iMyanmarHouse.com - Best Property Website for Myanmar
×

အရင္ကေတာ့ ဒီလိုစာမ်ိဳးကို ‘ေဖ့စ္ဘြတ္’ မွာမတင္ပါ။ (၁၈) ႏွစ္ျပည့္မွဖတ္ပါ ေဆးပညာစာ ‘ဘေလာ့ခ္’ ပိတ္သြားလို႔သာ တင္ပါတယ္။ နားလည္မႈေပးေစလိုပါတယ္။

1. သမီး အိမ္ေထာင္ျပဳတာ ၁ ႏွစ္ရွိပါျပီ။ အသက္က ၃၆ ႏွစ္ပါ။ ျပည္ပမွာေနပါတယ္။ သမီးရ့ဲေမးခြန္းေတြကို မအားလပ္တဲ့ၾကားက ေျဖေပးလို႔ အထူးေက်းဇူးတင္ရိွပါတယ္။ ဆရာ ကန္ေတာ့ပါရွင့္ သမီးအျဖဴဆင္းျပီး ယားေနလို႔ပါဆရာ။ ဘားေဆးေသာက္ရမလဲဆရာ။ ျပီးေတာ့ သမီးအခု မ်ိဳဴးဥေၾကြ မေၾကြ စမ္းရတဲ့ရက္ပါဆရာ။ OG က ဒီဇူလိုင္လ ၂-၃-၄-၅-၆ ရက္ေတြ စစ္ခိုင္းထားပါတယ္ဆရာ။ ဆရာရ့ဲက်န္းမာေရးႏွင့္ပတ္သက္တဲ့စာအုပ္ ထုတ္ေတာ့မယ္ဆိုလို႔လည္း အတိုင္းမသိဝမ္းသာလ်က္ပါဆရာ။

2. ဆရာရွင့္ ကန္ေတာ့ေနာ္ ႕႕႕ မိန္းမကိုယ္က မခံႏိုင္ေအာင္ယားေနလို႔။ တခ်ိန္လံုးေရေဆးေနရတယ္။ ကိုယ္ဝန္ရွိေနရင္ သက္သာမယ့္ေဆးေသာက္ဘို႔လိုပါသလား။ ဘယ္လိုသက္သာေအာင္လုပ္လို႔ရပါသလဲ။ ကေလးကိုထိခိုက္မွာစိုးရိမ္လို႔ပါ။

Vagilan itchess ကို ဘာသာျပန္ရင္ “(ဗဂ်ိဳင္းနား) ယားျခင္း” ျဖစ္တယ္။ ျမန္မာလိုဆိုရင္ ေမြးလမ္းေၾကာင္း ယားတာ ေခၚတယ္။ တကယ္ေတာ့ “မိန္းမကိုယ္” ဆိုတာကို Vulva ျဖစ္ပါတယ္။ မိန္းမကိုယ္ ယားယံတဲ့ေရာဂါကို Pruritus vulvae လို႔ ေခၚတယ္။ အျဖစ္မနည္းပါ။ အပ်ိဳေတြမွာလဲ ျဖစ္တယ္။ တခ်ိဳ႕မွာ ခဏျဖစ္ျပီး တခ်ိဳ႕မွာတာရွည္ျဖစ္တယ္။ ျဖစ္ဖန္မ်ားရင္ ေနာင္မွာ ကင္ဆာအထိ ျဖစ္မလာဘူးလို႔ မေျပာႏိုင္ပါ။ ရွားလြန္းပါတယ္။

