iMyanmarHouse.com - Best Property Website for Myanmar
×

ျပီးျပည့္စံုတဲ့အခ်စ္ေရးဆုိတာ ဘယ္လိုဆိုျပီး အမ်ိဳးမ်ိဳးဆုိၾကေပမယ့္ ၾကိဳတင္တြက္ဆဖုိ႕ေတာ့ ခက္ခဲလွပါတယ္။ ဒါေပမယ့္ ကိုယ့္ခ်စ္သူက ကိုယ့္အျပင္ ေနာက္တစ္ေယာက္ရွိေနျပီလားဆုိတာကိုေတာ့ ဒီအခ်က္ (၇)ခ်က္နဲ႕ ကိုက္ခ်ိန္ၾကည့္ျပီး သင္သိရွိႏိုင္ပါတယ္။ ကိုယ့္မသိစိတ္ထဲမွကိုက ကိုယ့္အျပင္သူ႕မွာ ေနာက္တစ္ေယာက္ရွိေနျပီလုိ႕ ခံစားရမယ္၊ သူကလည္း မူေတြပ်က္ေနတယ္ဆုိရင္ ကိုယ္တုိင္ဒီအေျခအေနကို သိေအာင္လုပ္ဖုိ႕ ခုပဲ ဒီအခ်က္ေတြနဲ႕ စဥ္းစားၾကည့္လိုက္ပါေတာ့။

၁။ သူက ကုိယ္နဲ႕ခပ္ေ၀းေ၀းေနလာမယ္။
အရင္ကဆုိ ကိုယ့္ကို သူဒီေန႕ဘာေတြလုပ္တယ္၊ သူ႕အိပ္မက္ေတြ၊ သူျဖစ္ခ်င္တာေတြ ေန႕တုိင္းေျပာျပတတ္သူက ခုဆုိ ကိုယ့္ကို ဘာဆုိဘာမွ မဖြင့္ဟေတာ့ဘူး။ အရင္က တစ္ေယာက္နဲ႕တစ္ေယာက္ ေ၀းကြာေနတဲ့အခ်ိန္မွာေတာင္ ေန႕တုိင္း တစ္ေယာက္မ်က္ႏွာေလး တစ္ေယာက္ျမင္ရေအာင္၊ အနည္းဆံုးတစ္ေယာက္အသံ တစ္ေယာက္ၾကားရေအာင္ နည္းအမ်ဳိဳးမ်ိုဳးနဲ႕ ၾကိဳးစားတတ္ခဲ့ေပမယ့္ ခုေတာ့ ကိုယ့္ကိုအဖတ္ေတာင္ သိပ္မလုပ္ခ်င္ေတာ့ဘူးဆုိရင္ သူ႕မွာ အေၾကာင္းတစ္ခုခု ရွိေနျပီဆုိတာ ေသခ်ာပါျပီ။

၂။ သူ႕မွာ ကိုယ္ကလြဲျပီး အျခားသူေတြအားလံုးအတြက္ အခ်ိန္ရွိတယ္။
သူ တစ္ေန႕တစ္ေန႕ ဘယ္သူေတြနဲ႕ ဘယ္လုိခ်ိန္းထားလုိ႕၊ အလုပ္ကိစၥ၊ လူမႈေရးကိစၥစသျဖင့္ အမ်ိဳးမ်ိဳးအတြက္ အခ်ိန္ရွိေနေပမယ့္ ကုိယ္နဲ႕ေတြ႕ဖုိ႕ ဘယ္ေတာ့မွ အခ်ိန္သီးသန္႕မေပးႏိုင္ေတာ့ဘူး။

၃။ သူဟာပိုျပီး လ်ွိဳ႕၀ွက္တတ္လာတယ္။
အရင္က သူ႕ဖုန္းကို ေကာက္ကိုင္ျပီး ဟိုၾကည့္ ဒီၾကည့္လုပ္လည္း တစ္ခ်က္ စိတ္မ၀င္စားတဲ့သူက ခုဆုိဖုနး္ကို သူနဲ႕မကြာယူထားသလို ကိုယ္က ဖုန္းေလးခဏေပးပါလား ေတာင္းရင္ေတာင္ ဘာလုပ္ဖုိ႕လဲဆုိျပီး ျပန္ေမးတတ္လာပါျပီ။ ဒါ့အျပင္ ဖုန္းလာတုိင္း ဘယ္သူလဲလုိ႕ ကိုယ္ကေမးရင္ ဖုန္းမွားျပီး ၀င္လာတယ္ဆုိတာခ်ည္းပဲ ကိုယ့္ကို ေျဖတတ္တယ္။ ညဘက္ေတြလည္း ကိုယ္က သူ႕ဆီေခၚေနက်အခ်ိန္မဟုတ္ပဲ ေခၚလိုက္ရင္ ဖုန္းမအားတာခ်ည္း ၾကံဳရသလို ဖုန္းအတြက္ေရာ၊ ကြန္ပ်ဴတာမွာပါ password ေတြ ေျပာင္းေပးလိုက္ျပီးျပီ။

