iMyanmarHouse.com - Best Property Website for Myanmar
×

ယေန႔ ၂၁ ရာစုေခတ္ၾကီးမွာ အမ်ိဳးသမီး တစ္ကိုယ္ရည္ က်န္းမာသန္႔ရွင္းမႈအတြက္ လိုးရွင္းေတြ ၊ သန္႔စင္ ရည္ေတြ ဟာ တစ္မ်ိဳးနဲ႔တစ္မ်ိဳး မရိုးရေအာင္ အၿပိဳင္အဆိုင္ ထြက္ေပၚလို႔ လာေနပါၿပီ ။ အမ်ိဳးသမီးေတြ အတြက္ မိန္းမကိုယ္ သန္႔ရွင္းေရးေဆးေၾကာအ ရည္ေတြဟာလည္း ေစ်းကြက္ထဲမွာ အမ်ိဳးအစားစံုလင္စြာ နဲ႔ အလြယ္ တကူ ၀ယ္ယူရရွိေနႏိုင္ပါၿပီ ။ မိန္ကေလးေတြအမ်ားစု ယံုၾကည္ေန တဲ့အခ်က္ကေတာ့ တစ္ကိုယ္ ရည္သံုး လိုးရွင္းေတြသန္႔စင္ရည္ေတြ ဟာ ေကာင္းတဲ့အေလ့အက်င့္တစ္ခုၿဖစ္တယ္ သန္႔ရွင္းစင္က်ယ္ေစတဲ့ ဖက္ရွင္ (Cleaning fashion) တစ္ခုၿဖစ္တယ္ဆိုတာပါပဲ ။

ခန္႔မွန္းခ်က္အရကေတာ့ United states မွာဆိုရင္ အမ်ိဳး သမီး ၂၀ မီလီယံေလာက္ဟာ Health care lotion လို႔ေခၚတဲ့ တစ္ကိုယ္ရည္သံုး လိုးရွင္းေတြကို တခါတရံ အ သံုးၿပဳၾကၿပီး ၊ အာဖရိကနဲ႔ အာရွေတြမွာဆိုရင္ေတာ့ အသံုးမ်ားပါတယ္ ။ ဒီလိုလိုးရွင္းေတြကို အသံုးၿပဳၾက တာဟာ တကယ္ပဲ အမ်ိဳးသမီးက်န္းမာေရးကို အေထာက္အကူၿဖစ္ေစသလား ဒါမွမဟုတ္ ဆိုးက်ိဳးေတြၿဖစ္ေစ သလား ဆိုတာ ပညာရွင္ေတြြက ေဆးပညာဆိုင္ရာ ေလ့လာစမ္းသပ္မႈ Medical Research ေတြၿပဳ လုပ္ေန ၾကၿပီၿဖစ္ ပါတယ္ ။

သားအိမ္ေခါင္း ၊ သားအိမ္အတြင္းပိုင္းနဲ႔ mucosa ၊ မိန္းမကိုယ္နံရံေတြမွာရွိတဲ့ microbes လို႔ေခၚတဲ့ အဏုၾကည့္ မွန္ေၿပာင္းကိရိယာၿဖင့္သာၿမင္ႏိုင္တဲ့ပိုးမႊားေတြကို vaginal flora က ပံုမွန္အတိုင္းသဘာ၀အေလွ်ာက္ သန္ ႔စင္ေဆးေၾကာေပးပါတယ္ ။ အမ်ိဳးသမီးေတြရဲ႕သဘာ၀ vaginal flora မွာ ၿပင္ပပိုးမႊားေတြကို ကာကြယ္ တိုက္ထုတ္ႏိုင္တဲ့ လူ႔ခႏၶာကိုယ္အက်ိဳးၿပဳဘတ္တီးရီးယား lactic acid bacteria ေတြ 80 million/ml ေလာက္အထိပါ၀င္ပါတယ္ ။ သူ႔ရဲ႕ အဓိက တာ၀န္ကေတာ့ ၿပင္ပကေန ပိုးမႊားေတြ လြယ္လြယ္ ကူကူ ၀င္ေရာက္ႏုိင္ ၿခင္း ကို ကာကြယ္တားဆီးဖို႔ ၿဖစ္ၿပီး lactic acid bacteria ေတြကို Guardian of health အၿဖစ္တင္ စားေၿပာဆိုၾကပါတယ္ ။

Lactobacillus ေတြမ်ားစြာပါ၀င္တဲ့ အမ်ိဳးသမီးမိန္းမကုိယ္ထဲက ထြက္တဲ့ အရည္ေတြဟာ မိန္းမကိုယ္ကို ဘသာ၀အေလွ်ာက္ သန္႔ရွင္းစင္ ၾကယ္ေစၿခင္း ( self cleaning function) ကို လုပ္ေဆာင္ေပးပါတယ္ ။ ေလ့လာစမ္းသပ္မႈတစ္ခုရဲ႕အေၿဖအရ မ်ိဳးပြားႏိုင္စြမ္းရွိတဲ့ အသက္ ၄၀ အရြယ္အမ်ိဳး သမီးေတြ မွာ lactobacillus ၉၂.၅ ရာခိုင္ႏွုန္းပါ၀င္ၿပီး ၊ အသက္ ၆၀ အရြယ္မ်ာေတာ့ ၆၀ ရာခိုင္ႏွုန္း သာ ပါ၀င္ ပါေတာ့ တယ္ ။ ဒါေၾကာင့္ မိန္းမကိုယ္မွာ အမ်ိဳးသမီး သန္႔စင္ေဆးရည္ေတြကို ပံုမွန္အသံုးၿပဳၿခင္းဟာ Lactobacillus ပါ၀င္မႈပမာဏကို ေလ်ာ့ နည္းသြားေစႏုိင္ပါတယ္ ။

