iMyanmarHouse.com - Myanmar's No. 1 Property Website
×

ခုလက္ရွိ ကုိရီးယားႏိုင္ငံမွာနာမည္ၾကီးေနတဲ့ ဇာတ္လမ္းတြဲ The Legend of the Blue Sea နဲ႕ပတ္သက္ျပီး ဒီဇင္ဘာ ၆ရက္ေန႕က ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးတစ္ခုမွာ မင္းသား Lee Min Ho နဲ႕ အတူ မင္းသမီး Jun Ji Hyun တုိ႕က ဇာတ္ကားနဲ႕ပတ္သက္တဲ့ အေၾကာင္းအရာေတြ၊ အေတြ႕အၾကံဳေတြကို ေျပာဆုိခဲ့ၾကပါတယ္။ 

ပထမဆံုးအေနနဲ႕ ကေလးေမြးျပီးျပီးခ်င္း ဇာတ္ကားအတြက္ ခႏၶာကိုယ္အခ်ိဳးအစားထိန္းသိမ္းႏိုင္ဖုိ႕ ေလ့က်င့္ခန္းေတြ လုပ္ခဲ့ရတဲ့ Jun Ji Hyun က "အစားနဲ႕ ၀ိတ္ခ်ရတယ္။ က်ြန္မက အစားစာရင္ နည္းနည္းဂ်ီးမ်ားေတာ့ ဒီအခ်က္က ၀ိတ္ကို ထိန္းထားႏိုင္ဖုိ႕ အခြင့္အေရးျဖစ္သြားတယ္"လို႕ ဆုိပါတယ္။ သူမ ေျပာေနခ်ိန္အတြင္းမွာပဲ Lee Min Ho က ၀င္ျပီး "သူက မနက္တုိင္း ေလ့က်င့္ခန္းလုပ္တယ္။ ကားရိုက္မရွိတဲ့ေန႕ေတြမွာေတာင္ အျမဲတမ္းေလ့က်င့္ခန္းလုပ္ေနတာ ေတြ႕ရတယ္' လို႕ ၀င္ေျပာသြားပါတယ္။

ခုလို ဇာတ္လမ္းတြဲ တဟုန္ထိုးနာမည္ရသြားတာနဲ႕ပတ္သက္ျပီး Lee Min Ho ရဲ႕အျမင္ကို ေမးၾကည့္လိုက္ေတာ့ သူက " က်ြန္ေတာ့္အထင္ ဒါဟာ Jun Ji Hyun ရဲ႕ ေပါ့ေပါ့ပါးပါးနဲ႕ သဘာ၀က်က်ေလး သရုပ္ေဆာင္ခ်က္ေတြက အားလံုးကို ဆြဲေခၚသြားႏိုင္တာျဖစ္ပါလိမ့္မယ္"တဲ့။

ဒါ့အျပင္ ဇာတ္ကားရိုက္ေနခ်ိန္အတြင္း အျခားေသာအမွတ္တရေတြအေနနဲ႕ မင္းသမီး Jun Ji Hyun က "က်ြန္မတုိ႕ စက္ဘီးစီးတဲ့အခန္းရိုက္တုန္းက က်ြန္မတုိ႕ႏွစ္ေယာက္ စက္ဘီးနင္းတဲ့ပံုက ေတာ္ေတာ့္ကိုလြဲေနလို႕စက္ဘီးလဲတာ ခဏခဏပဲ" လို႕ ေျပာျပသြားပါတယ္။

အားလံုးသိခ်င္ေနၾကတဲ့ ေရေအာက္ဇာတ္၀င္ခန္းေတြနဲ႕ပတ္သက္ျပီးေတာ့လည္း သူမက ခုလို ေျဖၾကားသြားပါတယ္။ "ဇာတ္ကားက ေရသူမဇာတ္ကားဆုိေတာ့ ေရေအာက္မွာရိုက္ရတဲ့ အခန္းေတြ အမ်ားၾကီးပါပါတယ္။ ဒီ့အတြက္လည္း ေရထဲမွာ ဘယ္လိုသရုပ္ေဆာင္ရမလဲဆုိတာ က်ြန္မၾကိဳတင္ ျပင္ဆင္ထားခဲ့ပါတယ္။ ဒါေပမယ့္ တစ္ခါရိုက္တုိင္းက တစ္ခါဆိုသလို စြန္႕စားခန္းကို ရင္ဆုိင္လိုက္ရသလို ခက္ခဲခဲ့ပါတယ္"တဲ့။