၄။အိမ္မွာ သူ႕ရဲ႕ေနထုိင္မႈပံုစံေတြ ေျပာင္းလဲလာတယ္။
အိမ္ေထာင္ရွင္ေတြဆုိရင္ သူအိမ္မွာ အေနအထုိင္ ေျပာင္းလဲလာတာ သတိထားမိပါလိမ့္မယ္။ ဥပမာ ကိုယ္နဲ႕ ခြဲအိပ္ျပီး သူေဟာက္တတ္တာကို အေၾကာင္းျပတတ္တာ၊ သူအလုပ္ေတြရႈပ္ေနလို႕ ကိုယ့္ကို အေႏွာင့္အယွက္မေပးခ်င္လုိ႕ဆုိျပီး ခြဲအိပ္တာမ်ိဳးေတြ လုပ္လာတတ္ပါတယ္။ အိမ္အလုပ္ေတြကို အရင္က ကူမလုပ္ဘူးဆုိရင္ ခု အတင္းကူလုပ္တာမ်ိဳး ၊ဒါမွမဟုတ္ အရင္က ကူလုပ္တတ္တဲ့သူက ခုအခ်ိန္မွာ နည္းနည္းမွ ကူမလုပ္ေတာ့တာမ်ိဳးပါ။ ဒါ့အျပင္ လင္မယားေတြ အတူေနတဲ့အၾကိမ္အေရအတြက္ ေလ်ာ့နည္းလာမွာျဖစ္သလို ေနာက္ပိုင္း အတူေနဖုိ႕ ျငင္းဆန္းတာေတြ ရွိလာပါျပီ။

၅။ ပိုျပီးျပင္ျပင္ဆင္ဆင္ေနလာမယ္။
အရင္ကထက္ ပိုျပီး လွခ်င္ပခ်င္လာမယ္။ ပိုသပ္ရပ္ေအာင္ ေနထုိင္လာသလုိ အ၀တ္အစားအသစ္ေတြ၊ တျခား အသံုးအေဆာင္သစ္ေတြ ကိုင္တတ္လာမယ္။

၆။ ကိုယ္မသိတဲ့ လူနာမည္ေတြ ခဏခဏ ထည့္ေျပာလာမယ္။
အရင္က သူ႕သူငယ္ခ်င္း၊ လုပ္ေဖာ္ကိုင္ဖက္ေတြ အားလံုးကိုသိထားေပမယ့္ ခုေနာက္ပိုင္း သူေျပာတဲ့ သူေတြရဲ႕နာမည္ေတြေတာ့ တစ္ခါမွ မၾကားဖူးဘူး။ တစ္ခါတစ္ေလ ဖုန္းေျပာျပီး ကိုယ္က ဘယ္သူလဲလုိ႕ေမးရင္ သူက အလုပ္က တစ္ေယာက္ပါ။ အသစ္၀င္လာတဲ့တစ္ေယာက္ပါ ဆုိျပီးေတာ့သာ ျဖစ္သလို ေျပာလာတတ္တယ္။

၇။ ကိုယ့္ရဲ႕မသိစိတ္ကေန သိေနျပီ။
ကိုယ္က ဘယ္တုန္းကမွ သူ႕ကို လိုက္ျပီး သ၀န္တုိေနတာမ်ိဳး၊ သံသယျဖစ္ေနတာမ်ိဳး မရွိေပမယ့္ ဒီတစ္ခါသူေျပာင္းလဲေနတာကို ခံစားမိတယ္။ မသိစိတ္ထဲကလည္း သူ႕မွာ တစ္ေယာက္ေယာက္ရွိေနျပီလို႕ ခံစားေနရတယ္။

