iMyanmarHouse.com - Best Property Website for Myanmar
×

ဘဝက ကိုယ္တိုင္ထုဆစ္ ပံုေဖာ္ရတယ္ဆိုတဲ့ စကားရွိပါတယ္။ ေနာက္ၿပီး အမွားေတြက သင္ယူပါ ဆုိတဲ့ စကားပံုမ်ိဳးလည္း လူတိုင္း ၾကားဖူးၾကမွာပါ။

ခက္တာက တကယ္တမ္း အခက္အခဲေတြ႔ခ်ိန္မွာ ဘာကိုမွ သတိမရတတ္ေတာ့တာပါပဲ။ ဘဝမွာ အခက္အခဲေတြ႔ခ်ိန္တိုင္း ဒီအခ်က္ (၅) ခ်က္ ဒါမွမဟုတ္ ဒီသင္ခန္းစာ (၅) ခုကို သတိရမယ္ဆိုရင္ သင့္အတြက္ အေထာက္အကူ ျဖစ္ေစမွာပါ။

၁။ ဘဝက တိုတုိေလး
ဒီစာကို မဖတ္မိခင္ အခ်ိန္ထိ သင္လည္း ဒါကို ေမ့ေနပါလိမ့္မယ္။ အားလံုးၾကားဖူးတဲ့ စကားျဖစ္ေပမယ့္ အၿမဲတမ္း သတိရဖို႔ေတာ့ မလြယ္ပါဘူး။ ဘဝက တိုတဲ့အတြက္ သင့္အတြက္ အက်ိဳးမရွိတာေတြနဲ႔ အခ်ိန္ကုန္မေနပါနဲ႔။

၂။ ဘဝက ကိုယ္တိုင္ ပံုေဖာ္ရတာ
ဘဝမွာ သင့္ကို ကူညီေပးသူေတြ ရွိေကာင္းရွိမွာပါ။ ဒါေပမယ့္ သင့္ဘဝကိုေတာ့ သင္ကိုယ္တိုင္ တည္ေဆာက္ရမွာ မလြဲပါဘူး။

၃။ ကုိယ့္ကိုကိုယ္ ဂ႐ုစိုက္
ကုိယ့္ကိုကုိယ္ ခ်စ္ပါဆိုတဲ့ စကားကိုလည္း ၾကားဖူးၾကမွာပါ။ အနည္းဆံုးေတာ့ ကိုယ့္ကိုကိုယ္ ဂ႐ုစိုက္ဖို႔ လိုပါတယ္။ စိတ္ပိုင္းဆိုင္ရာ၊ ႐ုပ္ပိုင္းဆိုင္ရာ မထိခိုက္ေအာင္ ဂ႐ုစိုက္ေနပါ။ သင့္အတြက္ လိုအပ္တာေတြကို ဝယ္ပါ။ အဝတ္အစားသစ္၊ ပစၥည္းသစ္ စတာေတြက သင့္ဝင္ေငြနဲ႔ခ်ိန္ဆၿပီး ဝယ္ပါ။

၄။ အခ်ိန္ ေသခ်ာယူ
ယေန႔ေခတ္ဟာ တစ္ေန႔တာစတာနဲ႔ အလုပ္ကို ခပ္သုတ္သုတ္သြားၿပီး အိပ္ယာဝင္တဲ့အခ်ိန္ စမတ္ဖုန္းေတြ၊ ကြန္ပ်ဴတာေတြနဲ႔ အလုပ္႐ႈပ္ေနေလ့ ရွိၾကပါတယ္။ သင့္အတြက္ ေသေသခ်ာခ်ာ နားခ်ိန္နဲ႔ စဥ္းစားခ်ိန္ယူပါ။ ဖိအားေတြ ဝင္မလာေအာင္ ဂ႐ုစိုက္ပါ။ မိသားစုအတြက္ အခ်ိန္ေပးဖို႔ စဥ္းစားပါ။