လြန္ခဲ့ေသာ ႏွစ္ေပါင္း ၃၀ က ၿပဳလုပ္ခဲ့ၾကတဲ့ အမ်ိဳးသမီး မိန္းမကိုယ္ေဆးေၾကာရည္ စမ္းသပ္မႈ (women's vaginal washing the report) အရ တစ္ပတ္ကို တစ္ၾကိမ္ေဆးေၾကာၿခင္း သို႔မဟုတ္ ဒီထက္ပို ၿပီး အၾကိမ္ အရည္ အတြက္မ်ားစြာ ေဆးေၾကာၿခင္းဟာ တင္ပဆံုအတြင္းပိုင္း ပိုးမႊား၀င္ေရာက္မႈ ( pelvic infection ) ကိုပို မ်ားေစၿခင္း ၊ ေနရာလႊဲမွား သေႏၶသား ၿပႆနာ ( ectopic pregnancy ) ကို မ်ားၿပားေစၿခင္း ၊ ပိုးမႊား ၀င္ေရာက္ေစ မႈ မ်ားၿပားေစၿခင္း စသည္တို႔ကိုေတြ႔ရွိခဲ့ရပါတယ္ ။

American Journal of Public Health မွ report အ ရ မိန္းမကိုယ္ထဲမွာ အရည္ vaginal fluid မရွိတဲ့ အမ်ိဳးသမီးေတြဟာ ပံုမွန္ မိန္းမကို္ယ္ထဲ အရည္ရိွတဲ့ အမ်ိဳးသမီးေတြထက္ Pelvic infection ၿဖစ္ပြားေစတဲ့ ႏွုန္းကို ၇၃ ရာခိုင္ႏွုန္းထိ ပိုမ်ားတယ္လို႔ သိရပါတယ္ ။ ဒါဟာ ဘာေၾကာင့္လည္းဆိုရင္ အမ်ိဳးသမီးမိန္းမကိုယ္အရည္ရဲ႕ မိမိဘာသာ သန္႔ရွင္း စင္ၾကယ္ေစၿခင္း ဆိုတဲ့ self cleaning function ပ်က္ဆီးသြားၿပီး သားအိမ္ေခါင္း ၊ သားအိမ္ ၊ fallopian tube ( သားအိမ္ႏွင့္ သားဥအိိမ္ဆက္သြယ္ထားေသာလမ္းေၾကာင္း ) စသည္တို႔မွဆင့္ ေရာဂါပိုးမႊားေတြကို ၀င္ေရာက္ေစၿပီး pelvic infection ကို ၿဖစ္ပြားေစပါတယ္ ။

လူအမ်ားစုကေတာ့ လိင္ဆက္ဆံမႈမ်ားတဲ့အမ်ိဳးသမီးေတြ ဟာ ကိုယ္၀န္ကို တားဆီးႏိုင္ဖို႔ တကိုယ္ရည္သံုး သန္႔စင္ေဆး ရည္ေတြကို သံုးစြဲၾကတယ္လို႔ မွားယြင္းယံုၾကည္ေနၾကပါတယ္ ။ ေနာက္တစ္ခုကေတာ့ အမ်ိဳးသမီး သန္႔စင္ေဆးရည္ေတြကို အသံုးၿပဳတာ ပိုးမႊား၀င္ေရာက္တာကို ကာကြယ္ႏုိင္ဖို႔ ၊ လိင္မွတဆင့္ ကူးစက္ တတ္ေသာ ေရာဂါမ်ားကို ကာကြယ္ႏုိင္ဖို႔ ၊စတဲ့ရည္ရြယ္ ခ်က္အမ်ားအေနနဲ႔သံုးစြဲၾကပါတယ္ ။ ဒါေပ မယ့္ ေဆးပညာ ေလ့လာစမ္းသပ္မႈ အေၿဖအရေတာ့ အားလံုးဟာ ဆန္႔က်င္ဖက္ေတြပါပဲ ။

အင္ဒိုနီးရွားမွ ဆရာ၀န္ေတြ ဟာ မီးမဖြားခင္ကိုယ္၀န္ေဆာင္သည္ ၅၉၉ ေယာက္ကို စမ္းသပ္ခဲ့တဲ့အခါမွာေတာ့ မိန္းမကိုယ္ သန္႔စင္ေဆးရည္ေတြကို လိင္မွတဆင့္ကူးစက္တတ္ေသာ ေရာဂါမ်ားကို ကာကြယ္ဖို႔ အတြက္ ရည္ရြယ္ ခ်က္နဲ႔သံုးစြဲေပမယ့္ တကယ္တမ္းမွာ ၿဖစ္ပြားႏုိင္မႈ risk ကိုပိုမ်ားေစပါတယ္ ။ ဒါေပမယ့္လည္း သာမန္မိန္းမ ကိုယ္ကို ေရနဲ႔ ေဆးေၾကာၿခင္းကေတာ့ အႏၱရာယ္မရွိေစပါဘူး ။ ေလ့လာမႈ ဆာေဗးေတြရဲ႕ အေၿဖအ ရေတာ့ မိန္းမကိုယ္ရဲ႕ အက္ဆစ္ဓါတ္ PH မွ် ေၿခ ပ်က္ဆီးသြားၿခင္းဟာ လိင္မွတဆင့္ ကူးစက္ တတ္ေသာ ေရာဂါ မ်ားကိုပိုမ်ားေစပါတယ္ ။ ေရကေတာ့ မိန္းမကိုယ္ရဲ႕ အက္ဆစ္မွ်ေၿခကို မေၿပာင္း လဲေစ ပါဘူး ။ ဒါ့အၿပင္ ပံုမွန္ vaginal flora ကိုလည္း မပ်က္ဆီးေစပါဘူး ။