ေအာက္ခံေရာဂါ တခုခုရွိေနလို႔ျဖစ္တာ မ်ားတယ္။ ေရာဂါရယ္လို႔ မဟုတ္ဘဲ အစိုဓါတ္ကေနလဲ ျဖစ္ေစႏိုင္တယ္။ Moisture အစိုဓါတ္ဆိုတာ ဆီးစိုေနတာ၊ ဝမ္းသြားတာ နဲနဲေပက်န္တာ၊ ေခြ်းထြက္မ်ားတာ။ အစားအေသာက္ထဲမွာ ကိုယ္နဲ႔ အဆင္မေျပတာ ဥပမာ ေကဖင္း၊ ခရမ္းခ်ဥ္သီး နဲ႔ ေျမပဲ ပါေနတာေတြကေန ျဖစ္ေစႏိုင္တယ္။

• ဗဂ်ိဳင္းနားကေန တခုခုဆင္းေနတာ၊ (ဗဂ်ိဳင္းနား) ပိုးဝင္တာ၊ မိန္းမကိုယ္ေရာင္တာ၊ လိင္လမ္း-ၾကြက္ႏို႔၊ သားအိမ္-ကင္ဆာ ေတြနဲ႔ ပတ္သက္တယ္။
• ဝမ္းမလံုတဲ့ေရာဂါ၊ (ဘိုဝင္) ေရာဂါ၊
• ပိုးေသေဆးေသာက္ေနရရင္လဲ ေမြးလမ္းမွာ မိႈပိုး ဝင္လာေစႏိုင္တယ္။
• ဆီးခ်ိဳ နဲ႔ HIV ရွိေနသူေတြမွာလဲ မိႈပိုးဝင္လြယ္ေစတယ္။ ဆီးခ်ိဳကိုယ္၌ကေနလဲ ယားတတ္တယ္။
• မိႈ၊ Threadworms သန္ေကာင္၊ ဝဲ နဲ႔ STDs လိင္ကတဆင့္ ကူးစက္ေရာဂါေတြ ျဖစ္ႏိုင္တယ္။
• Eczema, Psoriasis, Lichen simplex, Lichen planus, Lichen sclerosus အေရျပားနာ အမ်ိဳးမ်ိဳးကေန ျဖစ္ႏိုင္တယ္။ ၾကည့္ရင္ သိသာပါတယ္။ ေတာ္ေတာ္နဲ႔ မေပ်ာက္ႏိုင္ဘဲ၊ ျဖစ္တဲ့ေနရာမွာ သိသာတဲ့ အေရာင္၊ အထူအပါး မတူတာ၊ အနာလိုျဖစ္တာေတြ ရွိေနမယ္။
• ဆပ္ျပာ၊ ေရေမႊး၊ ေခြ်းနံ႔ေပ်ာက္ေဆး၊ (ကြန္ဒြမ္)၊ အဝတ္အထည္ဆိုးေဆး၊ ဆပ္ျပာမံႈ႔၊ အဝတ္အထည္ (ကြန္ဒီရွင္နာ)၊ စတဲ့ သန္႔ရွင္းေရးနဲ႔ အလွအပ အေမႊးအၾကိဳင္ေတြနဲ႔ ကိုယ္နဲ႔ မတည့္သူေတြမွာလဲ ယားႏိုင္တယ္။
• ေသြးဆံုးသူေတြမွာလဲ အျဖစ္မနည္းၾကပါ။
• ကိုယ္ဝန္ေဆာင္ေနခ်ိန္၊ ကေလးႏို႔တိုက္ခ်ိန္ေတြမွာလဲ တခ်ိဳ႕ မိန္းမကိုယ္ ယားတယ္။
• Cancer of the vulval skin ကင္ဆာကိုလဲ စာရင္းထဲထည့္ရတယ္။ အျဖစ္အလြန္နည္းပါတယ္။

