iMyanmarHouse.com - Best Property Website for Myanmar
×

Living together ဆုိတဲ့ စကားကုိ “လက္မထပ္ဘဲ အတူေနျခင္း”လုိ႔ အဓိပၸါယ္ နားလည္ႏုိင္ပါတယ္။ ဒီအေလ့အက်င့္ဟာ အေနာက္တုိင္းမွ ဆင္းသက္လာတဲ့ အေလ့အက်င့္လုိ႔လည္း ေျပာႏုိင္ပါတယ္။ သူတုိ႔အဆုိအရ လူတစ္ေယာက္နဲ႔တစ္ေယာက္ အိမ္ေထာင္ဘက္အျဖစ္ တစ္ဘ၀လုံး အတူလက္တဲြ သြားရမယ့္အေရးမွာ တစ္ေယာက္အေၾကာင္း တစ္ေယာက္မသိဘဲ ဘုမသိဘမသိ အိမ္ေထာင္ျပဳၿပီး ထာ၀ရ ေနထုိင္သြားတာထက္ စာရင္ တရား၀င္ လက္မထပ္ခင္ ႏွစ္ဦးသေဘာတူ အတူေနထုိင္ၿပီးမွ တရား၀င္ လက္ထပ္တာက အိမ္ေထာင္ေရးမွာ ျပႆနာအျဖစ္နည္းၿပီး ေရရွည္မွာလည္း သာယာတဲ့ အိမ္ေထာင္ေရး ျဖစ္ႏုိင္တဲ့အတြက္ လက္မထပ္ခင္ အတူေနတဲ့ living together ပုံစံကုိ က်င့္သုံးျခင္းျဖစ္ေၾကာင္း သိရပါတယ္။ ဒါေၾကာင့္လည္း အေနာက္တုိင္းက လူအေတာ္မ်ားမ်ားဟာ ဒီစနစ္ကုိ က်င့္သုံးေနၾကၿပီး တစ္ခ်ိဳ႕ဆုိ သားသမီး တစ္ေယာက္ႏွစ္ေယာက္ရမွ လက္ထပ္တာေတာင္ ရွိပါေသးတယ္။

အေနာက္တုိင္းသားေတြရဲ႕ အဆုိအရ ေအာင္ျမင္တယ္လုိ႔ ထင္ရတဲ့ ဒီစနစ္ဟာအေနာက္တုိင္းကေနၿပီး
 အေရွ႕တုိင္းအထိ ျပန္႔ႏွံ႔လာေနပါတယ္။ ဥေရာပတုိက္၊ အေမရိကတုိက္မွသည္ အာရွတုိက္၊ အဲဒီကမွတစ္ဆင့္ အခုေတာ့ အေရွ႕ေတာင္ အာရွႏုိင္ငံမ်ားကုိပါ ျပန္႔ႏွံ႔လာေတာ့တာ
 ျဖစ္ပါတယ္။ သူတုိ႔စနစ္ ဘယ္ေလာက္ပဲ ေကာင္းေနေပမယ့္ ဒီစနစ္ဟာ အာရွတုိက္ ယဥ္ေက်းမႈနဲ႔ေတာ့ ဆန္႔က်င္ေနပါတယ္။ အထူးသျဖင့္ ဗုဒၶဘာသာ ကုိးကြယ္တဲ့ ႏုိင္ငံေတြနဲ႔ကေတာ့ ဒါဟာ အမတန္ ေျပာင္းျပန္ျဖစ္ေနတဲ့ စနစ္ျဖစ္ေနပါတယ္။ လက္မထပ္ဘဲ အတူေနတဲ့ စနစ္နဲ႔ ဗုဒၶဘာသာမွာလာတဲ့ ကာေမသုမိစၧာစာရနဲ႔ ေျဖာင့္ေျဖာင့္ႀကီး ဆန္႔က်င္ေနပါေတာ့တယ္။

ဗုဒၶဘာသာ၀င္မ်ား ေန႔စဥ္ခါး၀တ္ပုဆုိးလုိ ၿမဲၿမံေနရမယ့္ ငါးပါးသီလထဲမွာ ကာေမသုမိစၧာစာရ သိကၡာပုဒ္လည္း တစ္ခုအပါအ၀င္ျဖစ္ပါတယ္။

ကာမဂုဏ္မ်ားမွာ ေဖာ္လဲြေဖာက္ျပန္ ျပဳက်င့္ျခင္းမွ ေရွာင္ၾကဥ္ျခင္းလုိ႔ အဓိပၸါယ္ရပါတယ္။ ဒီသိကၡာပုဒ္ဟာ တစ္လင္တစ္မယား စနစ္ကုိ အေကာင္အထည္ ေဖာ္ေပးထားတာ ျဖစ္ပါတယ္။ ကာမဂုဏ္မွီ၀ဲတာကုိ ေရွာင္ႏုိင္ရင္ ေကာင္းေပမယ့္ မေရွာင္ႏုိင္ရင္ေတာ့ ကုိယ့္အိမ္သူသက္ထား၊ ကုိယ့္လင္ေယာက်္ားနဲ႔ပဲ မွီ၀ဲေနထုိင္ႏုိင္ေၾကာင္း ခြင့္ျပဳထားျခင္း ျဖစ္ပါတယ္။ အိမ္ေထာင္သည္ မွန္သမွ် ကာမဂုဏ္ကိစၥမွာ ကုိယ့္လင္ေယာက်ာ္း၊ ကုိယ့္ဇနီးမယားကလဲြၿပီး က်န္တဲ့ ဘယ္သူ႔အေပၚမွာကုိမွ ဘယ္လုိအေၾကာင္းျပခ်က္နဲ႔ပဲ ျဖစ္ျဖစ္ မေဖာက္ျပန္ရဘူးလုိ႔ တားျမစ္ထားျခင္း ျဖစ္ပါတယ္။

