iMyanmarHouse.com - Best Property Website for Myanmar
×
ပို့သပေးပါတယ်။
Credit: ဖိုးသူတော်
#Unicode Version
RS ဖြစ်တာကောင်းလား၊ Single (FA )ဖြစ်တာကောင်းလားဆို တာနဲ့ ပတ်ဝန်းကျင်နဲ့ ဆိုရှယ်ကြားမှာ အချေအတင်ပြောတတ်ကြ ပါတယ်။ RS ချစ်ရသူစုံတွဲလေး ရှိလို့ အနားမှာ အဖော်လေးနဲ့ ပျော်စ ရာကြည်နူးစရာတွေက FA တွေကို အားကျအောင် သဲသဲလှုပ်ချစ်ပြ နေပေမယ့်လည်း တစ်ခါ တစ်လေမှာRS တွေရဲ့စိတ်ပျက်စရာ ကောင်းလောင်တဲ့စိတ်ဆင်းရဲပူဆွေးသောကရောက်ခြင်းတွေ
 တွေ့တော့ FA သမားတွေအ တွက် ဟားတိုက်လှောင်ပြောင်စရာ ဖြစ်နေရပြန်ပါတယ်။ ဒါ့ကြောင့် မို့လို့သင်ကိုယ်တိုင်ကFAတစ် ယောက်ဖြစ်နေခဲ့မယ်ဆိုရင်အောက်ဘက်မှာ ဖော်ပြပေးမယ့်
 ကောင်းကျိုးတွေက သင့်အတွက်ကမ်းလင့် ကြိုနေပါလိမ့်မယ်။
၁။ RS တွေလိုမျိုး ညဥ့်နက်အထိ ဆိုရှယ်မှာ စာတွေဖတ်၊ စာတွေ ရိုက်ပို့နေစရာမလိုပါဘူး။ သန်းခေါင်မိုးချုပ်အချိန်အထိ အိပ်ခါနီး စာတိုတွေ၊ ဖုန်းပြောတာမျိုးတွေ မလုပ်ရလို့ သင့်ရဲ့အိပ်ချိန်က အပြည့်အဝနဲ့ အိပ်ရေးဝဝရစေမှာပါ။ သင့်အိပ်ချိန်ကို သင်ကိုယ် တိုင်ပိုင်ဆိုင်ပြီးသားပါ။ ဖုန်းမသုံးချင်တဲ့အခါမျိုးကျ ဖုန်းတွေပိတ်ပြီး အိပ်မယ်ဆိုရင်လည်း ဘယ်လိုပြဿနာမျိုးမှ ဖြစ်မလာနိုင်ပါဘူး။
၂။ သင်က အမြဲသူဌေးကြီးတစ်ယောက်ဖြစ်နေမှာပါ။ RS တွေလိုမျိုး လျှောက်သွား၊ ဝယ်စား စရာ၊ ကုန်ကျစရာထွေထူးမရှိလို့ သင့်ပိုက် ဆံ အိပ်ထဲမှာဆိုရင် ပိုက်ဆံတွေက အမြဲပြည့်နေမှာဖြစ်ပါတယ်။ တစ်ခါတစ်ရံ သူငယ်ချင်းတွေနဲ့ ဒိတ်လုပ်တဲ့အခါမျိုး၊ ကိုယ်တိုင်လို ချင်တဲ့အရာတွေလိုမျိုးကြမှ ပိုက်ဆံတွေ ထုတ်သုံးရတာမျိုးတွေပဲ ရှိနေမှာပါ။
၃။ သင့်ရဲ့ ဖုန်းဘေလ်နဲ့ သင့်ဖုန်းထဲက ဓာတ်ပုံတွေ၊ သီချင်းတွေနဲ့ လျို့ဝှက်ချက်တွေကိုလည်း သင်ကိုယ်တိုင် စိတ်ကြိုက်ထားရှိနိုင်ပါ တယ်။ ချစ်သူရှိတဲ့သူတွေလိုမျိုး ဖုန်း Wallpaper ပုံထားရတာမျိုး၊ သူငယ်ချင်းပုံတွေ မသိမ်းထားရတာမျိုးနဲ့ ဆိုရှယ်မှာ လွတ်လွတ်လပ် လပ် စကားပြောခွင့်၊ သုံးခွင့်မရှိတာမျိုးတွေ မရှိတော့ပါဘူး။ ဒါ့ ကြောင့်မို့လို့ FA တစ်ယောက်ဖြစ်ခြင်းက လွတ်လပ်ပါတယ်။
၄။ သင့်စိတ်ကြိုက် အဝတ်အစားဝတ်ဆင်တာတွေ၊ ပြင်ဆင်တာမျိုး တွေ၊ သင့်စိတ်ကြိုက် သွားလာစားသောက်တာမျိုးတွေကို ဘယ်သူ့ ခွင့်ပြုချက်မှ ယူစရာမလိုပဲ မိမိစိတ်ရှိတိုင်းသွားလာနိုင်လို့ လွတ်လပ် ပါတယ်။ RS တွေမှာဆိုရင် အများဆုံးဖြစ်တတ်တဲ့ ခွင့်တောင်းရတဲ့ ကိစ္စ၊ ဘယ်သွား၊ ဘယ်လာ၊ ဘာလုပ်၊ စသဖြင့်တွေက တော်တော် လေးညှိယူရတဲ့ ပြဿနာပါပဲ။ ဒါပေမဲ့ FA တွေမှာတော့ ဒီသောကပူ တွေ ကင်းဝေးပါတယ်။
၅။ အနာဂတ်အတွက် သင့်အတွက်ပဲ သင်တွေးစရာပဲလိုပါတယ်။ နှစ်ယောက်ရှိလို့ နှစ်ယောက်စလုံးရဲ့ အနာဂတ်ကိုညှိနှိုင်းပြီးတော့ ပြင်ဆင်ရတယ်ဆိုပေမယ့် တစ်ယောက်တည်းရှိတဲ့ FA တွေကတော့ သူ့အနာဂတ်ကို သူကိုယ်တိုင်စိတ်ကြိုက် ဖန်တီးပုံဖော်လို့ ရနိုင်ပါ တယ်။ တစ်ယောက်တည်းဖြစ်လို့ မိမိရဲ့အနာဂတ်ကို ဘယ်သူ့အ တွက်မှ စဉ်းစားပေးစရာမလို၊ ငဲ့ညှာပေးစရာမလိုပဲ ပန်းတိုင်ကို စိတ်ဖြောင့်ဖြောင့်ရှင်းရှင်းနဲ့ သွားနိုင်ပါတယ်။
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit: ဖိုးသူတော်
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top