iMyanmarHouse.com - Best Property Website for Myanmar
×

သက္သက္လြတ္စားသူေတြဟာ အခြံမာသီး (Nuts)၊ ထမင္းေၾကာ္၊ အာလူးေၾကာ္နဲ႔ အေၾကာ္စံုေတြလို အဆီမ်ားတဲ့ အစာစားတတ္ၾကပါတယ္ ။ ဟင္းအခ်ိဳ႕မွာ ပါဝင္တဲ့ အုန္းဆီနဲ႔ စားအုန္းဆီေတြဟာ ျပည့္ဝဆီေတြျမင့္မားစြာ ပါ႐ွိၿပီး ေသြးတြင္း ကိုလက္စထေရာ အဆင့္ကုိ ျမင့္တက္ ေစႏိုင္ပါတယ္။ ဥအမ်ိဳးမ်ိဳးနဲ႔ ႏြားႏို႔ကိုပါ စားသံုးတဲ့သူေတြ Lactoovo vegetarians ဟာလည္း က်န္းမာေရးနဲ႔ မညီၫြတ္တဲ့ အဆီေတြစားသံုးမိေနၾကပါတယ္လို ။ တစ္ပတ္ကို ဥသံုးလံုးထက္ ပိုမစားသင့္ပါ။

မလိုင္အျပည့္ပါဝင္တဲ့ ႏြားႏို႔အစား အဆီမပါဝင္တဲ့ ႏြားႏို႔နဲ႔ ဒိန္ခ်ဥ္ကို စားသံုးသင့္တယ္လို႔ ဆိုပါတယ္။ က်န္းမာေရးအတြက္ ပိုေကာင္းတာ ဒါမွမဟုတ္ ပိုဆိုးတာျဖစ္ေစဖို႔အတြက္ အသားနဲ႔ အ႐ြက္ေတြ ႏွစ္မ်ိဳးစလံုးစားသံုးမယ့္ အစား ဟင္းသီးဟင္း႐ြက္ပဲစားဖို႔ မလိုအပ္ဘူးလို႔ ဆိုပါတယ္။ အေရးႀကီးဆံုးက အာဟာရ ညီၫြတ္ဖို႔ပဲ လိုပါတယ္။ ဟင္းသီးဟင္း႐ြက္သာစားတဲ့ ေရာဂါတခ်ိဳ႕႐ွိသူေတြဟာ ဆရာဝန္နဲ႔ျပသၿပီး အႀကံဥာဏ္ ယူသင့္ပါတယ္။

ဥပမာ ေက်ာက္ကပ္ေရာဂါ႐ွိသူေတြဟာ ပိုတက္စီယမ္ပါဝင္မႈမ်ားတဲ့ ငွက္ေပ်ာသီး၊ ဒူးရင္းသီးနဲ႔ အစိမ္းေရာင္ဟင္းသီးဟင္း႐ြက္ေတြကို သတိထားၿပီးစားရပါမယ္။ ေက်ာက္ကပ္ ပ်က္စီးေနတဲ့အတြက္ ပိုတက္စီယမ္အဆင့္ကို ပံုမွန္ျဖစ္ေနေအာင္ မထိန္းထားႏိုင္တဲ့အတြက္ ေသြးတြင္းပိုတက္စီယမ္အဆင့္ေတြ ျမင့္တက္ေနရင္ ႏွလံုးခုန္ႏႈန္းစည္းခ်က္မမွန္တာေတြ ျဖစ္တတ္လို႔ပါ။

ေက်ာက္ကပ္ေရာဂါ႐ွိသူေတြ အေနနဲ႔ ဟင္းသီးဟင္း႐ြက္ေတြကို မခ်က္ျပဳတ္ခင္မွာ သူတို႔မွာပါဝင္တဲ့ ပိုတက္စီယမ္ေတြ ေလ်ာ့သြားေအာင္ နာရီအနည္းငယ္ခန္႔ ေရစိမ္ ထားသင့္တယ္လို႔ ကၽြမ္းက်င္သူေတြက ေျပာၾကပါတယ္။ ဟင္းသီးဟင္း႐ြက္၊ အေစ့နဲ႔ အသီးေတြကို အစိမ္းစားမယ္ဆိုရင္လည္း အစာမွအဆိပ္သင့္တာမခံရေလေအာင္ ဘံုပိုင္ေအာက္မွ ထြက္လာတဲ့ ေရနဲ႔စင္ေအာင္ေဆးေၾကာၿပီးမွ စားသင့္ပါတယ္။ သက္သက္လြတ္စားေလ့ ႐ွိသူေတြမွာ ေအာက္ပါ အာဟာရဓာတ္ေတြခ်ိဳ႕တဲ့ ႏိုင္ပါတယ္။

