iMyanmarHouse.com - Best Property Website for Myanmar
×


မိန္းမကိုယ္တစ္ဝိုက္မွာ အနံ႔နည္းနည္းရွိတာ ပံုမွန္ပါ။ အဓိက က တစ္ကိုယ္ရည္ သန္႔ရွင္းေရး ေကာင္းဖို႔ပါ။ ေရ၊ ဆပ္ျပာနဲ႔ ေန႔စဥ္ သန္႔ရွင္းေပးမယ္၊ သန္႔ရွင္းတ့ဲအတြင္းခံ ဝတ္မယ္ စတာေတြ အဓိကလိုအပ္ပါတယ္။

အေမႊးရနံ႔ပါတ့ဲ ပစၥည္းသံုးတာ၊ အေမြးအမွင္ အမ်ားအျပားမရွိေအာင္ ျပဳျပင္ထိမ္းသိမ္းတာ၊ စုပ္ယူမႈေကာင္းတ့ဲ လွလွေခ်ာင္ေခ်ာင္ အတြင္းခံဝတ္တာေတြက ပိုမိုအေထာက္အကူ ျပဳပါတယ္။ အတြင္းခံ ခြၾကားမွာ ခ်ည္သားျဖစ္သင့္ပါတယ္။

ဒါနဲ႔မွမရဘူး။ သိသာထင္ရွားတ့ဲအနံ႔ (သို႔) အရည္ဆင္းတာမ်ိဳးရွိရင္ ကၽြမ္းက်င္သူနဲ႔ ျပသပါ။ မိန္းမကိုယ္ ေနရာတစ္ဝိုက္ အတြင္း၊ အျပင္ စစ္ေဆးဖို႔ လိုအပ္ႏိုင္ပါတယ္။ ျပင္ပပစၥည္းတစ္ခုခု က်န္ေနတာ၊ အရည္အိတ္၊ ေရာဂါပိုးဝင္တာ၊ မိႈေရာဂါရွိတာ၊ ကာလသားေရာဂါ၊ အျခားမိန္းမကိုယ္ေရာဂါနဲ႔ အဖုအက်ိတ္ကင္ဆာ စသျဖင့္ မ်ိဳးစံုျဖစ္ႏိုင္ပါတယ္။

အနံ႔ေပ်ာက္ဖို႔နဲ႔ သန္႔ရွင္းေနေစဖို႔ မိန္းမကိုယ္တစ္ဝိုက္ကို ေဆးရည္နဲ႔ ပံုမွန္ေဆး ေၾကာေပးရမယ္လို႔ ယူဆၾကတာ ရွိပါတယ္။ ဒါေပမယ့္ ေရာဂါ (သို႔) ျပႆနာ ေထြေထြထူးထူး မရွိရင္ မလိုအပ္ဘူးလို႔ ဆိုပါတယ္။

ေဆးရည္နဲ႔ အလြန္အကၽြံ ေဆးေၾကာမိရင္ ဓာတုပစၥည္း ျပင္းျပင္းေၾကာင့္ ပံုမွန္ရွိရမယ့္ ေကာင္းတ့ဲ ဘက္တီးရီးယားေတြ ေသေၾကကုန္ၿပီး မိန္းမကိုယ္အတြင္းပိုင္း ေယာနိနံရံဆဲလ္ေတြမွာ ျပႆနာျဖစ္ႏိုင္တယ္လို႔ ဆိုပါတယ္။ အလြန္အကၽြံ ေဆးေၾကာမႈကိုယ္တိုင္က အရည္ဆင္းတာနဲ႔ အနံ႔ထြက္တာေတြကို ျဖစ္ေစႏိုင္တယ္ လို႔လည္း ဆိုပါတယ္။


Credit: Healthcare
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

 မိန်းမကိုယ်တစ်ဝိုက်မှာ အနံ့နည်းနည်းရှိတာ ပုံမှန်ပါ။ အဓိက က တစ်ကိုယ်ရည် သန့်ရှင်းရေး ကောင်းဖို့ပါ။ ရေ၊ ဆပ်ပြာနဲ့ နေ့စဉ် သန့်ရှင်းပေးမယ်၊ သန့်ရှင်းတဲ့အတွင်းခံ ဝတ်မယ် စတာတွေ အဓိကလိုအပ်ပါတယ်။

အမွှေးရနံ့ပါတဲ့ ပစ္စည်းသုံးတာ၊ အမွေးအမှင် အများအပြားမရှိအောင် ပြုပြင်ထိမ်းသိမ်းတာ၊ စုပ်ယူမှုကောင်းတဲ့ လှလှချောင်ချောင် အတွင်းခံဝတ်တာတွေက ပိုမိုအထောက်အကူ ပြုပါတယ်။ အတွင်းခံ ခွကြားမှာ ချည်သားဖြစ်သင့်ပါတယ်။

ဒါနဲ့မှမရဘူး။ သိသာထင်ရှားတဲ့အနံ့ (သို့) အရည်ဆင်းတာမျိုးရှိရင် ကျွမ်းကျင်သူနဲ့ ပြသပါ။ မိန်းမကိုယ် နေရာတစ်ဝိုက် အတွင်း၊ အပြင် စစ်ဆေးဖို့ လိုအပ်နိုင်ပါတယ်။ ပြင်ပပစ္စည်းတစ်ခုခု ကျန်နေတာ၊ အရည်အိတ်၊ ရောဂါပိုးဝင်တာ၊ မှိုရောဂါရှိတာ၊ ကာလသားရောဂါ၊ အခြားမိန်းမကိုယ်ရောဂါနဲ့ အဖုအကျိတ်ကင်ဆာ စသဖြင့် မျိုးစုံဖြစ်နိုင်ပါတယ်။

အနံ့ပျောက်ဖို့နဲ့ သန့်ရှင်းနေစေဖို့ မိန်းမကိုယ်တစ်ဝိုက်ကို ဆေးရည်နဲ့ ပုံမှန်ဆေး ကြောပေးရမယ်လို့ ယူဆကြတာ ရှိပါတယ်။ ဒါပေမယ့် ရောဂါ (သို့) ပြဿနာ ထွေထွေထူးထူး မရှိရင် မလိုအပ်ဘူးလို့ ဆိုပါတယ်။

ဆေးရည်နဲ့ အလွန်အကျွံ ဆေးကြောမိရင် ဓာတုပစ္စည်း ပြင်းပြင်းကြောင့် ပုံမှန်ရှိရမယ့် ကောင်းတဲ့ ဘက်တီးရီးယားတွေ သေကြေကုန်ပြီး မိန်းမကိုယ်အတွင်းပိုင်း ယောနိနံရံဆဲလ်တွေမှာ ပြဿနာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အလွန်အကျွံ ဆေးကြောမှုကိုယ်တိုင်က အရည်ဆင်းတာနဲ့ အနံ့ထွက်တာတွေကို ဖြစ်စေနိုင်တယ် လို့လည်း ဆိုပါတယ်။


Credit: Healthcare

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top