရာဂါပိုးမ်ားကို ျဖစ္ထြန္းေစပါတယ္။တပတ္ကိုအနည္းဆုံး ႏွစ္ႀကိမ္ေလာက္ပဲ မ်က္ႏွာအသားအေရကို တိုက္ခြၽတ္ေဆးေၾကာေပးလိုက္ပါ။ ညပို္င္းအခ်ိန္ေတြက ဆဲလ္အသစ္မ်ားကိုေမြးဖြားေပးေစနိုင္တဲ့အတြက္ ညပိုင္းမွာ အသားအေရတိုက္ခြၽတ္ေဆးေၾကာျခင္းဟာ အေကာင္းမြန္ဆုံးရလဒ္ကို ရရွိေစမွာအေသအခ်ာပါပဲ။

၄။ ၿပီးျပည့္စုံစြာ မသန႔္စင္ျခင္း

မ်က္ႏွာမွာရွိတဲ ့အညစ္အေၾကး၊ မိတ္ကပ္ေတြႏွင့္အဆီေတြကို ျပည့္စုံစြာ တိုက္ခြၽတ္နိုင္ျခင္းမရွိတာကလည္း မ်က္ႏွာသစ္မွားယြင္းျခင္းရဲ႕ အေၾကာင္းျခင္းရာေတြပါပဲ။ အဲဒီလိုမ်ိဳး မ်က္ႏွာမွာ အညစ္အေၾကး အႂကြင္းအက်န္ေတြ က်န္ရွိခဲ့မယ္ဆိုရင္ေတာ့ မိတ္ကပ္ ထပ္မံလိမ္းျခယ္ရာမွာ မိတ္ကပ္သားပြတ္ဆြဲဖို႔အတြက္ အထူးခက္ခဲပါလိမ့္မယ္။ အထူးအႀကံေပးခ်င္တာကေတာ့ မိတ္ကပ္ေတြကို တိုက္ဖ်က္မယ္ဆိုရင္ေတာ့ မိတ္ကပ္ cleanser ကိုအသုံးျပဳၿပီး လုံးဝပ်က္သြားေအာင္ ဖ်က္ပစ္ဖို႔ပါပဲ။

၅။ အလြန္အမင္းေဆးေၾကာျခင္း

မၾကာခဏ မ်က္ႏွာသစ္ျခင္းႏွင့္ လိုတာထက္ပိုၿပီး မ်က္ႏွာသစ္ျခင္းကလည္း မ်က္ႏွာသစ္မွားယြင္းမႈပုံသ႑ာန္တစ္ခုပါပဲ။ အလြန္အမင္း မ်က္ႏွာသစ္ျခင္းဟာ အသားအေရကို ေျခာက္ေသြ႕ေစၿပီး အလြန္အမင္းအဆီျပန္ျခင္းမ်ားကိုလည္း ျဖစ္ေစနိုင္ပါတယ္။ အေကာင္းဆုံးမ်က္ႏွာသစ္နည္းကေတာ့ တစ္ေန႕ႏွစ္ႀကိမ္ မ်က္ႏွာသစ္နည္းႏွင့္ GYM မွအျပန္မ်က္ႏွာသစ္ျခင္းပဲျဖစ္ပါတယ္။

၆။ ေရအလြန္အမင္းေအးလြန္းျခင္းႏွင့္ ပူလြန္းျခင္း

မ်က္ႏွာသစ္တဲ့အခါမွာ ေခြၽးေပါက္ေတြကို လုံးဝပြင့္သြားေအာင္လို႔ ေရေႏြးေႏြးေလးႏွင့္ပဲ သစ္သင့္ပါတယ္။ အလြန္အမင္းေအးတဲ့ ေရႏွင့္သစ္တဲ့အခါက်ရင္ မ်က္ႏွာအသားအေရေတြကို ေျခာက္ေသြ႕ေစၿပီး အရမ္းပူးတဲ့ မ်က္ႏွာႏွင့္ သစ္တဲ့အခါက်ရင္ေတာ့ ေသြးေၾကာတဲ့ ျပတ္ထြက္တတ္မွာအေသအခ်ာပါပဲ။

