iMyanmarHouse.com - Best Property Website for Myanmar
×

ဟိုးေရွးေရွးတုန္းကအရမ္းခ်စ္ၾကတဲ့
ေကာင္ေလးနဲ႔ေကာင္မေလး အခ်စ္စုံတြဲ ရွိခဲ့ၾကတယ္။

တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ၾကိဳက္လာၾကတာသက္တမ္းသံုးႏွစ္ျပည့္တဲ့အခါ လက္ထပ္ၾကေတာ့မယ္
ဆိုျပီး မဂၤလာရက္တစ္ရက္ေရြးခ်ယ္သတ္မွတ္လိုက္တယ္။
ေကာင္းေလးကေတာ့ ေပ်ာ္ရႊင္စရာေကာင္းမယ့္သူတို႔ရဲ႔မဂၤလာရက္ေလးကိုစိတ္ကူးယဥ္ျပီးေပ်ာ္ေန
ရွာတာေပါ့။

ဒါေပမယ့္အဲ့ဒီမဂၤလာေဆာင္မယ့္ေန႔မရာက္ခင္မွာပဲသူ႔ခ်စ္သူေကာင္မေလးကတျခားေကာင္ေလး
တေယာက္နဲ႔ မေမွ်ာ္လင့္ဘဲလက္ထပ္သြားတယ္ဆိုတဲ့ သတင္းကိုေကာင္ေလးၾကားလိုက္ရတယ္။

သူစံုစမ္းၾကည့္လိုက္ေတာ့ ေကာင္မေလးကိုယ္တိုင္က လိုလိုလားလားနဲ႔ လက္ထပ္လိုက္တာလို႔ သိလိုက္ရတယ္။ အဲ့သတင္းက ိုၾကားတာနဲ႔ ေကာင္ေလးလည္း အရမ္းအံ့ၾသျပီး အရမ္းစိတ္ထိခိုက္
၀မ္းနည္းစြာနဲ႔မစားႏိုင္မအိပ္ႏိုင္ငိုေၾကြးေနေတာ့တယ္။မၾကာခင္မွာပဲ ေကာင္ေလးလည္းစိတ္ေထာင္း
ကိုယ္ေၾကျပီးအိပ္ယာထဲလဲေတာ့တယ္။

အခ်ိန္ေတြကုန္လြန္လာတာနဲ႔အမွ် ေကာင္ေလးရဲ႕ေျခအေနဟာ ပိုပိုဆိုးလာခဲ့တယ္။ဆရာ၀န္ျပလည္း မသက္သာေတာ့ဘူး။

တစ္ေန႔မွာေတာ့ အသက္အရြယ္အိုမင္းေနတဲ့ ဘုန္းေတာ္ၾကီးတစ္ပါးက ေကာင္ေလးရဲ႕ အိမ္ေရွ႔မွာရပ္ျပီးတံခါးေခါက္လိုက္တယ္။

အိမ္ေဖာ္ေကာင္မေလးလည္း တံခါးေခါက္သံေၾကာင့္ ထြက္လာျပီးတံခါးဖြင့္လိုက္ေတာ့ ဘုန္းေတာ္ၾကီးအိုတစ္ပါးကို ေတြ႔တာနဲ႔စိတ္ရႈပ္စြာနဲ႔”ကန္ေတာ့ဆြမ္းပါဘုရား” လို႔ေျပာလိုက္တယ္။
ဘုန္းၾကီးကျပံဳးျပီးေတာ့…..”ကိုယ္ေတာ္ကဆြမ္းခံၾကြလာတာမဟုတ္ပါဘူး။ ဒီအိမ္မွာလူမမာရွိတယ္ၾကား
လို႔ ဘုန္းဘုန္းက ေဆးနည္းနည္းကုတတ္ေတာ့လာကူညီေပးတာပါဒကာမေလး” လို႔ မိန္႔ၾကားလိုက္တယ္။

အိမ္ေဖာ္မိန္းကေလးကလည္း သူဆံုးျဖတ္လို႔ မရေၾကာင္းနဲ႔ သူမရဲ႕ သခင္ေတြကိ ုျပန္ေျပာၾကည့္
ပါမယ္ဆိုတဲ့အေၾကာင္းေျပာျပီးအိမ္ရွင္ေတြကိုေျပာၾကည့္ေတာ့ သေဘာတူခြင့္ျပဳတာေၾကာင့္ ဘုန္းေတာ္ၾကီး ကိုအိမ္ထဲကိုပင့္ဖိတ္ခဲ့တယ္။

