iMyanmarHouse.com - Best Property Website for Myanmar
×






Credit: Trend Myanmar



Unicode Version

သင်ဟာ ညအိပ်ချိန်မှာ အတွင်းခံမဝတ်ပဲ အိပ်ဖူးပါသလား။ ဒါမှမဟုတ် ဘာမှမဝတ်ပဲရော အိပ်ဖူးပါသလား။ အမျိုးသမီးတွေဟာ အတွင်းခံ မဝတ်ပဲ ဒါမှမဟုတ် ဘာမှမဝတ်ပဲ အိပ်ခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်လို့ သိရပါတယ်။

Shape မှာဖော်ပြထားတဲ့ ဆောင်းပါးထဲမှာတော့ ပညာရှင်တွေက ညဘက်အိပ်ချိန်တွေမှာ အတွင်းခံမဝတ်ပဲ အိပ်ဖို့ တိုက်တွန်းထားပါတယ်။

အတွင်းခံတွေဟာ ဘက်တီးရီးယားပိုးတွေ ကပ်ငြိဖို့ ရာခိုင်နှုန်းများတဲ့နေရာတစ်ခုပါ။ ဘယ်လောက်ပဲ သန့်ရှင်းအောင် ထားထား၊ အပေါ့သွားပြီးတဲ့အခါ ရေစိုစွတ်ကျန်ခဲ့တဲ့ အတွင်းခံတွေနဲ့ တစ်ချိန်လုံး ထိတွေ့နေရမယ့် အမျိုးသမီးအင်္ဂါဟာ ဘက်တီရီးယားပိုးမွှားတွေ ကပ်ငြိသွားစေနိုင်ပါတယ်။ ဒီလို မဟုတ်ရင်တောင် အတွင်းခံရဲ့ အသားကြောင့်လည်း အမျိုးသမီးအင်္ဂါ ပူစပ်ပူလောင် ဖြစ်စေတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်လို့ ဒေါက်တာ Alyssa Dweck ကပြောထားပါတယ်။

တစ်ချို့အမျိုးသမီးတွေက အမျိုးသမီးအင်္ဂါတွေ ယောင်ယမ်းတာ၊ နာကျင်တာမျိုးတွေ တစ်ခါတစ်လေ ဖြစ်တတ်ပါတယ်။ သူတို့ဟာ ပို့လို့တောင် အတွင်းခံမဝတ်ပဲ အိပ်သင့်ပါသေးတယ်လို့ သူက ဆက်ပြီး ပြောကြားသွားပါတယ်။

ဒါ့ကြောင့် အမျိုးသမီးအင်္ဂါကျန်းမာရေးအတွက် လုပ်ဆောင်ပေးသင့်တဲ့အရာတွေမှာ ဒီအရာဟာ အရေးတကြီး ပါဝင်နေပြီး ဘာမှမဝတ်ပဲ မအိပ်တတ်ရင်တောင် အပေါ်အကျီ၊ ဘောင်းဘီပွပွလေး ဝတ်ပြီး အောက်ခံဘောင်းဘီ ဝတ်မအိပ်တာဟာ အကောင်းဆုံးပါပဲ။

Credit: Trend Myanmar



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top