ဘယ္လို ဆင္ျခင္ကုသမလဲ –
– Antibiotics ပိုးဝင္တာေတြ လိင္ကတဆင့္ ကူးစက္ေရာဂါေတြ ရွိရင္ ပဋိဇီဝေဆးေပးမယ္။
– Antifungal drugs မိႈပိုးဆိုရင္ ေပးမယ္။
– Antihistamine = Benzodiazepines (အင္တီ-ဟစ္တမင္း) ေဆး ညအခ်ိန္ေသာက္ႏိုင္တယ္။
– Hormones ointments ေသြးဆံုးသူေတြအတြက္ ေပးမယ္။
– Steroid creams or lotions ေရာင္ရမ္းတာ သက္သာေအာင္ေပးမယ္။ (စတီရြိဳက္) လိမ္းေဆး သတိထားသံုးပါ။ တခ်ိဳ႕အေျခအေနေတြကို ပိုဆိုးေစႏိုင္တယ္။
• Moisturisers (Emollients) ေဆးကို Cream ခရင္ Ointment လိမ္းေဆးအေနနဲ႔ လာတယ္။ ဘာလို႔ ယားတာ ျဖစ္ျဖစ္ေနေန သက္သာေစမယ္။ ေဆးမ်ားသြားလို႔လဲ ကိစၥမရွိဘူး။
• ယားလို႔ ကုပ္ရင္ ပိုဆိုးေစတယ္။ အတတ္ႏိုင္ဆံုး မကုပ္မိေအာင္ ထိန္းပါ။ (ေကာ္တြန္) လက္အိတ္သံုးပါ။ လက္သည္း အတိုျဖတ္ပါ။ လက္သည္းနီဆိုးတာ သတိထားပါ။
• (ေကာ္တြန္) ၁ဝဝ% ခပ္ေခ်ာင္ေခ်ာင္ကိုသာ ဝတ္ဆင္ပါ။ အၾကပ္ေတြ မဝတ္ပါနဲ႔။
• အတြင္းခံကို ေန႔တိုင္းလဲလွယ္ပါ။ စိုထိုင္းတာမ်ားရင္ တေန႔တခါမက လဲပါ။
• ေနလို႔ရတဲ့ ေနရာ-အခ်ိန္ေတြမွာ အတြင္းခံ မဝတ္ဘဲေနပါ။ ေလသလပ္ခံပါ။
• ေရနဲ႔ ေန႔တိုင္း မိန္းမကိုယ္ကို အသာအယာ ေဆးေၾကာပါ။ Feminine hygiene sprays and douches ကရိယာေတြ၊ အသံုးအေဆာင္ေတြ မသံုးဘဲသာ ေဆးပါ။
• ေရကို အေပၚကေနေလာင္းခ်နည္းက စည္ပိုင္းထဲ စိမ္ခ်ိဳးတာထက္ ေကာင္းတယ္။
• ေရမေျခာက္ေသးခင္ အတြင္းခံ မဝတ္ပါနဲ႔။
• ဆံပင္ ေခါင္းေလွ်ာ္တာကို သီးသန္႔လုပ္ပါ။ တခ်ိဳ႕ ေခါင္းေလွ်ာ္ရည္က ကိုယ္နဲ႔မသင့္တာျဖစ္ႏိုင္တယ္။
• ဆပ္ျပာ၊ ေရေမႊး၊ ေခြ်းနံ႔ေပ်ာက္ေဆးေတြက ကိုယ္နဲ႔ သင့္-မသင့္ သတိထားပါ။ လိုမယ္ထင္ရင္ ေျပာင္းသံုးပါ။ မသံုးဘဲ ေနလို႔ရရင္ မသံုးပါနဲ႔။
• (ကြန္ဒြမ္) မွာ သုက္ပိုးသတ္ေဆးလဲ တြဲထားတာဆိုရင္ ကိုယ္နဲ႔ သင့္-မသင့္ ၾကည့္ပါ။
• ဆီးစပ္ေမႊး မရိတ္ပါနဲ႔။
• စိတ္ဖိအား မ်ားေနရင္ ေလွ်ာ့ခ်ပါ။
• သန္႔ရွင္းေရးလုပ္တာမွာ (ထိုင္ေနတဲ့ အေနအထားမွာ) လက္ကို ေရွ႕ကေန ေနာက္ဖက္ဆီသာ တလမ္းသြား လႈတ္ရွားပါ။
• Yogurt (ေရာဂတ္) ဒိန္ခ်ဥ္ စားသင့္တယ္။
• ကိုယ္အေလးခ်ိန္ မ်ားေနရင္ ပိန္ေအာင္လုပ္ပါ။
၁။ Metronidazole (မက္ထရိုႏိုက္ဒဇိုး) 500 mg တေန႔ ၂ ၾကိမ္ ၅-၇ ရက္ေသာက္ပါ။ လိင္ဆက္ဆံဘက္ကပါ ေသာက္သင့္တယ္။ (ကြန္ဒြမ္) သံုးပါ။ မဆက္ဆံမီ ေရေဆးပါ။ ေရကူးကန္မွာ ေရမကူးပါနဲ႔။ အတြင္းခံ သူမ်ားနဲ႔ လဲမဝတ္ပါနဲ႔။ ပ်ိဳ႕-အန္တတ္တယ္။ အစားပ်က္တယ္။ ေဆးကိုအရက္နဲ႔တြဲမေသာက္ရပါ။