၇။ မ်က္ႏွာသစ္ပစၥည္းမ်ားမသန႔္ရွင္းျခင္း

တကယ္လို႔ သင့္အေနႏွင့္ မ်က္ႏွာသုတ္ပဝါ၊ မ်က္ႏွာသစ္Brushတို႔ကို အစဥ္အၿမဲသန႔္ရွင္းစြာ ထားရပါမယ္။ ညစ္ေပေနတဲ ့မ်က္ႏွာသုတ္ပဝါ၊ မ်က္ႏွာသစ္ ဘရွပ္တို႔ဟာ အသားအေရကို ေဘးဥပဒ္ျဖစ္ေစၿပီး ဘက္တီးရီးယားမ်ား ပိုမို ကပ္ညိျခင္းမ်ား ျဖစ္ပြားေစနိုင္မွာလည္း အေသအခ်ာပါပဲ။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : myanmar load

#Unicode Version

မျက်နှာသစ်ခြင်းဆိုတာ လူတိုင်းအမြဲလုပ်နေရတဲ့ သန့်စင်ခြင်းအလုပ်တစ်ခုဖြစ်ပြီး လူတိုင်းနည်းပါး မျက်နှာသစ်နည်း မှားယွင်းနေတာကိုလည်း တွေ့ရပါတယ်။

၁။ ညစ်ပေသော လက်ဖြင့်မျက်နှာသစ်ခြင်း

မျက်နှာမသစ်ခင်မှာ လက်ကိုသေချာသန့်စင်အောင် ဆေးကြောသင့်ပါတယ်။ ညစ်ပေသောလက်ဖြင့် မျက်နှာသစ်ခြင်းဟာ လက်မှာရှိတဲ့ အညစ်အကြေးများနှင့် ဘက်တီးရီးယားများကို မျက်နှာနှင့် ထိတွေ့စေနိုင်ပြီး ပိုမိုညစ်ညမ်းစေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ မျက်နှာမသစ်ခင် လက်ကို ရေဖြင့် သေချာစွာဆေးကြောပေးသင့်ပါတယ်။

၂။ မျက်နှာသန့်ဆေးမှားယွင်းအသုံးပြုခြင်း

နောက်တစ်ခုမှားယွင်းတဲ့အချက်ကတော့ ကိုယ့်အသားအရေနှင့်မလိုက်ဖက်တဲ့ မျက်နှာသန့်ဆေးကိုအသုံးပြုမိခြင်းပါပဲ။ အသားအရေခြောက်သွေ့သူများအတွက် ခရင်(မ်)ပုံစံဖြင့်ဖန်တီးထားတဲ့ မျက်နှာသန့်ဆေးတွေကို အသုံးပြုသင့်ပြီး အဆီပြန်တဲ့ အသားအရေပိုင်ရှင်များအတွက် gel cleanser ကိုအသုံးပြုသင့်ပါတယ်။ တကယ်လို့ သင့်မျက်နှာပြင်အသား အရေက မျက်နှာသစ်ပြီးနောက်ပိုင်းမှာ အသားအရေတင်းကျပ်တာမျိုး၊ ခြောက်သွေ့တာမျိုးကို ခံစားရတယ်ဆိုရင်တော့ အခြားမျက်နှာသစ်ဆေးတစ်မျိုးကို ပြောင်းလဲအသုံးပြုသင့်ပါပြီ။

၃။ တိုက်ချွတ်ဆေးကြောခြင်းအမှားများ

မျက်နှာအသားအရေတိုက်ချွတ်ဆေးကြောခြင်းဟာ အသားအရေထိန်းသိမ်းခြင်းရဲ့ အဆင့်တစ်ခုဖြစ်ပေမယ့် တိုက်ချွတ်မှုလွန်ကဲသွားရင်တော့ ဘေးဥပဒ်ဖြစ်စေမှာအသေအချာပါပဲ။ အလွန်အမင်း အသားအရေတိုက်ချွတ်ခြင်းဟာ အသားအရေကို ယောင်ယမ်းစေပြီး ရောဂါပိုးများကို ဖြစ်ထွန်းစေပါတယ်။တပတ်ကိုအနည်းဆုံး နှစ်ကြိမ်လောက်ပဲ မျက်နှာအသားအရေကို တိုက်ချွတ်ဆေးကြောပေးလိုက်ပါ။ ညပိုင်းအချိန်တွေက ဆဲလ်အသစ်များကိုမွေးဖွားပေးစေနိုင်တဲ့အတွက် ညပိုင်းမှာ အသားအရေတိုက်ချွတ်ဆေးကြောခြင်းဟာ အကောင်းမွန်ဆုံးရလဒ်ကို ရရှိစေမှာအသေအချာပါပဲ။