ဘုန္းေတာ္ၾကီး အိပ္ခန္းထဲကိုေရာက္ေတာ ့ကုတင္ေပၚမွာျဖဴဖတ္ျဖဴေရာ္နဲ႔ အရိုးေပၚ အေရတင္ ပိန္လွီစြာနဲ႔ႏြမ္းနယ္ႏုန္းခ်ိစြာလဲေလ်ာင္းေနတဲ့လူမမာသည္ေကာင္ေလးကို ေတြ႔လိုက္ရတယ္။ အိမ္ေဖာ္မိန္းကေလးလည္း ဘုန္းေတာ္ၾကီး အတြက္ေသာက္ေတာ္ေရတခြက္ေပးလိုက္ျပီး လူမမာကုတင္ေဘးမွာပဲထိုင္ခံုတစ္လံုးစီစဥ္ေပးလိုက္တယ္။ဘုန္းေတာ္ၾကီးကလည္းအေျခအေန
ၾကည့္ျပီးေတာ့….” ေတာ္ေတာ္အေျခအေနဆိုးေနတာပဲ “လို႔ေရရြတ္လိုက္တယ္။

လူမမာေကာင္ေလးကလည္းစိတ္နဲ႔ကိုယ္နဲ႔ မကပ္စြာနဲ႔ပဲဘာမွမၾကားသလို တိတ္ဆိတ္ျငိမ္သက္
စြာေနေနတယ္။ ဘုန္းေတာ္ၾကီးလည္းသူလုပ္သင့္တာေတြလုပ္ျပီးေတာ့…
” ဒကာေလးကေတာ္ေတာ္သနားစရာေကာင္းတယ္….မယံုရင္ မွန္ထဲကိုၾကည့္လိုက္စမ္းပါ”
လို႔မိန္႔ေတာ္မူျပီး ေကာင္ေလးအိပ္ခန္းထဲကကိုယ္လံုးေပၚမွန္တစ္ခ်ပ္ဆီကိုညႊန္ျပလိုက္တယ္။

ေကာင္ေလးလည္း လံုး၀စိတ္၀င္စားမႈမရွိပဲေငးေငးငိုင္ငိုင္
ေနေနရာက ေနတစ္ခ်က္မွန္ထဲကိုၾကည့္လိုက္တယ္ဆိုရင္ပဲ…မွန္ထဲမွာသူ႔ခ်စ္သူေကာင္မေလးပံုကို
ေတြ႔လိုက္ရတယ္။
သိတ္မၾကာခင္မွာပဲ ေကာင္မေလးပံုရိပ္ကေ၀၀ါးေပ်ာက္ကြယ္သြားျပီး ပင္လယ္ကမ္းေျခတခု
ပံုေျပာင္းလဲသြားတယ္။
အဲ့ပင္လယ္ကမ္းေျခဟာ တိတ္ဆိတ္ျငိမ္သက္ေနျပီး လူအသြားအလာမရွိဘူး။ လူမမာေကာင္ေလးကမွန္ထဲကပံုရိပ္ကိုစိတ္၀င္စားစြာၾကည့္ေနစဥ္မွာပဲ
မိန္းကေလး အေလာင္းတစ္ေလာင္းဟာလည္း
ေလ်ာင္းေနတဲ့အေနအထားနဲ႔ကမ္းေျခမွာရွိေနတာကိုျမင္လိုက္ရတယ္။

ခဏၾကာေတာ့လူတစ္ေယာက္ျဖတ္ေလွ်ာက္လာတယ္။ သူကအေလာင္းကိုရြံရွာစြာၾကည့္ျပီးလ်င္ျမန္
စြာျဖတ္ေလွ်ာက္သြားတယ္။အခ်ိန္အေတာ္ေလးၾကာေတာ ့ေနာက္လူတစ္ေယာက္ျဖတ္ေလွ်ာက္လာျပီး
အဲ့ေကာင္မေလးအေလာင္းကိုေတြ႕သြားျပန္တယ္။

