iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့္ရဲ႕ေန႕စဥ္ဘဝထဲမွာ လိင္မႈကိစၥက အံဝင္ခြင္က်မရွိသလို ခံစားေနရပါသလား။ “Women’s Anatomy of Sexual Arousal: Secret Maps to Buried Pleasure” အမည္ရွိတဲ့ စာအုပ္ကိုေရးသားခဲ့သူ လိင္မႈဆိုင္ရာ ကုထုံး ပညာရွင္ Sheri Winston က “က်မသိတဲ့ လူတိုင္းကေတာ့ အလုပ္ကိစၥေတြ၊ မနိုင္ဝန္ထမ္းရတာေတြနဲ႕ ေျပးလႊားေနၾကရပါတယ္။” လို႔ ေျပာ ပါတယ္။ မေနမနား လႈပ္ရွားေနရတာေတြ တခ်ိန္က ေပ်ာ္စရာလို႔ ထင္ခဲ့တဲ့ သာယာမႈေတြက ေနာက္ပိုင္းမွာ ညည္းေငြ႕စရာ လိင္ကိစၥတခု အျဖစ္ေျပာင္းလဲသြားတာကို ေတာင္ သတိထားမိမွာ မဟုတ္ပါဘူး။ ဒီလို အေျခအေနျဖစ္လာေစတဲ့ အေၾကာင္းရင္း ေတြလည္း ရွိေနလို႔ ျဖစ္ပါတယ္။ ဒီလိုျဖစ္ေစနိုင္တဲ့ အေၾကာင္းေတြကို သိထားမယ္ဆိုရင္ေတာ့ ေကာင္း မြန္ သာယာတဲ့ လိင္မႈဘဝတခု ျဖစ္လာေအာင္ ျပဳျပင္ျခင္းအားျဖင့္ မိမိရဲ႕ က်န္းမာေရးနဲ႕ ဘဝေနထိုင္မႈကို လည္း တိုးတက္လာ ေစမွာ ျဖစ္ပါတယ္။

လိင္ဆက္ဆံမႈကို ညည္းေငြ႕စရာျဖစ္လာနိုင္ေစတဲ့ အေၾကာင္းတခ်ိဳ႕ကေတာ့


ဆက္ဆံေရး ျပႆနာ။ ။ လိင္ကိစၥအတြက္ အရမ္းပင္ပန္းေနၿပီ၊ ဒါေၾကာင့္ အဆင္မေျပတာေတြ မျဖစ္ခ်င္ဘူး လို႔ အမ်ားစုက အေၾကာင္းျပေကာင္းျပနိုင္ပါတယ္။ ဒါေပမယ့္ Sheri Winston ကေတာ့ “အရမ္းပင္ပန္းေနၿပီလို႔ ဒီအတိုင္း ေျပာလိုက္တာထက္စာရင္ အနားမွာ ထိုင္ရင္း ငါတို႔ေတြ ေဆြးေႏြးဖို႔ လိုေနၿပီ လို႔ အစျပဳၿပီး ေျပာျပတာမ်ိဳးက ပို ေကာင္း ပါတယ္။” လို႔ အႀကံျပဳပါတယ္။ ေဒါသ၊ နာက်ည္းမႈ စတာေတြဟာ လိင္မႈေရးရာမွာ ပင္ပန္းေစတဲ့ စိတ္ခံစားမႈေတြထဲမွာ ပါဝင္ပါတယ္။ စကားနဲ႕ ေျပာျပဖို႔ကိုေတာင္ စိတ္ကုန္ေနတယ္ဆိုရင္ေတာ့ ကိုယ့္ရဲ႕ သာယာတဲ့ လိင္မႈဘဝကို ျပန္လည္ တည္ေဆာက္ဖို႔ အတြက္ ကြၽမ္းက်င္သူ ကုထုံးပညာရွင္နဲ႕ တိုင္ပင္ဖို႔ လိုအပ္လာတဲ့ အေျခအေနျဖစ္ပါတယ္။

