iMyanmarHouse.com - Best Property Website for Myanmar
×

လမ္း ေလွ်ာက္ရာမွာ သင့္ေတာ္တဲ့ ႐ွဴးဖိနပ္ စီးဖို႔ အေရးႀကီးပါတယ္။ ေတာင့္တင္းခိုင္မာၿပီး သင္နဲ႔ကိုက္တဲ့ လမ္းေလွ်ာက္႐ွဴးဖိနပ္နဲ႔ သင့္ေျခေထာက္ေတြ၊ ေျခေခ်ာင္းေတြနဲ႔ ေနာက္ေက်ာေတြကို ကာကြယ္ထားပါ။ လမ္းေလွ်ာက္႐ွဴးဖိနပ္ဟာ မာေက်ာတဲ့မ်က္ႏွာျပင္ေပၚ ေလွ်ာက္တဲ့အခါ ေဆာင့္တဲ့ဒဏ္ကို ခံႏိုင္ေစပါတယ္။ သင္ရဲ႕ ႐ွဴးဖိနပ္ကို ေျခာက္လထက္ေက်ာ္ေအာင္ အသံုးျပဳၿပီးရင္ ေနာက္ထပ္အသစ္တစ္စံုဝယ္ဖို႔ အခ်ိန္တန္ပါၿပီ။

အစီအစဥ္ဆဲြပါ

သင္ဟာ အားတဲ့အခ်ိန္ လမ္းေလွ်ာက္မယ္လို႔ စဥ္းစားထားရင္ တစ္ရက္၊ ႏွစ္ရက္ေလာက္ပဲ လမ္းေလွ်ာက္ျဖစ္ၿပီး ဆက္တိုက္ေလွ်ာက္မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ မနက္ေစာေစာထၿပီး လမ္းေလွ်ာက္ဖို႔၊ ဘယ္အကြာအေဝးအထိ၊ အခ်ိန္ဘယ္ေလာက္ ၾကာေအာင္ေလွ်ာက္မယ္ဆိုတာမ်ိဳးသတ္မွတ္ၿပီး အစီအစဥ္ဆဲြထားပါ။

သင့္ကိုယ္သင္ ဆုခ်ပါ

သင္ဟာ သင့္ဘာသာခ်မွတ္ထားတဲ့ အစီအစဥ္အတိုင္း တစ္လျပည့္ေအာင္ လမ္းေလွ်ာက္ျဖစ္ခဲ့ရင္ သင့္ဘာသာသင္ ဆုခ်ပါ။ ႐ွဴးဖိနပ္အသစ္၊ အားကစား ေဘာင္းဘီအသစ္၊ ေျခအိတ္အသစ္ စတာေတြဝယ္ၿပီး လစဥ္ကိုယ့္ကိုယ္ကိုယ္ ဆုခ်သြားရင္ ေနာက္ထပ္ လမ္းမွန္မွန္ေလွ်ာက္ျဖစ္သြားဖို႔အတြက္ တြန္းအားတစ္ခုျဖစ္ႏိုင္ပါတယ္။

အစီအစဥ္ကို လိုအပ္သလို ေျပာင္းပါ
သင္က မနက္တိုင္း မိနစ္ ၃၀ ခန္႔ လမ္းေလွ်ာက္ဖို႔ အဆင္မေျပရင္ သင္လမ္းေလွ်ာက္မယ့္အခ်ိန္ေတြကို အဆင္ေျပ သလိုခဲြပစ္ႏိုင္ပါတယ္။ မနက္ခင္းမွာ ၁၀ မိနစ္၊ ေန႔လယ္ခင္းမွာ ၁၀ မိနစ္၊ ညစာစားၿပီးခ်ိန္မွာ ၁၀ မိနစ္ စသျဖင့္ ေလွ်ာက္လို႔ရပါတယ္။ အျပင္မွာေနပူေနတဲ့အခ်ိန္ ဒါမွမဟုတ္ မိုးရြာေနတဲ့ အခ်ိန္မ်ိဳးဆိုရင္ေတာ့ အိမ္ထဲမွာပဲ လမ္းေလွ်ာက္စက္နဲ႔ ေလွ်ာက္တာမ်ိဳးလုပ္ႏိုင္ပါတယ္။