The  Legend of the Blus Sea ဇာတ္ကားဟာ ဟိုးအရင္ေခတ္နဲ႕ခုေခတ္အေျခအေနကို ေပါင္းစပ္ရုိက္ကူးထားတဲ့ စိတ္၀င္စားဖြယ္ ေရသူမေလးရဲ႕ အခ်စ္ဇာတ္လမ္းေလးပါ။

Credit : trend myanmar
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ခုလက်ရှိ ကိုရီးယားနိုင်ငံမှာနာမည်ကြီးနေတဲ့ ဇာတ်လမ်းတွဲ The Legend of the Blue Sea နဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၆ရက်နေ့က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ မင်းသား Lee Min Ho နဲ့ အတူ မင်းသမီး Jun Ji Hyun တို့က ဇာတ်ကားနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊ အတွေ့အကြုံတွေကို ပြောဆိုခဲ့ကြပါတယ်။

ပထမဆုံးအနေနဲ့ ကလေးမွေးပြီးပြီးချင်း ဇာတ်ကားအတွက် ခန္ဓာကိုယ်အချိုးအစားထိန်းသိမ်းနိုင်ဖို့ လေ့ကျင့်ခန်းတွေ လုပ်ခဲ့ရတဲ့ Jun Ji Hyun က "အစားနဲ့ ဝိတ်ချရတယ်။ ကျွန်မက အစားစာရင် နည်းနည်းဂျီးများတော့ ဒီအချက်က ဝိတ်ကို ထိန်းထားနိုင်ဖို့ အခွင့်အရေးဖြစ်သွားတယ်"လို့ ဆိုပါတယ်။ သူမ ပြောနေချိန်အတွင်းမှာပဲ Lee Min Ho က ဝင်ပြီး "သူက မနက်တိုင်း လေ့ကျင့်ခန်းလုပ်တယ်။ ကားရိုက်မရှိတဲ့နေ့တွေမှာတောင် အမြဲတမ်းလေ့ကျင့်ခန်းလုပ်နေတာ တွေ့ရတယ်' လို့ ဝင်ပြောသွားပါတယ်။

ခုလို ဇာတ်လမ်းတွဲ တဟုန်ထိုးနာမည်ရသွားတာနဲ့ပတ်သက်ပြီး Lee Min Ho ရဲ့အမြင်ကို မေးကြည့်လိုက်တော့ သူက " ကျွန်တော့်အထင် ဒါဟာ Jun Ji Hyun ရဲ့ ပေါ့ပေါ့ပါးပါးနဲ့ သဘာဝကျကျလေး သရုပ်ဆောင်ချက်တွေက အားလုံးကို ဆွဲခေါ်သွားနိုင်တာဖြစ်ပါလိမ့်မယ်"တဲ့။

ဒါ့အပြင် ဇာတ်ကားရိုက်နေချိန်အတွင်း အခြားသောအမှတ်တရတွေအနေနဲ့ မင်းသမီး Jun Ji Hyun က "ကျွန်မတို့ စက်ဘီးစီးတဲ့အခန်းရိုက်တုန်းက ကျွန်မတို့နှစ်ယောက် စက်ဘီးနင်းတဲ့ပုံက တော်တော့်ကိုလွဲနေလို့စက်ဘီးလဲတာ ခဏခဏပဲ" လို့ ပြောပြသွားပါတယ်။

အားလုံးသိချင်နေကြတဲ့ ရေအောက်ဇာတ်ဝင်ခန်းတွေနဲ့ပတ်သက်ပြီးတော့လည်း သူမက ခုလို ဖြေကြားသွားပါတယ်။ "ဇာတ်ကားက ရေသူမဇာတ်ကားဆိုတော့ ရေအောက်မှာရိုက်ရတဲ့ အခန်းတွေ အများကြီးပါပါတယ်။ ဒီ့အတွက်လည်း ရေထဲမှာ ဘယ်လိုသရုပ်ဆောင်ရမလဲဆိုတာ ကျွန်မကြိုတင် ပြင်ဆင်ထားခဲ့ပါတယ်။ ဒါပေမယ့် တစ်ခါရိုက်တိုင်းက တစ်ခါဆိုသလို စွန့်စားခန်းကို ရင်ဆိုင်လိုက်ရသလို ခက်ခဲခဲ့ပါတယ်"တဲ့။

The  Legend of the Blus Sea ဇာတ်ကားဟာ ဟိုးအရင်ခေတ်နဲ့ခုခေတ်အခြေအနေကို ပေါင်းစပ်ရိုက်ကူးထားတဲ့ စိတ်ဝင်စားဖွယ် ရေသူမလေးရဲ့ အချစ်ဇာတ်လမ်းလေးပါ။

Credit : trend myanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top