ဒီအခ်က္ (၇) ခ်က္မွာ အခ်က္အားလံုး ဒါမွမဟုတ္ အခ်က္ေတာ္ေတာ္မ်ားမ်ားဟာ သင့္ခ်စ္သူ လုပ္ေဆာင္ပံု၊ အျပဳအမူေတြနဲ႕ ကိုက္ညီေနတယ္ဆုိရင္ေတာ့ သူ႕မွာ သင့္အျပင္ အျခားတစ္ေယာက္ရွိေနျပီဆုိတာ ေသခ်ာသေလာက္ပါပဲ။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ပြီးပြည့်စုံတဲ့အချစ်ရေးဆိုတာ ဘယ်လိုဆိုပြီး အမျိုးမျိုးဆိုကြပေမယ့် ကြိုတင်တွက်ဆဖို့တော့ ခက်ခဲလှပါတယ်။ ဒါပေမယ့် ကိုယ့်ချစ်သူက ကိုယ့်အပြင် နောက်တစ်ယောက်ရှိနေပြီလားဆိုတာကိုတော့ ဒီအချက် (၇)ချက်နဲ့ ကိုက်ချိန်ကြည့်ပြီး သင်သိရှိနိုင်ပါတယ်။ ကိုယ့်မသိစိတ်ထဲမှကိုက ကိုယ့်အပြင်သူ့မှာ နောက်တစ်ယောက်ရှိနေပြီလို့ ခံစားရမယ်၊ သူကလည်း မူတွေပျက်နေတယ်ဆိုရင် ကိုယ်တိုင်ဒီအခြေအနေကို သိအောင်လုပ်ဖို့ ခုပဲ ဒီအချက်တွေနဲ့ စဉ်းစားကြည့်လိုက်ပါတော့။

၁။ သူက ကိုယ်နဲ့ခပ်ဝေးဝေးနေလာမယ်။
အရင်ကဆို ကိုယ့်ကို သူဒီနေ့ဘာတွေလုပ်တယ်၊ သူ့အိပ်မက်တွေ၊ သူဖြစ်ချင်တာတွေ နေ့တိုင်းပြောပြတတ်သူက ခုဆို ကိုယ့်ကို ဘာဆိုဘာမှ မဖွင့်ဟတော့ဘူး။ အရင်က တစ်ယောက်နဲ့တစ်ယောက် ဝေးကွာနေတဲ့အချိန်မှာတောင် နေ့တိုင်း တစ်ယောက်မျက်နှာလေး တစ်ယောက်မြင်ရအောင်၊ အနည်းဆုံးတစ်ယောက်အသံ တစ်ယောက်ကြားရအောင် နည်းအမျိုးမျိုုးနဲ့ ကြိုးစားတတ်ခဲ့ပေမယ့် ခုတော့ ကိုယ့်ကိုအဖတ်တောင် သိပ်မလုပ်ချင်တော့ဘူးဆိုရင် သူ့မှာ အကြောင်းတစ်ခုခု ရှိနေပြီဆိုတာ သေချာပါပြီ။

၂။ သူ့မှာ ကိုယ်ကလွဲပြီး အခြားသူတွေအားလုံးအတွက် အချိန်ရှိတယ်။
သူ တစ်နေ့တစ်နေ့ ဘယ်သူတွေနဲ့ ဘယ်လိုချိန်းထားလို့၊ အလုပ်ကိစ္စ၊ လူမှုရေးကိစ္စစသဖြင့် အမျိုးမျိုးအတွက် အချိန်ရှိနေပေမယ့် ကိုယ်နဲ့တွေ့ဖို့ ဘယ်တော့မှ အချိန်သီးသန့်မပေးနိုင်တော့ဘူး။

၃။ သူဟာပိုပြီး လျှို့ဝှက်တတ်လာတယ်။
အရင်က သူ့ဖုန်းကို ကောက်ကိုင်ပြီး ဟိုကြည့် ဒီကြည့်လုပ်လည်း တစ်ချက် စိတ်မဝင်စားတဲ့သူက ခုဆိုဖုန်းကို သူနဲ့မကွာယူထားသလို ကိုယ်က ဖုန်းလေးခဏပေးပါလား တောင်းရင်တောင် ဘာလုပ်ဖို့လဲဆိုပြီး ပြန်မေးတတ်လာပါပြီ။ ဒါ့အပြင် ဖုန်းလာတိုင်း ဘယ်သူလဲလို့ ကိုယ်ကမေးရင် ဖုန်းမှားပြီး ဝင်လာတယ်ဆိုတာချည်းပဲ ကိုယ့်ကို ဖြေတတ်တယ်။ ညဘက်တွေလည်း ကိုယ်က သူ့ဆီခေါ်နေကျအချိန်မဟုတ်ပဲ ခေါ်လိုက်ရင် ဖုန်းမအားတာချည်း ကြုံရသလို ဖုန်းအတွက်ရော၊ ကွန်ပျူတာမှာပါ password တွေ ပြောင်းပေးလိုက်ပြီးပြီ။

