iMyanmarHouse.com - Best Property Website for Myanmar
×

ဟိုးအရင္တုန္းက ကိုယ္၀န္ေဆာင္ အမ်ိဳးသမီးတစ္ေယာက္ဟာ တစ္ဆက္တည္းဂါ၀န္ရွည္၊ ဒါမွမဟုတ္ ဗိုက္ဗူးအက်ီခပ္ပြပြနဲ႕ ထမီတြဲ၀တ္တာကိုပဲ ျမင္ဖူးခဲ့ၾကပါလိမ့္တယ္။ ဒါေပမယ့္ ခုေနာက္ပိုင္းေတာ့ ကိုယ္၀န္ေဆာင္မိခင္ေတြအေနနဲ႕ ေရြးခ်ယ္ဖုိ႕ ဒီဇုိင္းမ်ိဳးစံု ေစ်းကြက္ထဲမွာ ရွိေနပါျပီ။ အဲ့ဒါေတြ မေရြးခ်ယ္ခင္ ကိုယ္၀န္ေဆာင္မိခင္ေတြအေနနဲ႕ ပထမဆံုးသိထားရမွာက ကုိယ္၀န္ေဆာင္တာဟာ ခႏၶာကိုယ္အေနအထား၊ ၀မ္းဗိုက္အေနအထား ေျပာင္းလဲသြားတာမွန္ေပမယ့္ ဒီလိုေျပာင္းလဲသြားလို႕ စိတ္ညစ္စရာမလိုပဲ ပိုေတာင္ဆြဲေဆာင္မႈရွိေအာင္ ၀တ္ဆင္ႏိုင္ေသးတယ္ဆုိတာပါပဲ။ ကိုယ္၀န္ေဆာင္မိခင္ေတြအေနနဲ႕ ဖက္ရွင္ပိုင္းဆုိင္ရာ သိထားသင့္တဲ့ အခ်က္ (၅) ခ်က္ကို ေျပာျပေပးပါေတာ့မယ္။

၁။ အပြၾကီးေတြအစား ခႏၶာကုိယ္အတြက္ သိပ္မပြတဲ့ ဒီဇိုင္းမ်ိဳးေရြးပါ။
ကိုယ္၀န္က ေျခာက္လ၊ ခုႏွစ္လေရာက္လာျပီ ဆုိရင္ ၀မ္းဗိုက္ေနရာေလးက လံုး၀န္းျပီးထြက္ေနျပီေပါ့။ ကုိယ္၀န္ေဆာင္ မိခင္ေတြ ေတာ္ေတာ္မ်ားမ်ားကေတာ့ ကိုယ္၀န္ေဆာင္တဲ့အခါ ခႏၶာကိုယ္ပိုၾကီးျပီး ၾကည့္ရဆုိးေနမွာ စိတ္ပူၾကပါတယ္။ ဒါေပမယ့္ အဲ့ဒါက ၀မ္းဗိုက္ေနရာပဲဆုိတာ မေမ့ပါနဲ႕။ ကိုယ့္အေနနဲ႕ ဟိုးအရင္က ေရွးရိုးေတြကို ေဖ်ာက္ျပီး ခႏၶာကိုယ္အတြက္ သိပ္မပြတဲ့ တစ္ဆက္တည္း dress ေတြေရြးႏိုင္ပါတယ္။ ခုေနာက္ပိုင္းမွာ ဗိုက္ေနရာက ပူပူကို အက်ီပြပြေတြနဲ႕ ဖံုးမေနေတာ့ပဲ ဆက္စီက်က်ေလး ၀တ္ဆင္လာတဲ့ မိခင္ေတြ အမ်ားၾကီး ျဖစ္လာပါျပီ။

၂။ အေလ်ာ့အတင္းရွိတဲ့ဘယ္လို ေဘာင္းဘီမ်ိဳးမဆုိ ၀တ္ႏိုင္ပါတယ္။
ကိုယ္က စကတ္ေတြ၊ dress ေတြ ဘယ္ေတာ့မွ ၀တ္ေလ့မရွိခဲ့ပဲ ကုိယ္၀န္ေဆာင္ေတာ့မွ ဒါမ်ိဳးေတြ ၀တ္ရေတာ့မွာလားဆုိုျပီး စိတ္ညစ္မေနပါနဲ႕။ ခါးေနရာ အေလ်ာ့အတင္းပါတဲ့ ဘယ္ေဘာင္းဘီမ်ိဳးမဆုိ ၀တ္ႏိုင္ပါတယ္။ ခုဆုိရင္ ကုိယ္၀န္ေဆာင္ေတြအတြက္ ခါးေနရာအေလ်ာ့အတင္းပါတဲ့ ဂ်င္းေဘာင္းဘီဒီဇိုင္းေတြလည္း ေစ်းကြက္ထဲရေနျပီေလ။

