iMyanmarHouse.com - Best Property Website for Myanmar
×

ဆရာရွင့္ ကြ်န္မအသက္ ၃၅ ႏွစ္ရွိပါျပီ။ အခုရာသီမလာတာႏွစ္လရွိပါျပီရွင့္။ ကေလးရေနျပီထင္ပါတယ္။ ဆီးစစ္တာ ႏွစ္ေၾကာင္းေပၚပါတယ္။ ဆရာရွင့္ ဆီေအာက္ထားရင္ဆီးခံုနာလာတယ္။ ဆီသြားရင္ ဆီးတအားနည္းတယ္။ အိမ္သာမွာ ထိုင္ေနရတယ္။ ႏွစ္ေခါက္သြားျပီးမွထလိုYရတယ္။ မဟုတ္ရင္ ဆီးေအာက္ေနတယ္ဆရာ။ ထမင္းစားလည္းမဝင္ဘူးဆရာ။ အိပ္ယာထဲမွာဘဲလွဲေနခ်င္တယ္ ။ အနံ႔လည္းမခံႏိုင္ဘူးဆရာ။ ေက်းဇူးျပဳျပီးေျဖေပးပါေနာ္။ ဆရာက်န္းမာပါေစ။

ကိုယ္ဝန္ေဆာင္စ အေစာပိုင္းလေတြမွာ ပ်ိဳ႕တာ၊ အန္တာကို Morning sickness ကိုယ္ဝန္ရွိစအိပ္ရာထေရာဂါလို႔ ေခၚျပီး ေဆးစာနဲ႔ Nausea gravidarum လို႔ ေခၚပါတယ္။ မနက္ခင္းမွာ အျဖစ္မ်ားလို႔ ဒီနာမယ္ ေပးတာျဖစ္မယ္။ ေန႔ခင္းေရာ ညပိုင္းမွာပါ ျဖစ္တတ္တာပါဘဲ။ ကိုယ္ဝန္ေဆာင္တိုင္းလိုလို ကိုယ္ဝန္ေဆာင္ ၇ဝ-၈၅% ျဖစ္တတ္။ တဝက္ေလာက္က ေဆးကုသမႈခံယူၾကရတယ္။ အမ်ားအားျဖင့္ ကို္ယ္ဝန္ ၆ ပတ္မွာ စတတ္ျပီး၊ ၁၂ ပါတ္ ေရာက္ရင္ သက္သာသြားၾကတယ္။ ပ်ိဳ႕-အန္မယ္၊ ရင္သားနာမယ္၊ အစာအိမ္ျပႆနာေပးမယ္၊ အားယုတ္မယ္၊ မၾကာခဏဆီးသြားမယ္၊ ေမာပမ္းမယ္၊ ေသြးအနည္းငယ္ ဆင္းႏိုင္တယ္၊ အားအင္ျပည့္ျပီး အေလးခ်ိန္တိုးလာမယ္။ အေနအထိုင္ခက္ခဲလာမယ္။ အေရျပား ေျပာင္းလည္းမႈေတြရွိမယ္၊ သြင္ျပင္လကၡဏာမ်ားနဲ႔ စိတ္ပိုင္းဆိုင္ရာလည္း ေျပာင္းလာမယ္။

မိခင္ေလာင္းမွာ အေတာ္အေနရခက္တယ္။ အန္တာက အေတာ္အသင့္ ဆိုးတာနဲ႔ လက္ထိုးအန္တာ ျဖစ္ႏိုင္တယ္။ တျခား အန္တဲ့ေရာဂါေတြလို ေဆးကုစရာ မလိုပါ။ ကေလးကိုလည္း မထိခိုက္ေစပါ။ ဆိုးရင္ေတာ့ ေရဓါတ္-ဆားဓါတ္ ခန္းေျခာက္တာ ျဖစ္ႏိုင္တယ္။ ကိုယ္အေလးခ်ိန္က်မယ္။ Alkalosis (အယ္လ္ကာလီ) ဓါတ္မ်ားတာ နဲ႔ Hypokalemia (ပိုဆက္ဆီယမ္) နည္းတာေတြ ျဖစ္မယ္။ ေဆးကုဘို႔လိုျပီ။

