iMyanmarHouse.com - Best Property Website for Myanmar
×

ေကာင္းျခင္းငါးျဖာတို႔အနက္ အသားအေရ၏ေ ကာင္းျခင္းသည္ တစ္ပါးအပါအဝင္ျဖစ္ သည္။ က်န္းမာလွပေသာ အသားအေရပိုင္ရွင္ျဖစ္ေစဖို႔ တည္ၿငိမ္ေသာစိတ္ေနသေဘာထား၊ သင့္ေလ်ာ္ေသာအ စားအေသာက္၊ ေကာင္းစြာအိပ္စက္အနားယူျခင္း၊ တစ္ ကိုယ္ေရသန္႔ရွင္းေရးတို႔အျပင္ အသံုးအေဆာင္မ်ားျဖစ္ ၾကေသာ မ်က္ႏွာသုတ္ပဝါ၊ ေခါင္းအံုးစြပ္၊ ေစာင္၊ အလွ ကုန္ပစၥည္း စသည္တို႔သန္႔ရွင္းေစရန္လည္း အထူးလိုအပ္ သည္။

အေရျပားဆိုင္ရာပညာရွင္မ်ားက အလွကုန္ပစၥည္း ႏွင့္ ေဆးဝါးအမ်ဳိးမ်ဳိးေဖာ္စပ္ကာထုတ္လုပ္ၾကေသာ္လည္း တခ်ဳိ႕ဓာတုပစၥည္းမ်ားမွာ ဓာတ္မတည့္မႈႏွင့္ဆိုးရြားေသာ တုံ႔ျပန္မႈမ်ားျဖစ္ေစသကဲ့သို႔ အနာႏွင့္ေဆးေတြ႕ပါေသာ္ လည္း ေစ်းႏႈန္းျမင့္မားျခင္း၊ အခ်ိန္ၾကာၾကာစြဲလိမ္းေပး ရျခင္းတို႔ျဖင့္ ႀကံဳေတြ႕ၾကရပါသည္။ သို႔ေသာ္ စိတ္မညစ္ ပါႏွင့္။ သင့္မီးဖိုေခ်ာင္ထဲရွိ တန္ဖိုးနည္းပစၥည္းတခ်ဳိ႕ျဖင့္ မပင္မပန္းကရိကထမမ်ားဘဲ မိမိအိမ္မွာပင္ ေအာက္ပါ နည္းလမ္းအသြယ္သြယ္တို႔ျဖင့္ မ်က္ႏွာေပၚရွိ ဆားဝက္ၿခံ ႏွင့္ ျပည္တည္ဝက္ၿခံစိုမ်ားကို ကုသေပ်ာက္ကင္းႏိုင္ပါသည္။

(၁) သြားတိုက္ေဆး

ဝက္ၿခံမ်ားအတြက္ သြားတိုက္ေဆးသည္ အလြန္အ ထိေရာက္ဆံုးျဖစ္သည္။ ဝက္ၿခံအေပၚယံႏွင့္ အနီးတစ္ ဝိုက္တြင္ သြားတိုက္ေဆးခပ္ပါးပါးလူးအံုေပးပါ။ သြားတိုက္ ေဆး၏ ပူရွိန္းရွိန္းအထိအေတြ႕ကိုခံစားရေသာ္လည္း မစိုးရိမ္ပါႏွင့္။ ၂၅ မိနစ္ခန္႔အၾကာတြင္ မ်က္ႏွာကို ေရျဖင့္ အသာအယာေဆးေၾကာသန္႔စင္ျခင္းျဖင့္ အျမစ္ပါထြက္ သြားပါလိမ့္မည္။ ဤနည္းအတိုင္း ရက္သတၱႏွစ္ပတ္တိတိ ေန႔စဥ္ျပဳလုပ္ျခင္းျဖင့္ အက်ဳိးထူးခံစားရပါလိမ့္မည္။
(အ ကယ္၍ ေရျဖင့္မေဆးဘဲ သြားတိုက္ေဆးကိုသာခြာယူပါ လွ်င္ အသားထဲတြင္ အျမစ္က်န္ေစခဲ့မည္ကို သတိျပဳပါ)

