iMyanmarHouse.com - Best Property Website for Myanmar
×

ဘယ္သူမဆို ကိုယ္ခ်စ္တဲ့သူနဲ႔ သက္ဆံုးတုိင္လက္တြဲသြားခ်င္ၾကပါတယ္။ ဒါေပမယ့္ တဖက္ဖက္က အခ်စ္ေတြ ေပ်ာက္ဆံုးၿပီး ခံစားခ်က္မဲ့သြားတာမ်ိဳး ၾကံဳေတြ႕ရတတ္ပါတယ္။ ဒီလိုအခ်ိန္မ်ိဳးမွာ ကၽြန္ေတာ္တို႔ေတြက ကိုယ့္ပါတနာကို နားလည္ႏိုင္ဖို႔နဲ႔ လက္တြဲမျပဳတ္ဖုိ႔အတြက္ အေကာင္းဆံုးႀကိဳးစားတတ္ၾကပါတယ္။

ဒါေတြကိုု သိျပီး တေယာက္နဲ႕ တေယာက္နားလည္ထားၾကမယ္ဆိုုရင္ ခင္ဗ်ားတိုု႕ ခ်စ္ခရီး လမ္း ကၾကည္ႏူးစရာ အတိေပါ့ဗ်ာ….. ေသခ်ာ ေလ့လာၾကည့္လိုုက္ပါဦး…

၁။ အခ်ိန္တိုင္း ေဖ်ာင္းဖ်ဖို႔ႀကိဳးစားေနရျခင္း
အေၾကာင္းကိစၥတစ္ခုခုအတြက္ သင့္ရဲ႕ပါတနာကို အခ်ိန္တိုင္း ေဖ်ာင္းဖ်ေနရမယ္ဆိုရင္ ပံုမွန္မဟုတ္တာ ေသခ်ာပါတယ္။ သူမရဲ႕ခြင့္ျပဳခ်က္ရဖို႔ အေလးအနက္ေတာင္းဆိုေနရတာ၊ အႏူးအညြတ္ေျပာေနရတာမ်ိဳးေတြက ဆက္ဆံေရးမျပိဳကြဲေအာင္ တမင္အားထုတ္ႀကိဳးပမ္းမႈေတြပဲျဖစ္ပါတယ္။

၂။ အျမဲတမ္းအေလွ်ာ့ေပးေနရျခင္း
ကိုယ္လုပ္ခ်င္တာမလုပ္ရပဲ သင့္ပါတနာ စိတ္တိုင္းက်သြားလာေနထိုင္ လုပ္ကိုင္ေနရတာမ်ိဳးျဖစ္ပါတယ္။ ႏွစ္ဦးသားဆက္ဆံေရးကို ထိန္းသိမ္းထားဖို႔အတြက္ သင့္ရဲ႕ေပ်ာ္ရႊင္မႈကို စေတးပစ္လိုက္ရတဲ့ သေဘာပါပဲ။ သူမ ခြင့္မျပဳတဲ့အတြက္ အခင္ဆံုးသူငယ္ခ်င္းေတြနဲ႔ေတာင္ အေပါင္းအသင္းမလုပ္ေတာ့တဲ့အထိ ျဖစ္တတ္ပါတယ္။

၃။ ဘာလုပ္လုပ္ျပႆနာျဖစ္ေနရျခင္း
သင့္ရဲ႕ပါတနာခြင့္မျပဳတဲ့ အေၾကာင္းအရာတစ္ခုခု လုပ္မိတိုင္း ျပႆနာတက္ရတာမ်ိဳးျဖစ္ပါတယ္။ ဒီအေၾကာင္းအရာက ဘာမွအေရးမႀကီးတဲ့ကိစၥလည္း ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ သင့္ပါတနာက ဇာတ္လမ္းေတြ ဆင္ၿပီး ျပႆနာႀကီးတစ္ရပ္အျဖစ္ ဖန္တီးလိုက္တတ္ပါတယ္။ ၿပီးရင္ သင့္ကို ရွင္းျပခြင့္ လုံး၀မေပးပဲ တဖက္သတ္ ျပစ္တင္ေျပာဆိုခံေနရပါလိမ့္မယ္။ ဒီလိုနဲ႔ ေနာက္ပိုင္းမွာ တစ္ခုခုကို ဆံုးျဖတ္လုပ္ေဆာင္မယ္ရတုိင္း ျပႆနာျဖစ္မွာကို စိုးရိမ္ေၾကာင့္က်ေနရတတ္ပါတယ္။