ဒီကာေမသုမိစၧာစာရ သိကၡာပုဒ္ဟာ အိမ္ေထာင္သည္မ်ားကုိ ရည္ညြန္းပါတယ္။ အထူးသျဖင့္ အိမ္ေထာင္သည္ ေယာက္်ားမ်ားအတြက္ ပုိၿပီးတားျဖစ္ပါတယ္။ ေယာက်္ားမ်ားအတြက္ ကာေမသုနဲ႔ ပတ္သက္ၿပီး မသြားလာအပ္တဲ့ မိန္းမ (၂၀)ရွိေၾကာင္း ပါရာဇိကဏ္အ႒ကထာမွာ ဖြင့္ျပထားပါတယ္။ အဲဒီ ၂၀ ကေတာ့.....

(၁) အမိေစာင့္ေရွာက္တဲ့မိန္းမ၊
(၂) အဘေစာင့္ေရွာက္တဲ့မိန္းမ၊
(၃) အမိ အဘေစာင့္ေရွာက္တဲ့မိန္းမ၊
(၄) ေမာင္ႀကီးေမာင္ငယ္ ေစာင့္ေရွာက္တဲ့မိန္းမ၊
(၅) အစ္မ ညီမ ေစာင့္ေရွာက္တဲ့မိန္းမ၊
(၆) ေဆြမ်ဳိးေစာင့္ေရွာက္တဲ့ မိန္းမ၊
(၇) အႏြယ္တူေစာင့္ ေရွာက္တဲ့ မိန္းမ၊
(၈) တရားက်င့္သံုးဖက္ေစာင့္ေရွာက္တဲ့မိန္းမ။
ဒီမိန္းမရွစ္မ်ဳိးက ကာမပိုင္မရွိတဲ့ အပ်ဳိစဥ္မိန္းမမ်ားျဖစ္ၿပီး
(၉) ေစ့စပ္ေၾကာင္းလမ္းၿပီးမိန္းမ၊
(၁၀) လက္မထပ္ရန္ မင္းအမိန္႔အာဏာျဖင့္ တားျမစ္ထားတဲ့မိန္းမ၊
(၁၁) ဥစၥာျဖင့္၀ယ္ထားတဲ့ မိန္းမ၊
(၁၂) ေယာကၤားတစ္ဦးဦးနဲ႔ အလိုတူ၍ အတူူေနတဲ့ မိန္းမ၊
(၁၃) စည္းစိမ္ေပးၿပီး မယားျပဳလုပ္ထားတဲ့ မိန္းမ၊
(၁၄) အ၀တ္ပုဆိုးေပးၿပီး မယားျပဳ ထားတဲ့ မိန္းမ၊
(၁၅) ေရႊခြက္မွာ လက္စံုခ်ၿပီး ေယာကၤ်ားနဲ႔ ထိမ္းျမားလက္ထပ္ထားတဲ့ မိန္းမ၊
(၁၆) ေခါင္းရြက္လုပ္ကိုင္စားေသာက္ရတဲ့ မိန္းမကို ေခါင္းမရြက္ေစဘဲ သိမ္းယူထားတဲ့ မိန္းမ၊
(၁၇) ကၽြန္လည္းျဖစ္ မယားလည္းျဖစ္တဲ့ မိန္းမ၊
(၁၈) အမႈလုပ္လည္းျဖစ္ မယားလည္းျဖစ္တဲ့ မိန္းမ၊
(၁၉) စစ္ေျမမွ ေဆာင္ခဲ့တဲ့ သံု႔ပန္းမိန္းမ၊
(၂၀) တစ္ဦးဦးရဲ႕ ေခတၱမယားျဖစ္ေနတဲ့ မိန္းမ

ဒီမိန္းမ(၁၂)ဦးကေတာ့ ကာမပိုင္ေယာကၤ်ားရွိတဲ့ မိန္းမ မ်ားျဖစ္ပါတယ္။

ကာမပိုင္မရွိတဲ့ ပထမ မိန္းမရွစ္ေယာက္ကေတာ့ တစ္ျခားေယာကၤ်ားနဲ႔ ဆက္ဆံမႈ ျပဳေပမယ့္ သူ႔ကာမကို သူသာပိုင္တဲ့အတြက္ ကာေမသုမိစၧာ မထိုက္ပါဘူး။ ဒါေပမဲ့ ေယာကၤ်ားမွာေတာ့ အဂမနီယ ျဖစ္တဲ့မိန္းမကို က်ဴးလြန္တဲ့အတြက္ ကာေမသုမိစၧာရ ထိုက္ပါတယ္။ ကာမပိုင္ရွိတဲ႔ မိန္းမ(၁၂)ေယာက္က ကာမပိုင္မွတစ္ပါး တစ္ျခားေယာကၤ်ားနဲ႔ က်ဴးလြန္မိရင္ကာေမသု ထိုက္သလို က်ဴးလြန္တဲ့ ေယာကၤ်ားမွာလည္း ထိုက္ပါတယ္။ ဒါေပမယ့္ ဒီလုိသြားလာရာမွာ ကာေမသု မိစၧာစာရ ထုိက္တဲ့အဂၤါ ရပ္ေတြနဲ႔ျပည့္စုံမွ ထုိက္တယ္ဆုိတာကုိေတာ့ သတိျပဳႏုိင္ပါတယ္္။ အဲဒီအဂၤါရပ္ေတြက....

