iMyanmarHouse.com - Best Property Website for Myanmar
×

(၁) လိင်ကိစ္စကို စောစီးစွာကျူးလွန်မိပြီး အကြောင်းအမျိုးမျိုးကြောင့် လက်မတွဲဖြစ်တဲ့အခါ အလွန်ရှက်စရာကောင်းခြင်း၊ ဒါကလည်း အခုခေတ်မှာ တော်တော်များများ ကြုံတွေ့နေရပြီး လက်မထပ်ရသေးသူတွေအဖို့ ဆင်ခြင်ဖို့ သင့်ပါတယ်။

(၂) လူငယ်တွေအတွက် ပုဂ္ဂိုလ်ရေး၊ လူနေမှုဘ၀၊ ပညာရေး- နှောင့်နှေးသေးသိမ်ရခြင်း၊ ဒီကိစ္စကလည်း အမှန်တကယ် လူငယ်တစ်ယောက်ရဲ့ တက်လမ်းကို အနှောက်အယှက်ပေးပါတယ်။ ဥပမာ ပြောရရင် တက္ကသိုလ်ဒုတိယနှစ်လောက် မဆင်မခြင်နေမိလို့ ကိုယ်ဝန်တွေဘာတွေ ရှိလာတဲ့အခါ။ နှစ်ယောက်သား မယူမဖြစ် ယူလိုက်ရပြီး ကျောင်းထွက်လိုက်ရတာမျိုးတွေလည်း ရှိပါတယ်။

(၃) အမျိုးသမီးတော်တော်များများဟာ လက်မထပ်ခင် လိင်ကိစ္စပြုမူလိုမှု မရှိခြင်း၊ မနှစ်သက်ခြင်း၊ အမျိုးသမီးတွေ တော်တော်များများဟာ ဒီကိစ္စကို လက်မထပ်ရသေးဘဲနဲ့ စိတ်ပါခဲပါတယ်။ လိုက်လျှောမိရင်တောင် ချစ်လို့ လိုက်လျှောမိတာ-ဆိုတာမျိုးပေါ့။

(၄) အပျိုစင်/လူပျိုစင်ဘ၀ဆိုတာ အိမ်ထောင်မကျခင်မှာ အကြီးမားဆုံး ဂုဏ်ပုဒ်၊ အိမ်ထောင်မကျခင်မှာ ကိုယ့်ရဲ့ အပျိုလူပျိုဘ၀ကို စောင့်ထိန်းနိုင်ခြင်းဟာ မျိုးရိုးအရရော ပုဂ္ဂိုလ်ရေး ဂုဏ်သိက္ခာအရပါ ဂုဏ်ယူစရာ ကိစ္စရပ်ဖြစ်ပါတယ်။

(၅) အရွယ်မရောက်ခင် လိင်မှုကိစ္စပြုခြင်းဟာ သားအိမ်ခေါင်းကင်ဆာကို ရာခိုင်နှုန်း 20 % အထိရှိခြင်းနှင့် နောင်တစ်ချိန်မှာ မျိုးရိုးဗီဇမအောင်မြင်ခြင်း အန္တရာယ်လည်း ရှိခြင်း၊

(၆) အချို့သားအိမ် ခေါင်းကင်ဆာသည် နှစ်ပေါင်းများစွာ ရောဂါလက္ခဏာမပြဘဲ နေတတ်ပြီး အဆိုပါရောဂါကြောင့် မျိုးသုဉ်းခြင်း၊

(၇) အသက်မပြည့်သေးရင် ကြီးလေးသော ထောင်ဒဏ်သင့်နိုင်ခြင်း၊ တို့ ဖြစ်ပါတယ်။

Credit : Shwemom


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top