TV အလြန္အကြၽံ ၾကည့္ျခင္း။ ။ “တခ်ိဳ႕ေတြက အလုပ္ၿပီးလို႔ အိမ္ျပန္ေရာက္လာတဲ့ အခါ TV ေရွ႕မွာပဲ အခ်ိန္ျဖဳန္း တတ္ၾကပါတယ္။” လို႔ Sheri Winston ကေျပာပါတယ္။ ဒီလို လုပ္ျခင္းအားျဖင့္ ကိုယ့္ရဲ႕ အိမ္ေထာင္ဖက္က တေယာက္တည္း အရင္ အိပ္ႏွင့္ ရသလို ကိုယ္တိုင္လည္း အိပ္ေရးမဝေတာ့ပါဘူး။ ဒါေၾကာင့္ TV ကို ေစာေစာ ပိတ္ဖို႔ သူက အႀကံျပဳပါတယ္။ “အိပ္ခန္းထဲမွာ TV ထားတာက ရင္းႏွီးကြၽမ္းဝင္မႈေတြကို ထိခိုက္နိုင္သလို အိပ္ေရးလည္း ပ်က္ပါတယ္။” လို႔ Sheri Winston ကဆိုပါတယ္။ TV အျပင္ ကြန္ပ်ဴတာ၊ အင္တာနက္နဲ႕ ဗီဒီယို ဂိမ္းေတြလည္း အပါအဝင္ျဖစ္ပါတယ္။

အလုပ္မ်ားျခင္း။ ။ အၿမဲအလုပ္ေတြ ရႈပ္ေနရတာေၾကာင့္ စိတ္ဖိစီးမႈကို ခံစားရနိုင္သလို လိင္မႈကိစၥအတြက္လည္း ပင္ပန္း ႏြမ္းနယ္မႈကို ျဖစ္ေစပါတယ္။ ဒါေပမယ့္ ေကာင္းမြန္တဲ့ လိင္မႈဘ၀ ရွိေနျခင္းက ကိုယ့္ အတြက္ေရာ ကိုယ့္ရဲ႕ အေဖာ္ ရဲ႕ ဘ၀ ေနထိုင္မႈ အတြက္ပါ အေရးပါတဲ့ အတြက္ ဒါကို ပစ္ပယ္ထားလို႔ မရပါဘူး။ “ကိုယ့္ရဲ႕ ဘဝနဲ႕ ကိုယ္ဘာေတြ လုပ္ေန သလဲဆိုတာကို ၾကည့္ပါ။ ပင္ပန္းႏြမ္းနယ္မႈေတြ သက္သာေစဖို႔ ျဖတ္ေတာက္ ေလွ်ာ့ခ်ရမယ့္၊ ျပန္လည္ ခ်ိန္ညွိရမယ့္ ေနရာ ေတြရွိပါတယ္။ ဒါေပ မယ့္ လိင္မႈဘဝကိုေတာ့ မစြန႔္ပယ္သင့္ပါဘူး။” လို႔ Sheri Winston ကေျပာပါတယ္။

စြမ္းေဆာင္ရည္ကို စိုးရိမ္ျခင္း။ ။ ပင္ပန္းႏြမ္းနယ္မႈေၾကာင့္ အိပ္ခန္းထဲကိုဝင္ဖို႔ ေရွာင္ရွားၾကတဲ့ အေၾကာင္းရင္းေတြ ထဲမွာ စြမ္းေဆာင္နိုင္စြမ္း မရွိမွာကို စိုးရိမ္ၾတတာလည္း တပိုင္းအပါ အဝင္ျဖစ္ပါတယ္။ Sheri Winston ကေတာ့ ဝင္သာ သြားပါလို႔ တိုက္တြန္းပါတယ္။ “ဖိအားေတြကို ေဖ်ာက္ဖ်က္ပစ္လိုက္ပါ။ ညင္ညင္သာသာေလးပဲ ဖက္ထားပါ။ မ်ားေသာအား ျဖင့္ သူ႕ အလိုလို အဆင္ေျပသြားတတ္ၾကပါတယ္။” လို႔ သူက ဆိုပါတယ္။ တကယ္လို႔ လိင္ဆက္ဆံျဖစ္တဲ့ အေျခအေနကို ေရာက္မသြားရင္ေတာင္မွ ခ်စ္ခင္ၾကင္နာမႈနဲ႕ ႏူးညံ့တဲ့ ႐ုပ္ပိုင္းဆိုင္ရာ အထိအေတြ႕ ေတြက ေပ်ာ္႐ႊင္မႈကို ရရွိေစပါ လိမ့္မယ္။