(၁) မသြားလာထိုက္တဲ့ အဂမနီယမိန္းမျဖစ္ျခင္း။
(၂) မွီ၀ဲလိုတဲ့ စိတ္ ရွိျခင္း။
(၃) လံု႔လ ျပဳျခင္း။
(၄) မဂ္အခ်င္းခ်င္း ထည့္သြင္းးတာကို သာယာျခင္း တုိ႔ပဲ ျဖစ္ပါတယ္။

ဒီအဂၤါေလးခ်က္နဲ႔ ညီရင္ ကာေမသုမိစၧာစာရ ထိုက္ၿပီး၊ ေလးပါးအနက္က တစ္ပါးပါးခြ်တ္ယြင္းေနတယ္ ဆိုရင္ေတာ့ မထိုက္ပါဘူး။ ဒါက စာေပမွာလာတဲ့ ကာေမသု မိစၧာစာရနဲ႔ ပတ္သက္တဲ့ ဖြင့္ဆုိခ်က္ေတြပဲ ျဖစ္ပါတယ္။

ဒီအဖြင့္ေတြအရ ျပည္ပကုိေရာက္ၿပီး အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ တစ္ေယာက္နဲ႔ တစ္ေယာက္ အဆင္ေျပေစဖုိ႔ living together သေဘာနဲ႔ ေနေနၾကသူမ်ား အထူးသတိျပဳသင့္တဲ့ အခ်က္ေတြ ရွိပါတယ္။ ေယာက်္ားေလးေတြေရာ မိန္ကေလးေတြေရာ အတူတူ ေနၾကရာမွာ အထက္ပါ ကာေမသုနဲ႔ ပတ္သက္တဲ့ ဖြင့္ဆုိခ်က္ေတြကုိ သတိျပဳၾကဖုိ႔ လုိပါတယ္။ တစ္ခ်ိဳ႕ အိမ္ေထာင္က်ၿပီး တရား၀င္ ကာမပုိင္ရွိတဲ့ ေယာက္်ားမ်ား၊ မိန္းမမ်ားဟာ ျပည္ပေရာက္ၿပီး မသိမသာ အတူတူ ေနေနၾကတာေတြ ရွိႏုိင္ပါတယ္။ တစ္ခါတစ္ေလ ေယာက္်ားက တရား၀င္ အိမ္ေထာင္ျပဳၿပီး ကာမပုိင္ ရွိသလုိ၊ တစ္ခါတစ္ေလ မိန္းကေလးကလည္း တရား၀င္ အိမ္ေထာင္က်ၿပီး ကာမပုိင္ ရွိေနတာေတြ ရွိတတ္ပါတယ္။ ဘာပဲ ျဖစ္ျဖစ္ ကုိယ့္ကုိယ္ကုိ အသိဆုံး ျဖစ္တဲ့အတြက္ ကုိယ့္ရဲ႕ living together ဟာ ကာေမသု မိစၧာစာရ လြတ္မလြတ္ အထူးဆင္ျခင္သင့္ပါတယ္။

ၿပီးေတာ့ ဒီေန႔ေခတ္မွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အမိျမန္မာျပည္ကေန အျပင္ေရာက္ေနတဲ့သူ အေတာ္မ်ားမ်ားဟာ ျပည္ပကုိ ေရာက္သြားတာနဲ႔ တစ္ၿပိဳင္တည္း အကုန္လုံး လြတ္လြတ္လပ္လပ္ကုိ
 ေနပစ္လုိက္တာေတြ ေတြ႕ျမင္ၾကားသိေနရပါတယ္။ တစ္ခ်ိဳ႕က ျပည္ပမွာ ရပ္တည္ေရး အဆင္မေျပတာ၊ ေျပေပမယ့္လည္း ကုိယ္က်င့္သီလပုိင္းကုိ ဂ႐ုမစုိက္လုိတာ၊ အေနာက္တုိင္း စနစ္ကုိ အတုယူ အားက်ေနတာ စတာေတြေၾကာင့္ ကာမပုိင္ရွိသူေတြေရာ၊ မရွိသူေတြပါ၊ မိဘညီအစ္ကုိ
 ေမာင္ႏွမစတဲ့ အုပ္ထိန္းသူရွိသူေတြေရာ မရွိသူေတြပါ living together အျဖစ္နဲ႔ ေနေနၾကတာ ၾကားသိရျပန္ပါတယ္။ ဒီလုိ အတူေနတာေတြဟာ ကာေမသုမိစၧာစာရ အဂၤါေတြနဲ႔ ျငိမၿငိ၊ ကာေမသုကံ ေျမာက္မေျမာက္ သတိျပဳ ဆင္ျခင္ၾကဖုိ႔ လုိပါတယ္။