၂။ Clotrimazole (Gyne-Lotrimin, Mycelex-7) vaginal tablet ေမြးလမ္းထည့္ေဆး ညတိုင္း ၆-၇ ရက္ထည့္ပါ။

၃။ Antihistamines (အင္တီ-ဟစ္တမင္း) လိမ္းေဆး၊ Topical anesthetics ထံုေဆးလိမ္းရင္ နာတာ၊ ယားတာ သက္သာေစမယ္။ Vinegar douches ဆိုတဲ့ (ဗဂ်ိဳင္းနား) သန္႔ေအာင္ေဆးေၾကာနည္း မသင့္ပါ။ မ-အဂၤါေနရာ သန္႔ရွင္းေရးကို လိုတာထက္ မပိုေစနဲ႔။ (ဗဂ်ိဳင္းနား) ဟာ သူ႔အလိုလို သန္႔ေအာင္ၾကိဳးစားႏိုင္တယ္။ မိႈေတြက စိုထိုင္းျပီး ပူေႏြးတာကိုၾကိဳက္တယ္။ အတြင္းခံ (ေကာ္တြန္) သာသံုးပါ။ အတြင္းေနရာေတြကို ေလသလပ္ခ်ိန္ လုပ္ယူပါ။ လိင္ဆက္ဆံတာမွာ အထူးသတိထားပါ။ ပဋိဇီဝေဆးကို လိုမွသာသံုးပါ။ လိင္ကတဆင့္ ကူးစက္တာေတြအတြက္ ေဆးသပ္သပ္လိုပါမယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit: ေဒါက္တာတင့္ေဆြ


#Unicode Version


အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးစေလိုပါတယ်။

1. သမီး အိမ်ထာင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က ၃၆ နှစ်ပါ။ ပြည်ပမှာနေပါတယ်။ သမီးရဲ့မေးခွန်းတွေကို မအားလပ်တဲ့ကြားက ဖြေပေးလို့ အထူးကျေးဇူးတင်ရှိပါတယ်။ ဆရာ ကန်တော့ပါရှင့် သမီးအဖြူဆင်းပြီး ယားနေလို့ပါဆရာ။ ဘားဆေးသောက်ရမလဲဆရာ။ ပြီးတော့ သမီးအခု မျိုူးဥကြွေ မကြွေ စမ်းရတဲ့ရက်ပါဆရာ။ OG က ဒီဇူလိုင်လ ၂-၃-၄-၅-၆ ရက်တွေ စစ်ခိုင်းထားပါတယ်ဆရာ။ ဆရာရဲ့ကျန်းမာရေးနှင့်ပတ်သက်တဲ့စာအုပ် ထုတ်တော့မယ်ဆိုလို့လည်း အတိုင်းမသိဝမ်းသာလျက်ပါဆရာ။