(၂) ခရမ္းခ်ဥ္သီးအမွည့္

ညအိပ္ရာမဝင္ခင္ ခရမ္းခ်ဥ္သီးအမွည့္အေနေတာ္ တစ္လံုးကို အခြံႏႊာႀကိတ္ေခ်ၿပီး ဝက္ၿခံေပၚလိမ္းက်ံပါ။ နံနံက္အိပ္ရာထတြင္ ေရေႏြးေႏြးျဖင့္ မ်က္ႏွာသစ္ေပးပါ။ ခရမ္းခ်ဥ္သီးထဲတြင္ သဘာဝပိုးသတ္ေဆးအစြမ္းသတၱိ ပါရွိျခင္းေၾကာင့္ ဝက္ၿခံမ်ားကို ေျခာက္ေသြ႕သြားေစႏိုင္ပါ တယ္။

(၃) ေရွာက္သီး

မ်က္ႏွာကို ဦးစြာေရေႏြးျဖင့္ သန္႔စင္ပါ။ ေရွာက္သီး ကို ခြက္တစ္လံုးစာပမာဏအရည္ညႇစ္ယူၿပီး ဆားစားပြဲ တင္ဇြန္းတစ္ဇြန္းခန္႔ထည့္၍သမစြာေမႊၿပီး ဝက္ၿခံမ်ား ေပၚ လိမ္းက်ံပါ။ မိနစ္ ၂ဝခန္႔အၾကာတြင္ ေရေႏြးျဖင့္ မ်က္ႏွာေဆးေၾကာပါ။

(၄) သံပရာသီး

သံပရာရည္ႏွင့္ သစ္ႀကံပိုးေခါက္မႈန္႔တို႔ကို ဆတူ ေရာ၍ ညအိပ္ရာမဝင္ခင္ ဆားဝက္ၿခံေပၚလိမ္းေပးၿပီး နံနံက္အိပ္ရာထ ေရေအးျဖင့္သန္႔စင္ေပးပါ။

(၅) ေျပာင္းဖူးမႈန္႔

ေျပာင္းဖူးမႈန္႔သုံးဇြန္းကို ရွာလကာရည္တစ္ဇြန္းေရာ ၍ရရွိလာေသာအႏွစ္ကို ဝက္ၿခံေပၚတို႔လိမ္းေပးပါ။ မိနစ္ ၂ဝ ခန္႔အၾကာ ေရေႏြးျဖင့္ ေဆးေၾကာၿပီး မ်က္ႏွာသုတ္ ပဝါသန္႔သန္႔ျဖင့္ သုတ္ပါ။

(၆) ဒိန္ခ်ဥ္

အဆီမပါေသာ ဒိန္ခ်ဥ္စားပြဲတင္ဇြန္းသုံးဇြန္း၊ ဂ်ဳံမႈန္႔ စားပြဲတင္ဇြန္းႏွစ္ဇြန္း၊ သံလြင္ဆီစားပြဲတင္ဇြန္းတစ္ဇြန္း ႏွင့္ ေရွာက္ရည္စားပြဲတင္ဇြန္းတစ္ဇြန္းတို႔ကို သမေအာင္ ေရာေမႊၿပီး ဝက္ၿခံမ်ားေပၚတို႔လိမ္းေပးပါ။ ခုနစ္မိနစ္ခန္႔ အၾကာ ေရေအးျဖင့္ေဆးေၾကာ သန္႔စင္ေပးပါ။

(၇) ဆန္

ဆန္ကို ႏြားႏို႔ထဲ ငါးနာရီခန္႔ၾကာေအာင္စိမ္ထား၍ အႏွစ္ျဖစ္ေအာင္ႀကိတ္ေခ်ပါ။ ွခမကဘ အျဖစ္ မ်က္ႏွာ အႏွံ႔လိမ္းက်ံေပးပါ။

(၈) အာလူး

အာလူးစိမ္းကိုႀကိတ္ေခ်၍ ဝက္ၿခံမ်ားေပၚ ပြတ္တိုက္ ေပးၿပီး ၁၅ မိနစ္ခန္႔အၾကာ ေရေအးျဖင့္ေဆးေၾကာေပးပါ။

(၉) နံနံပင္။

ႀကိတ္ေခ်ထားေသာနံနံပင္၊ မန္က်ည္းသီးႏွင့္ ေရ အနည္းငယ္တို႔ျဖင့္ ေရာနယ္ထားေသာ အႏွစ္တို႔ကို မ်က္ ႏွာဖံုး ာေ်ု အျဖစ္ အသံုးျပဳျခင္းျဖင့္ ဆားဝက္ၿခံမ်ားကို သက္သာလာေစပါမည္။

(၁ဝ) ေကြကာအုပ္

ေကြကာအုပ္ကို အမႈန္႔ျဖစ္ေအာင္ႀကိတ္ေခ်ၿပီး အ လွဆီရည္ျဖင့္ေရာ၍ ဝက္ၿခံမ်ားေပၚလိမ္းက်ံေပးပါ။ ၁၅ မိနစ္ခန္႔အၾကာ ေရေအးျဖင့္ ေဆးေၾကာသန္႔စင္ပါ။

