iMyanmarHouse.com - Best Property Website for Myanmar
×







#Unicode Version
ခံတွင်းကင်ဆာနဲ့ အရေပြား ကင်ဆာတွေကို ကာကွယ်နိုင်မယ့် အစားအစာတွေထဲမှာ ဆော်လမွန် ငါးနဲ့ trout လို့ခေါ်တဲ့ ရေချိုငါးတွေ ပါဝင် နေပါတယ်။ ဒီငါးနှစ်မျိုးလုံးမှာ တူညီတဲ့အချက်ကတော့ အိုမီဂါ ၃ အက်ဆစ် ပါဝင်မှုပဲဖြစ်ပါတယ်။

စမ်းသပ်မှုများစွာ ပြုလုပ်အပြီး မှာ ဒီအဆီဓာတ်ပြည့်ဝနေတဲ့ငါးတွေ ဟာ ကင်ဆာရောဂါတွေရဲ့ အကြို အ ဆင့်နဲ့ ကင်ဆာဖြစ်တဲ့အဆင့်တွေ မှာ ပုံမှန်ဆဲလ်တွေကို မပျက်စီးစေဘဲ ကင်ဆာဆဲလ်တွေကို သေစေနိုင် တယ်လို့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အရေပြားကင်ဆာနဲ့ ခံတွင်း ကင်ဆာတွေရဲ့ကုသမှုရော ကာကွယ်မှုမှာပါ အိုမီဂါ၃အက်ဆစ်က အရေးပါနေတယ်ဆိုတာကိုလည်း သိရပါတယ်။

လန်ဒန်တက္ကသိုလ်မှ သုတေသီ တွေဟာ ဒီဆော်လမွန်ငါးနဲ့ trout ငါးတွေကို စားသုံးပေးမယ်ဆိုရင် အရေပြားကင်ဆာ တစ်မျိုးဖြစ်တဲ့ Squamour Cell Carcinoma, SCC ကို ကာကွယ်နိုင်မယ် ဆိုတာ တွေ့ရှိခဲ့ပါတယ် ။ အဲဒီအရေပြား ကင်ဆာဟာ အဖြစ်များတဲ့ အရေပြား ကင်ဆာ တစ်မျိုးဖြစ်ပါတယ်။ ဒီလို အမျိုးအစားကိုပဲ ခံတွင်းမှာဖြစ်မယ် ဆိုရင် Oral SCC လို့ခေါ်ပြီးတစ် ကမ္ဘာလုံးမှာ ခြောက် ခုမြောက်အဖြစ် အများဆုံးကင်ဆာဖြစ်ပြီး ကုသဖို့ အတွက် အလွန်ဈေးနှုန်းကြီးမြင့်ပါ တယ်။ ဒါကြောင့်မို့လို့ ကင်ဆာရော ဂါများ ဖြစ်ပွားပြီးမှ ငွေကုန်ကြေးကျ များမှုကို ဈေးနှုန်းသက်သာတဲ့Omega 3 ပါဝင်တဲ့ အစား အစာတွေ စားသုံးပေးခြင်းဖြင့် ကာကွယ် ပေးနိုင်ပါတယ်။
ဒီလေ့လာမှုကို Journal of Carcinogenesis မှာ ဖော်ပြထားပါ တယ်။


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:Health Updates Journal
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top