iMyanmarHouse.com - Best Property Website for Myanmar
×

အကယ္၍ သင္ဟာ ကေလးယူဖုိ႔ ၾကိဳးစားေနသူတစ္ေယာက္ျဖစ္ပါက ကိုယ္ဝန္မယူခင္ လအနည္းငယ္ မ်ဳိးပြားႏုိင္မႈတုိးျမင့္ေပးမယ့္ အစားအေသာက္ေတြ သုံးေဆာင္သင့္ပါတယ္။

မိမိခႏၶာကိုယ္အတြင္း အေကာင္းဆုံးဝန္းက်င္ဖန္တီးတဲ့အခါ ကိုယ္ဝန္ ပိုရလြယ္ႏုိင္ပါတယ္။ ေဟာဒီ သစ္သီးေဖ်ာ္ရည္ (smoothie) က မ်ဳိးပြားႏုိင္စြမ္း တုိးျမင့္ေပးတယ္လုိ႔ ဆုိပါတယ္။ စမေသာက္မီ ေဖ်ာ္ရည္မွာ အသုံးျပဳမယ့္ ပါဝင္ပစၥည္းအားလုံး မိမိက်န္းမာေရးနဲ႔ တည့္မတည့္ ေသခ်ာေစဖုိ႔ ဆရာဝန္နဲ႔ ေဆြးေႏြးတုိင္ပင္ပါ။

အဆင့္ (၁)

ဟင္းႏုႏြယ္ကဲ့သုိ႔ ဟင္းသီးဟင္းရြက္စိမ္းတစ္ခုခု သစ္သီးေဖ်ာ္စက္ထဲ ထည့္ပါ။ အရင္ဦးဆုံး အရြက္ေတြကို ေဆးေၾကာသန္႔စင္ေပးရပါမယ္။ ဟင္းႏုႏြယ္ရြက္ေဖ်ာ္ရည္ (၁) ခြက္ဆုိရင္ လုံေလာက္ပါတယ္။

အဆင့္ (၂)

တကယ္လုိ႔ သင့္ဆရာဝန္က ပရုိတိန္းမႈန္႔ သုံးခြင့္ျပဳပါက ထည့္သုုံးပါ။ ေသြးတြင္း သၾကားဓာတ္ပမာဏ ဝရုန္းသုံးကား မျဖစ္ေအာင္ လုိ႔ပါ။

အဆင့္ (၃)

အုန္းရည္ (၁) ခြက္ ဒါမွမဟုတ္ ႏြားႏုိ႔ (၁) ခြက္ကို ေဖ်ာ္စက္ထဲ ေပါင္းထည့္ေပးပါ။

အဆင့္ (၄)

ႏွမ္းၾကတ္ေစ့ လက္တစ္ဆုပ္စာေလာက္ ေပါင္းထည့္ေပးရပါမယ္။ က်န္းမာေရးနဲ႔ ညီညြတ္တဲ့ အဆီတခ်ဳိ႕ရေအာင္ အလႊာလုိက္ လွီးထားတဲ့ ေထာပတ္တစ္ခ်ပ္ ထည့္သုံးႏုိင္ပါတယ္။

အဆင့္ (၅)

ဘယ္ရီသီး လက္တစ္ဆုပ္စာေလာက္ ေရာထည့္ပါ။ ခ်ယ္ရီသီး၊ ဘလူးဘယ္ရီသီး သုိ႔မဟုတ္ ဘဘက္ဘယ္ရီသီး တစ္ခုခု ေရြးျပီး သစ္သီးေဖ်ာ္စက္ထဲ ပစ္ထည့္ပါ။

အဆင့္ (၆)

ျဖည္းျဖည္းခ်င္း ေရာၾကိတ္ေပးရပါမယ္။ အရည္ေပ်ာ့ေပ်ာ့ေလးျဖစ္ေအာင္ ၾကိတ္ေပးပါ။ လုိအပ္ပါက ေသာက္ရတာ အဆင္ေျပေအာင္ ေရအနည္းငယ္ ေပါင္းထည့္ေပးပါ။