(၁၁) မုန္႔ဖုတ္ေဆာ္ဒါ

ဆားဝက္ၿခံမ်ားအတြက္ မုန္႔ဖုတ္ေဆာ္ဒါႏွင့္ ေရကို ဆတူေရာ၍ မ်က္ႏွာအႏွံ႔စိမ့္ဝင္ေအာင္ ပြတ္လိမ္းေပးၿပီး ၁၅ မိနစ္ခန္႔အၾကာ ေရေႏြးေႏြးျဖင့္ ေဆးေၾကာသန္႔စင္ပါ။

(၁၂) ပ်ားရည္

ပ်ားရည္သည္ ဆားဝက္ၿခံမ်ားအတြက္ အေကာင္းဆံုး ေဆးတစ္ခြက္ျဖစ္၍ ဝက္ၿခံမ်ားအေပၚႏွံ႔ေအာင္လိမ္းေပး ၿပီး ၁၅မိနစ္အၾကာတြင္ ေရေအးေအးျဖင့္ မ်က္ႏွာသစ္ လိုက္ပါ။

''သင္လွခ်င္ပါသလား၊ မ်က္ႏွာႏွင့္လက္ကို ေဝး ေဝးထားပါ''

ဆိုလိုသည့္အဓိပၸာယ္ကေတာ့ မ်က္ႏွာေပၚရွိ ဝက္ၿခံမ်ားကို လက္သည္းျဖင့္ ထိုးဆြျခင္း၊ ညႇစ္ျခင္း၊ ပြတ္ တိုက္ျခင္း၊ ကုတ္ဖဲ့ျခင္းစသည္ျဖင့္ ၾကမ္းတမ္းစြာမလုပ္ သင့္ပါ။ အမာရြတ္စြဲက်န္ေစ႐ံုသာမက လက္မသန္႔ပါက ပိုးဝင္ေစတတ္ပါသည္။ က်ား/မအရြယ္သုံးပါးမေရြး လူ သားတိုင္း လွတစ္မ်က္ႏွာေလးကို ပိုင္ဆိုင္လိုၾကသည္ကို ေတာ့ စိုးစဥ္းမွ်ယံုမွားသံသယျဖစ္ဖြယ္မရွိပါ။

ထို႔ေၾကာင့္ အထက္ပါအိမ္တြင္းျဖစ္ ေဆးၿမီးတိုနည္းမ်ားကိုအသံုးျပဳ ၍ မိမိကုိယ္ကိုယ္ယံုၾကည္မႈအျပည့္အဝရရွိေစရန္ အက်ဳိး ေမွ်ာ္ကာ အႀကံျပဳလိုက္ရပါသည္။
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit : ေပါက္ေပါက္

#Unicode Version

ကောင်းခြင်းငါးဖြာတို့အနက် အသားအရေ၏ေ ကာင်းခြင်းသည် တစ်ပါးအပါအဝင်ဖြစ် သည်။ ကျန်းမာလှပသော အသားအရေပိုင်ရှင်ဖြစ်စေဖို့ တည်ငြိမ်သောစိတ်နေသဘောထား၊ သင့်လျော်သောအ စားအသောက်၊ ကောင်းစွာအိပ်စက်အနားယူခြင်း၊ တစ် ကိုယ်ရေသန့်ရှင်းရေးတို့အပြင် အသုံးအဆောင်များဖြစ် ကြသော မျက်နှာသုတ်ပဝါ၊ ခေါင်းအုံးစွပ်၊ စောင်၊ အလှ ကုန်ပစ္စည်း စသည်တို့သန့်ရှင်းစေရန်လည်း အထူးလိုအပ် သည်။