2. ဆရာရှင့် ကန်တော့နော့် မိန်းမကိုယ်က မခံနိုင်အောင်ယားနေလို့။ တချိန်လုံးရေဆေးနေရတယ်။ ကိုယ်ဝန်ရှိနေရင် သက်သာမယ့်ဆေးသောက်ဘို့လိုပါသလား။ ဘယ်လိုသက်သာအောင်လုပ်လို့ရပါသလဲ။ ကလေးကိုထိခိုက်မှာစိုးရိမ်လို့ပါ။

Vagilan itchess ကို ဘာသာပြန်ရင် “(ဗဂျိုင်းနား) ယားခြင်း” ဖြစ်တယ်။ မြန်မာလိုဆိုရင် မွေးလမ်းကြောင်း ယားတာ ခေါ်တယ်။ တကယ်တော့ “မိန်းမကိုယ်” ဆိုတာကို Vulva ဖြစ်ပါတယ်။ မိန်းမကိုယ် ယားယံတဲ့ရောဂါကို Pruritus vulvae လို့ ခေါ်တယ်။ အဖြစ်မနည်းပါ။ အပျိုတွေမှာလဲ ဖြစ်တယ်။ တချို့မှာ ခဏဖြစ်ပြီး တချို့မှာတာရှည်ဖြစ်တယ်။ ဖြစ်ဖန်များရင် နောင်မှာ ကင်ဆာအထိ ဖြစ်မလာဘူးလို့ မပြောနိုင်ပါ။ ရှားလွန်းပါတယ်။

အောက်ခံရောဂါ တခုခုရှိနေလို့ဖြစ်တာ များတယ်။ ရောဂါရယ်လို့ မဟုတ်ဘဲ အစိုဓါတ်ကနေလဲ ဖြစ်စေနိုင်တယ်။ Moisture အစိုဓါတ်ဆိုတာ ဆီးစိုနေတာ၊ ဝမ်းသွားတာ နဲနဲပေကျန်တာ၊ ချွေးထွက်များတာ။ အစားအသောက်ထဲမှာ ကိုယ်နဲ့ အဆင်မပြေတာ ဥပမာ ကေဖင်း၊ ခရမ်းချဉ်သီး နဲ့ မြေပဲ ပါနေတာတွေကနေ ဖြစ်စေနိုင်တယ်။

• ဗဂျိုင်းနားကနေ တခုခုဆင်းနေတာ၊ (ဗဂျိုင်းနား) ပိုးဝင်တာ၊ မိန်းမကိုယ်ရောင်တာ၊ လိင်လမ်း-ကြွက်နို့၊ သားအိမ်-ကင်ဆာ တွေနဲ့ ပတ်သက်တယ်။
• ဝမ်းမလုံတဲ့ရောဂါ၊ (ဘိုဝင်) ရောဂါ၊
• ပိုးသေဆေးသောက်နေရရင်လဲ မွေးလမ်းမှာ မှိုပိုး ဝင်လာစေနိုင်တယ်။
• ဆီးချို နဲ့ HIV ရှိနေသူတွေမှာလဲ မှိုပိုးဝင်လွယ်စေတယ်။ ဆီးချိုကိုယ်၌ကနေလဲ ယားတတ်တယ်။
• မှို၊ Threadworms သန်ကောင်၊ ဝဲ နဲ့ STDs လိင်ကတဆင့် ကူးစက်ရောဂါတွေ ဖြစ်နိုင်တယ်။
• Eczema, Psoriasis, Lichen simplex, Lichen planus, Lichen sclerosus အရေပြားနာ အမျိုးမျိုးကနေ ဖြစ်နိုင်တယ်။ ကြည့်ရင် သိသာပါတယ်။ တော်တော်နဲ့ မပျောက်နိုင်ဘဲ၊ ဖြစ်တဲ့နေရာမှာ သိသာတဲ့ အရောင်၊ အထူအပါး မတူတာ၊ အနာလိုဖြစ်တာတွေ ရှိနေမယ်။
• ဆပ်ပြာ၊ ရေမွှေး၊ ချွေးနံ့ပျောက်ဆေး၊ (ကွန်ဒွမ်)၊ အဝတ်အထည်ဆိုးဆေး၊ ဆပ်ပြာမှုံ့၊ အဝတ်အထည် (ကွန်ဒီရှင်နာ)၊ စတဲ့ သန့်ရှင်းရေးနဲ့ အလှအပ အမွှေးအကြိုင်တွေနဲ့ ကိုယ်နဲ့ မတည့်သူတွေမှာလဲ ယားနိုင်တယ်။
• သွေးဆုံးသူတွေမှာလဲ အဖြစ်မနည်းကြပါ။
• ကိုယ်ဝန်ဆောင်နေချိန်၊ ကလေးနို့တိုက်ချိန်တွေမှာလဲ တချို့ မိန်းမကိုယ် ယားတယ်။
• Cancer of the vulval skin ကင်ဆာကိုလဲ စာရင်းထဲထည့်ရတယ်။ အဖြစ်အလွန်နည်းပါတယ်။

