iMyanmarHouse.com - Best Property Website for Myanmar
×

သင္ဟာ တသီးတသန္႔ေနတတ္သူတစ္ေယာက္ျဖစ္ပါက အစည္းအေဝးေတြ၊ presentation ေတြ၊ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႕ အျပန္အလွန္ဆက္ဆံရတဲ့ ပုံမွန္ရုံးအလုပ္ေတြက သင့္ကို ညွဥ္းပန္းႏွိပ္စက္သလုိ ျဖစ္ေနပါလိမ့္မယ္။ ကံအားေလွ်ာ္စြာနဲ႔ သီးသန္႔ေနတတ္သူေတြနဲ႔ လုိက္ဖက္တဲ့ အလုပ္အကုိင္မ်ားစြာ ရိွပါတယ္။

Freelancer

Freelancer ေတြဟာ သူတုိ႔သူေဌးက သူတုိ႔ကုိယ္တုိင္ပဲ ျဖစ္ျပီး အိမ္ကေန အလုပ္လုပ္သူေတြ ျဖစ္ပါတယ္။ အဲဒီလုိ ကုိယ္ပုိင္လုပ္ငန္းမ်ဳိးက သီးသန္႔ေနတတ္သူေတြအတြက္ ဝင္ေငြ အေျမာက္အျမား ရွာေဖြေပးပါတယ္။ စာခ်ဳပ္ခ်ဳပ္မယ္၊ လုပ္ငန္းရွင္ေတြနဲ႔ အဆက္အသြယ္ရဖုိ႔အတြက္ မိမိကုိယ္ကိုယ္ အနည္းအက်ဥ္း ထုတ္ေဖာ္ရပါလိမ့္မယ္။ ပုံမွန္အလုပ္ေလးရလာျပီဆုိရင္ အေတာ္ေလး အဆင္ေျပပါတယ္။

လူမႈမီဒီယာၾကီးၾကပ္သူ (Social Media Manager)

လူမႈေရး "social" နဲ႔ပတ္သက္တဲ့ အလုပ္အကိုင္က သီးသန္႔ေနတတ္သူေတြအတြက္ အသင့္ေတာ္ဆုံးျဖစ္တယ္ဆိုတာ ဝိေရာဓိျဖစ္ႏုိင္စရာ ရိွပါတယ္။ ဒါေပမယ့္ တစ္သီးပုဂၢလိကေနတတ္သူေတြဟာ အမ်ားအားျဖင့္ အင္တာနက္တဆင့္ ဆက္ဆံေျပာဆိုဖုိ႔ ပိုမိုအဆင္ေျပၾကတာ ေတြ႔ရပါတယ္။ လူမႈမီဒီယာက လူေထာင္ေသာင္းခ်ီကို လူခ်င္းေတြ႔စရာမလုိဘဲ ဆက္သြယ္ႏုိင္တဲ့ နည္းလမ္းေကာင္းတစ္ခု ျဖစ္ပါတယ္။

ေဆာ့ဖ္ဝဲလ္ေရးသူ (Software Developer)

နည္းပညာနယ္ပယ္မွာ အလုပ္ေခၚဆုိမႈ ျမင့္မားရုံမက ကိုယ့္ဘာသာ လုပ္ကိုင္တတ္သူေတြအတြက္ အင္မတန္ေကာင္းမြန္ပါတယ္။

စာေရးဆရာ (Writer)

စာေရးတဲ့အခါ ကုိယ္ရယ္၊ ကြန္ပ်ဴတာရယ္နဲ႔ အုိင္ဒီယာပဲ လိုအပ္တာျဖစ္ျပီး တသီးတသန္႔ေနတတ္သူေတြအတြက္ ၾကည္ႏူးစရာ သိပ္ေကာင္းပါတယ္။ ဒီလူေတြဟာ စကားလုံးေတြနဲ႔ သူတုိ႔ကိုယ္သူတို႔ ေဖာ္ျပတာ ပိုမုိႏွစ္သက္တတ္ၾကပါတယ္။

စာရင္းကိုင္ (Accountant)

