iMyanmarHouse.com - Best Property Website for Myanmar
×

(၁) မ်က္ႏွာကို သန္႔စင္ေအာင္ ေန႔စဥ္ ျပဳလုပ္ပါ။ မ်က္ႏွာသစ္ဆပ္ျပာသံုးၿပီး မနက္တႀကိမ္၊ ညတႀကိမ္ ေဆးေၾကာသန္႔စင္ပါ။(တေန႔ ႏွစ္ႀကိမ္ထက္ မ်က္ႏွာပိုမသစ္ပါနဲ႔)
(၂) ေခၽြးေပါက္က်ဥ္းေအာင္ ဝက္ျခံျဖစ္တတ္တဲ့ေနရာေတြကို ေရခဲတံုးေလးေတြနဲ႔ ကပ္ပါ။ တခါကပ္ရင္ စကၠန္႔သံုးဆယ္ၾကာတင္ထားပါ။
(၃) ၿပီးရင္ ဆိုဒါမႈန္႔နဲ႔ ေရေႏြးကို ဆတူေရာၿပီး ရလာတဲ့ paste ကို မ်က္ႏွာေပၚ လိမ္းေပးပါ။ လိမ္းတဲ့အခါ စက္ဝိုင္းပံု လိမ္းၿပီး စကၠန္႔သံုးဆယ္ၾကာ ထားပါ။ ၿပီးရင္ ေရေအးနဲ႔ မ်က္ႏွာျပန္သစ္ပါ။ ညစဥ္ အိပ္ခါနီးတိုင္း တပတ္ၾကာလုပ္သြားပါ။ ေနာက္ရက္ေတြမွာ တရက္ျခားတခါသာ ဆက္လုပ္ပါ။ ေယဘုယ် ၂-၃လခန္႔ ဆက္လုပ္ေပးသင့္တယ္။
(၄) ေရွာက္ရည္နဲ႔ နာနာသီးရည္ကို ဆတူေရာၿပီး သန္႔စင္တဲ့အဝတ္တခုကို စိမ္ပါ။ အဆိုပါအဝတ္ကို ေခၽြးေပါက္၊အဆီဂလင္း မ်ားတဲ့ ဝက္ျခံထြက္တဲ့ေနရာမ်ိဳးမွာ တမိနစ္ၾကာကပ္ပါ။ ၿပီးရင္ ေရေႏြးနဲ႔ျပန္သစ္ပါ။ အထဲမွာပါတဲ့ အင္ဇိုင္းဓာတ္က မ်က္ႏွာကို သန္႔စင္ေစရံုမက အဆီဂလင္းနဲ႔ ေခၽြးေပါက္ေတြကိုပါက်ဥ္းေစတယ္။
(၅) အေပ်ာ့စား scrub ေဆးဆပ္ျပာတခုခုကို တရက္ျခားတခါ သံုးၿပီး မ်က္ႏွာသစ္ပါ။ scrub သံုးတဲ့အခါ အလြန္အကၽြံပြတ္လိမ္းတာမ်ိဳးေရွာင္ပါ။ မ်က္ႏွာေပၚ တမိနစ္ခန္႔ထားၿပီး ေရျပန္ေဆးပါ။ ေနာက္ပိုင္း တပတ္ႏွစ္ႀကိမ္ခန္႔သာ ဆက္သံုးပါ။
(၆) ဒိန္ခ်ဥ္ကို မ်က္ႏွာလိမ္းၿပီး အေပၚက သန္႔စင္တဲ့အဝတ္တခုခု အုပ္ထားပါ။ ဆယ္မိနစ္ခန္႔ထားၿပီး မ်က္ႏွာသစ္ပါ။ ဒိန္ခ်ဥ္မွာပါတဲ့ lactic acid နဲ႔ probiotic ေတြက ဝက္ျခံဗက္တီးရီးယားကို ကာကြယ္ၿပီး အဆီဂလင္းကို က်ဥ္းေစတယ္။ တပတ္ တႀကိမ္-ႏွစ္ႀကိမ္ခန္႔သာ လုပ္ပါ။
(၇) အစားအေသာက္ပံုစံေျပာင္းသင့္တယ္။ အဆီ၊ဆီေၾကာ္စာ ၊ႏို႔၊ၾကက္ဥ၊ ပင္လယ္စာ မစားပါနဲ႔။ အသီး၊အရြက္၊အေစ့အဆန္၊ အိုမီဂါသရီးပါတာ မ်ားမ်ားသားေပးပါ။ ေရမ်ားမ်ားေသာက္ပါ။ အားေဆးေတြထဲမွာ vitamin A,C,B3,B5 ပါတာေတြ ေကာင္းတယ္။
(၈) လိမ္းေဆးေတြထဲမွာ AHA(alpha hydroxy acids) နဲ႔ BHA( beta hydroxy acids) ပါတာေတြ ေျပာင္းလိမ္းပါ။ ဒီ chemical လိမ္းေဆးေတြက ဝယ္လို႔ရတယ္။ အဆီဂလင္း ဖြဲ႕စည္းမႈကို တားဆီးတဲ့ျပင္ ဆဲလ္ေသေတြကိုပါ ဖယ္ရွားေပးႏိုင္တယ္။ ဒီထဲမွာ BHAက ပိုေကာင္းတယ္။ သတိျပဳရမွာက အဆိုပါလိမ္းေဆးေတြကို တပတ္တႀကိမ္ခန္႔သာ သံုးသင့္တယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:ေဒါက္တာ ေအးမင္းထူး

