iMyanmarHouse.com - Best Property Website for Myanmar
×

ဘလူးဘယ္ရီ (blueberries)သီးဟာ နာမည္ေၾကာင့္ အျပာေရာင္ အသီးလို႔ တင္စားၾကေပမယ့္ နက္ျပာ ေရာင္နဲ႔ ခရမ္းေရာင္ရွိတဲ့ ဘယ္ရီသီး တစ္မ်ိဳးျဖစ္ပါတယ္။စပ်စ္သီးနဲ႔လဲ ခပ္ဆင္ဆင္တူတဲ့ ဒီအသီးမွာ လူသား ေတြရဲ႕ အစာအိမ္နဲ႔အူလမ္းေၾကာင္း က်န္းမာေရးကို အေထာက္အကူျပဳတဲ့ အာနိသင္ေတြ ရွိေနပါတယ္။

အေမရိကန္ႏိုင္ငံ၊ Maine တကၠသိုလ္က သုေတသီေတြဟာ ဘလူးဘယ္ရီသီးေတြက လူတြင္းက အက်ိဳးျပဳဘက္တီးရီးယားေတြအေပၚ သက္ေရာက္မႈကို ေလ့လာႏိုင္ခဲ့ပါ တယ္။ ႄကြက္ေတြမွာ စမ္းသပ္မႈအရလဲ ဒီရလဒ္ေတြကို ေဖာ္ထုတ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ စိုက္ပ်ိဳးထားတာ မဟုတ္တဲ့ သဘာဝအတိုင္းသီးတဲ့ အသီးေတြမွာ ပိုၿပီး က်န္းမာေရးနဲ႔ ညီၫြတ္တယ္ဆို တာလဲ ေတြ႕ခဲ့ၾကပါတယ္။
ဘလူးဘယ္ရီရဲ႔ ႄကြယ္ဝစြာပါဝင္ တဲ့ အမွ်င္ဓာတ္ေတြေၾကာင့္ အူလႈပ္ ရွားမႈကို ေကာင္းမြန္ေစၿပီး ဝမ္းခ်ဳပ္ ျခင္းမွ ကာကြယ္ႏိုင္ပါတယ္။

အဏု ဇီဝေဗဒဆိုင္ရာ ပါေမာကၡ Dr.Yivian Wu က ဒီအသီးဟာ အူအတြင္းက အက်ိဳးျပဳ ဘက္တီးရီးယားတစ္မ်ိဳးျဖစ္ တဲ့ Actinobacteriaphylum အုပ္စု ကို အားေပးၿပီး လူ႔က်န္းမာေရးကို အေထာက္အကူျပဳေၾကာင္း၊ ပိုးဝင္း ျခင္း၊ နာမက်န္းျခင္းကိုျဖစ္ေစတဲ့ Enterococcus ဆိုတဲ့ ဘက္တီးရီး ယားကိုေတာ့ နည္းပါးေစေၾကာင္းေျပာ ၾကားခဲ့ပါတယ္။ ဒါေၾကာင့္ ဘလူးဘယ္ ရီးသီး စားရင္ ေရာင္ရမ္းမႈေတြ သက္ သာေစ႐ံုသာမကဘဲ ဘက္တီးရီးယား ေၾကာင့္ျဖစ္တဲ့ အူလမ္းေၾကာင္းျပႆ နာေတြကိုပါ သက္သာေစမွာျဖစ္ပါ တယ္ ။

ဒီေလ့လာမႈဟာ ဘလူးဘယ္ရီရဲ႕ ဗီတာမင္စီႄကြယ္ဝမႈေၾကာင့္ က်န္းမာ ေရးကို အက်ိဳးျပဳတဲ့အာနိသင္အျပင္ ထပ္မံေတြ႕ရွိတဲ့ အာနိသင္တစ္ခုလည္း ျဖစ္ပါတယ္။ Journal PLOS ONE မွာ ေဖာ္ျပထားတာျဖစ္ပါတယ္။

Credit:Health Updates Journal

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version

ဘလူးဘယ်ရီ (blueberries)သီးဟာ နာမည်ကြောင့် အပြာရောင် အသီးလို့ တင်စားကြပေမယ့် နက်ပြာ ရောင်နဲ့ ခရမ်းရောင်ရှိတဲ့ ဘယ်ရီသီး တစ်မျိုးဖြစ်ပါတယ်။စပျစ်သီးနဲ့လဲ ခပ်ဆင်ဆင်တူတဲ့ ဒီအသီးမှာ လူသား တွေရဲ့ အစာအိမ်နဲ့အူလမ်းကြောင်း ကျန်းမာရေးကို အထောက်အကူပြုတဲ့ အာနိသင်တွေ ရှိနေပါတယ်။

အမေရိကန်နိုင်ငံ၊ Maine တက္ကသိုလ်က သုတေသီတွေဟာ ဘလူးဘယ်ရီသီးတွေက လူတွင်းက အကျိုးပြုဘက်တီးရီးယားတွေအပေါ် သက်ရောက်မှုကို လေ့လာနိုင်ခဲ့ပါ တယ်။ ကြွက်တွေမှာ စမ်းသပ်မှုအရလဲ ဒီရလဒ်တွေကို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ စိုက်ပျိုးထားတာ မဟုတ်တဲ့ သဘာဝအတိုင်းသီးတဲ့ အသီးတွေမှာ ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆို တာလဲ တွေ့ခဲ့ကြပါတယ်။
ဘလူးဘယ်ရီရဲ့ ကြွယ်ဝစွာပါဝင် တဲ့ အမျှင်ဓာတ်တွေကြောင့် အူလှုပ် ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းချုပ် ခြင်းမှ ကာကွယ်နိုင်ပါတယ်။

အဏု ဇီဝဗေဒဆိုင်ရာ ပါမောက္ခ Dr.Yivian Wu က ဒီအသီးဟာ အူအတွင်းက အကျိုးပြု ဘက်တီးရီးယားတစ်မျိုးဖြစ် တဲ့ Actinobacteriaphylum အုပ်စု ကို အားပေးပြီး လူ့ကျန်းမာရေးကို အထောက်အကူပြုကြောင်း၊ ပိုးဝင်း ခြင်း၊ နာမကျန်းခြင်းကိုဖြစ်စေတဲ့ Enterococcus ဆိုတဲ့ ဘက်တီးရီး ယားကိုတော့ နည်းပါးစေကြောင်းပြော ကြားခဲ့ပါတယ်။ ဒါကြောင့် ဘလူးဘယ် ရီးသီး စားရင် ရောင်ရမ်းမှုတွေ သက် သာစေရုံသာမကဘဲ ဘက်တီးရီးယား ကြောင့်ဖြစ်တဲ့ အူလမ်းကြောင်းပြဿ နာတွေကိုပါ သက်သာစေမှာဖြစ်ပါ တယ် ။

ဒီလေ့လာမှုဟာ ဘလူးဘယ်ရီရဲ့ ဗီတာမင်စီကြွယ်ဝမှုကြောင့် ကျန်းမာ ရေးကို အကျိုးပြုတဲ့အာနိသင်အပြင် ထပ်မံတွေ့ရှိတဲ့ အာနိသင်တစ်ခုလည်း ဖြစ်ပါတယ်။ Journal PLOS ONE မှာ ဖော်ပြထားတာဖြစ်ပါတယ်။

Credit:Health Updates Journal



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top