iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္ၿခံဝင္းထဲမွာ လြယ္လြယ္ကူကူ စုိက္ပ်ိဳးထားလို႔ရတဲ့ ကန္စြန္းႀကီး ပင္ (ကန္စြန္းဥပင္)ရဲ႕ အရြက္ဟာ အာဟာရဓာတ္ႂကြယ္ဝတဲ့အ တြက္ ေန႔စဥ္စားေသာက္မႈထဲမွာ ထည့္သြင္းစားေပးဖို႔ ပညာရွင္ ေတြက အႀကံျပဳထားပါတယ္။ ဘယ္လိုေကာင္းက်ိဳးေတြေၾကာင့္ လဲဆုိရင္-

ႏွလံုးက်န္းမာေရးေကာင္းေစျခင္း

ကန္စြန္းဥပင္ရဲ႕ အရြက္ (ကန္စြန္းႀကီးရြက္)မွာ ဗီတာမင္ ေကႂကြယ္ဝတဲ့အတြက္ ေသြး လည္ပတ္မႈေကာင္းေစကာ ႏွလံုး ေသြးေၾကာပိတ္ျခင္းမွ ကာကြယ္ ေပးတဲ့အတြက္ ႏွလံုးက်န္းမာေရး အတြက္ အေကာင္းဆံုးပါပဲ။

အ႐ိုးသန္မာေစျခင္း

ဗီတာမင္ေကက အ႐ိုးကို လည္း သန္စြမ္းက်န္မာေစတဲ့အ တြက္ အ႐ိုးပြေရာဂါကို ကာကြယ္ ၿပီးသားျဖစ္ေစပါတယ္။

အျမင္အာ႐ံုေကာင္းေစျခင္း

ဗီတာမင္ေကအျပင္ ဗီတာ မင္ေအလည္း ႂကြယ္ဝတဲ့အတြက္ အျမင္အာ႐ံုဆိုင္ရာ ျပႆနာေတြ မျဖစ္ေအာင္ ကာကြယ္ေပးႏုိင္ သလို အသားအေရကိုလည္း စို ျပည္ေစကာ ဆံသားနဲ႔ လက္သည္း၊ ေျခသည္းေတြကိုလည္း သန္စြမ္းက်န္းမာေစပါတယ္။

ေရာင္ရမ္းမႈမ်ား ေပ်ာက္ကင္းေစ ျခင္း

ထိခိုက္ျပတ္ရွဒဏ္ရာကို ေရာဂါပိုးဝင္ၿပီး ေရာင္ရမ္းရင္ပဲ ျဖစ္ျဖစ္၊ ႏွလံုးေရာဂါ၊ ေသြးခ်ိဳ၊ ဆီးခ်ိဳ၊ အဝလြန္ေရာဂါ၊ အ႐ိုးပြ ေရာဂါနဲ႔ ကင္ဆာေရာဂါ၊ အယ္လ္ဇိုင္းမားေရာဂါ၊ ပါကင္ဆန္ေရာဂါ ေတြေၾကာင့္ ေရာင္ရမ္းေနတာ ေတြကိုလည္း ကန္စြန္းႀကီးရြက္ စားေပးရင္ သက္သာေစတယ္လို႔ ဆုိပါတယ္။

ဝမ္းမွန္ေစျခင္း

ကန္စြန္းႀကီးရြက္မွာ အမွ်င္ ဓာတ္ႂကြယ္ဝတဲ့အတြက္ အစာ ေခ်ဖ်က္မႈစနစ္ကို ေထာက္ကူေပး တဲ့အတြက္ ဝမ္းဗိုက္ဆုိင္ရာ ျပႆနာေတြ၊ လိပ္ေခါင္းေရာဂါ နဲ႔ အူလမ္းေၾကာင္းဆုိင္ရာ ေရာဂါ ေတြကို သက္သာေပ်ာက္ကင္းေစ တယ္လို႔ သိရပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : 7day daily

#Unicode Version

အိမ်ခြံဝင်းထဲမှာ လွယ်လွယ်ကူကူ စိုက်ပျိုးထားလို့ရတဲ့ ကန်စွန်းကြီး ပင် (ကန်စွန်းဥပင်)ရဲ့ အရွက်ဟာ အာဟာရဓာတ်ကြွယ်ဝတဲ့အ တွက် နေ့စဉ်စားသောက်မှုထဲမှာ ထည့်သွင်းစားပေးဖို့ ပညာရှင် တွေက အကြံပြုထားပါတယ်။ ဘယ်လိုကောင်းကျိုးတွေကြောင့် လဲဆိုရင်-

နှလုံးကျန်းမာရေးကောင်းစေခြင်း

ကန်စွန်းဥပင်ရဲ့ အရွက် (ကန်စွန်းကြီးရွက်)မှာ ဗီတာမင် ကေကြွယ်ဝတဲ့အတွက် သွေး လည်ပတ်မှုကောင်းစေကာ နှလုံး သွေးကြောပိတ်ခြင်းမှ ကာကွယ် ပေးတဲ့အတွက် နှလုံးကျန်းမာရေး အတွက် အကောင်းဆုံးပါပဲ။

အရိုးသန်မာစေခြင်း

ဗီတာမင်ကေက အရိုးကို လည်း သန်စွမ်းကျန်မာစေတဲ့အ တွက် အရိုးပွရောဂါကို ကာကွယ် ပြီးသားဖြစ်စေပါတယ်။

အမြင်အာရုံကောင်းစေခြင်း

ဗီတာမင်ကေအပြင် ဗီတာ မင်အေလည်း ကြွယ်ဝတဲ့အတွက် အမြင်အာရုံဆိုင်ရာ ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင် သလို အသားအရေကိုလည်း စို ပြည်စေကာ ဆံသားနဲ့ လက်သည်း၊ ခြေသည်းတွေကိုလည်း သန်စွမ်းကျန်းမာစေပါတယ်။

ရောင်ရမ်းမှုများ ပျောက်ကင်းစေ ခြင်း

ထိခိုက်ပြတ်ရှဒဏ်ရာကို ရောဂါပိုးဝင်ပြီး ရောင်ရမ်းရင်ပဲ ဖြစ်ဖြစ်၊ နှလုံးရောဂါ၊ သွေးချို၊ ဆီးချို၊ အဝလွန်ရောဂါ၊ အရိုးပွ ရောဂါနဲ့ ကင်ဆာရောဂါ၊ အယ်လ်ဇိုင်းမားရောဂါ၊ ပါကင်ဆန်ရောဂါ တွေကြောင့် ရောင်ရမ်းနေတာ တွေကိုလည်း ကန်စွန်းကြီးရွက် စားပေးရင် သက်သာစေတယ်လို့ ဆိုပါတယ်။

ဝမ်းမှန်စေခြင်း

ကန်စွန်းကြီးရွက်မှာ အမျှင် ဓာတ်ကြွယ်ဝတဲ့အတွက် အစာ ချေဖျက်မှုစနစ်ကို ထောက်ကူပေး တဲ့အတွက် ဝမ်းဗိုက်ဆိုင်ရာ ပြဿနာတွေ၊ လိပ်ခေါင်းရောဂါ နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါ တွေကို သက်သာပျောက်ကင်းစေ တယ်လို့ သိရပါတယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : 7day daily
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top