American scholars ေတြဟာ လက္ထပ္ၿပီးသားစံုတြဲ ၈၄၈ ေယာက္ကို စမ္းသပ္ခဲ့တဲ့အခါ မိန္းမကိုယ္ သန္႔စင္ေဆး ရည္နဲ႔ သံုးစြဲၿခင္းဟာ တစ္လမွာ ကိုယ္၀န္ေဆာင္မႈ ကို ၃၀% ထိေလ်ာ့နည္းသြားေစႏိုင္ပါတယ္ ။ ဘာေၾကာင့္ လည္း ဆိုေတာ့ vaginal acidity ေၿပာင္းလဲသြားၿခင္း ၊ micro-ecological ပတ္၀န္း က်င္ ေၿပာင္းလဲ သြားၿခင္း ၊ ေရာဂါပိုးမႊားမ်ားေပါက္ဖြားၾကီးထြားရင္ သင့္ေတာ္ၿခင္း ၊ ဒါ့အၿပင္ ေရာဂါတစ္ခု ခုၿဖစ္ေစဖို႔ လည္း ဦး တည္ႏိုင္ၿပီး ေနာက္ဆံုး infertility လို႔ေခၚတဲ့ မ်ိဳးမပြားႏုိင္ၿခင္း ကိုၿဖစ္ေစႏုိင္ပါတယ္ ။ ဒါေၾကာင့္ ေယဘူ ယ်ၾကည့္ မယ္ဆိုရင္ မိန္းမကိုယ္ဟာ သူ႔ဘာသာသူ အလိုအေလ်ာက္သန္႔ေစေစၿခင္း self cleaning feature ပါရွိတဲ့ အတြက္ မိန္းမကိုယ္သန္႔စင္ေဆးရည္ေတြသံုးစြဲဖို႔ မလိုအပ္ပါဘူး ။

မိန္းမကိုယ္သန္႔စင္ေဆးရည္ေတြကို ဘယ္အခိ်န္ေတြမွာ သံုးစြဲဖို႔လိုအပ္သလဲ ?
ေရာဂါတစ္ခုခုကို ေဆးကုသဖို႔ အတြက္ ဆရာ၀န္နဲ႔ ညႊန္ၾကားခ်က္အတိုင္း သန္႔စင္ေဆးေၾကာေဆးရည္ကို လိုအပ္သလို ေရြးခ်ယ္သံုးစြဲႏုိင္ပါတယ္ ။ ေရရွည္ေတာ့မသင့္ေတာ္ပါဘူး ။ မိန္းမကိုယ္ဟာ ပိုးမႊား၀င္ၿပီး PH မွ် ေၿခ ပ်က္ေန မယ္ အနံ႔ေတြဘာေတြဆိုးရြားစြာ နံေနမယ္ဆိုရင္ေတာ့ PH Level 5 အဆင့္ရွိတဲ့ ပါ၀င္တဲ့ မိန္းမကိုယ္ သန္ ႔စင္ေဆးေၾကာရည္ေတြ ကို ေရြးခ်ယ္သံုးစြဲႏုိင္ပါတယ္ ။ ကဲဒါဆိုရင္ မိန္းမကိုယ္မွ ထြက္တဲ့အရည္ Vaginal discharge အေၾကာင္းကို အနည္းငယ္ေလ့လာၾကည့္ရေအာင္ ။ မ်ိဳးပြားႏုိင္တဲ့အသက္ အရြယ္ေတြၿဖစ္ တဲ့ အသက္ ၁၆ ႏွစ္မွ ၄၅ ႏွစ္အတြင္းမွာ ပံုမွန္ မိန္းမကိုယ္ထဲက vaginal discharge ေတြဆင္းေလ့ရွိပါတယ္ ။

ပမာဏ ၊ အေရာင္ ပါ၀င္မႈနဲ႔ အနံ႔ ေတြေၿပာင္းလဲသြားတဲ့အခါမွာေတာ့ ဒါဟာ ေရာဂါတစ္ခု ၿဖစ္ႏုိင္ပါၿပီ ။ ဒီလိုေၿပာင္း လဲၿခင္းဟာ internal factors ေတြၿဖစ္တဲ့ ေဟာ္မုန္းေၿပာင္းလဲၿခင္း ၊ စိတ္ဖိစီးမႈ မ်ားၿခင္း စ တာေတြေၾကာင့္ ၿဖစ္ႏိုင္သလို external factors ေတြၿဖစ္တဲ့ ပိုး၀င္ၿခင္း ၊ တစ္ကိုယ္ရည္သန္႔ရွင္းမႈ အားနည္းၿခင္း စတာေတြေၾကာင့္လည္း ၿဖစ္ႏုိင္ပါတယ္ ။