တကယ္ေတာ့ ကာမဂုဏ္ကိစၥကုိ အေလးေပးေလ့ မရွိတဲ့ ဗုဒၶဘာသာ သေဘာအရ ဘယ္လုိအေၾကာင္းမ်ိဳးနဲ႔ပဲ ျဖစ္ျဖစ္ လက္မထပ္ဘဲ အတူေနတဲ့ အေလ့ဟာ ကာေမသုမိစၧာစာရကံ ထုိက္ေစဖုိ႔ အေၾကာင္းအေတာ္မ်ားတယ္ ဆုိတာ သတိျပဳဖုိ႔ လိုပါတယ္။ ျဖစ္ဖုိ႔လည္း လြယ္ကူပါတယ္။ အထူးသျဖင့္ အိမ္ေထာင္က်ၿပီးသူမ်ား အထူးသတိျပဳသင့္ပါတယ္။ ေယာက္်ားသားမ်ား အေနနဲ႔ အိမ္ေထာင္က်ၿပီး ကုိယ့္ဇနီးနဲ႔ အတူကာမဂုဏ္ မွီ၀ဲမႈဟာ ကာေမသုမိစၧာစာရ ကံမျဖစ္ေပမယ့္ တစ္ျခားအမ်ိဳးသမီး တစ္ဦးဦးနဲ႔ သြားလာေပ်ာ္ပါးမယ္ဆုိရင္ အိမ္ေထာင္ေရး ေဖာက္ျပန္မႈ ျဖစ္တဲ့အျပင္ ကာေမသု မိစၧာစာရကံလည္း ျဖစ္ပါတယ္။ တရား၀င္သေဘာအရ ကုိယ္လုပ္ေကၽြးႏုိင္လုိ႔ ဇနီးအမ်ားႀကီး ယူထားတယ္ဆုိရင္ေတာ့ ဒါဟာ ကံမေျမာက္ျပန္ပါဘူး။ က်န္တဲ့ သေဘာေတြနဲ႔ဆုိ ဘယ္လုိမွ ကာေမသုကံ မလြတ္ႏုိင္တဲ့ သေဘာရွိပါတယ္။ အမ်ိဳးသမီးမ်ားလည္း ဒီအတုိင္းပါပဲ။ ကုိယ့္လင္ေယာက်္ားကလဲြၿပီး က်န္တဲ့ေယာက်္ား တစ္ေယာက္ေယာက္နဲ႔ ကာမဂုဏ္ေဖာက္ျပန္တာ ကာေမသု မိစၧာစာရကံ ျဖစ္ေစပါတယ္။ ဒါေၾကာင့္ ယေန႔ေခတ္စားေနတဲ့ living together စနစ္ဟာ ဗုဒၶဘာသာ ႐ႈေထာင့္အရ ကာေမသုမိစၧာစာရကံ ျဖစ္ဖုိ႔လြယ္တယ္လုိ႔ ဆုိျခင္းျဖစ္ပါတယ္။

ဆုိလုိတာက လက္မထပ္ဘဲ အတူေနၾကတာေတြဟာ အေနာက္တုိင္းသားမ်ားရဲ႕ သေဘာအရ ေရရွည္အိမ္ေထာင္ေရး အဆင္ေျပေရးအတြက္ အေထာက္အကူ ျဖစ္ေစတယ္လုိ႔ ဆုိေပမယ့္ ဗုဒၶဘာသာ သေဘာအရ ဒါဟာ အကုသုိလ္အျပစ္ျဖစ္တဲ့ ကာေမသုမိစၧာ စာရကံ ျဖစ္စရာအေၾကာင္း ျဖစ္ႏုိင္တယ္လုိ႔ ဆုိလုိတာ ျဖစ္ပါတယ္။ တကယ္ေတာ့ လက္မထပ္ခင္ ဘယ္ေလာက္ပဲ အတူတူေနၿပီး အိမ္ ေထာင္ေရး အဆင္ေျပေအာင္ ႀကိဳးစားၾကေပမယ့္ တကယ္တမ္း လက္ထပ္တဲ့ အခါက်ေတာ့လည္း အိမ္ေထာင္ေရး အဆင္မေျပတာေတြက အမ်ားႀကီးပါပဲ။ အဓိကကေတာ့ တစ္ဦးတစ္ေယာက္ခ်င္းရဲ႕ ကုိယ့္က်င့္တရား ေကာင္းမြန္ထိမ္းသိမ္းေရးက အဓိကက်ပါတယ္။ ခုမွေတြ႕ၾကေပမယ့္လည္း ေတာ္တဲ့သူက ေတာ္ေနမွာျဖစ္ၿပီး ကိုယ့္က်င့္တရား ေကာင္းသူက ေကာင္းေနမွာျဖစ္ပါတယ္။ သူေတာ္ေကာင္းဟာ သူေတာ္ေကာင္းပါပဲ။

