iMyanmarHouse.com - Best Property Website for Myanmar
×

ေနမေကာင္းျဖစ္ခ်ိန္ ဖ်ားနာခ်ိန္ဆို အၿမဲတမ္းလိုလို ႏွာေခါင္းတစ္ဖက္ပါ ပိတ္သြားတာကို ၾကံဳဖူးၾကမွာပါ။ အေအးမမိပါဘဲ အလိုလိုေနရင္းနဲ႔ကို ႏွာေခါင္းတစ္ဖက္က ပိတ္သြားတာမ်ိဳးျဖစ္ပါတယ္။ ဒီလိုျဖစ္ရတာကို သိပၸံနည္းက်နဲ႔ ႐ွင္းျပပါ့မယ္။

ႏွာေခါင္းဆုိင္ရာစက္ဝန္း (nasal cycle) လို႔ေခၚတဲ့ ဇီဝကမၼဆိုင္ရာတုံ႔ျပန္မႈဟာ ႏွာေခါင္းေပါက္ကေန ေလကိုပိုၿပီး႐ႈရႈိက္မိတဲ့ ျဖစ္စဥ္ကတစ္ဆင့္ ျဖစ္ေပၚလာရျခင္းျဖစ္တယ္လုိ႔ ဘာမင္ဂန္အမ်ိဳးသမီးေဆး႐ံုက ေဒါက္တာ ေရခ်ယ္ရိုဒီတီက ဆိုပါတယ္။ ႏွာေခါင္းေပါက္ႏွစ္ခုလံုးဟာ တာဘိုင္အေသးစားေတြနဲ႔ အလားသ႑န္တူပါတယ္။ ရႈလိုက္တဲ့ေလေတြ အဆုတ္ထဲမေရာက္မီမွာ ပူေႏြးမႈ၊ စိုစြတ္မႈတုိ႔ကို တံု႔ျပန္ႏိုင္စြမ္းေတြ ရွိၾကပါတယ္။ ေနမေကာင္းျဖစ္တဲ့အခ်ိန္မွာ အဆုတ္ေျခာက္ေသြ႔မႈနဲ႔ ယားယံမႈမျဖစ္ေအာင္လည္း ကာကြယ္ၾကပါတယ္။ ဒါေၾကာင့္မို႔လို႔ ႏွာေခါင္းေပါက္ႏွစ္ခုအနက္ တစ္ခုက ပိုၿပီးထိထိေရာက္ေရာက္ အာ႐ံုခံတံု႔ျပန္ဖုိ႔အတြက္ လုပ္ေဆာင္ပါေတာ့တယ္။ ႏွာေခါင္းေပါက္တစ္ဖက္ဆီကို ေသြးေတြပိုၿပီးစီးဆင္းလာၿပီး အဲ့ဒီကေန ေႏြးတဲ့ေလေတြပိုမို ဝင္သြားတဲ့အခါ က်န္တစ္ဖက္က ပိတ္သြားသလိုျဖစ္သြားရတာပါ။

ႏွာေခါင္းေပါက္တစ္ဖက္စီဟာ မိနစ္ ၄၀ မွ ၄ နာရီေလာက္ထိ တစ္လွည့္စီ ပိတ္ေနတတ္ပါတယ္။ ဒီလိုျဖစ္ေနခ်ိန္မွာ ႏွာေခါင္းပြင့္သြားဖုိ႔အတြက္ဆုိရင္ေတာ့ ေရေႏြးေငြ႔ကို ရႈေပးတာ အေကာင္းဆံုးပါပဲ။ ဆရာဝန္ညႊန္ၾကားတဲ့ ေသာက္ေဆး (သို႔မဟုတ္) ႏွာေခါင္းတြင္းျဖန္းတဲ့ ျဖန္းေဆးေတြကိုလည္း သံုးႏိုင္ပါတယ္။ ျဖန္းေဆးသံုးရင္ေတာ့ ၅ ရက္မွ ၇ ရက္ထက္ ပိုၿပီးမသံုးဖုိ႔ကိုလည္း Journal of Asthma က်န္းမာေရးစာေစာင္မွာ ေဖာ္ျပဖူးပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : duwun

