iMyanmarHouse.com - Best Property Website for Myanmar
×

(၁) သရေစာအစားလွန်ခြင်း







#Unicode Version


(၁) သရေစာအစားလွန်ခြင်း
- လုံးဝဆာလောင်မွတ်သိပ်လာမှသာ အစာစားပါ
- ဗိုက်မပြည့်ခင် အစာစားတာရပ် လိုက်ပါ
- သရေစာမုန့်များအား သစ်သီး၊ ဟင်းရွက်၊ အခွံမာသီး၊ နှံစားပြောင်း စသည်တို့နှင့် အစားထိုးစားသုံးပါ။

(၂) ရုပ်မြင်သံကြားထိုင်ကြည့်ချိန် များပြားခြင်း
- ရုပ်မြင်သံကြားထိုင်ကြည့်ချိန်ကို တစ်နေ့ (၂) နာရီထက်မပိုပါစေနှင့်
- ရုပ်သံလိုင်းတစ်လိုင်းကိုသာ ပုံသေ ချိန်ထားပြီး မနှစ်သက်သည့် အစီ အစဉ်ပြလျှင် အခြားလိုင်းမပြောင်းဘဲ ပိတ်ပစ်ပါ
- ရုပ်မြင်သံကြားကြည့်စဉ်မုန့်မစား ပါနှင့်
- ကြော်ငြာဝင်ချိန်တွင် အမှိုက်ပုံးသွန် ခြင်း၊ မီးပူတိုက်ခြင်းကဲ့သို့ အိမ်မှုကိစ္စ များလုပ်ကိုင်ပါ။

(၃) နံနက်စာမစားဘဲနေခြင်း
- နံနက်စာကို ကော်ဖီနှင့်မုန့်တစ်မျိုး တည်း စားရမည်ဟု မဆိုလိုပါ။ မိမိ ကြိုက်နှစ်သက်ရာ ကြာဆံပြုတ်၊ ခေါက်ဆွဲပြုတ်၊ အသုတ်၊ စွပ်ပြုတ်စ သည် ခံတွင်းတွေ့ရာစားနိုင်ပါတယ်။

(၄) အရက်အလွန်သောက်ခြင်း
- အမျိုးသားများ၌ တစ်နေ့လျှင် အရက် နှစ်ဖန်ခွက်၊ အမျိုးသမီးများ၌ တစ်ဖန်ခွက်ထက်ပို၍ မသောက်မိပါ စေနှင့်။
- အရက်စွဲနေပါက ဆရာဝန်နှင့်တိုင် ပင်၍ အရက်ဖြတ်ပါ

(၅) ဆေးလိပ်အလွန်သောက်ခြင်း
- ဆရာဝန်နှင့်တိုင်ပင်၍ ဆေးလိပ် ဖြတ်ပါ
-အေးဆေးတည်ငြိမ်နေသည့် အချိန် တွင် ဆေးလိပ်ဖြတ်ပါ။ အားလပ်ရက် များ၊ စိတ်ဖိစီးမှုများနေသည့် အချိန် များ၌ ဆေးလိပ်မဖြတ်ပါနှင့်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit: Health Updates Journal
https://www.facebook.com/HealthUpdatesJournal
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top