ႏွလုံးေရာဂါ။ ။ ႏွလုံးေရာဂါ ေၾကာင့္ အမ်ိဳးသားေတြရဲ႕ လိင္တံ တင္းမာဖို႔ အခက္အခဲျဖစ္ေစနိုင္ပါတယ္။ ဒါေၾကာင့္ အဲဒီလို တင္းမာနိုင္စြမ္း မရွိဘူးဆိုရင္း ႏွလုံးဆရာဝန္နဲ႕ တိုင္ပင္ေဆြးေႏြးဖို႔ လိုေကာင္းလိုလာပါလိမ့္မယ္။ အေမရိကန္ နိုင္ငံ Chicago မွာရွိတဲ့ Illinois တကၠသိုလ္က ဆီးေရာဂါ ပညာဌာနမႉး ေဒါက္တာ Craig Niederberger က“ ႏွလုံး အားနည္းျခင္း ေၾကာင့္ ပင္ပန္းႏြမ္းနယ္မႈကို ခံစားရနိုင္သလို လိင္မႈကိစၥ အပါအဝင္ စြမ္းေဆာင္ရည္က်ဆင္းမႈေတြ ျဖစ္နိုင္ပါတယ္။” လို႔ ေျပာပါတယ္။ ဒါေၾကာင့္ ေမာပန္းႏြမ္းနယ္မႈကို သတိျပဳမိတယ္ဆိုရင္ စစ္ေဆးကုသ သင့္ပါတယ္။

ေဟာ္မုန္း ဟန္ခ်က္ မညီမွ်ျခင္း။ ။ ေဟာ္မုန္း ထုတ္လုပ္မႈက်ဆင္းသြား ၿပီဆိုရင္လည္း လိင္မႈကိစၥကို အေႏွာက္ အယွက္ျဖစ္ေစပါတယ္။ “လိင္ စိတ္ဆႏၵကို testosterone ေဟာ္မုန္းက အဓိက ထိန္းခ်ဳပ္ပါတယ္။” လို႔ ေဒါက္တာ Craig Niederberger ကဆိုပါတယ္။ ဒါဆိုရင္ အမ်ိဳးသားေတြ အေနနဲ႕ ဆီးေရာဂါ ဆရာဝန္နဲ႕ ေဆြးေႏြးဖို႔ လိုအပ္သလို အမ်ိဳးသ မီး ေတြကေတာ့ သားဖြား မီးယပ္ ဆရာဝန္နဲ႕ တိုင္ပင္ရမွာ ျဖစ္ပါတယ္။ လိုအပ္သလို ကုသမႈ ခံယူျခင္း အားျဖင့္ ေကာင္းမြန္ သာယာတဲ့ လိင္မႈဘဝကို ရရွိနိုင္မွာျဖစ္ပါတယ္။