မိန္းမကိုယ္ထဲမွ ထြက္တဲ့အရည္ဟာ အစိမ္းေရာင္ဖက္သမ္းေနၿပီး အနံဆိုးေတြလည္းရွီမယ္ ပမာဏကလည္း နည္းလိုက္မ်ား လိုက္ၿဖစ္မယ္ ဆိုရင္ေတာ့ ဒါဟာ vaginitis လို႔ေခၚတဲ့ မိန္းမကိုယ္ေရာင္ရမ္းၿခင္းၿဖစ္ႏိုင္ပါတယ္ ။ Vaginal Discharge ရဲ႕ လကၡဏာေတြကေတာ့
- ယားယံၿခင္း
- အနီကြက္မ်ားထြက္ၿခင္း
- တင္ပဆံုရိုးအတြင္းပိုင္းနာၿခင္း
- အနံဆိုးရြားၿခင္း
- ဆီးသြားစဥ္ နာက်င္ၿခင္း ပူၿခင္း
- အဖ်ားတတ္ၿခင္း
- ၾကြက္ႏို႔ကဲ့သို႔ အဖုေလးမ်ားေပါက္ၿခင္း
- ရာသီမဟုတ္ေသာ မူမမွန္ေသြးဆင္းၿခင္း စသည္တို႔ ၿဖစ္ပါတယ္ ။
မိန္းမကိုယ္ထဲ ပိုးမ၀င္ေအာင္ ေအာက္ပါအခ်က္မ်ားကို လိုက္နာၿခင္းအားၿဖင့္ ကာကြယ္ႏိုင္ပါတယ္ ။

၁ ။ သင္ဟာ diaphragm လို႔ေခၚတဲ့ အမ်ိဳးသမီးသံုးကြန္ဒံုး ၊ သုတ္ပိုးသတ္ေသာ ဆပ္ၿပာသို႔မဟုတ္ ဂ်ယ္လီ ဒါမွမဟုတ္ ကြန္ဒံုး တစ္ခုခု သံုးစြဲတဲ့အတြက္ မိန္းမကိုယ္ထဲ ခဏခဏပိုး၀င္ေနၿပီဆိုရင္ေတာ့ သင့္ဆရာ၀န္ နဲ႔တိုင္ပင္ၿပီး သားဆက္ၿခားနည္းလမ္း Birth control options ေတြကို ၿပန္လည္ေဆြးေႏြးဖို႔ လိုေနပါၿပီ ။
၂ ။ အိမ္သာတက္ၿပီးတဲ့အခါတိုင္းေဆးေၾကာတဲ့အခါ အေရွ႔မွ အေနာက္သို႔သာ ေဆးေၾကာပါ ။ သို႔မွသာ စအိုအတြင္းမွ ပိုးမႊားမ်ား မိန္းမကိုယ္အတြင္းသို႔ ၀င္ေရာက္ၿခင္းကို တားဆီးေပးႏုိင္မွာပါ ။
၃ ။ မိန္းမကိုယ္တစ္၀ွိဳက္ကို ေရသန္႔ သို႔မဟုတ္ အနံ႔မပါတဲ့ ဆပ္ၿပာေပ်ာ့ေပ်ာ့နဲ႔ တစ္ေန တစ္ၾကိမ္ေလာက္ေဆးေၾကာေပး ဖို႔လိုပါတယ္ ။ ေရခ်ိဳးခန္းသံုးဆပ္ၿပာမသံုးပါနဲ႔ ။ ေသခ်ာေဆး ေၾကာၿပီး ေၿခာက္ေသြ ႔ေအာင္ သုတ္ပါ ။

၄ ။ ေသြးဆင္းခ်ိန္ကာလအတြင္း မွာ tempons ကို တစ္ေန႔ သံုးၾကိမ္အနည္းဆံုးလဲပါ ။ သင့္ရဲ႕ ကာလၿပီး ဆံုးသြားရင္ ေနာက္ဆံုးအသံုးၿပဳတဲ့ tampon ကို စြန္႔ပစ္ဖို႔ မေမ့ပါနဲ႔ ။
၅ ။ တင္းက်ပ္ တဲ့အ၀တ္အစားေတြကို ၀တ္ၿခင္းကို တတ္ႏိုင္သမွ်ေရွာင္ပါ ။ cotton underwear ကို သာ၀တ္ ဆင္ပါ ။ Cotton underwear နဲ႔ ေခ်ာင္ခ်ိတဲ့ အ၀တ္အစားေတြဟာ သင့္ရဲ႕ မိန္းမကိုယ္ေနရာကို yeast cell ေတြ ၾကီးထြားခိုေအာင္းေစတဲ့ ပူေႏြးစြတ္စိုၿခင္းမွ ကာကြယ္တားဆီးေပးပါတယ္ ။ အက်ပ္ေတြ ၀တ္ဆင္ၿခင္း ဟာလည္း အေရၿပားကို မသက္မသာၿဖစ္ေစၿပီး rash ေတြထြက္ေပၚေစပါတယ္ ။
၆ ။ စပေရးေတြနဲ႔တၿခားအေမႊးနံ႔ေတြပါတဲ့ အရာေတြကို သံုးစြဲၿခင္းကို ေရွာင္က်ဥ္ပါ ။ ဒါေတြဟာ အေရၿပားမွာ irritation ၿဖစ္ေပၚေစၿပီး အလာ့ဂ်စ္ (ဓါတ္မတည့္ၿခင္း )ေတြၿဖစ္ေစပါတယ္ ။

၇ ။ သင္ဟာ လိင္ဆက္ဆံမႈမ်ားတဲ့ multiple sex partners ရွိတယ္ဆိုရင္ေတာ့ ကြန္ဒံုးလည္းမသံုးဘူးဆိုရင္ STD လို႔ေခၚတဲ့ လိင္မွတဆင့္ကူးစက္တတ္ေသာ ေရာဂါမ်ားၿဖစ္ေစႏိုင္ပါတယ္ ။ မိန္းမကိုယ္ ထဲပိုး၀င္ဖို႔ လည္းလြယ္ကူပါတယ္ ။
၈ ။ အမ်ိဳးသားနဲ႔အတူေနၿပီးတဲ့အခါမွာလည္း ဆီးသြားပါ ။ ၿပီးတဲ့အခါမိန္းမ ကိုယ္ေနရာကို ေရေအးေအး နဲ႔ ေဆးေၾကာေပးဖို႔လိုပါတယ္ ။
၉ ။ စက္ဘီးစီးၿခင္း ၊ ၿမင္းစီးၿခင္းစတာေတြဟာ မိန္းမကိုယ္ကို ထိခိုက္ေစႏိုင္တဲ့အတြက္ အကန္႔အသတ္ၿဖင့္သာ ၿပဳလုပ္ သင့္ပါတယ္ ။
၁၀ ။ သင့္မွာ ဆီးခ်ိဳေသြးခ်ိဳေရာဂါရွိတယ္ဆိုရင္လည္း ေသြးတြင္းသၾကားဓါတ္ကို ေကာင္းစြာ ထိမ္းထား ဖို႔လို ပါတယ္ ။