ဒါေၾကာင့္ လြတ္လပ္မႈနဲ႔အတူ အသိပညာ၊ အေတြ႕အႀကဳံနည္းပါးကာ ဘာသာတရား အဆုံးအမမ်ား အေပၚ အေလးထားေလ့ မရွိၾကတဲ့ ျပည္ပေရာက္ ျမန္မာမ်ားအေနနဲ႔ သူမ်ားေယာင္လုိ႔ ေယာင္၊ အေမွာင္ေတာင္မွန္း ေျမာက္မွန္းမသိ မျဖစ္ရေလေအာင္ သူမ်ား living togetherဆုိၿပီး ကုိယ္ကပါ လုိက္ၿပီး living together မလုပ္မိၾကဖုိ႔၊ ခဏတာ အေပ်ာ္၊ ခဏတာ အဆင္ေျပမႈေတြနဲ႔ ဘ၀သံသရာ ဒုကၡျဖစ္ေစမယ့္ မေကာင္းတဲ့အလုပ္ေတြမွာ လုိက္ၿပီး မလုပ္မိၾကဖုိ႔ အထူးလုိအပ္တယ္ဆုိတာ သတိျပဳၾကရင္း living togetherနဲ႔ ကာေမသုမိစၧာစာရကုိ ေသခ်ာစဥ္းစား ဆင္ျခင္ကာ အတူေနရာမွ ကာေမသုအျဖစ္ မေရာက္မိၾကေစဖုိ႔ ေစတနာစကားနဲ႔ အသိေပးေျပာၾကား လုိက္ရပါေၾကာင္း…

Credit:ဓမၼစကူးလ္ဆုံရာ

 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

Living together ဆိုတဲ့ စကားကို “လက်မထပ်ဘဲ အတူနေခြင်း”လို့ အဓိပ္ပါယ် နားလည်နိုင်ပါတယ်။ ဒီအလေ့အကျင့်ဟာ အနောက်တိုင်းမှ ဆင်းသက်လာတဲ့ အလေ့အကျင့်လို့လည်း ပြောနိုင်ပါတယ်။ သူတို့အဆိုအရ လူတစ်ယောက်နဲ့တစ်ယောက် အိမ်ထောင်ဘက်အဖြစ် တစ်ဘဝလုံး အတူလက်တွဲ သွားရမယ့်အရေးမှာ တစ်ယောက်အကြောင်း တစ်ယောက်မသိဘဲ ဘုမသိဘမသိ အိမ်ထောင်ပြုပြီး ထာဝရ နေထိုင်သွားတာထက် စာရင် တရားဝင် လက်မထပ်ခင် နှစ်ဦးသဘောတူ အတူနေထိုင်ပြီးမှ တရားဝင် လက်ထပ်တာက အိမ်ထောင်ရေးမှာ ပြဿနာအဖြစ်နည်းပြီး ရေရှည်မှာလည်း သာယာတဲ့ အိမ်ထောင်ရေး ဖြစ်နိုင်တဲ့အတွက် လက်မထပ်ခင် အတူနေတဲ့ living together ပုံစံကို ကျင့်သုံးခြင်းဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့်လည်း အနောက်တိုင်းက လူအတော်များများဟာ ဒီစနစ်ကို ကျင့်သုံးနေကြပြီး တစ်ချို့ဆို သားသမီး တစ်ယောက်နှစ်ယောက်ရမှ လက်ထပ်တာတောင် ရှိပါသေးတယ်။

အနောက်တိုင်းသားတွေရဲ့ အဆိုအရ အောင်မြင်တယ်လို့ ထင်ရတဲ့ ဒီစနစ်ဟာအနောက်တိုင်းကနေပြီး
 အရှေ့တိုင်းအထိ ပြန့်နှံ့လာနေပါတယ်။ ဥရောပတိုက်၊ အမေရိကတိုက်မှသည် အာရှတိုက်၊ အဲဒီကမှတစ်ဆင့် အခုတော့ အရှေ့တောင် အာရှနိုင်ငံများကိုပါ ပြန့်နှံ့လာတော့တာ
 ဖြစ်ပါတယ်။ သူတို့စနစ် ဘယ်လောက်ပဲ ကောင်းနေပေမယ့် ဒီစနစ်ဟာ အာရှတိုက် ယဉ်ကျေးမှုနဲ့တော့ ဆန့်ကျင်နေပါတယ်။ အထူးသဖြင့် ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ နိုင်ငံတွေနဲ့ကတော့ ဒါဟာ အမတန် ပြောင်းပြန်ဖြစ်နေတဲ့ စနစ်ဖြစ်နေပါတယ်။ လက်မထပ်ဘဲ အတူနေတဲ့ စနစ်နဲ့ ဗုဒ္ဓဘာသာမှာလာတဲ့ ကာမေသုမိစ္ဆာစာရနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတော့တယ်။