ဘယ်လို ဆင်ခြင်ကုသမလဲ –
– Antibiotics ပိုးဝင်တာတွေ လိင်ကတဆင့် ကူးစက်ရောဂါတွေ ရှိရင် ပဋိဇီဝဆေးပေးမယ်။
– Antifungal drugs မှိုပိုးဆိုရင် ပေးမယ်။
– Antihistamine = Benzodiazepines (အင်တီ-ဟစ်တမင်း) ဆေး ညအချိန်သောက်နိုင်တယ်။
– Hormones ointments သွေးဆုံးသူတွေအတွက် ပေးမယ်။
– Steroid creams or lotions ရောင်ရမ်းတာ သက်သာအောင်ပေးမယ်။ (စတီရွိုက်) လိမ်းဆေး သတိထားသုံးပါ။ တချို့အခြေအနေတွေကို ပိုဆိုးစေနိုင်တယ်။
• Moisturisers (Emollients) ဆေးကို Cream ခရင် Ointment လိမ်းဆေးအနေနဲ့ လာတယ်။ ဘာလို့ ယားတာ ဖြစ်ဖြစ်နေနေ သက်သာစေမယ်။ ဆေးများသွားလို့လဲ ကိစ္စမရှိဘူး။
• ယားလို့ ကုပ်ရင် ပိုဆိုးစေတယ်။ အတတ်နိုင်ဆုံး မကုပ်မိအောင် ထိန်းပါ။ (ကော်တွန်) လက်အိတ်သုံးပါ။ လက်သည်း အတိုဖြတ်ပါ။ လက်သည်းနီဆိုးတာ သတိထားပါ။
• (ကော်တွန်) ၁ဝဝ% ခပ်ချောင်ချောင်ကိုသာ ဝတ်ဆင်ပါ။ အကြပ်တွေ မဝတ်ပါနဲ့။
• အတွင်းခံကို နေ့တိုင်းလဲလှယ်ပါ။ စိုထိုင်းတာများရင် တနေ့တခါမက လဲပါ။
• နေလို့ရတဲ့ နေရာ-အချိန်တွေမှာ အတွင်းခံ မဝတ်ဘဲနေပါ။ လေသလပ်ခံပါ။
• ရေနဲ့ နေ့တိုင်း မိန်းမကိုယ်ကို အသာအယာ ဆေးကြောပါ။ Feminine hygiene sprays and douches ကရိယာတွေ၊ အသုံးအဆောင်တွေ မသုံးဘဲသာ ဆေးပါ။
• ရေကို အပေါ်ကနေလောင်းချနည်းက စည်ပိုင်းထဲ စိမ်ချိုးတာထက် ကောင်းတယ်။
• ရေမခြောက်သေးခင် အတွင်းခံ မဝတ်ပါနဲ့။
• ဆံပင် ခေါင်းလျှော်တာကို သီးသန့်လုပ်ပါ။ တချို့ ခေါင်းလျှော်ရည်က ကိုယ်နဲ့မသင့်တာဖြစ်နိုင်တယ်။
• ဆပ်ပြာ၊ ရေမွှေး၊ ချွေးနံ့ပျောက်ဆေးတွေက ကိုယ်နဲ့ သင့်-မသင့် သတိထားပါ။ လိုမယ်ထင်ရင် ပြောင်းသုံးပါ။ မသုံးဘဲ နေလို့ရရင် မသုံးပါနဲ့။
• (ကွန်ဒွမ်) မှာ သုက်ပိုးသတ်ဆေးလဲ တွဲထားတာဆိုရင် ကိုယ်နဲ့ သင့်-မသင့် ကြည့်ပါ။
• ဆီးစပ်မွှေး မရိတ်ပါနဲ့။
• စိတ်ဖိအား များနေရင် လျှော့ချပါ။
• သန့်ရှင်းရေးလုပ်တာမှာ (ထိုင်နေတဲ့ အနေအထားမှာ) လက်ကို ရှေ့ကနေ နောက်ဖက်ဆီသာ တလမ်းသွား လှုတ်ရှားပါ။
• Yogurt (ရောဂတ်) ဒိန်ချဉ် စားသင့်တယ်။
• ကိုယ်အလေးချိန် များနေရင် ပိန်အောင်လုပ်ပါ။
၁။ Metronidazole (မက်ထရိုနိုက်ဒဇိုး) 500 mg တနေ့ ၂ ကြိမ် ၅-၇ ရက်သောက်ပါ။ လိင်ဆက်ဆံဘက်ကပါ သောက်သင့်တယ်။ (ကွန်ဒွမ်) သုံးပါ။ မဆက်ဆံမီ ရေဆေးပါ။ ရေကူးကန်မှာ ရေမကူးပါနဲ့။ အတွင်းခံ သူများနဲ့ လဲမဝတ်ပါနဲ့။ ပျို့-အန်တတ်တယ်။ အစားပျက်တယ်။ ဆေးကိုအရက်နဲ့တွဲမသောက်ရပါ။