အကူအညီယူပါ။
သူငယ္ခ်င္းတစ္ေယာက္နဲ႔အတူ လမ္းေလွ်ာက္ရင္ ေလ့က်င့္ခန္းလုပ္ရတာဟာ ပိုမိုလြယ္ကူေပါ့ပါးတယ္လို႔ ခံစားရၿပီး အၿမဲလုပ္ျဖစ္ႏိုင္ေျခ ပိုမ်ားပါတယ္။ ေလ့လာမႈတစ္ခုမွာ လမ္းေလွ်ာက္စက္ေပၚမွာ ေလွ်ာက္ေနတဲ့ ဒါမွမဟုတ္ ေျပးေနတဲ့အမ်ိဳးသမီးေတြဟာ သူတို႔နဲ႔အတူ ေလ့က်င့္ခန္းလုပ္ေနတဲ့ မိတ္ေဆြေတြဆီက “ေကာင္းတယ္၊ ဆက္လုပ္၊ အရမ္းေတာ္တာပဲ” စတဲ့ အားေပးစကားေတြကို ၾကားရရင္ ဒီလိုအားေပးစကားေတြ မၾကားရဘဲ တစ္ေယာက္တည္း ေလ့က်င့္ခန္းလုပ္ရတာထက္ ပိုမိုအားတက္ေပ်ာ္ရႊင္ၾကတာကို ေတြ႕ရပါတယ္။

သင့္ခႏၶာကိုယ္အသံကို နားေထာင္ပါ
သင္ဟာ အလြန္ေမာပန္းႏြမ္းနယ္ေနရင္ ဒါမွမဟုတ္ ဖ်ားေနရင္ေတာ့ အိမ္မွာပဲေနပါ။ သင္ဟာ ေနမေကာင္းတဲ့ အခ်ိန္လမ္းေလွ်ာက္ေနရင္ ပိုမို ေမာပန္းႏြမ္းနယ္သြားပါလိမ့္မယ္။ သင္ဟာ လမ္းေလွ်ာက္ေနရင္း နာက်င္တာ၊ ပ်ိဳ႕တာ၊ မူးေဝတာေတြ ျဖစ္လာရင္လည္း လမ္းေလွ်ာက္တာရပ္ၿပီး အနားယူပါ။ လိုအပ္ရင္ ဆရာဝန္နဲ႔ ေတြ႕ဆံုေဆြးေႏြးပါ။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:Mg Mandalay

#Unicode Version

လမ်း လျှောက်ရာမှာ သင့်တော်တဲ့ ရှူးဖိနပ် စီးဖို့ အရေးကြီးပါတယ်။ တောင့်တင်းခိုင်မာပြီး သင်နဲ့ကိုက်တဲ့ လမ်းလျှောက်ရှူးဖိနပ်နဲ့ သင့်ခြေထောက်တွေ၊ ခြေချောင်းတွေနဲ့ နောက်ကျောတွေကို ကာကွယ်ထားပါ။ လမ်းလျှောက်ရှူးဖိနပ်ဟာ မာကျောတဲ့မျက်နှာပြင်ပေါ် လျှောက်တဲ့အခါ ဆောင့်တဲ့ဒဏ်ကို ခံနိုင်စေပါတယ်။ သင်ရဲ့ ရှူးဖိနပ်ကို ခြောက်လထက်ကျော်အောင် အသုံးပြုပြီးရင် နောက်ထပ်အသစ်တစ်စုံဝယ်ဖို့ အချိန်တန်ပါပြီ။

အစီအစဉ်ဆွဲပါ

သင်ဟာ အားတဲ့အချိန် လမ်းလျှောက်မယ်လို့ စဉ်းစားထားရင် တစ်ရက်၊ နှစ်ရက်လောက်ပဲ လမ်းလျှောက်ဖြစ်ပြီး ဆက်တိုက်လျှောက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် မနက်စောစောထပြီး လမ်းလျှောက်ဖို့၊ ဘယ်အကွာအဝေးအထိ၊ အချိန်ဘယ်လောက် ကြာအောင်လျှောက်မယ်ဆိုတာမျိုးသတ်မှတ်ပြီး အစီအစဉ်ဆွဲထားပါ။