ဘာလို႔ျဖစ္သလည္း
အနံ႔အသက္တခ်ိဳ႕ကို မၾကိဳက္ျဖစ္တာေၾကာင့္လား ထင္ရတယ္။ (အီစထိုဂ်င္) ေဟာ္မုန္း မ်ားလာလို႔ထင္ၾကတယ္။ အရင္ကထက္ အဆ ၁ဝဝ အထိမ်ားလာတယ္လို႔ တခ်ိဳ႕ကဆိုတယ္။ အေသအျခာ ဒါေၾကာင့္လို႔ မေျပာႏိုင္ပါ။ သၾကားဓါတ္နည္းလို႔လည္း ထင္တယ္။ ကေလးဆီ အခ်င္းကတဆင့္ပို႔ေပးရလို႔ နည္းတာ။ (ပရိုဂ်က္စတီရုန္း) မ်ားလာလို႔ သားအိမ္ၾကြက္သားေတြ ေလွ်ာ့လာေစသလို အစာအိမ္ ၾကြက္သားကိုလည္း အဲလိုေလွ်ာ့ေစမလား ထင္ရတယ္။ HCG ေဟာ္မုန္းမ်ားတာလည္း စဥ္းစားတယ္။ အသည္း (အင္ဇိုင္းမ္) မ်ားလာေၾကာင့္လားလည္း စဥ္းစားတယ္။ ကာကြယ္စနစ္အေနနဲ႔လည္း စဥ္းစားတယ္။ အထဲကကေလးကို မေအစားတဲ့ထဲပါတဲ့ အဆိပ္အေတာက္ေတြရန္ကေန အကာကြယ္ေပးတာလား စဥ္းစားလာတယ္။ ပ်ိဳ႕တာ-အန္တာမျဖစ္တဲ့ ကိုယ္ဝန္က ပိုပ်က္က်တတ္တယ္လို႔ ထင္တယ္။ မိခင္ကိုလည္း တနည္းတလမ္းနဲ႔ ကာကြယ္တာလည္း ျဖစ္ႏိုင္တယ္။ ကိုယ္ဝန္ေဆာင္ရင္ ခုခံစနစ္အား နည္းလာတယ္။ မသင့္တာကို အန္ျပစ္တဲ့သေဘာ ျဖစ္မလား ယူဆတယ္။