အရေပြားဆိုင်ရာပညာရှင်များက အလှကုန်ပစ္စည်း နှင့် ဆေးဝါးအမျိုးမျိုးဖော်စပ်ကာထုတ်လုပ်ကြသော်လည်း တချို့ဓာတုပစ္စည်းများမှာ ဓာတ်မတည့်မှုနှင့်ဆိုးရွားသော တုံ့ပြန်မှုများဖြစ်စေသကဲ့သို့ အနာနှင့်ဆေးတွေ့ပါသော် လည်း ဈေးနှုန်းမြင့်မားခြင်း၊ အချိန်ကြာကြာစွဲလိမ်းပေး ရခြင်းတို့ဖြင့် ကြုံတွေ့ကြရပါသည်။ သို့သော် စိတ်မညစ် ပါနှင့်။ သင့်မီးဖိုချောင်ထဲရှိ တန်ဖိုးနည်းပစ္စည်းတချို့ဖြင့် မပင်မပန်းကရိကထမများဘဲ မိမိအိမ်မှာပင် အောက်ပါ နည်းလမ်းအသွယ်သွယ်တို့ဖြင့် မျက်နှာပေါ်ရှိ ဆားဝက်ခြံ နှင့် ပြည်တည်ဝက်ခြံစိုများကို ကုသပျောက်ကင်းနိုင်ပါသည်။

(၁) သွားတိုက်ဆေး

ဝက်ခြံများအတွက် သွားတိုက်ဆေးသည် အလွန်အ ထိရောက်ဆုံးဖြစ်သည်။ ဝက်ခြံအပေါ်ယံနှင့် အနီးတစ် ဝိုက်တွင် သွားတိုက်ဆေးခပ်ပါးပါးလူးအုံပေးပါ။ သွားတိုက် ဆေး၏ ပူရှိန်းရှိန်းအထိအတွေ့ကိုခံစားရသော်လည်း မစိုးရိမ်ပါနှင့်။ ၂၅ မိနစ်ခန့်အကြာတွင် မျက်နှာကို ရေဖြင့် အသာအယာဆေးကြောသန့်စင်ခြင်းဖြင့် အမြစ်ပါထွက် သွားပါလိမ့်မည်။ ဤနည်းအတိုင်း ရက်သတ္တနှစ်ပတ်တိတိ နေ့စဉ်ပြုလုပ်ခြင်းဖြင့် အကျိုးထူးခံစားရပါလိမ့်မည်။
(အ ကယ်၍ ရေဖြင့်မဆေးဘဲ သွားတိုက်ဆေးကိုသာခွာယူပါ လျှင် အသားထဲတွင် အမြစ်ကျန်စေခဲ့မည်ကို သတိပြုပါ)

(၂) ခရမ်းချဉ်သီးအမှည့်

ညအိပ်ရာမဝင်ခင် ခရမ်းချဉ်သီးအမှည့်အနေတော် တစ်လုံးကို အခွံနွှာကြိတ်ချေပြီး ဝက်ခြံပေါ်လိမ်းကျံပါ။ နံနံက်အိပ်ရာထတွင် ရေနွေးနွေးဖြင့် မျက်နှာသစ်ပေးပါ။ ခရမ်းချဉ်သီးထဲတွင် သဘာဝပိုးသတ်ဆေးအစွမ်းသတ္တိ ပါရှိခြင်းကြောင့် ဝက်ခြံများကို ခြောက်သွေ့သွားစေနိုင်ပါ တယ်။

(၃) ရှောက်သီး

မျက်နှာကို ဦးစွာရေနွေးဖြင့် သန့်စင်ပါ။ ရှောက်သီး ကို ခွက်တစ်လုံးစာပမာဏအရည်ညှစ်ယူပြီး ဆားစားပွဲ တင်ဇွန်းတစ်ဇွန်းခန့်ထည့်၍သမစွာမွှေပြီး ဝက်ခြံများ ပေါ် လိမ်းကျံပါ။ မိနစ် ၂ဝခန့်အကြာတွင် ရေနွေးဖြင့် မျက်နှာဆေးကြောပါ။

(၄) သံပရာသီး

သံပရာရည်နှင့် သစ်ကြံပိုးခေါက်မှုန့်တို့ကို ဆတူ ရော၍ ညအိပ်ရာမဝင်ခင် ဆားဝက်ခြံပေါ်လိမ်းပေးပြီး နံနံက်အိပ်ရာထ ရေအေးဖြင့်သန့်စင်ပေးပါ။

(၅) ပြောင်းဖူးမှုန့်

ပြောင်းဖူးမှုန့်သုံးဇွန်းကို ရှာလကာရည်တစ်ဇွန်းရော ၍ရရှိလာသောအနှစ်ကို ဝက်ခြံပေါ်တို့လိမ်းပေးပါ။ မိနစ် ၂ဝ ခန့်အကြာ ရေနွေးဖြင့် ဆေးကြောပြီး မျက်နှာသုတ် ပဝါသန့်သန့်ဖြင့် သုတ်ပါ။