အဆင့္ (၇)

ေဖ်ာ္ရည္ကို အရင္ေသာက္ျပီး ေနာက္ ၅ မိနစ္ ေလာက္မွာ သံပုယုိရည္ (၁) ခြက္ ေသာက္ေပးရပါမယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အကယ်၍ သင်ဟာ ကလေးယူဖို့ ကြိုးစားနေသူတစ်ယောက်ဖြစ်ပါက ကိုယ်ဝန်မယူခင် လအနည်းငယ် မျိုးပွားနိုင်မှုတိုးမြင့်ပေးမယ့် အစားအသောက်တွေ သုံးဆောင်သင့်ပါတယ်။

မိမိခန္ဓာကိုယ်အတွင်း အကောင်းဆုံးဝန်းကျင်ဖန်တီးတဲ့အခါ ကိုယ်ဝန် ပိုရလွယ်နိုင်ပါတယ်။ ဟောဒီ သစ်သီးဖျော်ရည် (smoothie) က မျိုးပွားနိုင်စွမ်း တိုးမြင့်ပေးတယ်လို့ ဆိုပါတယ်။ စမသောက်မီ ဖျော်ရည်မှာ အသုံးပြုမယ့် ပါဝင်ပစ္စည်းအားလုံး မိမိကျန်းမာရေးနဲ့ တည့်မတည့် သေချာစေဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

အဆင့် (၁)

ဟင်းနုနွယ်ကဲ့သို့ ဟင်းသီးဟင်းရွက်စိမ်းတစ်ခုခု သစ်သီးဖျော်စက်ထဲ ထည့်ပါ။ အရင်ဦးဆုံး အရွက်တွေကို ဆေးကြောသန့်စင်ပေးရပါမယ်။ ဟင်းနုနွယ်ရွက်ဖျော်ရည် (၁) ခွက်ဆိုရင် လုံလောက်ပါတယ်။

အဆင့် (၂)

တကယ်လို့ သင့်ဆရာဝန်က ပရိုတိန်းမှုန့် သုံးခွင့်ပြုပါက ထည့်သုုံးပါ။ သွေးတွင်း သကြားဓာတ်ပမာဏ ဝရုန်းသုံးကား မဖြစ်အောင် လို့ပါ။

အဆင့် (၃)

အုန်းရည် (၁) ခွက် ဒါမှမဟုတ် နွားနို့ (၁) ခွက်ကို ဖျော်စက်ထဲ ပေါင်းထည့်ပေးပါ။

အဆင့် (၄)

နှမ်းကြတ်စေ့ လက်တစ်ဆုပ်စာလောက် ပေါင်းထည့်ပေးရပါမယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတချို့ရအောင် အလွှာလိုက် လှီးထားတဲ့ ထောပတ်တစ်ချပ် ထည့်သုံးနိုင်ပါတယ်။

အဆင့် (၅)

ဘယ်ရီသီး လက်တစ်ဆုပ်စာလောက် ရောထည့်ပါ။ ချယ်ရီသီး၊ ဘလူးဘယ်ရီသီး သို့မဟုတ် ဘဘက်ဘယ်ရီသီး တစ်ခုခု ရွေးပြီး သစ်သီးဖျော်စက်ထဲ ပစ်ထည့်ပါ။

အဆင့် (၆)

ဖြည်းဖြည်းချင်း ရောကြိတ်ပေးရပါမယ်။ အရည်ပျော့ပျော့လေးဖြစ်အောင် ကြိတ်ပေးပါ။ လိုအပ်ပါက သောက်ရတာ အဆင်ပြေအောင် ရေအနည်းငယ် ပေါင်းထည့်ပေးပါ။

အဆင့် (၇)

ဖျော်ရည်ကို အရင်သောက်ပြီး နောက် ၅ မိနစ် လောက်မှာ သံပုယိုရည် (၁) ခွက် သောက်ပေးရပါမယ်။ 


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top