ဘယ္လိုကုသမလည္း
ျဖစ္ေစတာ မေသျခာလို႔ ကုသနည္းဟာလည္း မေရရာလွပါ။ ခံစားရတာကို သက္သာေအာင္သာ လုပ္ရတာမ်ားတယ္။
• အစာေခ်ရည္ဆန္တာနဲ႔ တြဲေနတာဆိုရင္ ညမအိပ္ခင္ Antacid ေလေဆး ေသာက္အိပ္ပါ။
• အစားအေသာက္မွာ (ဖိုင္ဘာ) မ်ားတာ စားေပးပါ။ အဆီလည္း စားဘို႔ လိုတယ္။ ေပါင္မံု႔ျဖဴက အညိဳထက္ ဒီေနရာမွာ သင့္တယ္။ အသီးအႏွံ၊ အသီးအရြက္ေတြလည္း အစိမ္းမစားသင့္ပါ။ အဆီမ်ားတဲ့အသား ေရွာင္ထားပါ။
• စားျပီးရင္ လည္းေလ်ာင္းမေနပါနဲ႔၊ အစာစားျပီး လမ္းေလွ်ာက္ေပးပါ။
• သၾကားဓါတ္နည္းတာျဖစ္ရင္ သြားရည္စာ ခဏခဏစားေပးပါ။
• သံပရာ၊ ေရွာက္သီး၊ လိေမၼာ္သီးေတြက အက်ိဳးမ်ားေစတယ္။ Ginger capsules, Ginger tea ခ်င္း (ဂ်င္း) ေဆးေတာင့္၊ ခ်င္းလဖက္ရည္ ေကာင္းတယ္။
• အန္ရင္ ေရခဲငံုပါ။
• တခါစားရင္ နဲနဲခ်င္းစားပါ။ ထမင္းမစားျပီးျပီးခ်င္း ေရမေသာက္ေသးဘဲ နာရီဝက္ေနမွ ေသာက္ပါ။ မစားခင္ ေရကို နာရီဝက္ၾကိဳ ေသာက္ထားပါ။ မနက္ မထခင္ Soda crackers စားႏိုင္တယ္။ အိပ္ရာထရင္ Crackers စားပါ။ အနံ႔၊ အရသာ မၾကိဳက္တာမစားပါနဲ႔၊
အစာစားခ်ိန္မွာ မစားဘဲမေနပါနဲ႔၊
• ေကာင္းေကာင္း အနားယူပါ၊ ကိုယ္လက္လႈတ္ရွားမႈ လုပ္ေပးပါ။
• Acupressure wristbands လက္မွာပတ္ထားပါ။ Sea Bands နဲ႔ Relief Band Device ေတြလည္းသံုးႏိုင္တယ္။
• Salty potato chips အာလူးခ်စ္ပ္ စားႏိုင္တယ္။ Preggie Pops lollipops ငံုထားပါ။
• သံဓါတ္အားေဆးေၾကာင့္ထင္ရင္ Slower-release ျဖစ္ျဖစ္ Lower-dose iron pills သံဓါတ္နည္းနည္းသာပါတာ ေျပာင္းေသာက္ပါ။
• (ဗီတာမင္ ဘီ ၆) 50 mg ေသာက္ပါ။
• ဆားဓါတ္ခန္းေျခာက္တာျဖစ္ရင္ ORS ဓါတ္ဆားထုပ္ ေသာက္ပါ။ ေသာက္တာလည္း အန္ရင္ Ringer Lactate drip သြင္းပါ။

