iMyanmarHouse.com - Best Property Website for Myanmar
×

အဆီအျပည့္ပါတဲ့ ႏို႔ထြက္ပစၥည္းေတြကုိ ေန႔စဥ္စားသုံးတဲ့ အမ်ဳိးသမီးတစ္ေယာက္က ပုံမွန္အစားအစာ စားသုံးတဲ့ အမ်ဳိးသမီးေတြထက္ ရင္သားကင္ဆာေရာဂါျဖစ္ႏုိင္ေခ် ပိုမ်ားတယ္လို႔ Kaiser Permanente သုေတသီေတြရဲ႕ ေလ့လာမႈတစ္ခုအရ သိရပါတယ္။ အီစထရိုဂ်င္ေဟာ္မုန္းက ရင္သားဆဲလ္ဖြံ႔ျဖိဳးမႈကို လႈံ႔ေဆာ္ေပးသလို တျပိဳင္တည္းမွာပဲ ရင္သား ကင္ဆာဆဲလ္ ဖြံ႔ျဖိဳးမႈကိုလည္း လႈံ႔ေဆာ္ေပးပါတယ္တဲ့။ အီစထရုိဂ်င္ ေဟာ္မုန္းဆိုတာအဆီဆဲလ္ေတြကေန ထြက္ရွိျပီး အဆီဆဲလ္ေတြထဲမွာပဲ သိုေလွာင္ထားပါတယ္။

ရင္သားကင္ဆာျဖစ္ေစႏုိင္တဲ့ ႏုိ႔ထြက္ပစၥည္းေတြကေတာ့ မလုိင္ပါတဲ့ႏုိ႔၊ ႏုိ႔စိမ္း၊ပူတင္း၊ ေရခဲမုန႔္၊ ခ်ိစ္နဲ႔ ဒိန္ခ်ဥ္တုိ႔ပဲ ျဖစ္ပါတယ္။ အမ်ဳိးသမီးေတြကုိ အစားအေသာက္ စားေသာက္ပုံအလိုက္ ၁၂ ႏွစ္ၾကာျပဳလုပ္ခဲ့တဲ့ သုေတသနရလဒ္ေတြအရ အဆီအျပည့္ပါတဲ့ ႏုိ႔ထြက္ပစၥည္းေတြကုိ ပုံမွန္နီးပါး စားသုံးတဲ့ အမ်ဳိးသမီးေတြက တခါတရံမွ စားသုံးတတ္တဲ့ အမ်ဳိးသမီးေတြထက္ ရင္သားကင္ဆာျဖစ္ႏုိင္ေခ် ၄၉%ပိုမ်ားသလို အျခားေရာဂါအမ်ဳိးမ်ဳိးနဲ႔ အခ်ိန္မတုိင္မီေသဆုံးႏုိင္ေခ် ၆၄% ပိုမ်ားတာကို ေတြ႔ရပါတယ္။


အကယ္၍ သင့္မွာရင္သားကင္ဆာ ကနဦးလကၡဏာေတြေတြ႔ခဲ့ရရင္ အႏၱရာယ္ကို အတတ္ႏုိင္ဆုံးေလွ်ာ့ခ်ႏုိင္ဖုိ႔နဲ႔ အသက္ရွင္ဖုိ႔ အခြင့္အေရးတိုးတက္လာေစဖုိ႔ ေဆာင္ရန္ေရွာင္ရန္ေလးေတြ ရွိပါတယ္။ အသင့္စားအစားအစာနဲ႔ သၾကားတုိ႔ကို ေရွာင္ျပီး က်န္းမာေရးနဲ႔ ညီညြတ္တဲ့အစားအစာေတြကုိ စားပါ။ အရက္လုံးဝေရွာင္ပါ။ က်န္းမာေရးနဲ႔ညီညြတ္တဲ့ ကိုယ္အေလးခ်ိန္ကုိ ထိန္းထားပါ။ ေန႔တုိင္း ေလ့က်င့္ခန္းလုပ္ပါ။ ေဆးလိပ္မေသာက္ပါနဲ႔။
ေပးထားတဲ့ ေဆးဝါးေတြကို အခ်ိန္မွန္မွန္ မပ်က္မကြက္ေသာက္ပါ။

Credit: trend Myanmar

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version
အဆီအပြည့်ပါတဲ့ နို့ထွက်ပစ္စည်းတွေကို နေ့စဉ်စားသုံးတဲ့ အမျိုးသမီးတစ်ယောက်က ပုံမှန်အစားအစာ စားသုံးတဲ့ အမျိုးသမီးတွေထက် ရင်သားကင်ဆာရောဂါဖြစ်နိုင်ချေ ပိုများတယ်လို့ Kaiser Permanente သုတေသီတွေရဲ့ လေ့လာမှုတစ်ခုအရ သိရပါတယ်။ အီစထရိုဂျင်ဟော်မုန်းက ရင်သားဆဲလ်ဖွံ့ဖြိုးမှုကို လှုံ့ဆော်ပေးသလို တပြိုင်တည်းမှာပဲ ရင်သား ကင်ဆာဆဲလ် ဖွံ့ဖြိုးမှုကိုလည်း လှုံ့ဆော်ပေးပါတယ်တဲ့။ အီစထရိုဂျင် ဟော်မုန်းဆိုတာအဆီဆဲလ်တွေကနေ ထွက်ရှိပြီး အဆီဆဲလ်တွေထဲမှာပဲ သိုလှောင်ထားပါတယ်။

ရင်သားကင်ဆာဖြစ်စေနိုင်တဲ့ နို့ထွက်ပစ္စည်းတွေကတော့ မလိုင်ပါတဲ့နို့၊ နို့စိမ်း၊ပူတင်း၊ ရေခဲမုန့်၊ ချိစ်နဲ့ ဒိန်ချဉ်တို့ပဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေကို အစားအသောက် စားသောက်ပုံအလိုက် ၁၂ နှစ်ကြာပြုလုပ်ခဲ့တဲ့ သုတေသနရလဒ်တွေအရ အဆီအပြည့်ပါတဲ့ နို့ထွက်ပစ္စည်းတွေကို ပုံမှန်နီးပါး စားသုံးတဲ့ အမျိုးသမီးတွေက တခါတရံမှ စားသုံးတတ်တဲ့ အမျိုးသမီးတွေထက် ရင်သားကင်ဆာဖြစ်နိုင်ချေ ၄၉%ပိုများသလို အခြားရောဂါအမျိုးမျိုးနဲ့ အချိန်မတိုင်မီသေဆုံးနိုင်ချေ ၆၄% ပိုများတာကို တွေ့ရပါတယ်။


အကယ်၍ သင့်မှာရင်သားကင်ဆာ ကနဦးလက္ခဏာတွေတွေ့ခဲ့ရရင် အန္တရာယ်ကို အတတ်နိုင်ဆုံးလျှော့ချနိုင်ဖို့နဲ့ အသက်ရှင်ဖို့ အခွင့်အရေးတိုးတက်လာစေဖို့ ဆောင်ရန်ရှောင်ရန်လေးတွေ ရှိပါတယ်။ အသင့်စားအစားအစာနဲ့ သကြားတို့ကို ရှောင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေကို စားပါ။ အရက်လုံးဝရှောင်ပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားပါ။ နေ့တိုင်း လေ့ကျင့်ခန်းလုပ်ပါ။ ဆေးလိပ်မသောက်ပါနဲ့။
ပေးထားတဲ့ ဆေးဝါးတွေကို အချိန်မှန်မှန် မပျက်မကွက်သောက်ပါ။

Credit: trend Myanmar



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top