စိတ္ဖိစီးျခင္း။ ။ တကယ္လို႔ လိင္ကိစၥမွာ ပင္ပန္းညည္းေငြ႕ ေန႐ုံသာမက တခ်ိန္က ေပ်ာ္႐ႊင္စရာလို႔ ထင္ခဲ့ဖူးတဲ့ ကိစၥ ေတြကပါ ညည္းေငြ႕စရာ ျဖစ္လာရင္ စိတ္ဖိစီးမႈ ဒါမွ မဟုတ္ရင္လည္း အလြန္အကြၽံ အိပ္ေရးပ်က္ေနလို႔ ျဖစ္နိုင္ပါတယ္။ စိတ္ဖိစီးမႈကို ကုသနိုင္မွသာ ေကာင္းမြန္တဲ့ လိင္မႈဘဝကို ရရွိမွာ ျဖစ္ပါတယ္။ ကြၽမ္းက်င္နားလည္တဲ့ ပညာရွင္နဲ႕ ျပသ တိုင္ ပင္ျခင္း အားျဖင့္ စိတ္ခံစားမႈ တိုးတက္ေကာင္းမြန္ၿပီး ဘဝအတြက္ စိတ္အားတက္ႂကြစရာေတြ ျပန္လည္ရရွိနိုင္မွာ ျဖစ္ပါ တယ္။ စိတ္ဖိစီးမႈကို ကုသတဲ့ ေနရာမွာ ေဆးဝါးေတြ တခါတရံ လိုအပ္ေပမယ့္ အမ်ားစုကေတာ့ အစား အအိပ္အေလ့ အထေတြကို ျပဳျပင္ျခင္း၊ ေလ့က်င့္ခန္းေတြလုပ္ျခင္းနဲ႕ ေပ်ာ္႐ႊင္တတ္ႂကြမႈေတြ ျပန္လည္ ရရွိသြားတတ္ၾကပါတယ္။

ေလ့က်င့္ခန္း အလြန္အကြၽံလုပ္ျခင္း။ ။ ေလ့က်င့္ခန္းေတြျပဳလုပ္ျခင္းေၾကာင့္ က်န္းမာသန္စြမ္းမႈကို ရနိုင္သလို လိင္မႈကိစၥ မွာလည္း ေပ်ာ္႐ႊင္ေက်နပ္မႈကို ရနိုင္ပါတယ္။ ဒါေပမယ့္ အလြန္ အကြၽံဆိုရင္ေတာ့ မေကာင္းပါဘူး။ လူတေယာက္ဟာ တေန႕ကို အနည္းဆံုံး မိနစ္ ၃၀ ေလာက္ေတာ့ ကိုယ္လက္လႈပ္ရွားမႈ လုပ္သင့္တယ္လို႔ Sheri Winston ကဆိုပါတယ္။ က်န္း မာ တဲ့သူေတြဆိုရင္ ဒီထက္ေတာင္ ပိုၿပီးေတာ့ လုပ္နိုင္ၾကမွာပါ။ ဒါေပမယ့္ လုံး၀ မလုပ္နိုင္ေတာ့တဲ့ အထိ ေလ့က်င့္တာမ်ိဳး ေတာ့ မလုပ္သင့္ပါဘူး။ ရပ္သင့္တဲ့ အခ်ိန္မွာ ရပ္နားျခင္းက လိင္ဆက္ဆံမႈအတြက္ အားအင္ေတြ က်န္ေနေအာင္ ထိန္း သိမ္းေပးပါလိမ့္မယ္။ တကယ္ေတာ့ လိင္မႈကိစၥ ကိုယ္တိုင္ကလည္း က်န္းမာေရး ေလ့က်င့္ခန္း တခုလိုပါပဲ။