ကိုယ္ဝန္ရင့္လာရင္ ျဖစ္တတ္တာေတြအတြက္
• ခါးနာရင္ အေနအထား ေျပာင္းေပးပါ။ ခြါျမင့္ဖိနပ္ မစီးရ။ အေလးအပင္မ မရ။ ခါးကုန္းျပီးမ မတင္ရ၊ မလုပ္ရ။ ေျခေထာက္ကို အျမင့္မွာတင္ျပီး နားပါ။ ဒူးေကြး၊ ေဘးတဖက္ လွည့္အိပ္ပါ။ ေပါင္ျခားထဲ တခုခုခံထားပါ။ ခါးကို အပူ-အေအး တင္ေပးပါ။ ေလ့က်င့္ခန္းလုပ္ပါ။
• အသက္႐ွဴခက္ခဲရင္ ခါးမတ္မတ္ ထိုင္ပါ။ အိပ္ရင္ ခပ္မတ္မတ္ အိပ္ပါ။ အသက္႐ွဴေလ့က်င့္ခန္း လုပ္ပါ။
• ဝမ္းခ်ဳပ္ရင္ ေရ-အရည္မ်ားမ်ား ေသာက္ပါ။ အသီးအႏွံမ်ားမ်ား စားပါ။ ေလ့က်င့္ခန္းလုပ္ပါ။ လမ္းေလွ်ာက္ပါ။
• ႂကြက္သားနာရင္ (ကယ္လ္စီယမ္) ေဆးစားပါ။ လႈပ္ရွားရင္ သက္သက္သာသာလုပ္ပါ။
• အအိပ္ပ်က္ရင္ မအိပ္မီ ေရေႏြးျဖင့္ ေရခ်ိဳးပါ။ နားနားေနေနေန ထိုင္ပါ။
• အစာမေၾကျဖစ္ရင္ တေန႔ ၅-၆ ႀကိမ္ အစာနည္းနည္းခ်င္း စားပါ။ ေလထတတ္သည့္ အစားေရွာင္ပါ။ ဆိုဒါ-အင္တီအက္စစ္ေဆး မစားရ။ အစားစားစဥ္ ခပ္မတ္မတ္ထိုင္စားပါ။ စားၿပီးၿပီးခ်င္း မအိပ္ရ။ အစားစားၿပီး ၂ နာရီ အတြင္း ေလ့က်င့္ခန္းမလုပ္ရ။
• ေသြးျပန္ေၾကာထံုးရင္ ေျခေထာက္ ျမွင့္ထားပါ။ လွဲေနပါ။ အၾကာႀကီး မရပ္-မသြားရ။ ေျခအိပ္-ဖိနပ္ အၾကပ္ မစီးရ။ အထူးလုပ္သားသည့္ ေျခအိတ္သံုးပါ။ အျမဲထိုင္မေနရ။
• ေဖါေရာင္ရင္ ေျခေထာက္ ျမွင့္ထားပါ။ ဘယ္ဘက္ေစာင္း အိပ္ပါ။ ဆားေလွ်ာ့စားပါ။
• ရင္သား ႀကီးထြားလာမယ္၊ နာမယ္၊ တင္းမယ္။ ထိပ္ဖ်ား အေရာင္ ရင့္လာမယ္။ ထိပ္ဖ်ားဝင္ေနရင္ ဆြဲထုတ္ေပးပါ။ ေရခ်ိဳးစဥ္ ႏို႔ထိပ္ဝကို သန္႔ရွင္းေပးပါ။ ႏို႔သီးေဘးမွ အေရာင္ညိဳအဝိုင္းတြင္ ဘဲ-ငန္း အေရျပားလို အသီးလံုးေလးမ်ား ေပၚလာမယ္။ ရင္သားတြင္ အလံုး-အက်ိတ္ ရွိ-မရွိ စစ္ေဆးပါ။

ကိုယ္ဝန္ေဆာင္စဥ္ အန္ျခင္း
ကိုယ္ဝန္ေဆာင္သူ ၇ဝ-၈၅% မွာျဖစ္တတ္တယ္။ တခါတေလ ေဆးေတြ အသံုးမက် ျဖစ္တတ္ပါတယ္။ ဒါ့ေၾကာင့္ မျဖစ္မေန ေပးရတဲ့ ေဆးတခ်ိဳ႕ဟာ Placebo လူနာ စိတ္သက္သာရေစတဲ့ေဆးလို႔ ေခၚတယ္။
• ဗီတာမင္ ဘီ ၆ ေပးေလ့ရွိတယ္။ Doxylamine 10 mg + Pyridoxine (B6) 10 mg ေပးသင့္တယ္။ B-Natal TheraPops နဲ႔ B-Natal Lozenges ေတြဟာ ဗီတာမင္ ဘီ-၆ ပါတဲ့ေဆးေတြ ျဖစ္တယ္။
• ဆိုးဝါးသူေတြကို Promethazine 12.5-25 mg ကို ၄ နာရီျခား၊ Prochlorperazine 25 mg ကို စအိုမွ ၁၂ နာရီ ျခား ေပးႏိုင္တယ္။
• Meclizine, Dimenhydrinate, Metoclo-pramide ေတြကိုလည္း ေပးႏိုင္တယ္။
• Methylprednisolone 16 mg စားေဆး၊ ထိုးေဆး ကို ေနာက္ဆံုးအျဖစ္ ေပးႏိုင္တယ္။ ၃ ရက္နဲ႔ သက္သာရင္ ၂ ပတ္အထိ ဆက္ေပးပါ။ မသက္သာရင္ ရပ္ပါ။ ကိုယ္ဝန္ႏုစဥ္ Corticosteroids မေပးတာ ေကာင္းတယ္။
• Psi Bands Acupressure ကို လက္ေကာက္ဝတ္မွာ ပတ္ထားႏိုင္တယ္။
• Organic Heartburn Relieving Tea QueaseEASE နဲ႔ Essential Oil Therapy တို႔က ေခတ္သံုးေဆးေတြပါ။
• ဂ်င္း (ခ်င္း) Ginger capsules of 250 mg တေန႔ ၄ ၾကိမ္ ေပးတယ္။
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:Dr. တင့္ေဆြ
https://www.facebook.com/drtintswe