၄။အိမ်မှာ သူ့ရဲ့နေထိုင်မှုပုံစံတွေ ပြောင်းလဲလာတယ်။
အိမ်ထောင်ရှင်တွေဆိုရင် သူအိမ်မှာ အနေအထိုင် ပြောင်းလဲလာတာ သတိထားမိပါလိမ့်မယ်။ ဥပမာ ကိုယ်နဲ့ ခွဲအိပ်ပြီး သူဟောက်တတ်တာကို အကြောင်းပြတတ်တာ၊ သူအလုပ်တွေရှုပ်နေလို့ ကိုယ့်ကို အနှောင့်အယှက်မပေးချင်လို့ဆိုပြီး ခွဲအိပ်တာမျိုးတွေ လုပ်လာတတ်ပါတယ်။ အိမ်အလုပ်တွေကို အရင်က ကူမလုပ်ဘူးဆိုရင် ခု အတင်းကူလုပ်တာမျိုး ၊ဒါမှမဟုတ် အရင်က ကူလုပ်တတ်တဲ့သူက ခုအချိန်မှာ နည်းနည်းမှ ကူမလုပ်တော့တာမျိုးပါ။ ဒါ့အပြင် လင်မယားတွေ အတူနေတဲ့အကြိမ်အရေအတွက် လျော့နည်းလာမှာဖြစ်သလို နောက်ပိုင်း အတူနေဖို့ ငြင်းဆန်းတာတွေ ရှိလာပါပြီ။

၅။ ပိုပြီးပြင်ပြင်ဆင်ဆင်နေလာမယ်။
အရင်ကထက် ပိုပြီး လှချင်ပချင်လာမယ်။ ပိုသပ်ရပ်အောင် နေထိုင်လာသလို အဝတ်အစားအသစ်တွေ၊ တခြား အသုံးအဆောင်သစ်တွေ ကိုင်တတ်လာမယ်။

၆။ ကိုယ်မသိတဲ့ လူနာမည်တွေ ခဏခဏ ထည့်ပြောလာမယ်။
အရင်က သူ့သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးကိုသိထားပေမယ့် ခုနောက်ပိုင်း သူပြောတဲ့ သူတွေရဲ့နာမည်တွေတော့ တစ်ခါမှ မကြားဖူးဘူး။ တစ်ခါတစ်လေ ဖုန်းပြောပြီး ကိုယ်က ဘယ်သူလဲလို့မေးရင် သူက အလုပ်က တစ်ယောက်ပါ။ အသစ်ဝင်လာတဲ့တစ်ယောက်ပါ ဆိုပြီးတော့သာ ဖြစ်သလို ပြောလာတတ်တယ်။

၇။ ကိုယ့်ရဲ့မသိစိတ်ကနေ သိနေပြီ။
ကိုယ်က ဘယ်တုန်းကမှ သူ့ကို လိုက်ပြီး သဝန်တိုနေတာမျိုး၊ သံသယဖြစ်နေတာမျိုး မရှိပေမယ့် ဒီတစ်ခါသူပြောင်းလဲနေတာကို ခံစားမိတယ်။ မသိစိတ်ထဲကလည်း သူ့မှာ တစ်ယောက်ယောက်ရှိနေပြီလို့ ခံစားနေရတယ်။

ဒီအချက် (၇) ချက်မှာ အချက်အားလုံး ဒါမှမဟုတ် အချက်တော်တော်များများဟာ သင့်ချစ်သူ လုပ်ဆောင်ပုံ၊ အပြုအမူတွေနဲ့ ကိုက်ညီနေတယ်ဆိုရင်တော့ သူ့မှာ သင့်အပြင် အခြားတစ်ယောက်ရှိနေပြီဆိုတာ သေချာသလောက်ပါပဲ။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top