သင့်ကိုယ်သင် ဆုချပါ

သင်ဟာ သင့်ဘာသာချမှတ်ထားတဲ့ အစီအစဉ်အတိုင်း တစ်လပြည့်အောင် လမ်းလျှောက်ဖြစ်ခဲ့ရင် သင့်ဘာသာသင် ဆုချပါ။ ရှူးဖိနပ်အသစ်၊ အားကစား ဘောင်းဘီအသစ်၊ ခြေအိတ်အသစ် စတာတွေဝယ်ပြီး လစဉ်ကိုယ့်ကိုယ်ကိုယ် ဆုချသွားရင် နောက်ထပ် လမ်းမှန်မှန်လျှောက်ဖြစ်သွားဖို့အတွက် တွန်းအားတစ်ခုဖြစ်နိုင်ပါတယ်။

အစီအစဉ်ကို လိုအပ်သလို ပြောင်းပါ
သင်က မနက်တိုင်း မိနစ် ၃၀ ခန့် လမ်းလျှောက်ဖို့ အဆင်မပြေရင် သင်လမ်းလျှောက်မယ့်အချိန်တွေကို အဆင်ပြေ သလိုခွဲပစ်နိုင်ပါတယ်။ မနက်ခင်းမှာ ၁၀ မိနစ်၊ နေ့လယ်ခင်းမှာ ၁၀ မိနစ်၊ ညစာစားပြီးချိန်မှာ ၁၀ မိနစ် စသဖြင့် လျှောက်လို့ရပါတယ်။ အပြင်မှာနေပူနေတဲ့အချိန် ဒါမှမဟုတ် မိုးရွာနေတဲ့ အချိန်မျိုးဆိုရင်တော့ အိမ်ထဲမှာပဲ လမ်းလျှောက်စက်နဲ့ လျှောက်တာမျိုးလုပ်နိုင်ပါတယ်။

အကူအညီယူပါ။
သူငယ်ချင်းတစ်ယောက်နဲ့အတူ လမ်းလျှောက်ရင် လေ့ကျင့်ခန်းလုပ်ရတာဟာ ပိုမိုလွယ်ကူပေါ့ပါးတယ်လို့ ခံစားရပြီး အမြဲလုပ်ဖြစ်နိုင်ခြေ ပိုများပါတယ်။ လေ့လာမှုတစ်ခုမှာ လမ်းလျှောက်စက်ပေါ်မှာ လျှောက်နေတဲ့ ဒါမှမဟုတ် ပြေးနေတဲ့အမျိုးသမီးတွေဟာ သူတို့နဲ့အတူ လေ့ကျင့်ခန်းလုပ်နေတဲ့ မိတ်ဆွေတွေဆီက “ကောင်းတယ်၊ ဆက်လုပ်၊ အရမ်းတော်တာပဲ” စတဲ့ အားပေးစကားတွေကို ကြားရရင် ဒီလိုအားပေးစကားတွေ မကြားရဘဲ တစ်ယောက်တည်း လေ့ကျင့်ခန်းလုပ်ရတာထက် ပိုမိုအားတက်ပျော်ရွှင်ကြတာကို တွေ့ရပါတယ်။

သင့်ခန္ဓာကိုယ်အသံကို နားထောင်ပါ
သင်ဟာ အလွန်မောပန်းနွမ်းနယ်နေရင် ဒါမှမဟုတ် ဖျားနေရင်တော့ အိမ်မှာပဲနေပါ။ သင်ဟာ နေမကောင်းတဲ့ အချိန်လမ်းလျှောက်နေရင် ပိုမို မောပန်းနွမ်းနယ်သွားပါလိမ့်မယ်။ သင်ဟာ လမ်းလျှောက်နေရင်း နာကျင်တာ၊ ပျို့တာ၊ မူးဝေတာတွေ ဖြစ်လာရင်လည်း လမ်းလျှောက်တာရပ်ပြီး အနားယူပါ။ လိုအပ်ရင် ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးပါ။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:Mg Mandalay
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top