#Unicode Version

ဆရာရှင့် ကျွန်မအသက် ၃၅ နှစ်ရှိပါပြီ။ အခုရာသီမလာတာနှစ်လရှိပါပြီရှင့်။ ကလေးရနေပြီထင်ပါတယ်။ ဆီးစစ်တာ နှစ်ကြောင်းပေါ်ပါတယ်။ ဆရာရှင့် ဆီအောက်ထားရင်ဆီးခုံနာလာတယ်။ ဆီသွားရင် ဆီးတအားနည်းတယ်။ အိမ်သာမှာ ထိုင်နေရတယ်။ နှစ်ခေါက်သွားပြီးမှထလိုYရတယ်။ မဟုတ်ရင် ဆီးအောက်နေတယ်ဆရာ။ ထမင်းစားလည်းမဝင်ဘူးဆရာ။ အိပ်ယာထဲမှာဘဲလှဲနေချင်တယ် ။ အနံ့လည်းမခံနိုင်ဘူးဆရာ။ ကျေးဇူးပြုပြီးဖြေပေးပါနော်။ ဆရာကျန်းမာပါစေ။

ကိုယ်ဝန်ဆောင်စ အစောပိုင်းလတွေမှာ ပျို့တာ၊ အန်တာကို Morning sickness ကိုယ်ဝန်ရှိစအိပ်ရာထရောဂါလို့ ခေါ်ပြီး ဆေးစာနဲ့ Nausea gravidarum လို့ ခေါ်ပါတယ်။ မနက်ခင်းမှာ အဖြစ်များလို့ ဒီနာမယ် ပေးတာဖြစ်မယ်။ နေ့ခင်းရော ညပိုင်းမှာပါ ဖြစ်တတ်တာပါဘဲ။ ကိုယ်ဝန်ဆောင်တိုင်းလိုလို ကိုယ်ဝန်ဆောင် ၇ဝ-၈၅% ဖြစ်တတ်။ တဝက်လောက်က ဆေးကုသမှုခံယူကြရတယ်။ အများအားဖြင့် ကိုယ်ဝန် ၆ ပတ်မှာ စတတ်ပြီး၊ ၁၂ ပါတ် ရောက်ရင် သက်သာသွားကြတယ်။ ပျို့-အန်မယ်၊ ရင်သားနာမယ်၊ အစာအိမ်ပြဿနာပေးမယ်၊ အားယုတ်မယ်၊ မကြာခဏဆီးသွားမယ်၊ မောပမ်းမယ်၊ သွေးအနည်းငယ် ဆင်းနိုင်တယ်၊ အားအင်ပြည့်ပြီး အလေးချိန်တိုးလာမယ်။ အနေအထိုင်ခက်ခဲလာမယ်။ အရေပြား ပြောင်းလည်းမှုတွေရှိမယ်၊ သွင်ပြင်လက္ခဏာများနဲ့ စိတ်ပိုင်းဆိုင်ရာလည်း ပြောင်းလာမယ်။