ဗုဒ္ဓဘာသာဝင်များ နေ့စဉ်ခါးဝတ်ပုဆိုးလို မြဲမြံနေရမယ့် ငါးပါးသီလထဲမှာ ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ကာမဂုဏ်များမှာ ဖော်လွဲဖောက်ပြန် ပြုကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဒီသိက္ခာပုဒ်ဟာ တစ်လင်တစ်မယား စနစ်ကို အကောင်အထည် ဖော်ပေးထားတာ ဖြစ်ပါတယ်။ ကာမဂုဏ်မှီဝဲတာကို ရှောင်နိုင်ရင် ကောင်းပေမယ့် မရှောင်နိုင်ရင်တော့ ကိုယ့်အိမ်သူသက်ထား၊ ကိုယ့်လင်ယောကျ်ားနဲ့ပဲ မှီဝဲနေထိုင်နိုင်ကြောင်း ခွင့်ပြုထားခြင်း ဖြစ်ပါတယ်။ အိမ်ထောင်သည် မှန်သမျှ ကာမဂုဏ်ကိစ္စမှာ ကိုယ့်လင်ယောကျာ်း၊ ကိုယ့်ဇနီးမယားကလွဲပြီး ကျန်တဲ့ ဘယ်သူ့အပေါ်မှာကိုမှ ဘယ်လိုအကြောင်းပြချက်နဲ့ပဲ ဖြစ်ဖြစ် မဖောက်ပြန်ရဘူးလို့ တားမြစ်ထားခြင်း ဖြစ်ပါတယ်။

ဒီကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်ဟာ အိမ်ထောင်သည်များကို ရည်ညွန်းပါတယ်။ အထူးသဖြင့် အိမ်ထောင်သည် ယောက်ျားများအတွက် ပိုပြီးတားဖြစ်ပါတယ်။ ယောကျ်ားများအတွက် ကာမေသုနဲ့ ပတ်သက်ပြီး မသွားလာအပ်တဲ့ မိန်းမ (၂၀)ရှိကြောင်း ပါရာဇိကဏ်အဋ္ဌကထာမှာ ဖွင့်ပြထားပါတယ်။ အဲဒီ ၂၀ ကတော့.....

(၁) အမိစောင့်ရှောက်တဲ့မိန်းမ၊
(၂) အဘစောင့်ရှောက်တဲ့မိန်းမ၊
(၃) အမိ အဘစောင့်ရှောက်တဲ့မိန်းမ၊
(၄) မောင်ကြီးမောင်ငယ် စောင့်ရှောက်တဲ့မိန်းမ၊
(၅) အစ်မ ညီမ စောင့်ရှောက်တဲ့မိန်းမ၊
(၆) ဆွေမျိုးစောင့်ရှောက်တဲ့ မိန်းမ၊
(၇) အနွယ်တူစောင့် ရှောက်တဲ့ မိန်းမ၊
(၈) တရားကျင့်သုံးဖက်စောင့်ရှောက်တဲ့မိန်းမ။
ဒီမိန်းမရှစ်မျိုးက ကာမပိုင်မရှိတဲ့ အပျိုစဉ်မိန်းမများဖြစ်ပြီး
(၉) စေ့စပ်ကြောင်းလမ်းပြီးမိန်းမ၊
(၁၀) လက်မထပ်ရန် မင်းအမိန့်အာဏာဖြင့် တားမြစ်ထားတဲ့မိန်းမ၊
(၁၁) ဥစ္စာဖြင့်ဝယ်ထားတဲ့ မိန်းမ၊
(၁၂) ယောင်္ကားတစ်ဦးဦးနဲ့ အလိုတူ၍ အတူူနေတဲ့ မိန်းမ၊
(၁၃) စည်းစိမ်ပေးပြီး မယားပြုလုပ်ထားတဲ့ မိန်းမ၊
(၁၄) အဝတ်ပုဆိုးပေးပြီး မယားပြု ထားတဲ့ မိန်းမ၊
(၁၅) ရွှေခွက်မှာ လက်စုံချပြီး ယောင်္ကျားနဲ့ ထိမ်းမြားလက်ထပ်ထားတဲ့ မိန်းမ၊
(၁၆) ခေါင်းရွက်လုပ်ကိုင်စားသောက်ရတဲ့ မိန်းမကို ခေါင်းမရွက်စေဘဲ သိမ်းယူထားတဲ့ မိန်းမ၊
(၁၇) ကျွန်လည်းဖြစ် မယားလည်းဖြစ်တဲ့ မိန်းမ၊
(၁၈) အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်တဲ့ မိန်းမ၊
(၁၉) စစ်မြေမှ ဆောင်ခဲ့တဲ့ သုံ့ပန်းမိန်းမ၊
(၂၀) တစ်ဦးဦးရဲ့ ခေတ္တမယားဖြစ်နေတဲ့ မိန်းမ

ဒီမိန်းမ(၁၂)ဦးကတော့ ကာမပိုင်ယောင်္ကျားရှိတဲ့ မိန်းမ များဖြစ်ပါတယ်။

ကာမပိုင်မရှိတဲ့ ပထမ မိန်းမရှစ်ယောက်ကတော့ တစ်ခြားယောင်္ကျားနဲ့ ဆက်ဆံမှု ပြုပေမယ့် သူ့ကာမကို သူသာပိုင်တဲ့အတွက် ကာမေသုမိစ္ဆာ မထိုက်ပါဘူး။ ဒါပေမဲ့ ယောင်္ကျားမှာတော့ အဂမနီယ ဖြစ်တဲ့မိန်းမကို ကျူးလွန်တဲ့အတွက် ကာမေသုမိစ္ဆာရ ထိုက်ပါတယ်။ ကာမပိုင်ရှိတဲ့ မိန်းမ(၁၂)ယောက်က ကာမပိုင်မှတစ်ပါး တစ်ခြားယောင်္ကျားနဲ့ ကျူးလွန်မိရင်ကာမေသု ထိုက်သလို ကျူးလွန်တဲ့ ယောင်္ကျားမှာလည်း ထိုက်ပါတယ်။ ဒါပေမယ့် ဒီလိုသွားလာရာမှာ ကာမေသု မိစ္ဆာစာရ ထိုက်တဲ့အင်္ဂါ ရပ်တွေနဲ့ပြည့်စုံမှ ထိုက်တယ်ဆိုတာကိုတော့ သတိပြုနိုင်ပါတယ်။ အဲဒီအင်္ဂါရပ်တွေက....