အိပ္ေရးပ်က္ျခင္း။ ။ အိပ္ေရး ပ်က္ျခင္းနဲ႕ လိင္မႈကိစၥအေပၚမွာ ႏွစ္သက္ေက်နပ္မႈ ေလ်ာ့က်ျခင္းတို႔ ခိုင္ခိုင္မာမာ ဆက္စပ္ေန ပါတယ္။ အမ်ိဳးသား ၈၂၇ ေယာက္ကို ေလ့လာၾကည့္ခဲ့ရာမွာ အအိပ္အေန နည္းသူေတြဟာ သူတို႔မွာ လိင္ ကိစၥနဲ႕ ပတ္သက္လို႔ စြမ္းေဆာင္ရည္ ခ်ိဳ႕ယြင္းမႈရွိမေနေပမယ့္ စိတ္ေက်နပ္ႏွစ္သိမ့္မႈ နည္းၾကတာကို ေတြ႕ရွိရပါတယ္။ အိပ္ေရး၀၀ အိပ္ျခင္းနဲ႕ ဒီျပႆနာကို ေျဖရွင္းနိုင္ပါတယ္။

Source : everydayhealth.com

Link: http://burma.irrawaddy.com/lifestyle/2016/03/19/110540.html

Credit:: Irrawaddy

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကိုယ့်ရဲ့နေ့စဉ်ဘဝထဲမှာ လိင်မှုကိစ္စက အံဝင်ခွင်ကျမရှိသလို ခံစားနေရပါသလား။ “Women’s Anatomy of Sexual Arousal: Secret Maps to Buried Pleasure” အမည်ရှိတဲ့ စာအုပ်ကိုရေးသားခဲ့သူ လိင်မှုဆိုင်ရာ ကုထုံး ပညာရှင် Sheri Winston က “ကျမသိတဲ့ လူတိုင်းကတော့ အလုပ်ကိစ္စတွေ၊ မနိုင်ဝန်ထမ်းရတာတွေနဲ့ ပြေးလွှားနေကြရပါတယ်။” လို့ ပြော ပါတယ်။ မနေမနား လှုပ်ရှားနေရတာတွေ တချိန်က ပျော်စရာလို့ ထင်ခဲ့တဲ့ သာယာမှုတွေက နောက်ပိုင်းမှာ ညည်းငွေ့စရာ လိင်ကိစ္စတခု အဖြစ်ပြောင်းလဲသွားတာကို တောင် သတိထားမိမှာ မဟုတ်ပါဘူး။ ဒီလို အခြေအနေဖြစ်လာစေတဲ့ အကြောင်းရင်း တွေလည်း ရှိနေလို့ ဖြစ်ပါတယ်။ ဒီလိုဖြစ်စေနိုင်တဲ့ အကြောင်းတွေကို သိထားမယ်ဆိုရင်တော့ ကောင်း မွန် သာယာတဲ့ လိင်မှုဘဝတခု ဖြစ်လာအောင် ပြုပြင်ခြင်းအားဖြင့် မိမိရဲ့ ကျန်းမာရေးနဲ့ ဘဝနေထိုင်မှုကို လည်း တိုးတက်လာ စေမှာ ဖြစ်ပါတယ်။

လိင်ဆက်ဆံမှုကို ညည်းငွေ့စရာဖြစ်လာနိုင်စေတဲ့ အကြောင်းတချို့ကတော့

ဆက်ဆံရေး ပြဿနာ။ ။ လိင်ကိစ္စအတွက် အရမ်းပင်ပန်းနေပြီ၊ ဒါကြောင့် အဆင်မပြေတာတွေ မဖြစ်ချင်ဘူး လို့ အများစုက အကြောင်းပြကောင်းပြနိုင်ပါတယ်။ ဒါပေမယ့် Sheri Winston ကတော့ “အရမ်းပင်ပန်းနေပြီလို့ ဒီအတိုင်း ပြောလိုက်တာထက်စာရင် အနားမှာ ထိုင်ရင်း ငါတို့တွေ ဆွေးနွေးဖို့ လိုနေပြီ လို့ အစပြုပြီး ပြောပြတာမျိုးက ပို ကောင်း ပါတယ်။” လို့ အကြံပြုပါတယ်။ ဒေါသ၊ နာကျည်းမှု စတာတွေဟာ လိင်မှုရေးရာမှာ ပင်ပန်းစေတဲ့ စိတ်ခံစားမှုတွေထဲမှာ ပါဝင်ပါတယ်။ စကားနဲ့ ပြောပြဖို့ကိုတောင် စိတ်ကုန်နေတယ်ဆိုရင်တော့ ကိုယ့်ရဲ့ သာယာတဲ့ လိင်မှုဘဝကို ပြန်လည် တည်ဆောက်ဖို့ အတွက် ကျွမ်းကျင်သူ ကုထုံးပညာရှင်နဲ့ တိုင်ပင်ဖို့ လိုအပ်လာတဲ့ အခြေအနေဖြစ်ပါတယ်။