မိခင်လောင်းမှာ အတော်အနေရခက်တယ်။ အန်တာက အတော်အသင့် ဆိုးတာနဲ့ လက်ထိုးအန်တာ ဖြစ်နိုင်တယ်။ တခြား အန်တဲ့ရောဂါတွေလို ဆေးကုစရာ မလိုပါ။ ကလေးကိုလည်း မထိခိုက်စေပါ။ ဆိုးရင်တော့ ရေဓါတ်-ဆားဓါတ် ခန်းခြောက်တာ ဖြစ်နိုင်တယ်။ ကိုယ်အလေးချိန်ကျမယ်။ Alkalosis (အယ်လ်ကာလီ) ဓါတ်များတာ နဲ့ Hypokalemia (ပိုဆက်ဆီယမ်) နည်းတာတွေ ဖြစ်မယ်။ ဆေးကုဘို့လိုပြီ။

ဘာလို့ဖြစ်သလည်း
အနံ့အသက်တချို့ကို မကြိုက်ဖြစ်တာကြောင့်လား ထင်ရတယ်။ (အီစထိုဂျင်) ဟော်မုန်း များလာလို့ထင်ကြတယ်။ အရင်ကထက် အဆ ၁ဝဝ အထိများလာတယ်လို့ တချို့ကဆိုတယ်။ အသေအခြာ ဒါကြောင့်လို့ မပြောနိုင်ပါ။ သကြားဓါတ်နည်းလို့လည်း ထင်တယ်။ ကလေးဆီ အချင်းကတဆင့်ပို့ပေးရလို့ နည်းတာ။ (ပရိုဂျက်စတီရုန်း) များလာလို့ သားအိမ်ကြွက်သားတွေ လျှော့လာစေသလို အစာအိမ် ကြွက်သားကိုလည်း အဲလိုလျှော့စေမလား ထင်ရတယ်။ HCG ဟော်မုန်းများတာလည်း စဉ်းစားတယ်။ အသည်း (အင်ဇိုင်းမ်) များလာကြောင့်လားလည်း စဉ်းစားတယ်။ ကာကွယ်စနစ်အနေနဲ့လည်း စဉ်းစားတယ်။ အထဲကကလေးကို မအေစားတဲ့ထဲပါတဲ့ အဆိပ်အတောက်တွေရန်ကနေ အကာကွယ်ပေးတာလား စဉ်းစားလာတယ်။ ပျို့တာ-အန်တာမဖြစ်တဲ့ ကိုယ်ဝန်က ပိုပျက်ကျတတ်တယ်လို့ ထင်တယ်။ မိခင်ကိုလည်း တနည်းတလမ်းနဲ့ ကာကွယ်တာလည်း ဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင်ရင် ခုခံစနစ်အား နည်းလာတယ်။ မသင့်တာကို အန်ပြစ်တဲ့သဘော ဖြစ်မလား ယူဆတယ်။