၄။ အျမဲတမ္း သင္ကခ်ည္းပဲ စီစဥ္ေနရျခင္း
သင္တို႔ႏွစ္ဦး အတူအျပင္သြားဖို႔၊ တစ္ခုခုလုပ္ဖို႔ စီစဥ္စရာရွိတိုင္း သင့္ပါတနာက စိတ္၀င္တစားမရွိပဲ သင္ကခ်ည္းပဲ စီစဥ္ေနရတာမ်ိဳးျဖစ္ပါတယ္။ ဒီအခ်က္က ခ်စ္သူစံုတြဲေတြအတြက္ ေကာင္းမြန္တဲ့ ဆက္ဆံေရးအေျခအေနမဟုတ္ပါဘူး။ သင္က စီစဥ္ထားလို႔လည္း အျမဲတမ္းလက္ခံတာမ်ိဳးမဟုတ္ပဲ မ်ားေသာအားျဖင့္ ျငင္းဆိုေနတတ္ပါတယ္။ ဒီလိုဆိုရင္ သင္ပဲစိတ္မေကာင္းျဖစ္ရတယ္ မဟုတ္ပါလား။

၅။ အျမဲတမ္းနာက်ဥ္ခံစားေနရျခင္း
သင့္ဘ၀တစ္ခုလံုးကို ေပးဆပ္လိုက္ဖို႔ဆိုတာက ေျပာဖို႔သာလြယ္တာျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ အမ်ားစုက အတၱနည္းနည္းေတာ့ရွိတတ္ၾကပါတယ္။ ဒီလို ခ်စ္သူအတြက္ တစ္ဘ၀လံုးေပးဆပ္ထားတယ္ဆိုရင္လည္း သူမဆီက သာတူညီမွ်တုံ႔ျပန္မႈကို ေမွ်ာ္လင့္တတ္ၾကပါတယ္။ ဒါေပမယ့္ သင့္ရဲ႕ေပးဆပ္မႈကို အေလးမထားပဲ လစ္လ်ဴ႐ႈခံေနရမယ္ဆိုရင္ေတာ့ နာက်ဥ္ရခံစားရမွာေသခ်ာပါတယ္။

၆။ မိမိကိုယ္ကို ျပဳျပင္ေျပာင္းလဲေနရျခင္း
သူမသတ္မွတ္ထားတဲ့ ခ်စ္သူပံုစံျဖစ္ေအာင္လို႔ အရာရာလိုက္ၿပီး ျပဳျပင္ေျပာင္းလဲေနရတာမ်ိဳးျဖစ္ပါတယ္။ သူမစိတ္တိုင္းက်ျဖစ္ဖို႔ ႀကိဳးစားရင္း သင့္ခံစားခ်က္၊ သင့္၀ါသနာနဲ႔ သင့္အႀကိဳက္ေတြကို စြန္႔လႊတ္ေပးရတာကို ထိုက္တန္တယ္လို႔ ထင္ပါသလား။ ဒီလိုလုပ္မယ္ဆိုရင္လည္း မိမိရဲ႕ျဖစ္တည္မႈကို ဆံုး႐ႈံးခံၿပီး ဆက္ဆံေရးကို တမင္ထိန္းသိမ္းေနရတာပဲ ျဖစ္ပါတယ္။