၂။ Clotrimazole (Gyne-Lotrimin, Mycelex-7) vaginal tablet မွေးလမ်းထည့်ဆေး ညတိုင်း ၆-၇ ရက်ထည့်ပါ။

၃။ Antihistamines (အင်တီ-ဟစ်တမင်း) လိမ်းဆေး၊ Topical anesthetics ထုံဆေးလိမ်းရင် နာတာ၊ ယားတာ သက်သာစေမယ်။ Vinegar douches ဆိုတဲ့ (ဗဂျိုင်းနား) သန့်အောင်ဆေးကြောနည်း မသင့်ပါ။ မ-အင်္ဂါနေရာ သန့်ရှင်းရေးကို လိုတာထက် မပိုစေနဲ့။ (ဗဂျိုင်းနား) ဟာ သူ့အလိုလို သန့်အောင်ကြိုးစားနိုင်တယ်။ မှိုတွေက စိုထိုင်းပြီး ပူနွေးတာကိုကြိုက်တယ်။ အတွင်းခံ (ကော်တွန်) သာသုံးပါ။ အတွင်းနေရာတွေကို လေသလပ်ချိန် လုပ်ယူပါ။ လိင်ဆက်ဆံတာမှာ အထူးသတိထားပါ။ ပဋိဇီဝဆေးကို လိုမှသာသုံးပါ။ လိင်ကတဆင့် ကူးစက်တာတွေအတွက် ဆေးသပ်သပ်လိုပါမယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit: ဒေါက်တာတင့်ဆွေ
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top