၃။ ရိုးရိုးရွင္းရွင္းေတြပဲ ၾကိဳက္ရင္လည္း အုိေခတာပါပဲ။
ကိုယ္၀တ္ေနက်အေရာင္ေတြ၊ အပြင့္အခက္ ဒီဇိုင္းေတြထဲကပဲ ကုိယ္၀န္ေဆာင္အက်ီ၊ dress ေတြ ေရြးခ်ယ္၀ယ္ယူႏိုင္ပါတယ္။ ကိုယ္က ဒီဇုိင္းသိပ္ဆန္းတာေတြ မၾကိဳက္ဘူးလား၊ ဟိုးအရင္ကလို ခပ္ပြပြဒီဇိုင္းမ်ိဳးပဲ သြားခ်င္တယ္ဆုိလည္း အဆင္ေျပပါတယ္။ ေဘးပတ္၀န္းက်င္က ကိုယ့္ကို အေရာင္လြင္ေလးေတြ၊ အႏုေလးေတြ ၀တ္သင့္တယ္လုိ႕ အၾကံေပးေပမယ့္ ကိုယ္က ကာလာအရင့္ေတြပဲ သေဘာက်တယ္ဆုိရင္လည္း ကိုယ့္စိတ္ထဲက ကာလာအတုိင္းဆင္ျမန္းပါ။

၄။ ကမ္းေျခဖက္ရွင္ဒီဇိုင္းေတြဟာ ကုိယ္၀န္ေဆာင္ေတြအတြက္ ကြက္တိျဖစ္ပါတယ္။
ကမ္းေျခသြားတဲ့အခါ boho ဒီဇိုင္းေတြ၊ အေပၚထပ္အက်ီေလးေတြ၊ ေပါင္တစ္၀က္ေလာက္ရွိျပီး ကမ္းေျခမွာ တလြင့္လြင့္ျဖစ္ေနမယ့္ ခပ္ပြပြ ခပ္ကားကား ဒီဇိုင္းမ်ိဳးေတြ ဆင္ျမန္းၾကတယ္ဟုတ္။ ကိုယ္၀န္ေဆာင္တဲ့အခါမွာလည္း ကိုယ္ကမ္းေျခသြားရင္ ဘယ္လိုဒီဇိုင္းမ်ိဳးေတြ စဥ္းစား၀တ္ျဖစ္သလဲ ျပန္ေတြးျပီး ဆင္ျမန္းၾကည့္လိုက္ပါ။

၅။ အလ်ားလိုက္အစင္းေတြလည္း ၀တ္ဆင္ႏိုင္ပါတယ္။
အရင္က လူေတြကိုယ့္ကိုၾကည့္လိုက္ရင္ ၀ သေယာင္ေယာင္ထင္မွတ္မွားေစတဲ့ အလ်ားလိုက္အစင္းေတြကို အျမဲေရွာင္ေနမိပါလိမ့္မယ္။ ကိုယ္၀န္ေဆာင္ခ်ိန္မွာေတာ့ ဒါေတြ သိပ္စိတ္ပူမေနပဲ ၀တ္ဆင္ႏုိင္ပါျပီ။ အဲ့ဒီလိုအစင္းေလးေတြက ကုိယ္၀န္ေဆာင္မိခင္ကို ပိုေတာင္ ခ်စ္ဖုိ႕ေကာင္းသြားပါေသးတယ္။