TV အလွန်အကျွံ ကြည့်ခြင်း။ ။ “တချို့တွေက အလုပ်ပြီးလို့ အိမ်ပြန်ရောက်လာတဲ့ အခါ TV ရှေ့မှာပဲ အချိန်ဖြုန်း တတ်ကြပါတယ်။” လို့ Sheri Winston ကပြောပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် ကိုယ့်ရဲ့ အိမ်ထောင်ဖက်က တယောက်တည်း အရင် အိပ်နှင့် ရသလို ကိုယ်တိုင်လည်း အိပ်ရေးမဝတော့ပါဘူး။ ဒါကြောင့် TV ကို စောစော ပိတ်ဖို့ သူက အကြံပြုပါတယ်။ “အိပ်ခန်းထဲမှာ TV ထားတာက ရင်းနှီးကျွမ်းဝင်မှုတွေကို ထိခိုက်နိုင်သလို အိပ်ရေးလည်း ပျက်ပါတယ်။” လို့ Sheri Winston ကဆိုပါတယ်။ TV အပြင် ကွန်ပျူတာ၊ အင်တာနက်နဲ့ ဗီဒီယို ဂိမ်းတွေလည်း အပါအဝင်ဖြစ်ပါတယ်။

အလုပ်များခြင်း။ ။ အမြဲအလုပ်တွေ ရှုပ်နေရတာကြောင့် စိတ်ဖိစီးမှုကို ခံစားရနိုင်သလို လိင်မှုကိစ္စအတွက်လည်း ပင်ပန်း နွမ်းနယ်မှုကို ဖြစ်စေပါတယ်။ ဒါပေမယ့် ကောင်းမွန်တဲ့ လိင်မှုဘ၀ ရှိနေခြင်းက ကိုယ့် အတွက်ရော ကိုယ့်ရဲ့ အဖော် ရဲ့ ဘ၀ နေထိုင်မှု အတွက်ပါ အရေးပါတဲ့ အတွက် ဒါကို ပစ်ပယ်ထားလို့ မရပါဘူး။ “ကိုယ့်ရဲ့ ဘဝနဲ့ ကိုယ်ဘာတွေ လုပ်နေ သလဲဆိုတာကို ကြည့်ပါ။ ပင်ပန်းနွမ်းနယ်မှုတွေ သက်သာစေဖို့ ဖြတ်တောက် လျှော့ချရမယ့်၊ ပြန်လည် ချိန်ညှိရမယ့် နေရာ တွေရှိပါတယ်။ ဒါပေ မယ့် လိင်မှုဘဝကိုတော့ မစွန့်ပယ်သင့်ပါဘူး။” လို့ Sheri Winston ကပြောပါတယ်။