လိုအပ္မယ္ဆိုရင္ေတာပိုးေသာက္ေဆးေသာက္သင့္ၿပီး မလိုအပ္ပဲ ပိုးသတ္ေဆးေသာက္ ၿခင္းကို ေရွာင္ရွား ရပါမယ္ ။ ဆရာ၀န္နဲ႔ေသခ်ာၿပသၿပီး သင့္ရဲ႕ေရာဂါရာဇ၀င္က အစ ေသခ်ာစမ္းသပ္စစ္ေဆးကာ ကုသမႈ ခံယူဖို႔လို အပ္ပါတယ္ ။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:mwd

Unicode Version

ယနေ့ ၂၁ ရာစုခေတ်ကြီးမှာ အမျိုးသမီး တစ်ကိုယ်ရည် ကျန်းမာသန့်ရှင်းမှုအတွက် လိုးရှင်းတွေ ၊ သန့်စင် ရည်တွေ ဟာ တစ်မျိုးနဲ့တစ်မျိုး မရိုးရအောင် အပြိုင်အဆိုင် ထွက်ပေါ်လို့ လာနေပါပြီ ။ အမျိုးသမီးတွေ အတွက် မိန်းမကိုယ် သန့်ရှင်းရေးဆေးကြောအ ရည်တွေဟာလည်း ဈေးကွက်ထဲမှာ အမျိုးအစားစုံလင်စွာ နဲ့ အလွယ် တကူ ဝယ်ယူရရှိနေနိုင်ပါပြီ ။ မိန်ကလေးတွေအများစု ယုံကြည်နေ တဲ့အချက်ကတော့ တစ်ကိုယ် ရည်သုံး လိုးရှင်းတွေသန့်စင်ရည်တွေ ဟာ ကောင်းတဲ့အလေ့အကျင့်တစ်ခုဖြစ်တယ် သန့်ရှင်းစင်ကျယ်စေတဲ့ ဖက်ရှင် (Cleaning fashion) တစ်ခုဖြစ်တယ်ဆိုတာပါပဲ ။


ခန့်မှန်းချက်အရကတော့ United states မှာဆိုရင် အမျိုး သမီး ၂၀ မီလီယံလောက်ဟာ Health care lotion လို့ခေါ်တဲ့ တစ်ကိုယ်ရည်သုံး လိုးရှင်းတွေကို တခါတရံ အ သုံးပြုကြပြီး ၊ အာဖရိကနဲ့ အာရှတွေမှာဆိုရင်တော့ အသုံးများပါတယ် ။ ဒီလိုလိုးရှင်းတွေကို အသုံးပြုကြ တာဟာ တကယ်ပဲ အမျိုးသမီးကျန်းမာရေးကို အထောက်အကူဖြစ်စေသလား ဒါမှမဟုတ် ဆိုးကျိုးတွေဖြစ်စေ သလား ဆိုတာ ပညာရှင်တွေက ဆေးပညာဆိုင်ရာ လေ့လာစမ်းသပ်မှု Medical Research တွေပြု လုပ်နေ ကြပြီဖြစ် ပါတယ် ။

သားအိမ်ခေါင်း ၊ သားအိမ်အတွင်းပိုင်းနဲ့ mucosa ၊ မိန်းမကိုယ်နံရံတွေမှာရှိတဲ့ microbes လို့ခေါ်တဲ့ အဏုကြည့် မှန်ပြောင်းကိရိယာဖြင့်သာမြင်နိုင်တဲ့ပိုးမွှားတွေကို vaginal flora က ပုံမှန်အတိုင်းသဘာဝအလျှောက် သန့်စင်ဆေးကြောပေးပါတယ် ။ အမျိုးသမီးတွေရဲ့သဘာ၀ vaginal flora မှာ ပြင်ပပိုးမွှားတွေကို ကာကွယ် တိုက်ထုတ်နိုင်တဲ့ လူ့ခန္ဓာကိုယ်အကျိုးပြုဘတ်တီးရီးယား lactic acid bacteria တွေ 80 million/ml လောက်အထိပါဝင်ပါတယ် ။ သူ့ရဲ့ အဓိက တာဝန်ကတော့ ပြင်ပကနေ ပိုးမွှားတွေ လွယ်လွယ် ကူကူ ဝင်ရောက်နိုင် ခြင်း ကို ကာကွယ်တားဆီးဖို့ ဖြစ်ပြီး lactic acid bacteria တွေကို Guardian of health အဖြစ်တင် စားပြောဆိုကြပါတယ် ။