၆။ အဆင္တန္ဆာပိုင္းကလည္း သင့္စိတ္ၾကိဳက္ပါပဲ။
ကိုယ္၀န္နဲ႕မုိ႕လို႕ ေဒါက္သိပ္ျမင့္တာေတြ ေရွာင္ခုိင္းတတ္ၾကပါတယ္။ သက္ေတာင့္သက္သာရွိတဲ့ ဘယ္ဖိနပ္မ်ိဳးမဆုိ သင္ေရြးခ်ယ္ႏိုင္ပါတယ္။ ဖိနပ္အပါး၊ ကြင္းထုိးဖိနပ္ေတြ၊ sneaker စတဲ့ ကိုယ္ၾကိဳက္ႏွစ္သက္ရာ ဖိနပ္မ်ိဳးကို ေရြးခ်ယ္ႏိုင္တဲ့အျပင္ အျခား အဆင္တန္ဆာေတြကိုလည္း ကိုယ္၀န္နဲ႕မုိ႕ မလိုက္မွာ ဘာညာေတြးေနစရာမလိုပဲ ၾကိဳက္ရာသာ ဆင္ျမန္းလိုက္ပါ။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit ;trend myanmar

#Unicode Version

ဟိုးအရင်တုန်းက ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်ဟာ တစ်ဆက်တည်းဂါဝန်ရှည်၊ ဒါမှမဟုတ် ဗိုက်ဗူးအကျီခပ်ပွပွနဲ့ ထမီတွဲဝတ်တာကိုပဲ မြင်ဖူးခဲ့ကြပါလိမ့်တယ်။ ဒါပေမယ့် ခုနောက်ပိုင်းတော့ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ရွေးချယ်ဖို့ ဒီဇိုင်းမျိုးစုံ ဈေးကွက်ထဲမှာ ရှိနေပါပြီ။ အဲ့ဒါတွေ မရွေးချယ်ခင် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ပထမဆုံးသိထားရမှာက ကိုယ်ဝန်ဆောင်တာဟာ ခန္ဓာကိုယ်အနေအထား၊ ဝမ်းဗိုက်အနေအထား ပြောင်းလဲသွားတာမှန်ပေမယ့် ဒီလိုပြောင်းလဲသွားလို့ စိတ်ညစ်စရာမလိုပဲ ပိုတောင်ဆွဲဆောင်မှုရှိအောင် ဝတ်ဆင်နိုင်သေးတယ်ဆိုတာပါပဲ။ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ဖက်ရှင်ပိုင်းဆိုင်ရာ သိထားသင့်တဲ့ အချက် (၅) ချက်ကို ပြောပြပေးပါတော့မယ်။

၁။ အပွကြီးတွေအစား ခန္ဓာကိုယ်အတွက် သိပ်မပွတဲ့ ဒီဇိုင်းမျိုးရွေးပါ။
ကိုယ်ဝန်က ခြောက်လ၊ ခုနှစ်လရောက်လာပြီ ဆိုရင် ဝမ်းဗိုက်နေရာလေးက လုံးဝန်းပြီးထွက်နေပြီပေါ့။ ကိုယ်ဝန်ဆောင် မိခင်တွေ တော်တော်များများကတော့ ကိုယ်ဝန်ဆောင်တဲ့အခါ ခန္ဓာကိုယ်ပိုကြီးပြီး ကြည့်ရဆိုးနေမှာ စိတ်ပူကြပါတယ်။ ဒါပေမယ့် အဲ့ဒါက ဝမ်းဗိုက်နေရာပဲဆိုတာ မမေ့ပါနဲ့။ ကိုယ့်အနေနဲ့ ဟိုးအရင်က ရှေးရိုးတွေကို ဖျောက်ပြီး ခန္ဓာကိုယ်အတွက် သိပ်မပွတဲ့ တစ်ဆက်တည်း dress တွေရွေးနိုင်ပါတယ်။ ခုနောက်ပိုင်းမှာ ဗိုက်နေရာက ပူပူကို အကျီပွပွတွေနဲ့ ဖုံးမနေတော့ပဲ ဆက်စီကျကျလေး ဝတ်ဆင်လာတဲ့ မိခင်တွေ အများကြီး ဖြစ်လာပါပြီ။

၂။ အလျော့အတင်းရှိတဲ့ဘယ်လို ဘောင်းဘီမျိုးမဆို ဝတ်နိုင်ပါတယ်။
ကိုယ်က စကတ်တွေ၊ dress တွေ ဘယ်တော့မှ ဝတ်လေ့မရှိခဲ့ပဲ ကိုယ်ဝန်ဆောင်တော့မှ ဒါမျိုးတွေ ဝတ်ရတော့မှာလားဆိုပြီး စိတ်ညစ်မနေပါနဲ့။ ခါးနေရာ အလျော့အတင်းပါတဲ့ ဘယ်ဘောင်းဘီမျိုးမဆို ဝတ်နိုင်ပါတယ်။ ခုဆိုရင် ကိုယ်ဝန်ဆောင်တွေအတွက် ခါးနေရာအလျော့အတင်းပါတဲ့ ဂျင်းဘောင်းဘီဒီဇိုင်းတွေလည်း ဈေးကွက်ထဲရနေပြီလေ။