၇။ အတိတ္ကို စြဲလမ္းေနျခင္း
သင့္ပါတနာက သင့္ကိုမခ်စ္ေတာ့ပဲ၊ သင္ကသာ လက္တြဲမျပဳတ္ဖို႔ တမင္ႀကိဳးစားေနရတဲ့ ဆက္ဆံေရးမ်ိဳးမွာ ခ်စ္ခဲ့ၾကတဲ့ အတိတ္ကို စြဲလမ္းေနတာမ်ိဳးျဖစ္ႏိုင္ပါတယ္။ သူမနဲ႔ အဆင္ေျပခ်စ္ၾကည္ႏူးေနခ်ိန္ေတြကို ျပန္ေတြးၿပီး လက္မလႊတ္ႏိုင္ျဖစ္ေနတာပါ။ ဒါေပမယ့္ ဒီလိုအတိတ္မွာပဲ သာယာေနၿပီး ေရွ႕ဆက္ဖို႔ မျဖစ္ႏိုင္ပါဘူး။

၈။ အျမဲတမ္းစကားစေျပာေနရျခင္း
သူမမွာ ေျပာစရာစကားမရွိသလို တိတ္ဆိတ္ေနတတ္ၿပီး သင္ကပဲ အျမဲတမ္းစကားမရွိစကားရွာ လိုက္ေျပာေနရတာမ်ိဳးျဖစ္ပါတယ္။ ဒီလို စကားသံၾကားရဖို႔ ပင္ပန္းတႀကီးလိုက္ႀကိဳးစားေနရတယ္ဆိုရင္ေတာ့ သင့္တို႔ႏွစ္ဦးၾကားက ဆက္ဆံေရးဟာ ႏွစ္ေယာက္စလံုးအတြက္ ၀န္ထုပ္၀န္ပိုးတစ္ခုျဖစ္လာႏိုင္ပါတယ္။ ဒီလို ဆက္ဆံေရးကို ႀကိဳးစားထိန္းသိမ္းေနမယ့္အစား လက္လႊတ္လိုက္တာက ပိုေကာင္းပါတယ္။

၉။ ႏွစ္ဦးသားအနာဂတ္ကို တိုင္ပင္ေဆြးေႏြးမႈမရွိျခင္း
ႏွစ္ေယာက္ေရွ႕ေရးအတြက္ တိုင္ပင္ေဆြးေႏြးတာမ်ိဳးေတြက မေျပာေကာင္းတဲ့ကိစၥလို႔ သတ္မွတ္ထားတာမ်ိဳးပါ။ သင္ကေတာ့ ႀကိဳစဥ္းစားၿပီး ေျပာခ်င္ေပမယ့္ သင့္ပါတနာကေတာ့ စိတ္မ၀င္စားတတ္ပါဘူး။ သူမအေနနဲ႔ အတူတူဘ၀ကို ဘယ္ေတာ့မွစဥ္းစားေလ့မရွိသလို သင့္ကိုလည္း သူမဘ၀ရဲ႕ အစိတ္အပိုင္းတစ္ခုလို႔ ယူဆထားတာမ်ိဳး ရွိမွာမဟုတ္ပါဘူး။

၁၀။ မ်က္ႏွာခ်င္းဆိုင္ဖို႔ ေရွာင္ေနတတ္ျခင္း
သင္နဲ႔ ၾကည္ၾကည္ႏူးႏူးမ်က္ႏွာခ်င္းဆိုင္ဖို႔ကို ေရာဂါတစ္ခုလို႔ ဆက္ဆံၿပီး ေရွာင္ေနတတ္တာမ်ိဳးျဖစ္ပါတယ္။ ခ်စ္သူႏွစ္ဦးၾကားဆက္ဆံေရးမွာ ဒီလိုမ်ိဳးျဖစ္လာၿပီဆိုရင္ သင္နဲ႔ပတ္သက္ၿပီး သူမမွာ ဘာခံစားခ်က္မွ မရွိေတာ့လို႔ပဲျဖစ္ပါတယ္။ ဒီလိုဆက္ဆံေရးမ်ိဳးကို ႀကိဳးစားထိန္းသိမ္းေနတာကလည္း ေရရွည္မွာ ႏွစ္ေယာက္စလံုးအတြက္ ေပ်ာ္စရာအေၾကာင္းရွိမွာမဟုတ္ပါဘူး
အေကာင္းဆံုုးအၾကံ တခုုေပးပါမယ္
သင့္ခ်စ္သူကိုု ဒီေဆာင္းပါေလး ဖတ္ခိုုင္းျပီး ေတာ့ “ဒါမ်ိဳး ေတြေရွာင္က်ဥ္ၾကရေအာင္” လိုု႕ ဂတိတခုုေတာင္းလိုုက္ပါ။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:myanmargentleman