မိမိအခ်ိန္ကို လူေတြထက္ ကိန္းဂဏန္းေတြနဲ႔ ကုန္ဆုံးေစတာ ပိုသေဘာက်ပါသလား။ ဒါဆိုရင္ေတာ့ စာရင္းအင္းပညာက သင့္အတြက္ ျဖစ္ႏိုင္ပါတယ္။ ေနာက္တစ္ခုက လူေတြနဲ႔ ေဆြးေႏြးေျပာဆုိမႈ အနည္းငယ္သာရိွလုိ႔ ျဖစ္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : trend myanmar

#Unicode Version

သင်ဟာ တသီးတသန့်နေတတ်သူတစ်ယောက်ဖြစ်ပါက အစည်းအဝေးတွေ၊ presentation တွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အပြန်အလှန်ဆက်ဆံရတဲ့ ပုံမှန်ရုံးအလုပ်တွေက သင့်ကို ညှဉ်းပန်းနှိပ်စက်သလို ဖြစ်နေပါလိမ့်မယ်။ ကံအားလျှော်စွာနဲ့ သီးသန့်နေတတ်သူတွေနဲ့ လိုက်ဖက်တဲ့ အလုပ်အကိုင်များစွာ ရှိပါတယ်။

Freelancer

Freelancer တွေဟာ သူတို့သူဌေးက သူတို့ကိုယ်တိုင်ပဲ ဖြစ်ပြီး အိမ်ကနေ အလုပ်လုပ်သူတွေ ဖြစ်ပါတယ်။ အဲဒီလို ကိုယ်ပိုင်လုပ်ငန်းမျိုးက သီးသန့်နေတတ်သူတွေအတွက် ဝင်ငွေ အမြောက်အမြား ရှာဖွေပေးပါတယ်။ စာချုပ်ချုပ်မယ်၊ လုပ်ငန်းရှင်တွေနဲ့ အဆက်အသွယ်ရဖို့အတွက် မိမိကိုယ်ကိုယ် အနည်းအကျဉ်း ထုတ်ဖော်ရပါလိမ့်မယ်။ ပုံမှန်အလုပ်လေးရလာပြီဆိုရင် အတော်လေး အဆင်ပြေပါတယ်။

လူမှုမီဒီယာကြီးကြပ်သူ (Social Media Manager)

လူမှုရေး "social" နဲ့ပတ်သက်တဲ့ အလုပ်အကိုင်က သီးသန့်နေတတ်သူတွေအတွက် အသင့်တော်ဆုံးဖြစ်တယ်ဆိုတာ ဝိရောဓိဖြစ်နိုင်စရာ ရှိပါတယ်။ ဒါပေမယ့် တစ်သီးပုဂ္ဂလိကနေတတ်သူတွေဟာ အများအားဖြင့် အင်တာနက်တဆင့် ဆက်ဆံပြောဆိုဖို့ ပိုမိုအဆင်ပြေကြတာ တွေ့ရပါတယ်။ လူမှုမီဒီယာက လူထောင်သောင်းချီကို လူချင်းတွေ့စရာမလိုဘဲ ဆက်သွယ်နိုင်တဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

ဆော့ဖ်ဝဲလ်ရေးသူ (Software Developer)

နည်းပညာနယ်ပယ်မှာ အလုပ်ခေါ်ဆိုမှု မြင့်မားရုံမက ကိုယ့်ဘာသာ လုပ်ကိုင်တတ်သူတွေအတွက် အင်မတန်ကောင်းမွန်ပါတယ်။

စာရေးဆရာ (Writer)

စာရေးတဲ့အခါ ကိုယ်ရယ်၊ ကွန်ပျူတာရယ်နဲ့ အိုင်ဒီယာပဲ လိုအပ်တာဖြစ်ပြီး တသီးတသန့်နေတတ်သူတွေအတွက် ကြည်နူးစရာ သိပ်ကောင်းပါတယ်။ ဒီလူတွေဟာ စကားလုံးတွေနဲ့ သူတို့ကိုယ်သူတို့ ဖော်ပြတာ ပိုမိုနှစ်သက်တတ်ကြပါတယ်။

စာရင်းကိုင် (Accountant)

မိမိအချိန်ကို လူတွေထက် ကိန်းဂဏန်းတွေနဲ့ ကုန်ဆုံးစေတာ ပိုသဘောကျပါသလား။ ဒါဆိုရင်တော့ စာရင်းအင်းပညာက သင့်အတွက် ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက လူတွေနဲ့ ဆွေးနွေးပြောဆိုမှု အနည်းငယ်သာရှိလို့ ဖြစ်ပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top