၄။ ပြီးပြည့်စုံစွာ မသန့်စင်ခြင်း

မျက်နှာမှာရှိတဲ့အညစ်အကြေး၊ မိတ်ကပ်တွေနှင့်အဆီတွေကို ပြည့်စုံစွာ တိုက်ချွတ်နိုင်ခြင်းမရှိတာကလည်း မျက်နှာသစ်မှားယွင်းခြင်းရဲ့ အကြောင်းခြင်းရာတွေပါပဲ။ အဲဒီလိုမျိုး မျက်နှာမှာ အညစ်အကြေး အကြွင်းအကျန်တွေ ကျန်ရှိခဲ့မယ်ဆိုရင်တော့ မိတ်ကပ် ထပ်မံလိမ်းခြယ်ရာမှာ မိတ်ကပ်သားပွတ်ဆွဲဖို့အတွက် အထူးခက်ခဲပါလိမ့်မယ်။ အထူးအကြံပေးချင်တာကတော့ မိတ်ကပ်တွေကို တိုက်ဖျက်မယ်ဆိုရင်တော့ မိတ်ကပ် cleanser ကိုအသုံးပြုပြီး လုံးဝပျက်သွားအောင် ဖျက်ပစ်ဖို့ပါပဲ။

၅။ အလွန်အမင်းဆေးကြောခြင်း

မကြာခဏ မျက်နှာသစ်ခြင်းနှင့် လိုတာထက်ပိုပြီး မျက်နှာသစ်ခြင်းကလည်း မျက်နှာသစ်မှားယွင်းမှုပုံသဏ္ဍာန်တစ်ခုပါပဲ။ အလွန်အမင်း မျက်နှာသစ်ခြင်းဟာ အသားအရေကို ခြောက်သွေ့စေပြီး အလွန်အမင်းအဆီပြန်ခြင်းများကိုလည်း ဖြစ်စေနိုင်ပါတယ်။ အကောင်းဆုံးမျက်နှာသစ်နည်းကတော့ တစ်နေ့နှစ်ကြိမ် မျက်နှာသစ်နည်းနှင့် GYM မှအပြန်မျက်နှာသစ်ခြင်းပဲဖြစ်ပါတယ်။

၆။ ရေအလွန်အမင်းအေးလွန်းခြင်းနှင့် ပူလွန်းခြင်း

မျက်နှာသစ်တဲ့အခါမှာ ချွေးပေါက်တွေကို လုံးဝပွင့်သွားအောင်လို့ ရေနွေးနွေးလေးနှင့်ပဲ သစ်သင့်ပါတယ်။ အလွန်အမင်းအေးတဲ့ ရေနှင့်သစ်တဲ့အခါကျရင် မျက်နှာအသားအရေတွေကို ခြောက်သွေ့စေပြီး အရမ်းပူးတဲ့ မျက်နှာနှင့် သစ်တဲ့အခါကျရင်တော့ သွေးကြောတဲ့ ပြတ်ထွက်တတ်မှာအသေအချာပါပဲ။

၇။ မျက်နှာသစ်ပစ္စည်းများမသန့်ရှင်းခြင်း

တကယ်လို့ သင့်အနေနှင့် မျက်နှာသုတ်ပဝါ၊ မျက်နှာသစ်Brushတို့ကို အစဉ်အမြဲသန့်ရှင်းစွာ ထားရပါမယ်။ ညစ်ပေနေတဲ့မျက်နှာသုတ်ပဝါ၊ မျက်နှာသစ် ဘရှပ်တို့ဟာ အသားအရေကို ဘေးဥပဒ်ဖြစ်စေပြီး ဘက်တီးရီးယားများ ပိုမို ကပ်ညိခြင်းများ ဖြစ်ပွားစေနိုင်မှာလည်း အသေအချာပါပဲ။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : myanmar load
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top