#Unicode Version


ဘယ်သူမဆို ကိုယ်ချစ်တဲ့သူနဲ့ သက်ဆုံးတိုင်လက်တွဲသွားချင်ကြပါတယ်။ ဒါပေမယ့် တဖက်ဖက်က အချစ်တွေ ပျောက်ဆုံးပြီး ခံစားချက်မဲ့သွားတာမျိုး ကြုံတွေ့ရတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ကျွန်တော်တို့တွေက ကိုယ့်ပါတနာကို နားလည်နိုင်ဖို့နဲ့ လက်တွဲမပြုတ်ဖို့အတွက် အကောင်းဆုံးကြိုးစားတတ်ကြပါတယ်။
ဒါတွေကိုု သိပြီး တယောက်နဲ့ တယောက်နားလည်ထားကြမယ်ဆိုုရင် ခင်ဗျားတိုု့ ချစ်ခရီး လမ်း ကကြည်နူးစရာ အတိပေါ့ဗျာ….. သေချာ လေ့လာကြည့်လိုုက်ပါဦး…
၁။ အချိန်တိုင်း ဖျောင်းဖျဖို့ကြိုးစားနေရခြင်း
အကြောင်းကိစ္စတစ်ခုခုအတွက် သင့်ရဲ့ပါတနာကို အချိန်တိုင်း ဖျောင်းဖျနေရမယ်ဆိုရင် ပုံမှန်မဟုတ်တာ သေချာပါတယ်။ သူမရဲ့ခွင့်ပြုချက်ရဖို့ အလေးအနက်တောင်းဆိုနေရတာ၊ အနူးအညွတ်ပြောနေရတာမျိုးတွေက ဆက်ဆံရေးမပြိုကွဲအောင် တမင်အားထုတ်ကြိုးပမ်းမှုတွေပဲဖြစ်ပါတယ်။
၂။ အမြဲတမ်းအလျှော့ပေးနေရခြင်း
ကိုယ်လုပ်ချင်တာမလုပ်ရပဲ သင့်ပါတနာ စိတ်တိုင်းကျသွားလာနေထိုင် လုပ်ကိုင်နေရတာမျိုးဖြစ်ပါတယ်။ နှစ်ဦးသားဆက်ဆံရေးကို ထိန်းသိမ်းထားဖို့အတွက် သင့်ရဲ့ပျော်ရွှင်မှုကို စတေးပစ်လိုက်ရတဲ့ သဘောပါပဲ။ သူမ ခွင့်မပြုတဲ့အတွက် အခင်ဆုံးသူငယ်ချင်းတွေနဲ့တောင် အပေါင်းအသင်းမလုပ်တော့တဲ့အထိ ဖြစ်တတ်ပါတယ်။
၃။ ဘာလုပ်လုပ်ပြဿနာဖြစ်နေရခြင်း
သင့်ရဲ့ပါတနာခွင့်မပြုတဲ့ အကြောင်းအရာတစ်ခုခု လုပ်မိတိုင်း ပြဿနာတက်ရတာမျိုးဖြစ်ပါတယ်။ ဒီအကြောင်းအရာက ဘာမှအရေးမကြီးတဲ့ကိစ္စလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သင့်ပါတနာက ဇာတ်လမ်းတွေ ဆင်ပြီး ပြဿနာကြီးတစ်ရပ်အဖြစ် ဖန်တီးလိုက်တတ်ပါတယ်။ ပြီးရင် သင့်ကို ရှင်းပြခွင့် လုံးဝမပေးပဲ တဖက်သတ် ပြစ်တင်ပြောဆိုခံနေရပါလိမ့်မယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာ တစ်ခုခုကို ဆုံးဖြတ်လုပ်ဆောင်မယ်ရတိုင်း ပြဿနာဖြစ်မှာကို စိုးရိမ်ကြောင့်ကျနေရတတ်ပါတယ်။