၅။ အဲဒီက ထြက္ခဲ့လိုက္
သင့္ကို အဆင္မေျပေအာင္ လုပ္ေနတဲ့ ပတ္ဝန္းက်င္ရွိလာၿပီဆို ထြက္သာလာလိုက္ပါ။ သင္ ေပ်ာ္မေနရင္ သင္လည္း ဘယ္သူ႔ကိုမွ ေပ်ာ္ေအာင္ မထားႏိုင္ပါဘူး။
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:Duwun

#Unicode Version
ဘဝက ကိုယ်တိုင်ထုဆစ် ပုံဖော်ရတယ်ဆိုတဲ့ စကားရှိပါတယ်။ နောက်ပြီး အမှားတွေက သင်ယူပါ ဆိုတဲ့ စကားပုံမျိုးလည်း လူတိုင်း ကြားဖူးကြမှာပါ။

ခက်တာက တကယ်တမ်း အခက်အခဲတွေ့ချိန်မှာ ဘာကိုမှ သတိမရတတ်တော့တာပါပဲ။ ဘဝမှာ အခက်အခဲတွေ့ချိန်တိုင်း ဒီအချက် (၅) ချက် ဒါမှမဟုတ် ဒီသင်ခန်းစာ (၅) ခုကို သတိရမယ်ဆိုရင် သင့်အတွက် အထောက်အကူ ဖြစ်စေမှာပါ။

၁။ ဘဝက တိုတိုလေး
ဒီစာကို မဖတ်မိခင် အချိန်ထိ သင်လည်း ဒါကို မေ့နေပါလိမ့်မယ်။ အားလုံးကြားဖူးတဲ့ စကားဖြစ်ပေမယ့် အမြဲတမ်း သတိရဖို့တော့ မလွယ်ပါဘူး။ ဘဝက တိုတဲ့အတွက် သင့်အတွက် အကျိုးမရှိတာတွေနဲ့ အချိန်ကုန်မနေပါနဲ့။

၂။ ဘဝက ကိုယ်တိုင် ပုံဖော်ရတာ
ဘဝမှာ သင့်ကို ကူညီပေးသူတွေ ရှိကောင်းရှိမှာပါ။ ဒါပေမယ့် သင့်ဘဝကိုတော့ သင်ကိုယ်တိုင် တည်ဆောက်ရမှာ မလွဲပါဘူး။

၃။ ကိုယ့်ကိုကိုယ် ဂရုစိုက်
ကိုယ့်ကိုကိုယ် ချစ်ပါဆိုတဲ့ စကားကိုလည်း ကြားဖူးကြမှာပါ။ အနည်းဆုံးတော့ ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့ လိုပါတယ်။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ မထိခိုက်အောင် ဂရုစိုက်နေပါ။ သင့်အတွက် လိုအပ်တာတွေကို ဝယ်ပါ။ အဝတ်အစားသစ်၊ ပစ္စည်းသစ် စတာတွေက သင့်ဝင်ငွေနဲ့ချိန်ဆပြီး ဝယ်ပါ။

၄။ အချိန် သေချာယူ
ယနေ့ခေတ်ဟာ တစ်နေ့တာစတာနဲ့ အလုပ်ကို ခပ်သုတ်သုတ်သွားပြီး အိပ်ယာဝင်တဲ့အချိန် စမတ်ဖုန်းတွေ၊ ကွန်ပျူတာတွေနဲ့ အလုပ်ရှုပ်နေလေ့ ရှိကြပါတယ်။ သင့်အတွက် သေသေချာချာ နားချိန်နဲ့ စဉ်းစားချိန်ယူပါ။ ဖိအားတွေ ဝင်မလာအောင် ဂရုစိုက်ပါ။ မိသားစုအတွက် အချိန်ပေးဖို့ စဉ်းစားပါ။

၅။ အဲဒီက ထွက်ခဲ့လိုက်
သင့်ကို အဆင်မပြေအောင် လုပ်နေတဲ့ ပတ်ဝန်းကျင်ရှိလာပြီဆို ထွက်သာလာလိုက်ပါ။ သင် ပျော်မနေရင် သင်လည်း ဘယ်သူ့ကိုမှ ပျော်အောင် မထားနိုင်ပါဘူး။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:Duwun

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top