Lactobacillus တွေများစွာပါဝင်တဲ့ အမျိုးသမီးမိန်းမကိုယ်ထဲက ထွက်တဲ့ အရည်တွေဟာ မိန်းမကိုယ်ကို ဘသာဝအလျှောက် သန့်ရှင်းစင် ကြယ်စေခြင်း ( self cleaning function) ကို လုပ်ဆောင်ပေးပါတယ် ။ လေ့လာစမ်းသပ်မှုတစ်ခုရဲ့အဖြေအရ မျိုးပွားနိုင်စွမ်းရှိတဲ့ အသက် ၄၀ အရွယ်အမျိုး သမီးတွေ မှာ lactobacillus ၉၂.၅ ရာခိုင်နှုန်းပါဝင်ပြီး ၊ အသက် ၆၀ အရွယ်မျာတော့ ၆၀ ရာခိုင်နှုန်း သာ ပါဝင် ပါတော့ တယ် ။ ဒါကြောင့် မိန်းမကိုယ်မှာ အမျိုးသမီး သန့်စင်ဆေးရည်တွေကို ပုံမှန်အသုံးပြုခြင်းဟာ Lactobacillus ပါဝင်မှုပမာဏကို လျော့ နည်းသွားစေနိုင်ပါတယ် ။

လွန်ခဲ့သော နှစ်ပေါင်း ၃၀ က ပြုလုပ်ခဲ့ကြတဲ့ အမျိုးသမီး မိန်းမကိုယ်ဆေးကြောရည် စမ်းသပ်မှု (women's vaginal washing the report) အရ တစ်ပတ်ကို တစ်ကြိမ်ဆေးကြောခြင်း သို့မဟုတ် ဒီထက်ပို ပြီး အကြိမ် အရည် အတွက်များစွာ ဆေးကြောခြင်းဟာ တင်ပဆုံအတွင်းပိုင်း ပိုးမွှားဝင်ရောက်မှု ( pelvic infection ) ကိုပို များစေခြင်း ၊ နေရာလွှဲမှား သန္ဓေသား ပြဿနာ ( ectopic pregnancy ) ကို များပြားစေခြင်း ၊ ပိုးမွှား ဝင်ရောက်စေ မှု များပြားစေခြင်း စသည်တို့ကိုတွေ့ရှိခဲ့ရပါတယ် ။

American Journal of Public Health မှ report အ ရ မိန်းမကိုယ်ထဲမှာ အရည် vaginal fluid မရှိတဲ့ အမျိုးသမီးတွေဟာ ပုံမှန် မိန်းမကိုယ်ထဲ အရည်ရှိတဲ့ အမျိုးသမီးတွေထက် Pelvic infection ဖြစ်ပွားစေတဲ့ နှုန်းကို ၇၃ ရာခိုင်နှုန်းထိ ပိုများတယ်လို့ သိရပါတယ် ။ ဒါဟာ ဘာကြောင့်လည်းဆိုရင် အမျိုးသမီးမိန်းမကိုယ်အရည်ရဲ့ မိမိဘာသာ သန့်ရှင်း စင်ကြယ်စေခြင်း ဆိုတဲ့ self cleaning function ပျက်ဆီးသွားပြီး သားအိမ်ခေါင်း ၊ သားအိမ် ၊ fallopian tube ( သားအိမ်နှင့် သားဥအိမ်ဆက်သွယ်ထားသောလမ်းကြောင်း ) စသည်တို့မှဆင့် ရောဂါပိုးမွှားတွေကို ဝင်ရောက်စေပြီး pelvic infection ကို ဖြစ်ပွားစေပါတယ် ။

လူအများစုကတော့ လိင်ဆက်ဆံမှုများတဲ့အမျိုးသမီးတွေ ဟာ ကိုယ်ဝန်ကို တားဆီးနိုင်ဖို့ တကိုယ်ရည်သုံး သန့်စင်ဆေး ရည်တွေကို သုံးစွဲကြတယ်လို့ မှားယွင်းယုံကြည်နေကြပါတယ် ။ နောက်တစ်ခုကတော့ အမျိုးသမီး သန့်စင်ဆေးရည်တွေကို အသုံးပြုတာ ပိုးမွှားဝင်ရောက်တာကို ကာကွယ်နိုင်ဖို့ ၊ လိင်မှတဆင့် ကူးစက် တတ်သော ရောဂါများကို ကာကွယ်နိုင်ဖို့ ၊စတဲ့ရည်ရွယ် ချက်အများအနေနဲ့သုံးစွဲကြပါတယ် ။ ဒါပေ မယ့် ဆေးပညာ လေ့လာစမ်းသပ်မှု အဖြေအရတော့ အားလုံးဟာ ဆန့်ကျင်ဖက်တွေပါပဲ ။

အင်ဒိုနီးရှားမှ ဆရာဝန်တွေ ဟာ မီးမဖွားခင်ကိုယ်ဝန်ဆောင်သည် ၅၉၉ ယောက်ကို စမ်းသပ်ခဲ့တဲ့အခါမှာတော့ မိန်းမကိုယ် သန့်စင်ဆေးရည်တွေကို လိင်မှတဆင့်ကူးစက်တတ်သော ရောဂါများကို ကာကွယ်ဖို့ အတွက် ရည်ရွယ် ချက်နဲ့သုံးစွဲပေမယ့် တကယ်တမ်းမှာ ဖြစ်ပွားနိုင်မှု risk ကိုပိုများစေပါတယ် ။ ဒါပေမယ့်လည်း သာမန်မိန်းမ ကိုယ်ကို ရေနဲ့ ဆေးကြောခြင်းကတော့ အန္တရာယ်မရှိစေပါဘူး ။ လေ့လာမှု ဆာဗေးတွေရဲ့ အဖြေအ ရတော့ မိန်းမကိုယ်ရဲ့ အက်ဆစ်ဓါတ် PH မျှ ခြေ ပျက်ဆီးသွားခြင်းဟာ လိင်မှတဆင့် ကူးစက် တတ်သော ရောဂါ များကိုပိုများစေပါတယ် ။ ရေကတော့ မိန်းမကိုယ်ရဲ့ အက်ဆစ်မျှခြေကို မပြောင်း လဲစေ ပါဘူး ။ ဒါ့အပြင် ပုံမှန် vaginal flora ကိုလည်း မပျက်ဆီးစေပါဘူး ။