#Unicode Version

နေမကောင်းဖြစ်ချိန် ဖျားနာချိန်ဆို အမြဲတမ်းလိုလို နှာခေါင်းတစ်ဖက်ပါ ပိတ်သွားတာကို ကြုံဖူးကြမှာပါ။ အအေးမမိပါဘဲ အလိုလိုနေရင်းနဲ့ကို နှာခေါင်းတစ်ဖက်က ပိတ်သွားတာမျိုးဖြစ်ပါတယ်။ ဒီလိုဖြစ်ရတာကို သိပ္ပံနည်းကျနဲ့ ရှင်းပြပါ့မယ်။

နှာခေါင်းဆိုင်ရာစက်ဝန်း (nasal cycle) လို့ခေါ်တဲ့ ဇီဝကမ္မဆိုင်ရာတုံ့ပြန်မှုဟာ နှာခေါင်းပေါက်ကနေ လေကိုပိုပြီးရှုရှိုက်မိတဲ့ ဖြစ်စဉ်ကတစ်ဆင့် ဖြစ်ပေါ်လာရခြင်းဖြစ်တယ်လို့ ဘာမင်ဂန်အမျိုးသမီးဆေးရုံက ဒေါက်တာ ရေချယ်ရိုဒီတီက ဆိုပါတယ်။ နှာခေါင်းပေါက်နှစ်ခုလုံးဟာ တာဘိုင်အသေးစားတွေနဲ့ အလားသဏ္ဍန်တူပါတယ်။ ရှုလိုက်တဲ့လေတွေ အဆုတ်ထဲမရောက်မီမှာ ပူနွေးမှု၊ စိုစွတ်မှုတို့ကို တုံ့ပြန်နိုင်စွမ်းတွေ ရှိကြပါတယ်။ နေမကောင်းဖြစ်တဲ့အချိန်မှာ အဆုတ်ခြောက်သွေ့မှုနဲ့ ယားယံမှုမဖြစ်အောင်လည်း ကာကွယ်ကြပါတယ်။ ဒါကြောင့်မို့လို့ နှာခေါင်းပေါက်နှစ်ခုအနက် တစ်ခုက ပိုပြီးထိထိရောက်ရောက် အာရုံခံတုံ့ပြန်ဖို့အတွက် လုပ်ဆောင်ပါတော့တယ်။ နှာခေါင်းပေါက်တစ်ဖက်ဆီကို သွေးတွေပိုပြီးစီးဆင်းလာပြီး အဲ့ဒီကနေ နွေးတဲ့လေတွေပိုမို ဝင်သွားတဲ့အခါ ကျန်တစ်ဖက်က ပိတ်သွားသလိုဖြစ်သွားရတာပါ။

နှာခေါင်းပေါက်တစ်ဖက်စီဟာ မိနစ် ၄၀ မှ ၄ နာရီလောက်ထိ တစ်လှည့်စီ ပိတ်နေတတ်ပါတယ်။ ဒီလိုဖြစ်နေချိန်မှာ နှာခေါင်းပွင့်သွားဖို့အတွက်ဆိုရင်တော့ ရေနွေးငွေ့ကို ရှုပေးတာ အကောင်းဆုံးပါပဲ။ ဆရာဝန်ညွှန်ကြားတဲ့ သောက်ဆေး (သို့မဟုတ်) နှာခေါင်းတွင်းဖြန်းတဲ့ ဖြန်းဆေးတွေကိုလည်း သုံးနိုင်ပါတယ်။ ဖြန်းဆေးသုံးရင်တော့ ၅ ရက်မှ ၇ ရက်ထက် ပိုပြီးမသုံးဖို့ကိုလည်း Journal of Asthma ကျန်းမာရေးစာစောင်မှာ ဖော်ပြဖူးပါတယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit : duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top