(၆) ဒိန်ချဉ်

အဆီမပါသော ဒိန်ချဉ်စားပွဲတင်ဇွန်းသုံးဇွန်း၊ ဂျုံမှုန့် စားပွဲတင်ဇွန်းနှစ်ဇွန်း၊ သံလွင်ဆီစားပွဲတင်ဇွန်းတစ်ဇွန်း နှင့် ရှောက်ရည်စားပွဲတင်ဇွန်းတစ်ဇွန်းတို့ကို သမအောင် ရောမွှေပြီး ဝက်ခြံများပေါ်တို့လိမ်းပေးပါ။ ခုနစ်မိနစ်ခန့် အကြာ ရေအေးဖြင့်ဆေးကြော သန့်စင်ပေးပါ။

(၇) ဆန်

ဆန်ကို နွားနို့ထဲ ငါးနာရီခန့်ကြာအောင်စိမ်ထား၍ အနှစ်ဖြစ်အောင်ကြိတ်ချေပါ။ ှခမကဘ အဖြစ် မျက်နှာ အနှံ့လိမ်းကျံပေးပါ။

(၈) အာလူး

အာလူးစိမ်းကိုကြိတ်ချေ၍ ဝက်ခြံများပေါ် ပွတ်တိုက် ပေးပြီး ၁၅ မိနစ်ခန့်အကြာ ရေအေးဖြင့်ဆေးကြောပေးပါ။

(၉) နံနံပင်။

ကြိတ်ချေထားသောနံနံပင်၊ မန်ကျည်းသီးနှင့် ရေ အနည်းငယ်တို့ဖြင့် ရောနယ်ထားသော အနှစ်တို့ကို မျက် နှာဖုံး ာေျု အဖြစ် အသုံးပြုခြင်းဖြင့် ဆားဝက်ခြံများကို သက်သာလာစေပါမည်။

(၁ဝ) ကွေကာအုပ်

ကွေကာအုပ်ကို အမှုန့်ဖြစ်အောင်ကြိတ်ချေပြီး အ လှဆီရည်ဖြင့်ရော၍ ဝက်ခြံများပေါ်လိမ်းကျံပေးပါ။ ၁၅ မိနစ်ခန့်အကြာ ရေအေးဖြင့် ဆေးကြောသန့်စင်ပါ။

(၁၁) မုန့်ဖုတ်ဆော်ဒါ

ဆားဝက်ခြံများအတွက် မုန့်ဖုတ်ဆော်ဒါနှင့် ရေကို ဆတူရော၍ မျက်နှာအနှံ့စိမ့်ဝင်အောင် ပွတ်လိမ်းပေးပြီး ၁၅ မိနစ်ခန့်အကြာ ရေနွေးနွေးဖြင့် ဆေးကြောသန့်စင်ပါ။

(၁၂) ပျားရည်

ပျားရည်သည် ဆားဝက်ခြံများအတွက် အကောင်းဆုံး ဆေးတစ်ခွက်ဖြစ်၍ ဝက်ခြံများအပေါ်နှံ့အောင်လိမ်းပေး ပြီး ၁၅မိနစ်အကြာတွင် ရေအေးအေးဖြင့် မျက်နှာသစ် လိုက်ပါ။

''သင်လှချင်ပါသလား၊ မျက်နှာနှင့်လက်ကို ဝေး ဝေးထားပါ''

ဆိုလိုသည့်အဓိပ္ပာယ်ကတော့ မျက်နှာပေါ်ရှိ ဝက်ခြံများကို လက်သည်းဖြင့် ထိုးဆွခြင်း၊ ညှစ်ခြင်း၊ ပွတ် တိုက်ခြင်း၊ ကုတ်ဖဲ့ခြင်းစသည်ဖြင့် ကြမ်းတမ်းစွာမလုပ် သင့်ပါ။ အမာရွတ်စွဲကျန်စေရုံသာမက လက်မသန့်ပါက ပိုးဝင်စေတတ်ပါသည်။ ကျား/မအရွယ်သုံးပါးမရွေး လူ သားတိုင်း လှတစ်မျက်နှာလေးကို ပိုင်ဆိုင်လိုကြသည်ကို တော့ စိုးစဉ်းမျှယုံမှားသံသယဖြစ်ဖွယ်မရှိပါ။

ထို့ကြောင့် အထက်ပါအိမ်တွင်းဖြစ် ဆေးမြီးတိုနည်းများကိုအသုံးပြု ၍ မိမိကိုယ်ကိုယ်ယုံကြည်မှုအပြည့်အဝရရှိစေရန် အကျိုး မျှော်ကာ အကြံပြုလိုက်ရပါသည်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : ပေါက်ပေါက်
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top