iMyanmarHouse.com - Best Property Website for Myanmar
×

၁.မွ်တေသာကိုယ္အေလးခ်ိန္ကို ထိန္းသိမ္းထားပါ။ ခႏၶာကိုယ္အ ေလးခ်ိန္နဲ႔အရပ္အခ်ိဳးအစား BMI ဟာ 25 ထက္မပိုသင့္ပါဘူး။

BMI = ခႏၶာကိုယ္အေလးခ်ိန္(Kg)/ (အရပ္ (m)2 )

၂.အရက္ေသာက္ျခင္းကို ေရွာင္ က်ဥ္ပါ (သို႔မဟုတ္) ေလွ်ာ့ခ်ပါ။ အမ်ိဳးသမီးမ်ားတြင္ တစ္ရက္ကို အရက္ ၁ယူနစ္ထက္ပိုေသာက္ပါက ရင္သားကင္ဆာျဖစ္ႏိုင္ေခ် ၂၀% မွ ၂၅% ထိ ပိိုမ်ားသည္။
၃.အသီးအရြက္မ်ားမ်ားစားပါ။ ပန္း ေဂၚဖီ၊ ေဂၚဖီထုပ္၊ ေဂၚဖီစိမ္းကဲ့သို႔ အရြက္မ်ားေသာဟင္းသီးဟင္းရြက္ မ်ား၊ ကိုက္လန္၊ ေဒါက္စြကဲ့သို႔ စိမ္း ေမွာင္ေသာအရြက္မ်ား၊ မုန္လာဥနီ၊ ခရမ္းခ်ဥ္သီးစေသာ ဟင္းသီးဟင္း

ရြက္မ်ား၊ ဘယ္ရီသီး၊ ခ်ယ္ရီသီး အမ်ိဳးမ်ိဳးက ရင္သားကင္ဆာျဖစ္ပြား မႈကို ကာကြယ္ေပးႏိုင္ပါတယ္။

၄. ေလ့က်င့္ခန္းမွန္မွန္လုပ္ပါ။ တစ္ရက္ကို မိနစ္ ၃၀နဲ႔ တစ္ပတ္ ကို ငါးရက္နဲ႔ အထက္ လမ္းေလွ်ာက္ေပး ပါ။

၅. ကစီဓာတ္(ကာဗိုဟိုက္ၿဒိတ္)စား သံုးမႈအား ေလ်ာ့ခ်ပါ။

၆. က်န္းမာေရးနဲ႔သင့္ေလ်ာ္ေသာ ဆီကို ေရြးခ်ယ္စားသံုးပါ။ တိရစၦာန္ မွရေသာျပည့္ဝဆီမ်ားအစား အသီး အရြက္မွရေသာအဆီမ်ားကို သံုးပါ။

၇. ေဆးလိပ္ေသာက္ျခင္းမွ ေရွာင္ ၾကဥ္ပါ။

၈. ကေလးေမြးၿပီးပါက မိခင္ႏို႔ တိုက္ေကြ်းပါ။ မိမိရင္ေသြးအား ေမြး ၿပီး ၁ႏွစ္ခန္႔အထိ ႏို႔ခ်ိဳတိုက္ေကြ်း ျခင္းက ရင္သားကင္ဆာျဖစ္ပြားမႈကို သိသာစြာေလ်ာ့က်ေစႏိုင္ပါသည္။

၉. အထက္ကေဖာ္ျပခဲ့သည့္အ ခ်က္ မ်ားအျပင္ လစဥ္မိမိကိုယ္မိမိရင္ သားစစ္ေဆးမႈမ်ား၊ ႏွစ္စဥ္ ဆရာဝန္ ႏွင့္ျပသစစ္ေဆးမႈမ်ား လုပ္ေပးသင့္ ပါသည္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:Health Updates Journal
https://www.facebook.com/HealthUpdatesJournal

#Unicode Version


၁.မျှတသောကိုယ်အလေးချိန်ကို ထိန်းသိမ်းထားပါ။ ခန္ဓာကိုယ်အ လေးချိန်နဲ့အရပ်အချိုးအစား BMI ဟာ 25 ထက်မပိုသင့်ပါဘူး။
BMI = ခန္ဓာကိုယ်အလေးချိန်(Kg)/ (အရပ် (m)2 )
၂.အရက်သောက်ခြင်းကို ရှောင် ကျဉ်ပါ (သို့မဟုတ်) လျှော့ချပါ။ အမျိုးသမီးများတွင် တစ်ရက်ကို အရက် ၁ယူနစ်ထက်ပိုသောက်ပါက ရင်သားကင်ဆာဖြစ်နိုင်ချေ ၂၀% မှ ၂၅% ထိ ပိုများသည်။
၃.အသီးအရွက်များများစားပါ။ ပန်း ဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ဂေါ်ဖီစိမ်းကဲ့သို့ အရွက်များသောဟင်းသီးဟင်းရွက် များ၊ ကိုက်လန်၊ ဒေါက်စွကဲ့သို့ စိမ်း မှောင်သောအရွက်များ၊ မုန်လာဥနီ၊ ခရမ်းချဉ်သီးစသော ဟင်းသီးဟင်း

ရွက်များ၊ ဘယ်ရီသီး၊ ချယ်ရီသီး အမျိုးမျိုးက ရင်သားကင်ဆာဖြစ်ပွား မှုကို ကာကွယ်ပေးနိုင်ပါတယ်။
၄. လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။ တစ်ရက်ကို မိနစ် ၃၀နဲ့ တစ်ပတ် ကို ငါးရက်နဲ့ အထက် လမ်းလျှောက်ပေး ပါ။
၅. ကစီဓာတ်(ကာဗိုဟိုက်ဒြိတ်)စား သုံးမှုအား လျော့ချပါ။
၆. ကျန်းမာရေးနဲ့သင့်လျော်သော ဆီကို ရွေးချယ်စားသုံးပါ။ တိရစ္ဆာန် မှရသောပြည့်ဝဆီများအစား အသီး အရွက်မှရသောအဆီများကို သုံးပါ။
၇. ဆေးလိပ်သောက်ခြင်းမှ ရှောင် ကြဉ်ပါ။
၈. ကလေးမွေးပြီးပါက မိခင်နို့ တိုက်ကျွေးပါ။ မိမိရင်သွေးအား မွေး ပြီး ၁နှစ်ခန့်အထိ နို့ချိုတိုက်ကျွေး ခြင်းက ရင်သားကင်ဆာဖြစ်ပွားမှုကို သိသာစွာလျော့ကျစေနိုင်ပါသည်။
၉. အထက်ကဖော်ပြခဲ့သည့်အ ချက် များအပြင် လစဉ်မိမိကိုယ်မိမိရင် သားစစ်ဆေးမှုများ၊ နှစ်စဉ် ဆရာဝန် နှင့်ပြသစစ်ဆေးမှုများ လုပ်ပေးသင့် ပါသည်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:Health Updates Journal
https://www.facebook.com/HealthUpdatesJournal
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top