ဘယ်လိုကုသမလည်း
ဖြစ်စေတာ မသေခြာလို့ ကုသနည်းဟာလည်း မရေရာလှပါ။ ခံစားရတာကို သက်သာအောင်သာ လုပ်ရတာများတယ်။
• အစာချေရည်ဆန်တာနဲ့ တွဲနေတာဆိုရင် ညမအိပ်ခင် Antacid လေဆေး သောက်အိပ်ပါ။
• အစားအသောက်မှာ (ဖိုင်ဘာ) များတာ စားပေးပါ။ အဆီလည်း စားဘို့ လိုတယ်။ ပေါင်မုံ့ဖြူက အညိုထက် ဒီနေရာမှာ သင့်တယ်။ အသီးအနှံ၊ အသီးအရွက်တွေလည်း အစိမ်းမစားသင့်ပါ။ အဆီများတဲ့အသား ရှောင်ထားပါ။
• စားပြီးရင် လည်းလျောင်းမနေပါနဲ့၊ အစာစားပြီး လမ်းလျှောက်ပေးပါ။
• သကြားဓါတ်နည်းတာဖြစ်ရင် သွားရည်စာ ခဏခဏစားပေးပါ။
• သံပရာ၊ ရှောက်သီး၊ လိမ္မော်သီးတွေက အကျိုးများစေတယ်။ Ginger capsules, Ginger tea ချင်း (ဂျင်း) ဆေးတောင့်၊ ချင်းလဖက်ရည် ကောင်းတယ်။
• အန်ရင် ရေခဲငုံပါ။
• တခါစားရင် နဲနဲချင်းစားပါ။ ထမင်းမစားပြီးပြီးချင်း ရေမသောက်သေးဘဲ နာရီဝက်နေမှ သောက်ပါ။ မစားခင် ရေကို နာရီဝက်ကြို သောက်ထားပါ။ မနက် မထခင် Soda crackers စားနိုင်တယ်။ အိပ်ရာထရင် Crackers စားပါ။ အနံ့၊ အရသာ မကြိုက်တာမစားပါနဲ့၊
အစာစားချိန်မှာ မစားဘဲမနေပါနဲ့၊
• ကောင်းကောင်း အနားယူပါ၊ ကိုယ်လက်လှုတ်ရှားမှု လုပ်ပေးပါ။
• Acupressure wristbands လက်မှာပတ်ထားပါ။ Sea Bands နဲ့ Relief Band Device တွေလည်းသုံးနိုင်တယ်။
• Salty potato chips အာလူးချစ်ပ် စားနိုင်တယ်။ Preggie Pops lollipops ငုံထားပါ။
• သံဓါတ်အားဆေးကြောင့်ထင်ရင် Slower-release ဖြစ်ဖြစ် Lower-dose iron pills သံဓါတ်နည်းနည်းသာပါတာ ပြောင်းသောက်ပါ။
• (ဗီတာမင် ဘီ ၆) 50 mg သောက်ပါ။
• ဆားဓါတ်ခန်းခြောက်တာဖြစ်ရင် ORS ဓါတ်ဆားထုပ် သောက်ပါ။ သောက်တာလည်း အန်ရင် Ringer Lactate drip သွင်းပါ။

ကိုယ်ဝန်ရင့်လာရင် ဖြစ်တတ်တာတွေအတွက်
• ခါးနာရင် အနေအထား ပြောင်းပေးပါ။ ခွါမြင့်ဖိနပ် မစီးရ။ အလေးအပင်မ မရ။ ခါးကုန်းပြီးမ မတင်ရ၊ မလုပ်ရ။ ခြေထောက်ကို အမြင့်မှာတင်ပြီး နားပါ။ ဒူးကွေး၊ ဘေးတဖက် လှည့်အိပ်ပါ။ ပေါင်ခြားထဲ တခုခုခံထားပါ။ ခါးကို အပူ-အအေး တင်ပေးပါ။ လေ့ကျင့်ခန်းလုပ်ပါ။
• အသက်ရှူခက်ခဲရင် ခါးမတ်မတ် ထိုင်ပါ။ အိပ်ရင် ခပ်မတ်မတ် အိပ်ပါ။ အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ။
• ဝမ်းချုပ်ရင် ရေ-အရည်များများ သောက်ပါ။ အသီးအနှံများများ စားပါ။ လေ့ကျင့်ခန်းလုပ်ပါ။ လမ်းလျှောက်ပါ။
• ကြွက်သားနာရင် (ကယ်လ်စီယမ်) ဆေးစားပါ။ လှုပ်ရှားရင် သက်သက်သာသာလုပ်ပါ။
• အအိပ်ပျက်ရင် မအိပ်မီ ရေနွေးဖြင့် ရေချိုးပါ။ နားနားနေနေနေ ထိုင်ပါ။
• အစာမကြေဖြစ်ရင် တနေ့ ၅-၆ ကြိမ် အစာနည်းနည်းချင်း စားပါ။ လေထတတ်သည့် အစားရှောင်ပါ။ ဆိုဒါ-အင်တီအက်စစ်ဆေး မစားရ။ အစားစားစဉ် ခပ်မတ်မတ်ထိုင်စားပါ။ စားပြီးပြီးချင်း မအိပ်ရ။ အစားစားပြီး ၂ နာရီ အတွင်း လေ့ကျင့်ခန်းမလုပ်ရ။
• သွေးပြန်ကြောထုံးရင် ခြေထောက် မြှင့်ထားပါ။ လှဲနေပါ။ အကြာကြီး မရပ်-မသွားရ။ ခြေအိပ်-ဖိနပ် အကြပ် မစီးရ။ အထူးလုပ်သားသည့် ခြေအိတ်သုံးပါ။ အမြဲထိုင်မနေရ။
• ဖေါရောင်ရင် ခြေထောက် မြှင့်ထားပါ။ ဘယ်ဘက်စောင်း အိပ်ပါ။ ဆားလျှော့စားပါ။
• ရင်သား ကြီးထွားလာမယ်၊ နာမယ်၊ တင်းမယ်။ ထိပ်ဖျား အရောင် ရင့်လာမယ်။ ထိပ်ဖျားဝင်နေရင် ဆွဲထုတ်ပေးပါ။ ရေချိုးစဉ် နို့ထိပ်ဝကို သန့်ရှင်းပေးပါ။ နို့သီးဘေးမှ အရောင်ညိုအဝိုင်းတွင် ဘဲ-ငန်း အရေပြားလို အသီးလုံးလေးများ ပေါ်လာမယ်။ ရင်သားတွင် အလုံး-အကျိတ် ရှိ-မရှိ စစ်ဆေးပါ။