၄။ အမြဲတမ်း သင်ကချည်းပဲ စီစဉ်နေရခြင်း
သင်တို့နှစ်ဦး အတူအပြင်သွားဖို့၊ တစ်ခုခုလုပ်ဖို့ စီစဉ်စရာရှိတိုင်း သင့်ပါတနာက စိတ်ဝင်တစားမရှိပဲ သင်ကချည်းပဲ စီစဉ်နေရတာမျိုးဖြစ်ပါတယ်။ ဒီအချက်က ချစ်သူစုံတွဲတွေအတွက် ကောင်းမွန်တဲ့ ဆက်ဆံရေးအခြေအနေမဟုတ်ပါဘူး။ သင်က စီစဉ်ထားလို့လည်း အမြဲတမ်းလက်ခံတာမျိုးမဟုတ်ပဲ များသောအားဖြင့် ငြင်းဆိုနေတတ်ပါတယ်။ ဒီလိုဆိုရင် သင်ပဲစိတ်မကောင်းဖြစ်ရတယ် မဟုတ်ပါလား။
၅။ အမြဲတမ်းနာကျဉ်ခံစားနေရခြင်း
သင့်ဘဝတစ်ခုလုံးကို ပေးဆပ်လိုက်ဖို့ဆိုတာက ပြောဖို့သာလွယ်တာဖြစ်ပါတယ်။ ကျွန်တော်တို့ အများစုက အတ္တနည်းနည်းတော့ရှိတတ်ကြပါတယ်။ ဒီလို ချစ်သူအတွက် တစ်ဘဝလုံးပေးဆပ်ထားတယ်ဆိုရင်လည်း သူမဆီက သာတူညီမျှတုံ့ပြန်မှုကို မျှော်လင့်တတ်ကြပါတယ်။ ဒါပေမယ့် သင့်ရဲ့ပေးဆပ်မှုကို အလေးမထားပဲ လစ်လျူရှုခံနေရမယ်ဆိုရင်တော့ နာကျဉ်ရခံစားရမှာသေချာပါတယ်။
၆။ မိမိကိုယ်ကို ပြုပြင်ပြောင်းလဲနေရခြင်း
သူမသတ်မှတ်ထားတဲ့ ချစ်သူပုံစံဖြစ်အောင်လို့ အရာရာလိုက်ပြီး ပြုပြင်ပြောင်းလဲနေရတာမျိုးဖြစ်ပါတယ်။ သူမစိတ်တိုင်းကျဖြစ်ဖို့ ကြိုးစားရင်း သင့်ခံစားချက်၊ သင့်ဝါသနာနဲ့ သင့်အကြိုက်တွေကို စွန့်လွှတ်ပေးရတာကို ထိုက်တန်တယ်လို့ ထင်ပါသလား။ ဒီလိုလုပ်မယ်ဆိုရင်လည်း မိမိရဲ့ဖြစ်တည်မှုကို ဆုံးရှုံးခံပြီး ဆက်ဆံရေးကို တမင်ထိန်းသိမ်းနေရတာပဲ ဖြစ်ပါတယ်။
၇။ အတိတ်ကို စွဲလမ်းနေခြင်း
သင့်ပါတနာက သင့်ကိုမချစ်တော့ပဲ၊ သင်ကသာ လက်တွဲမပြုတ်ဖို့ တမင်ကြိုးစားနေရတဲ့ ဆက်ဆံရေးမျိုးမှာ ချစ်ခဲ့ကြတဲ့ အတိတ်ကို စွဲလမ်းနေတာမျိုးဖြစ်နိုင်ပါတယ်။ သူမနဲ့ အဆင်ပြေချစ်ကြည်နူးနေချိန်တွေကို ပြန်တွေးပြီး လက်မလွှတ်နိုင်ဖြစ်နေတာပါ။ ဒါပေမယ့် ဒီလိုအတိတ်မှာပဲ သာယာနေပြီး ရှေ့ဆက်ဖို့ မဖြစ်နိုင်ပါဘူး။