ဒီလူကေတာ့စိတ္မေကာင္းျဖစ္ျပီး သူ႔ရဲ႕ အပၚရံုအကၤ်ီကိုခြ်တ္လို႔ျခံဳေပးျပီး ခရီးဆက္ထြက္သြား
တယ္။ အဲ့လိုနဲ႔ေနာက္ထပ္အခ်ိန္ေတာ္ေတာ္ေလးၾကာလာေတာ့ ေနာက္ထပ္လူတစ္ေယာက္
ေရာက္လာျပန္တယ္။

ဒီလူက အေပၚရံုျခံဳထားျပီးလဲေလ်ာင္းေနတဲ့ပံုစံကို စိတ္၀င္စားျပီး ျခံဳထည္ကိုလွန္ၾကည့္ေတာ့ မိန္းကေလးအေလာင္းကိုေတြ႔သြားျပီး အရမ္းသနားစိတ္၀င္လာကာေျမျမဳပ္ေပးလိုက္ဖို႔ဆံုး
ျဖတ္လိုက္တယ္။

ဒါေပမယ့္ သူ႔ဆီမွာေျမက်င္းတူးဖို႔ဘာပစၥည္းမွပါမလာဘူး။ ေနာက္ဆံုးမွာ သူ႔ရဲ႔လက္ႏွစ္ဖက္ကို အသံုးျပဳဖို႔သူဆံုးျဖတ္လိုက္တယ္။

လူငယ္ဟာသူ႔လက္ႏွစ္ဖက္နဲ႔ေျမေတြကိုယက္ျပီးတေျဖးေျဖးခ်င္းတူးလာလိုက္တာညေနေစာင္းအခ်ိန္မွာ
မိန္းကေလးအေလာင္းကိုျမဳပ္ဖို႔ လံုေလာက္တဲ့က်င္းတစ္က်င္းကိုတူးလို႔ျပီးသြားတယ္။

အဲ့လူလည္းမိန္းကေလးအေလာင္းကိုေကာင္းမြန္စြာျမဳပ္ႏွံေပးခဲ့ျပီး ခရီးဆက္ထြက္ခြာသြားတယ္။
အဲ့ဒီေနာက္မွာ မွန္ထဲမွာမိန္းကေလး အေလာင္းရဲ႔မ်က္ႏွာပံုျပန္ေပၚလာျပီး အဲ့မ်က္ႏွာကေနသူ႔ခ်စ္
သူေကာင္မေလးရဲ႔မ်က္ႏွာကိုေျပာင္းသြားခဲ့တယ္။

လူမမာေကာင္ေလးလည္းအလြန္အမင္းအံ့ၾသေနစဥ္မွာပဲေျမျမဳပ္ေပးတဲ့လူရြယ္ရဲ႔မ်က္ႏွာျပန္ေပၚ လာျပီး
 လူတစ္ေယာက္ရဲ႔မ်က္ႏွာ အျဖစ္ေျပာင္းသြားျပန္တယ္။

အဲ့ဒီေနာက္မွာေတာ့မွန္ထဲကပံုရိပ္ေတြအကုန္ေပ်ာက္ကြယ္သြားခဲ့တယ္။
ေကာင္ေလးလည္းအံ့ၾသစြာနဲ႔မင္သက္ေနတုန္းမွာပဲ ဘုန္းေတာ္ၾကီးက ခုလိုပဲမိန္႔ၾကားေတာ္မူလိုက္တယ္။

“ခုဆိုရင္ဒကာေလးလည္းသေဘာေပါက္ေလာက္ျပီထင္တယ္။အဲ့မိန္းကေလးအေလာင္းကဒကာေလး
ရဲ႔ခ်စ္သူမိန္းကေလးျဖစ္တယ္။ဘ၀တစ္ခုမွာ သူမရဲ႔အေလာင္းကိုိ ေျမျမဳပ္ေပးတဲ့ ကုသိုလ္ကံ
  ေရစက္ေၾကာင့္ အဲ့ဒီလူငယ္ဟာဒီဘ၀မွာေကာင္မေလးနဲ႔လက္ထပ္ေပါင္းသင္းခြင့္ရခဲ့တယ္။