၃။ ရိုးရိုးရှင်းရှင်းတွေပဲ ကြိုက်ရင်လည်း အိုခေတာပါပဲ။
ကိုယ်ဝတ်နေကျအရောင်တွေ၊ အပွင့်အခက် ဒီဇိုင်းတွေထဲကပဲ ကိုယ်ဝန်ဆောင်အကျီ၊ dress တွေ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ကိုယ်က ဒီဇိုင်းသိပ်ဆန်းတာတွေ မကြိုက်ဘူးလား၊ ဟိုးအရင်ကလို ခပ်ပွပွဒီဇိုင်းမျိုးပဲ သွားချင်တယ်ဆိုလည်း အဆင်ပြေပါတယ်။ ဘေးပတ်ဝန်းကျင်က ကိုယ့်ကို အရောင်လွင်လေးတွေ၊ အနုလေးတွေ ဝတ်သင့်တယ်လို့ အကြံပေးပေမယ့် ကိုယ်က ကာလာအရင့်တွေပဲ သဘောကျတယ်ဆိုရင်လည်း ကိုယ့်စိတ်ထဲက ကာလာအတိုင်းဆင်မြန်းပါ။

၄။ ကမ်းခြေဖက်ရှင်ဒီဇိုင်းတွေဟာ ကိုယ်ဝန်ဆောင်တွေအတွက် ကွက်တိဖြစ်ပါတယ်။
ကမ်းခြေသွားတဲ့အခါ boho ဒီဇိုင်းတွေ၊ အပေါ်ထပ်အကျီလေးတွေ၊ ပေါင်တစ်ဝက်လောက်ရှိပြီး ကမ်းခြေမှာ တလွင့်လွင့်ဖြစ်နေမယ့် ခပ်ပွပွ ခပ်ကားကား ဒီဇိုင်းမျိုးတွေ ဆင်မြန်းကြတယ်ဟုတ်။ ကိုယ်ဝန်ဆောင်တဲ့အခါမှာလည်း ကိုယ်ကမ်းခြေသွားရင် ဘယ်လိုဒီဇိုင်းမျိုးတွေ စဉ်းစားဝတ်ဖြစ်သလဲ ပြန်တွေးပြီး ဆင်မြန်းကြည့်လိုက်ပါ။

၅။ အလျားလိုက်အစင်းတွေလည်း ဝတ်ဆင်နိုင်ပါတယ်။
အရင်က လူတွေကိုယ့်ကိုကြည့်လိုက်ရင် ၀ သယောင်ယောင်ထင်မှတ်မှားစေတဲ့ အလျားလိုက်အစင်းတွေကို အမြဲရှောင်နေမိပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်ချိန်မှာတော့ ဒါတွေ သိပ်စိတ်ပူမနေပဲ ဝတ်ဆင်နိုင်ပါပြီ။ အဲ့ဒီလိုအစင်းလေးတွေက ကိုယ်ဝန်ဆောင်မိခင်ကို ပိုတောင် ချစ်ဖို့ကောင်းသွားပါသေးတယ်။

၆။ အဆင်တန်ဆာပိုင်းကလည်း သင့်စိတ်ကြိုက်ပါပဲ။
ကိုယ်ဝန်နဲ့မို့လို့ ဒေါက်သိပ်မြင့်တာတွေ ရှောင်ခိုင်းတတ်ကြပါတယ်။ သက်တောင့်သက်သာရှိတဲ့ ဘယ်ဖိနပ်မျိုးမဆို သင်ရွေးချယ်နိုင်ပါတယ်။ ဖိနပ်အပါး၊ ကွင်းထိုးဖိနပ်တွေ၊ sneaker စတဲ့ ကိုယ်ကြိုက်နှစ်သက်ရာ ဖိနပ်မျိုးကို ရွေးချယ်နိုင်တဲ့အပြင် အခြား အဆင်တန်ဆာတွေကိုလည်း ကိုယ်ဝန်နဲ့မို့ မလိုက်မှာ ဘာညာတွေးနေစရာမလိုပဲ ကြိုက်ရာသာ ဆင်မြန်းလိုက်ပါ။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit ;trend myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top