၈။ အမြဲတမ်းစကားစပြောနေရခြင်း
သူမမှာ ပြောစရာစကားမရှိသလို တိတ်ဆိတ်နေတတ်ပြီး သင်ကပဲ အမြဲတမ်းစကားမရှိစကားရှာ လိုက်ပြောနေရတာမျိုးဖြစ်ပါတယ်။ ဒီလို စကားသံကြားရဖို့ ပင်ပန်းတကြီးလိုက်ကြိုးစားနေရတယ်ဆိုရင်တော့ သင့်တို့နှစ်ဦးကြားက ဆက်ဆံရေးဟာ နှစ်ယောက်စလုံးအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်လာနိုင်ပါတယ်။ ဒီလို ဆက်ဆံရေးကို ကြိုးစားထိန်းသိမ်းနေမယ့်အစား လက်လွှတ်လိုက်တာက ပိုကောင်းပါတယ်။
၉။ နှစ်ဦးသားအနာဂတ်ကို တိုင်ပင်ဆွေးနွေးမှုမရှိခြင်း
နှစ်ယောက်ရှေ့ရေးအတွက် တိုင်ပင်ဆွေးနွေးတာမျိုးတွေက မပြောကောင်းတဲ့ကိစ္စလို့ သတ်မှတ်ထားတာမျိုးပါ။ သင်ကတော့ ကြိုစဉ်းစားပြီး ပြောချင်ပေမယ့် သင့်ပါတနာကတော့ စိတ်မဝင်စားတတ်ပါဘူး။ သူမအနေနဲ့ အတူတူဘဝကို ဘယ်တော့မှစဉ်းစားလေ့မရှိသလို သင့်ကိုလည်း သူမဘဝရဲ့ အစိတ်အပိုင်းတစ်ခုလို့ ယူဆထားတာမျိုး ရှိမှာမဟုတ်ပါဘူး။
၁၀။ မျက်နှာချင်းဆိုင်ဖို့ ရှောင်နေတတ်ခြင်း
သင်နဲ့ ကြည်ကြည်နူးနူးမျက်နှာချင်းဆိုင်ဖို့ကို ရောဂါတစ်ခုလို့ ဆက်ဆံပြီး ရှောင်နေတတ်တာမျိုးဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကြားဆက်ဆံရေးမှာ ဒီလိုမျိုးဖြစ်လာပြီဆိုရင် သင်နဲ့ပတ်သက်ပြီး သူမမှာ ဘာခံစားချက်မှ မရှိတော့လို့ပဲဖြစ်ပါတယ်။ ဒီလိုဆက်ဆံရေးမျိုးကို ကြိုးစားထိန်းသိမ်းနေတာကလည်း ရေရှည်မှာ နှစ်ယောက်စလုံးအတွက် ပျော်စရာအကြောင်းရှိမှာမဟုတ်ပါဘူး
အကောင်းဆုံုးအကြံ တခုုပေးပါမယ်
သင့်ချစ်သူကိုု ဒီဆောင်းပါလေး ဖတ်ခိုုင်းပြီး တော့ “ဒါမျိုး တွေရှောင်ကျဉ်ကြရအောင်” လိုု့ ဂတိတခုုတောင်းလိုုက်ပါ။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:myanmargentleman
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top