ကိုယ်ဝန်ဆောင်စဉ် အန်ခြင်း
ကိုယ်ဝန်ဆောင်သူ ၇ဝ-၈၅% မှာဖြစ်တတ်တယ်။ တခါတလေ ဆေးတွေ အသုံးမကျ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် မဖြစ်မနေ ပေးရတဲ့ ဆေးတချို့ဟာ Placebo လူနာ စိတ်သက်သာရစေတဲ့ဆေးလို့ ခေါ်တယ်။
• ဗီတာမင် ဘီ ၆ ပေးလေ့ရှိတယ်။ Doxylamine 10 mg + Pyridoxine (B6) 10 mg ပေးသင့်တယ်။ B-Natal TheraPops နဲ့ B-Natal Lozenges တွေဟာ ဗီတာမင် ဘီ-၆ ပါတဲ့ဆေးတွေ ဖြစ်တယ်။
• ဆိုးဝါးသူတွေကို Promethazine 12.5-25 mg ကို ၄ နာရီခြား၊ Prochlorperazine 25 mg ကို စအိုမှ ၁၂ နာရီ ခြား ပေးနိုင်တယ်။
• Meclizine, Dimenhydrinate, Metoclo-pramide တွေကိုလည်း ပေးနိုင်တယ်။
• Methylprednisolone 16 mg စားဆေး၊ ထိုးဆေး ကို နောက်ဆုံးအဖြစ် ပေးနိုင်တယ်။ ၃ ရက်နဲ့ သက်သာရင် ၂ ပတ်အထိ ဆက်ပေးပါ။ မသက်သာရင် ရပ်ပါ။ ကိုယ်ဝန်နုစဉ် Corticosteroids မပေးတာ ကောင်းတယ်။
• Psi Bands Acupressure ကို လက်ကောက်ဝတ်မှာ ပတ်ထားနိုင်တယ်။
• Organic Heartburn Relieving Tea QueaseEASE နဲ့ Essential Oil Therapy တို့က ခေတ်သုံးဆေးတွေပါ။
• ဂျင်း (ချင်း) Ginger capsules of 250 mg တနေ့ ၄ ကြိမ် ပေးတယ်။
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:Dr. တင့်ဆွေ
https://www.facebook.com/drtintswe
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top