စွမ်းဆောင်ရည်ကို စိုးရိမ်ခြင်း။ ။ ပင်ပန်းနွမ်းနယ်မှုကြောင့် အိပ်ခန်းထဲကိုဝင်ဖို့ ရှောင်ရှားကြတဲ့ အကြောင်းရင်းတွေ ထဲမှာ စွမ်းဆောင်နိုင်စွမ်း မရှိမှာကို စိုးရိမ်တြတာလည်း တပိုင်းအပါ အဝင်ဖြစ်ပါတယ်။ Sheri Winston ကတော့ ဝင်သာ သွားပါလို့ တိုက်တွန်းပါတယ်။ “ဖိအားတွေကို ဖျောက်ဖျက်ပစ်လိုက်ပါ။ ညင်ညင်သာသာလေးပဲ ဖက်ထားပါ။ များသောအား ဖြင့် သူ့ အလိုလို အဆင်ပြေသွားတတ်ကြပါတယ်။” လို့ သူက ဆိုပါတယ်။ တကယ်လို့ လိင်ဆက်ဆံဖြစ်တဲ့ အခြေအနေကို ရောက်မသွားရင်တောင်မှ ချစ်ခင်ကြင်နာမှုနဲ့ နူးညံ့တဲ့ ရုပ်ပိုင်းဆိုင်ရာ အထိအတွေ့ တွေက ပျော်ရွှင်မှုကို ရရှိစေပါ လိမ့်မယ်။

နှလုံးရောဂါ။ ။ နှလုံးရောဂါ ကြောင့် အမျိုးသားတွေရဲ့ လိင်တံ တင်းမာဖို့ အခက်အခဲဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အဲဒီလို တင်းမာနိုင်စွမ်း မရှိဘူးဆိုရင်း နှလုံးဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုကောင်းလိုလာပါလိမ့်မယ်။ အမေရိကန် နိုင်ငံ Chicago မှာရှိတဲ့ Illinois တက္ကသိုလ်က ဆီးရောဂါ ပညာဌာနမှူး ဒေါက်တာ Craig Niederberger က“ နှလုံး အားနည်းခြင်း ကြောင့် ပင်ပန်းနွမ်းနယ်မှုကို ခံစားရနိုင်သလို လိင်မှုကိစ္စ အပါအဝင် စွမ်းဆောင်ရည်ကျဆင်းမှုတွေ ဖြစ်နိုင်ပါတယ်။” လို့ ပြောပါတယ်။ ဒါကြောင့် မောပန်းနွမ်းနယ်မှုကို သတိပြုမိတယ်ဆိုရင် စစ်ဆေးကုသ သင့်ပါတယ်။

ဟော်မုန်း ဟန်ချက် မညီမျှခြင်း။ ။ ဟော်မုန်း ထုတ်လုပ်မှုကျဆင်းသွား ပြီဆိုရင်လည်း လိင်မှုကိစ္စကို အနှောက် အယှက်ဖြစ်စေပါတယ်။ “လိင် စိတ်ဆန္ဒကို testosterone ဟော်မုန်းက အဓိက ထိန်းချုပ်ပါတယ်။” လို့ ဒေါက်တာ Craig Niederberger ကဆိုပါတယ်။ ဒါဆိုရင် အမျိုးသားတွေ အနေနဲ့ ဆီးရောဂါ ဆရာဝန်နဲ့ ဆွေးနွေးဖို့ လိုအပ်သလို အမျိုးသ မီး တွေကတော့ သားဖွား မီးယပ် ဆရာဝန်နဲ့ တိုင်ပင်ရမှာ ဖြစ်ပါတယ်။ လိုအပ်သလို ကုသမှု ခံယူခြင်း အားဖြင့် ကောင်းမွန် သာယာတဲ့ လိင်မှုဘဝကို ရရှိနိုင်မှာဖြစ်ပါတယ်။