(၁) မသွားလာထိုက်တဲ့ အဂမနီယမိန်းမဖြစ်ခြင်း။
(၂) မှီဝဲလိုတဲ့ စိတ် ရှိခြင်း။
(၃) လုံ့လ ပြုခြင်း။
(၄) မဂ်အချင်းချင်း ထည့်သွင်းးတာကို သာယာခြင်း တို့ပဲ ဖြစ်ပါတယ်။

ဒီအင်္ဂါလေးချက်နဲ့ ညီရင် ကာမေသုမိစ္ဆာစာရ ထိုက်ပြီး၊ လေးပါးအနက်က တစ်ပါးပါးချွတ်ယွင်းနေတယ် ဆိုရင်တော့ မထိုက်ပါဘူး။ ဒါက စာပေမှာလာတဲ့ ကာမေသု မိစ္ဆာစာရနဲ့ ပတ်သက်တဲ့ ဖွင့်ဆိုချက်တွေပဲ ဖြစ်ပါတယ်။

ဒီအဖွင့်တွေအရ ပြည်ပကိုရောက်ပြီး အကြောင်းအမျိုးမျိုးကြောင့် တစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေစေဖို့ living together သဘောနဲ့ နေနေကြသူများ အထူးသတိပြုသင့်တဲ့ အချက်တွေ ရှိပါတယ်။ ယောကျ်ားလေးတွေရော မိန်ကလေးတွေရော အတူတူ နေကြရာမှာ အထက်ပါ ကာမေသုနဲ့ ပတ်သက်တဲ့ ဖွင့်ဆိုချက်တွေကို သတိပြုကြဖို့ လိုပါတယ်။ တစ်ချို့ အိမ်ထောင်ကျပြီး တရားဝင် ကာမပိုင်ရှိတဲ့ ယောက်ျားများ၊ မိန်းမများဟာ ပြည်ပရောက်ပြီး မသိမသာ အတူတူ နေနေကြတာတွေ ရှိနိုင်ပါတယ်။ တစ်ခါတစ်လေ ယောက်ျားက တရားဝင် အိမ်ထောင်ပြုပြီး ကာမပိုင် ရှိသလို၊ တစ်ခါတစ်လေ မိန်းကလေးကလည်း တရားဝင် အိမ်ထောင်ကျပြီး ကာမပိုင် ရှိနေတာတွေ ရှိတတ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ်ကို အသိဆုံး ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ living together ဟာ ကာမေသု မိစ္ဆာစာရ လွတ်မလွတ် အထူးဆင်ခြင်သင့်ပါတယ်။

ပြီးတော့ ဒီနေ့ခေတ်မှာ အကြောင်းအမျိုးမျိုးကြောင့် အမိမြန်မာပြည်ကနေ အပြင်ရောက်နေတဲ့သူ အတော်များများဟာ ပြည်ပကို ရောက်သွားတာနဲ့ တစ်ပြိုင်တည်း အကုန်လုံး လွတ်လွတ်လပ်လပ်ကို
 နေပစ်လိုက်တာတွေ တွေ့မြင်ကြားသိနေရပါတယ်။ တစ်ချို့က ပြည်ပမှာ ရပ်တည်ရေး အဆင်မပြေတာ၊ ပြေပေမယ့်လည်း ကိုယ်ကျင့်သီလပိုင်းကို ဂရုမစိုက်လိုတာ၊ အနောက်တိုင်း စနစ်ကို အတုယူ အားကျနေတာ စတာတွေကြောင့် ကာမပိုင်ရှိသူတွေရော၊ မရှိသူတွေပါ၊ မိဘညီအစ်ကို
 မောင်နှမစတဲ့ အုပ်ထိန်းသူရှိသူတွေရော မရှိသူတွေပါ living together အဖြစ်နဲ့ နေနေကြတာ ကြားသိရပြန်ပါတယ်။ ဒီလို အတူနေတာတွေဟာ ကာမေသုမိစ္ဆာစာရ အင်္ဂါတွေနဲ့ ငြိမငြိ၊ ကာမေသုကံ မြောက်မမြောက် သတိပြု ဆင်ခြင်ကြဖို့ လိုပါတယ်။