American scholars တွေဟာ လက်ထပ်ပြီးသားစုံတွဲ ၈၄၈ ယောက်ကို စမ်းသပ်ခဲ့တဲ့အခါ မိန်းမကိုယ် သန့်စင်ဆေး ရည်နဲ့ သုံးစွဲခြင်းဟာ တစ်လမှာ ကိုယ်ဝန်ဆောင်မှု ကို ၃၀% ထိလျော့နည်းသွားစေနိုင်ပါတယ် ။ ဘာကြောင့် လည်း ဆိုတော့ vaginal acidity ပြောင်းလဲသွားခြင်း ၊ micro-ecological ပတ်ဝန်း ကျင် ပြောင်းလဲ သွားခြင်း ၊ ရောဂါပိုးမွှားများပေါက်ဖွားကြီးထွားရင် သင့်တော်ခြင်း ၊ ဒါ့အပြင် ရောဂါတစ်ခု ခုဖြစ်စေဖို့ လည်း ဦး တည်နိုင်ပြီး နောက်ဆုံး infertility လို့ခေါ်တဲ့ မျိုးမပွားနိုင်ခြင်း ကိုဖြစ်စေနိုင်ပါတယ် ။ ဒါကြောင့် ယေဘူ ယျကြည့် မယ်ဆိုရင် မိန်းမကိုယ်ဟာ သူ့ဘာသာသူ အလိုအလျောက်သန့်စေစေခြင်း self cleaning feature ပါရှိတဲ့ အတွက် မိန်းမကိုယ်သန့်စင်ဆေးရည်တွေသုံးစွဲဖို့ မလိုအပ်ပါဘူး ။

မိန်းမကိုယ်သန့်စင်ဆေးရည်တွေကို ဘယ်အချိန်တွေမှာ သုံးစွဲဖို့လိုအပ်သလဲ ?
ရောဂါတစ်ခုခုကို ဆေးကုသဖို့ အတွက် ဆရာဝန်နဲ့ ညွှန်ကြားချက်အတိုင်း သန့်စင်ဆေးကြောဆေးရည်ကို လိုအပ်သလို ရွေးချယ်သုံးစွဲနိုင်ပါတယ် ။ ရေရှည်တော့မသင့်တော်ပါဘူး ။ မိန်းမကိုယ်ဟာ ပိုးမွှားဝင်ပြီး PH မျှ ခြေ ပျက်နေ မယ် အနံ့တွေဘာတွေဆိုးရွားစွာ နံနေမယ်ဆိုရင်တော့ PH Level 5 အဆင့်ရှိတဲ့ ပါဝင်တဲ့ မိန်းမကိုယ် သန့်စင်ဆေးကြောရည်တွေ ကို ရွေးချယ်သုံးစွဲနိုင်ပါတယ် ။ ကဲဒါဆိုရင် မိန်းမကိုယ်မှ ထွက်တဲ့အရည် Vaginal discharge အကြောင်းကို အနည်းငယ်လေ့လာကြည့်ရအောင် ။ မျိုးပွားနိုင်တဲ့အသက် အရွယ်တွေဖြစ် တဲ့ အသက် ၁၆ နှစ်မှ ၄၅ နှစ်အတွင်းမှာ ပုံမှန် မိန်းမကိုယ်ထဲက vaginal discharge တွေဆင်းလေ့ရှိပါတယ် ။

ပမာဏ ၊ အရောင် ပါဝင်မှုနဲ့ အနံ့ တွေပြောင်းလဲသွားတဲ့အခါမှာတော့ ဒါဟာ ရောဂါတစ်ခု ဖြစ်နိုင်ပါပြီ ။ ဒီလိုပြောင်း လဲခြင်းဟာ internal factors တွေဖြစ်တဲ့ ဟော်မုန်းပြောင်းလဲခြင်း ၊ စိတ်ဖိစီးမှု များခြင်း စ တာတွေကြောင့် ဖြစ်နိုင်သလို external factors တွေဖြစ်တဲ့ ပိုးဝင်ခြင်း ၊ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်း စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ် ။

မိန်းမကိုယ်ထဲမှ ထွက်တဲ့အရည်ဟာ အစိမ်းရောင်ဖက်သမ်းနေပြီး အနံဆိုးတွေလည်းရှီမယ် ပမာဏကလည်း နည်းလိုက်များ လိုက်ဖြစ်မယ် ဆိုရင်တော့ ဒါဟာ vaginitis လို့ခေါ်တဲ့ မိန်းမကိုယ်ရောင်ရမ်းခြင်းဖြစ်နိုင်ပါတယ် ။ Vaginal Discharge ရဲ့ လက္ခဏာတွေကတော့
- ယားယံခြင်း
- အနီကွက်များထွက်ခြင်း
- တင်ပဆုံရိုးအတွင်းပိုင်းနာခြင်း
- အနံဆိုးရွားခြင်း
- ဆီးသွားစဉ် နာကျင်ခြင်း ပူခြင်း
- အဖျားတတ်ခြင်း
- ကြွက်နို့ကဲ့သို့ အဖုလေးများပေါက်ခြင်း
- ရာသီမဟုတ်သော မူမမှန်သွေးဆင်းခြင်း စသည်တို့ ဖြစ်ပါတယ် ။
မိန်းမကိုယ်ထဲ ပိုးမဝင်အောင် အောက်ပါအချက်များကို လိုက်နာခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ် ။