သံဓာတ္
အပင္မွရ႐ွိတဲ့ သံဓာတ္ကို ခႏၶာကိုယ္က ေကာင္းေကာင္းမစုပ္ယူႏိုင္တဲ့အတြက္ ေသြးအားနည္း ေရာဂါရရွိႏိုင္ပါတယ္။ သံဓာတ္ဟာ အစိမ္းေရာင္ဟင္း႐ြက္မ်ား၊ သဖန္းသီး၊ ပဲအမ်ိဳးမ်ိဳးနဲ႔ အစိမ္းေရာင္ ပန္းေဂၚဖီမွာ ပါဝင္ပါတယ္။

ကယ္လ္စီယမ္
ကယ္လ္စီယမ္ဟာ တိုဟူး၊ အစိမ္းေရာင္ပန္းေဂၚဖီ၊ အေစ့၊ အခြံမာသီး၊ ကိုက္လန္နဲ႔ ပဲေတြမွာ ပါဝင္ပါတယ္။

အသားဓာတ္
အပင္ေတြမွာ ခႏၶာကုိယ္တည္ေဆာက္ဖို႔အေရးႀကီးတဲ့ အခ်ိဳ႕ Amino acids ေတြ ပါဝင္မႈ နည္းပါတယ္။ အသားဓာတ္ဟာ ပဲအမ်ိဳးမ်ိဳး၊ အခြံမာသီး၊ အေစ့နဲ႔ ပဲပိစပ္တို႔မွာ ပါဝင္ပါတယ္။

ဗီတာမင္ B12
အပင္စာအမ်ားစုမွာ ဇီဝ႐ုပ္ျဖစ္ပ်က္ဖို႔လိုအပ္တဲ့ ဗီတာမင္ B12 ေတြ မပါဝင္တတ္ပါဘူး။ ဗီတာမင္ B12 ခ်ိဳ႕တဲ့ရင္ ဦးေႏွာက္ပ်က္စီးေရာဂါ (Dementia) ရတတ္ပါတယ္။ ဗီတာမင္ B12 ပါဝင္တဲ့ အားျဖည့္ေဆးေသာက္ပါ။

Omega- 3 Fatty Acids
ႏွလံုးေရာဂါျပႆနာျဖစ္ႏိုင္ေျခနဲ႔ ကိုလက္စထေရာအဆင့္ ေလ်ာ့က်ေစႏိုင္ပါတယ္။ သီဟုိဠ္ေစ့၊ ပဲပိစပ္မွ Omega- 3 Fatty Acids ကုိ ရ႐ွိႏိုင္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:Mg Mandalay
https://www.facebook.com/mg.mandalay

#Unicode Version

သက်သက်လွတ်စားသူတွေဟာ အခွံမာသီး (Nuts)၊ ထမင်းကြော်၊ အာလူးကြော်နဲ့ အကြော်စုံတွေလို အဆီများတဲ့ အစာစားတတ်ကြပါတယ် ။ ဟင်းအချို့မှာ ပါဝင်တဲ့ အုန်းဆီနဲ့ စားအုန်းဆီတွေဟာ ပြည့်ဝဆီတွေမြင့်မားစွာ ပါရှိပြီး သွေးတွင်း ကိုလက်စထရော အဆင့်ကို မြင့်တက် စေနိုင်ပါတယ်။ ဥအမျိုးမျိုးနဲ့ နွားနို့ကိုပါ စားသုံးတဲ့သူတွေ Lactoovo vegetarians ဟာလည်း ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီတွေစားသုံးမိနေကြပါတယ်လို ။ တစ်ပတ်ကို ဥသုံးလုံးထက် ပိုမစားသင့်ပါ။

မလိုင်အပြည့်ပါဝင်တဲ့ နွားနို့အစား အဆီမပါဝင်တဲ့ နွားနို့နဲ့ ဒိန်ချဉ်ကို စားသုံးသင့်တယ်လို့ ဆိုပါတယ်။ ကျန်းမာရေးအတွက် ပိုကောင်းတာ ဒါမှမဟုတ် ပိုဆိုးတာဖြစ်စေဖို့အတွက် အသားနဲ့ အရွက်တွေ နှစ်မျိုးစလုံးစားသုံးမယ့် အစား ဟင်းသီးဟင်းရွက်ပဲစားဖို့ မလိုအပ်ဘူးလို့ ဆိုပါတယ်။ အရေးကြီးဆုံးက အာဟာရ ညီညွတ်ဖို့ပဲ လိုပါတယ်။ ဟင်းသီးဟင်းရွက်သာစားတဲ့ ရောဂါတချို့ရှိသူတွေဟာ ဆရာဝန်နဲ့ပြသပြီး အကြံဉာဏ် ယူသင့်ပါတယ်။