တကယ်တော့ ကာမဂုဏ်ကိစ္စကို အလေးပေးလေ့ မရှိတဲ့ ဗုဒ္ဓဘာသာ သဘောအရ ဘယ်လိုအကြောင်းမျိုးနဲ့ပဲ ဖြစ်ဖြစ် လက်မထပ်ဘဲ အတူနေတဲ့ အလေ့ဟာ ကာမေသုမိစ္ဆာစာရကံ ထိုက်စေဖို့ အကြောင်းအတော်များတယ် ဆိုတာ သတိပြုဖို့ လိုပါတယ်။ ဖြစ်ဖို့လည်း လွယ်ကူပါတယ်။ အထူးသဖြင့် အိမ်ထောင်ကျပြီးသူများ အထူးသတိပြုသင့်ပါတယ်။ ယောက်ျားသားများ အနေနဲ့ အိမ်ထောင်ကျပြီး ကိုယ့်ဇနီးနဲ့ အတူကာမဂုဏ် မှီဝဲမှုဟာ ကာမေသုမိစ္ဆာစာရ ကံမဖြစ်ပေမယ့် တစ်ခြားအမျိုးသမီး တစ်ဦးဦးနဲ့ သွားလာပျော်ပါးမယ်ဆိုရင် အိမ်ထောင်ရေး ဖောက်ပြန်မှု ဖြစ်တဲ့အပြင် ကာမေသု မိစ္ဆာစာရကံလည်း ဖြစ်ပါတယ်။ တရားဝင်သဘောအရ ကိုယ်လုပ်ကျွေးနိုင်လို့ ဇနီးအများကြီး ယူထားတယ်ဆိုရင်တော့ ဒါဟာ ကံမမြောက်ပြန်ပါဘူး။ ကျန်တဲ့ သဘောတွေနဲ့ဆို ဘယ်လိုမှ ကာမေသုကံ မလွတ်နိုင်တဲ့ သဘောရှိပါတယ်။ အမျိုးသမီးများလည်း ဒီအတိုင်းပါပဲ။ ကိုယ့်လင်ယောကျ်ားကလွဲပြီး ကျန်တဲ့ယောကျ်ား တစ်ယောက်ယောက်နဲ့ ကာမဂုဏ်ဖောက်ပြန်တာ ကာမေသု မိစ္ဆာစာရကံ ဖြစ်စေပါတယ်။ ဒါကြောင့် ယနေ့ခေတ်စားနေတဲ့ living together စနစ်ဟာ ဗုဒ္ဓဘာသာ ရှုထောင့်အရ ကာမေသုမိစ္ဆာစာရကံ ဖြစ်ဖို့လွယ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

ဆိုလိုတာက လက်မထပ်ဘဲ အတူနေကြတာတွေဟာ အနောက်တိုင်းသားများရဲ့ သဘောအရ ရေရှည်အိမ်ထောင်ရေး အဆင်ပြေရေးအတွက် အထောက်အကူ ဖြစ်စေတယ်လို့ ဆိုပေမယ့် ဗုဒ္ဓဘာသာ သဘောအရ ဒါဟာ အကုသိုလ်အပြစ်ဖြစ်တဲ့ ကာမေသုမိစ္ဆာ စာရကံ ဖြစ်စရာအကြောင်း ဖြစ်နိုင်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ တကယ်တော့ လက်မထပ်ခင် ဘယ်လောက်ပဲ အတူတူနေပြီး အိမ် ထောင်ရေး အဆင်ပြေအောင် ကြိုးစားကြပေမယ့် တကယ်တမ်း လက်ထပ်တဲ့ အခါကျတော့လည်း အိမ်ထောင်ရေး အဆင်မပြေတာတွေက အများကြီးပါပဲ။ အဓိကကတော့ တစ်ဦးတစ်ယောက်ချင်းရဲ့ ကိုယ့်ကျင့်တရား ကောင်းမွန်ထိမ်းသိမ်းရေးက အဓိကကျပါတယ်။ ခုမှတွေ့ကြပေမယ့်လည်း တော်တဲ့သူက တော်နေမှာဖြစ်ပြီး ကိုယ့်ကျင့်တရား ကောင်းသူက ကောင်းနေမှာဖြစ်ပါတယ်။ သူတော်ကောင်းဟာ သူတော်ကောင်းပါပဲ။

ဒါကြောင့် လွတ်လပ်မှုနဲ့အတူ အသိပညာ၊ အတွေ့အကြုံနည်းပါးကာ ဘာသာတရား အဆုံးအမများ အပေါ် အလေးထားလေ့ မရှိကြတဲ့ ပြည်ပရောက် မြန်မာများအနေနဲ့ သူများယောင်လို့ ယောင်၊ အမှောင်တောင်မှန်း မြောက်မှန်းမသိ မဖြစ်ရလေအောင် သူများ living togetherဆိုပြီး ကိုယ်ကပါ လိုက်ပြီး living together မလုပ်မိကြဖို့၊ ခဏတာ အပျော်၊ ခဏတာ အဆင်ပြေမှုတွေနဲ့ ဘဝသံသရာ ဒုက္ခဖြစ်စေမယ့် မကောင်းတဲ့အလုပ်တွေမှာ လိုက်ပြီး မလုပ်မိကြဖို့ အထူးလိုအပ်တယ်ဆိုတာ သတိပြုကြရင်း living togetherနဲ့ ကာမေသုမိစ္ဆာစာရကို သေချာစဉ်းစား ဆင်ခြင်ကာ အတူနေရာမှ ကာမေသုအဖြစ် မရောက်မိကြစေဖို့ စေတနာစကားနဲ့ အသိပေးပြောကြား လိုက်ရပါကြောင်း…

Credit:ဓမ္မစကူးလ်ဆုံရာ



 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top