စိတ်ဖိစီးခြင်း။ ။ တကယ်လို့ လိင်ကိစ္စမှာ ပင်ပန်းညည်းငွေ့ နေရုံသာမက တချိန်က ပျော်ရွှင်စရာလို့ ထင်ခဲ့ဖူးတဲ့ ကိစ္စ တွေကပါ ညည်းငွေ့စရာ ဖြစ်လာရင် စိတ်ဖိစီးမှု ဒါမှ မဟုတ်ရင်လည်း အလွန်အကျွံ အိပ်ရေးပျက်နေလို့ ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုကို ကုသနိုင်မှသာ ကောင်းမွန်တဲ့ လိင်မှုဘဝကို ရရှိမှာ ဖြစ်ပါတယ်။ ကျွမ်းကျင်နားလည်တဲ့ ပညာရှင်နဲ့ ပြသ တိုင် ပင်ခြင်း အားဖြင့် စိတ်ခံစားမှု တိုးတက်ကောင်းမွန်ပြီး ဘဝအတွက် စိတ်အားတက်ကြွစရာတွေ ပြန်လည်ရရှိနိုင်မှာ ဖြစ်ပါ တယ်။ စိတ်ဖိစီးမှုကို ကုသတဲ့ နေရာမှာ ဆေးဝါးတွေ တခါတရံ လိုအပ်ပေမယ့် အများစုကတော့ အစား အအိပ်အလေ့ အထတွေကို ပြုပြင်ခြင်း၊ လေ့ကျင့်ခန်းတွေလုပ်ခြင်းနဲ့ ပျော်ရွှင်တတ်ကြွမှုတွေ ပြန်လည် ရရှိသွားတတ်ကြပါတယ်။

လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်း။ ။ လေ့ကျင့်ခန်းတွေပြုလုပ်ခြင်းကြောင့် ကျန်းမာသန်စွမ်းမှုကို ရနိုင်သလို လိင်မှုကိစ္စ မှာလည်း ပျော်ရွှင်ကျေနပ်မှုကို ရနိုင်ပါတယ်။ ဒါပေမယ့် အလွန် အကျွံဆိုရင်တော့ မကောင်းပါဘူး။ လူတယောက်ဟာ တနေ့ကို အနည်းဆုံံး မိနစ် ၃၀ လောက်တော့ ကိုယ်လက်လှုပ်ရှားမှု လုပ်သင့်တယ်လို့ Sheri Winston ကဆိုပါတယ်။ ကျန်း မာ တဲ့သူတွေဆိုရင် ဒီထက်တောင် ပိုပြီးတော့ လုပ်နိုင်ကြမှာပါ။ ဒါပေမယ့် လုံး၀ မလုပ်နိုင်တော့တဲ့ အထိ လေ့ကျင့်တာမျိုး တော့ မလုပ်သင့်ပါဘူး။ ရပ်သင့်တဲ့ အချိန်မှာ ရပ်နားခြင်းက လိင်ဆက်ဆံမှုအတွက် အားအင်တွေ ကျန်နေအောင် ထိန်း သိမ်းပေးပါလိမ့်မယ်။ တကယ်တော့ လိင်မှုကိစ္စ ကိုယ်တိုင်ကလည်း ကျန်းမာရေး လေ့ကျင့်ခန်း တခုလိုပါပဲ။

အိပ်ရေးပျက်ခြင်း။ ။ အိပ်ရေး ပျက်ခြင်းနဲ့ လိင်မှုကိစ္စအပေါ်မှာ နှစ်သက်ကျေနပ်မှု လျော့ကျခြင်းတို့ ခိုင်ခိုင်မာမာ ဆက်စပ်နေ ပါတယ်။ အမျိုးသား ၈၂၇ ယောက်ကို လေ့လာကြည့်ခဲ့ရာမှာ အအိပ်အနေ နည်းသူတွေဟာ သူတို့မှာ လိင် ကိစ္စနဲ့ ပတ်သက်လို့ စွမ်းဆောင်ရည် ချို့ယွင်းမှုရှိမနေပေမယ့် စိတ်ကျေနပ်နှစ်သိမ့်မှု နည်းကြတာကို တွေ့ရှိရပါတယ်။ အိပ်ရေး၀၀ အိပ်ခြင်းနဲ့ ဒီပြဿနာကို ဖြေရှင်းနိုင်ပါတယ်။

Source : everydayhealth.com

Link: http://burma.irrawaddy.com/lifestyle/2016/03/19/110540.html

Credit:: Irrawaddy



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top