၁ ။ သင်ဟာ diaphragm လို့ခေါ်တဲ့ အမျိုးသမီးသုံးကွန်ဒုံး ၊ သုတ်ပိုးသတ်သော ဆပ်ပြာသို့မဟုတ် ဂျယ်လီ ဒါမှမဟုတ် ကွန်ဒုံး တစ်ခုခု သုံးစွဲတဲ့အတွက် မိန်းမကိုယ်ထဲ ခဏခဏပိုးဝင်နေပြီဆိုရင်တော့ သင့်ဆရာဝန် နဲ့တိုင်ပင်ပြီး သားဆက်ခြားနည်းလမ်း Birth control options တွေကို ပြန်လည်ဆွေးနွေးဖို့ လိုနေပါပြီ ။
၂ ။ အိမ်သာတက်ပြီးတဲ့အခါတိုင်းဆေးကြောတဲ့အခါ အရှေ့မှ အနောက်သို့သာ ဆေးကြောပါ ။ သို့မှသာ စအိုအတွင်းမှ ပိုးမွှားများ မိန်းမကိုယ်အတွင်းသို့ ဝင်ရောက်ခြင်းကို တားဆီးပေးနိုင်မှာပါ ။
၃ ။ မိန်းမကိုယ်တစ်ဝှိုက်ကို ရေသန့် သို့မဟုတ် အနံ့မပါတဲ့ ဆပ်ပြာပျော့ပျော့နဲ့ တစ်နေ တစ်ကြိမ်လောက်ဆေးကြောပေး ဖို့လိုပါတယ် ။ ရေချိုးခန်းသုံးဆပ်ပြာမသုံးပါနဲ့ ။ သေချာဆေး ကြောပြီး ခြောက်သွေ့အောင် သုတ်ပါ ။

၄ ။ သွေးဆင်းချိန်ကာလအတွင်း မှာ tempons ကို တစ်နေ့ သုံးကြိမ်အနည်းဆုံးလဲပါ ။ သင့်ရဲ့ ကာလပြီး ဆုံးသွားရင် နောက်ဆုံးအသုံးပြုတဲ့ tampon ကို စွန့်ပစ်ဖို့ မမေ့ပါနဲ့ ။
၅ ။ တင်းကျပ် တဲ့အဝတ်အစားတွေကို ဝတ်ခြင်းကို တတ်နိုင်သမျှရှောင်ပါ ။ cotton underwear ကို သာဝတ် ဆင်ပါ ။ Cotton underwear နဲ့ ချောင်ချိတဲ့ အဝတ်အစားတွေဟာ သင့်ရဲ့ မိန်းမကိုယ်နေရာကို yeast cell တွေ ကြီးထွားခိုအောင်းစေတဲ့ ပူနွေးစွတ်စိုခြင်းမှ ကာကွယ်တားဆီးပေးပါတယ် ။ အကျပ်တွေ ဝတ်ဆင်ခြင်း ဟာလည်း အရေပြားကို မသက်မသာဖြစ်စေပြီး rash တွေထွက်ပေါ်စေပါတယ် ။
၆ ။ စပရေးတွေနဲ့တခြားအမွှေးနံ့တွေပါတဲ့ အရာတွေကို သုံးစွဲခြင်းကို ရှောင်ကျဉ်ပါ ။ ဒါတွေဟာ အရေပြားမှာ irritation ဖြစ်ပေါ်စေပြီး အလာ့ဂျစ် (ဓါတ်မတည့်ခြင်း )တွေဖြစ်စေပါတယ် ။

၇ ။ သင်ဟာ လိင်ဆက်ဆံမှုများတဲ့ multiple sex partners ရှိတယ်ဆိုရင်တော့ ကွန်ဒုံးလည်းမသုံးဘူးဆိုရင် STD လို့ခေါ်တဲ့ လိင်မှတဆင့်ကူးစက်တတ်သော ရောဂါများဖြစ်စေနိုင်ပါတယ် ။ မိန်းမကိုယ် ထဲပိုးဝင်ဖို့ လည်းလွယ်ကူပါတယ် ။
၈ ။ အမျိုးသားနဲ့အတူနေပြီးတဲ့အခါမှာလည်း ဆီးသွားပါ ။ ပြီးတဲ့အခါမိန်းမ ကိုယ်နေရာကို ရေအေးအေး နဲ့ ဆေးကြောပေးဖို့လိုပါတယ် ။
၉ ။ စက်ဘီးစီးခြင်း ၊ မြင်းစီးခြင်းစတာတွေဟာ မိန်းမကိုယ်ကို ထိခိုက်စေနိုင်တဲ့အတွက် အကန့်အသတ်ဖြင့်သာ ပြုလုပ် သင့်ပါတယ် ။
၁၀ ။ သင့်မှာ ဆီးချိုသွေးချိုရောဂါရှိတယ်ဆိုရင်လည်း သွေးတွင်းသကြားဓါတ်ကို ကောင်းစွာ ထိမ်းထား ဖို့လို ပါတယ် ။

လိုအပ်မယ်ဆိုရင်တောပိုးသောက်ဆေးသောက်သင့်ပြီး မလိုအပ်ပဲ ပိုးသတ်ဆေးသောက် ခြင်းကို ရှောင်ရှား ရပါမယ် ။ ဆရာဝန်နဲ့သေချာပြသပြီး သင့်ရဲ့ရောဂါရာဇဝင်က အစ သေချာစမ်းသပ်စစ်ဆေးကာ ကုသမှု ခံယူဖို့လို အပ်ပါတယ် ။
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:mwd
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top