iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Trend Myanmar
Unicode Version
ပြင်းထန်တဲ့ ကိုယ်ကာယလေ့ကျင့်ခန်းကို အချိန်ကြာမြင့်စွာ လုပ်ဆောင်ပြီးနောက် အရေးကြီးဆုံးလုပ်ရမယ့် အချက်က မိမိခန္ဓာကိုယ်ကို အားပြန်ဖြည့်ပေးဖို့ ဖြစ်ပါတယ်။ တကယ်တော့ အဲဒါက လေ့ကျင့်ခန်းလောက် အရေးကြီးပါတယ်။ မိမိခန္ဓာကိုယ်အတွင်း ထည့်သွင်းတဲ့အရာဟာ လုံးဝ အကျိုးဖြစ်ထွန်းစေမယ့်အရာပဲ ဖြစ်ရပါမယ်။ ဒါ့ကြောင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်မှုဆိုင်ရာ မန်နေဂျာ Michelle Neverusky လေ့ကျင့်ခန်း အပြင်းအထန်လုပ်ဆောင်ပြီးနောက် မစားသင့်တဲ့ အရာတချို့ရှိတယ်လို့ ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။
အဲဒီထဲက တစ်ခုက အမဲသားပျဉ်ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ဗိုက်ဆာလွန်းလို့ နွားတစ်ကောင်လုံးတောင် တစ်ယောက်တည်း အကုန်စားနိုင်မယ်လို့ ထင်မှတ်ကြပါတယ်။ ဒါပေမယ့် တကယ် မစားနိုင်ပါဘူး။ လေ့ကျင့်ခန်းလုပ်ပြီးနောက် ကြွက်သားတွေ ပရိုတိန်းဓာတ်ကျွေးဖို့ အရေးကြီးပါတယ်။
အမဲသားပျဉ်စားတာက ပရိုတိန်းဓာတ်ပြောင်းလဲမှုဖြစ်စဉ် အရမ်းနှေးကွေးပါတယ်။ အမဲသားပျဉ်က အစာကြေဖို့ အလွန့်အလွန်ခက်ခဲပြီး ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ပြီးနောက် ကြွက်သားတွေကို နဂိုအတိုင်းပြန်ဖြစ်ဖို့ အချိန်အတော်ကြာမြင့်ပါလိမ့်မယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top