ဥပမာ ကျောက်ကပ်ရောဂါရှိသူတွေဟာ ပိုတက်စီယမ်ပါဝင်မှုများတဲ့ ငှက်ပျောသီး၊ ဒူးရင်းသီးနဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကို သတိထားပြီးစားရပါမယ်။ ကျောက်ကပ် ပျက်စီးနေတဲ့အတွက် ပိုတက်စီယမ်အဆင့်ကို ပုံမှန်ဖြစ်နေအောင် မထိန်းထားနိုင်တဲ့အတွက် သွေးတွင်းပိုတက်စီယမ်အဆင့်တွေ မြင့်တက်နေရင် နှလုံးခုန်နှုန်းစည်းချက်မမှန်တာတွေ ဖြစ်တတ်လို့ပါ။

ကျောက်ကပ်ရောဂါရှိသူတွေ အနေနဲ့ ဟင်းသီးဟင်းရွက်တွေကို မချက်ပြုတ်ခင်မှာ သူတို့မှာပါဝင်တဲ့ ပိုတက်စီယမ်တွေ လျော့သွားအောင် နာရီအနည်းငယ်ခန့် ရေစိမ် ထားသင့်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။ ဟင်းသီးဟင်းရွက်၊ အစေ့နဲ့ အသီးတွေကို အစိမ်းစားမယ်ဆိုရင်လည်း အစာမှအဆိပ်သင့်တာမခံရလေအောင် ဘုံပိုင်အောက်မှ ထွက်လာတဲ့ ရေနဲ့စင်အောင်ဆေးကြောပြီးမှ စားသင့်ပါတယ်။ သက်သက်လွတ်စားလေ့ ရှိသူတွေမှာ အောက်ပါ အာဟာရဓာတ်တွေချို့တဲ့ နိုင်ပါတယ်။

သံဓာတ်
အပင်မှရရှိတဲ့ သံဓာတ်ကို ခန္ဓာကိုယ်က ကောင်းကောင်းမစုပ်ယူနိုင်တဲ့အတွက် သွေးအားနည်း ရောဂါရရှိနိုင်ပါတယ်။ သံဓာတ်ဟာ အစိမ်းရောင်ဟင်းရွက်များ၊ သဖန်းသီး၊ ပဲအမျိုးမျိုးနဲ့ အစိမ်းရောင် ပန်းဂေါ်ဖီမှာ ပါဝင်ပါတယ်။

ကယ်လ်စီယမ်
ကယ်လ်စီယမ်ဟာ တိုဟူး၊ အစိမ်းရောင်ပန်းဂေါ်ဖီ၊ အစေ့၊ အခွံမာသီး၊ ကိုက်လန်နဲ့ ပဲတွေမှာ ပါဝင်ပါတယ်။

အသားဓာတ်
အပင်တွေမှာ ခန္ဓာကိုယ်တည်ဆောက်ဖို့အရေးကြီးတဲ့ အချို့ Amino acids တွေ ပါဝင်မှု နည်းပါတယ်။ အသားဓာတ်ဟာ ပဲအမျိုးမျိုး၊ အခွံမာသီး၊ အစေ့နဲ့ ပဲပိစပ်တို့မှာ ပါဝင်ပါတယ်။

ဗီတာမင် B12
အပင်စာအများစုမှာ ဇီဝရုပ်ဖြစ်ပျက်ဖို့လိုအပ်တဲ့ ဗီတာမင် B12 တွေ မပါဝင်တတ်ပါဘူး။ ဗီတာမင် B12 ချို့တဲ့ရင် ဦးနှောက်ပျက်စီးရောဂါ (Dementia) ရတတ်ပါတယ်။ ဗီတာမင် B12 ပါဝင်တဲ့ အားဖြည့်ဆေးသောက်ပါ။

Omega- 3 Fatty Acids
နှလုံးရောဂါပြဿနာဖြစ်နိုင်ခြေနဲ့ ကိုလက်စထရောအဆင့် လျော့ကျစေနိုင်ပါတယ်။ သီဟိုဠ်စေ့၊ ပဲပိစပ်မှ Omega- 3 Fatty Acids ကို ရရှိနိုင်ပါတယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:Mg Mandalay
https://www.facebook.com/mg.mandalay
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top