#Unicode Version

(၁) မျက်နှာကို သန့်စင်အောင် နေ့စဉ် ပြုလုပ်ပါ။ မျက်နှာသစ်ဆပ်ပြာသုံးပြီး မနက်တကြိမ်၊ ညတကြိမ် ဆေးကြောသန့်စင်ပါ။(တနေ့ နှစ်ကြိမ်ထက် မျက်နှာပိုမသစ်ပါနဲ့)
(၂) ချွေးပေါက်ကျဉ်းအောင် ဝက်ခြံဖြစ်တတ်တဲ့နေရာတွေကို ရေခဲတုံးလေးတွေနဲ့ ကပ်ပါ။ တခါကပ်ရင် စက္ကန့်သုံးဆယ်ကြာတင်ထားပါ။
(၃) ပြီးရင် ဆိုဒါမှုန့်နဲ့ ရေနွေးကို ဆတူရောပြီး ရလာတဲ့ paste ကို မျက်နှာပေါ် လိမ်းပေးပါ။ လိမ်းတဲ့အခါ စက်ဝိုင်းပုံ လိမ်းပြီး စက္ကန့်သုံးဆယ်ကြာ ထားပါ။ ပြီးရင် ရေအေးနဲ့ မျက်နှာပြန်သစ်ပါ။ ညစဉ် အိပ်ခါနီးတိုင်း တပတ်ကြာလုပ်သွားပါ။ နောက်ရက်တွေမှာ တရက်ခြားတခါသာ ဆက်လုပ်ပါ။ ယေဘုယျ ၂-၃လခန့် ဆက်လုပ်ပေးသင့်တယ်။
(၄) ရှောက်ရည်နဲ့ နာနာသီးရည်ကို ဆတူရောပြီး သန့်စင်တဲ့အဝတ်တခုကို စိမ်ပါ။ အဆိုပါအဝတ်ကို ချွေးပေါက်၊အဆီဂလင်း များတဲ့ ဝက်ခြံထွက်တဲ့နေရာမျိုးမှာ တမိနစ်ကြာကပ်ပါ။ ပြီးရင် ရေနွေးနဲ့ပြန်သစ်ပါ။ အထဲမှာပါတဲ့ အင်ဇိုင်းဓာတ်က မျက်နှာကို သန့်စင်စေရုံမက အဆီဂလင်းနဲ့ ချွေးပေါက်တွေကိုပါကျဉ်းစေတယ်။
(၅) အပျော့စား scrub ဆေးဆပ်ပြာတခုခုကို တရက်ခြားတခါ သုံးပြီး မျက်နှာသစ်ပါ။ scrub သုံးတဲ့အခါ အလွန်အကျွံပွတ်လိမ်းတာမျိုးရှောင်ပါ။ မျက်နှာပေါ် တမိနစ်ခန့်ထားပြီး ရေပြန်ဆေးပါ။ နောက်ပိုင်း တပတ်နှစ်ကြိမ်ခန့်သာ ဆက်သုံးပါ။
(၆) ဒိန်ချဉ်ကို မျက်နှာလိမ်းပြီး အပေါ်က သန့်စင်တဲ့အဝတ်တခုခု အုပ်ထားပါ။ ဆယ်မိနစ်ခန့်ထားပြီး မျက်နှာသစ်ပါ။ ဒိန်ချဉ်မှာပါတဲ့ lactic acid နဲ့ probiotic တွေက ဝက်ခြံဗက်တီးရီးယားကို ကာကွယ်ပြီး အဆီဂလင်းကို ကျဉ်းစေတယ်။ တပတ် တကြိမ်-နှစ်ကြိမ်ခန့်သာ လုပ်ပါ။
(၇) အစားအသောက်ပုံစံပြောင်းသင့်တယ်။ အဆီ၊ဆီကြော်စာ ၊နို့၊ကြက်ဥ၊ ပင်လယ်စာ မစားပါနဲ့။ အသီး၊အရွက်၊အစေ့အဆန်၊ အိုမီဂါသရီးပါတာ များများသားပေးပါ။ ရေများများသောက်ပါ။ အားဆေးတွေထဲမှာ vitamin A,C,B3,B5 ပါတာတွေ ကောင်းတယ်။
(၈) လိမ်းဆေးတွေထဲမှာ AHA(alpha hydroxy acids) နဲ့ BHA( beta hydroxy acids) ပါတာတွေ ပြောင်းလိမ်းပါ။ ဒီ chemical လိမ်းဆေးတွေက ဝယ်လို့ရတယ်။ အဆီဂလင်း ဖွဲ့စည်းမှုကို တားဆီးတဲ့ပြင် ဆဲလ်သေတွေကိုပါ ဖယ်ရှားပေးနိုင်တယ်။ ဒီထဲမှာ BHAက ပိုကောင်းတယ်။ သတိပြုရမှာက အဆိုပါလိမ်းဆေးတွေကို တပတ်တကြိမ်ခန့်သာ သုံးသင့်တယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:ဒေါက်တာ အေးမင်းထူး
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top