ဒကာေလးကေတာ့ သူမရဲ႕အေလာင္းကို အပၚရံုနဲ႔ လႊမ္းျခံဳေပးခဲ့တဲ့ ေရစက္ကံေၾကာင့္ ဒီဘ၀မွာသူမနဲ႔
သံုးႏွစ္တာခ်စ္ခင္ခြင့္ရခဲ့တယ္။ခုသံုးႏွစ္ျပည့္လို႔ေရစက္ကုန္ခ်ိန္မွာခြဲခြာရတယ္”ဘုန္းေတာ္ၾကီးရဲ႕
စကားအဆံုးမွာ ေကာင္ေလးလည္း အျမင္မွန္ရျပီး နားလည္သေဘာေပါက္သြားခဲ့တယ္။ေနာက္
ပိုင္းမွာေကာင္ေလးလည္းျပန္လည္ က်န္းမာလာျပီးေလာကီကိုစြန္႔လို႔ သကၤန္း၀တ္သြားေတာ့တယ္။
ပံုျပင္ေလးကေတာ့ ဒီေလာက္ပါပဲ.. ဆိုလိုခ်င္တာကေတာ့ ကြ်န္မတို႔လူသားေတြအခ်င္းခ်င္းဒီ
ဘ၀မွာအေဖ၊ အေမ၊ေဆြမ်ိဳးညီအစ္ကိုေမာင္ႏွမ၊ သူငယ္ခ်င္းမိတ္ေဆြ၊ခ်စ္သူ၊ရန္သူအျဖစ္နဲ႔
ေတြ႔ဆံုေတာ္စပ္ပတ္သက္ခြင့္ရၾကတာဟာအမႈမဲ့အမွတ္မဲ့မဟုတ္ပါဘူး။ဘ၀တစ္ခုခုကျပဳခဲ့တဲ့ေရစက္
ကံေၾကာင့္သာဤမွ်မ်ားျပားလွေသာလူ႔ေဘာင္အဖြဲ႔အစည္းအတြင္းမွာ ေတြ႔ဆံုရင္းႏွီးခ်စ္ခင္ခြင့္ရခဲ့ၾက
တာျဖစ္ပါတယ္။

အဲ့လိုပဲေရစက္ကုန္ခ်ိန္ေရာက္ရင္ဘယ္လိုအေၾကာင္းျပခ်က္မ်ိဳးနဲ႔မွဆြဲထားလို႔မရပဲေသကြဲ၊ ရွင္ကြဲမ်ိဳးစံုနဲ႔
ခြဲခြာၾကရမွာပါ။ အဲ့ဒါေၾကာင့္ခုမခြဲခြာရခင္ အခ်ိန္ေလးမွာမိ္မိနဲ႔ပတ္သက္ခြင့္ရခဲ့တဲ့ သူေတြအေပၚမွာ
တတ္ႏိုင္သေလာက္စိတ္ခ်မ္းသာမႈေတြ..ေမတၱာေတြေပးႏိုင္သေလာက္ေပးႏိုင္ေအာင္ၾကိဳးစားသင့္ပါတယ္။

ဘာျဖစ္လို႔လဲဆိုေတာ့ လူတိုင္းလူတိုင္း ဘယ္သူကမွ ဘယ္သူ႔ကိုဘယ္အခ်ိန္မွာ ေရစက္ကုန္လို႔
ခြဲခြာၾကရမယ္ဆိုတာကိုမသိႏိုင္ၾကလို႔ပဲျဖစ္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit::မူရင္းေရးသူ

#Unicode Version
ဟိုးရှေးရှေးတုန်းကအရမ်းချစ်ကြတဲ့
ကောင်လေးနဲ့ကောင်မလေး အချစ်စုံတွဲ ရှိခဲ့ကြတယ်။

တစ်ယောက်နဲ့တစ်ယောက် ချစ်ကြိုက်လာကြတာသက်တမ်းသုံးနှစ်ပြည့်တဲ့အခါ လက်ထပ်ကြတော့မယ်
ဆိုပြီး မင်္ဂလာရက်တစ်ရက်ရွေးချယ်သတ်မှတ်လိုက်တယ်။
ကောင်းလေးကတော့ ပျော်ရွှင်စရာကောင်းမယ့်သူတို့ရဲ့မင်္ဂလာရက်လေးကိုစိတ်ကူးယဉ်ပြီးပျော်နေ
ရှာတာပေါ့။

ဒါပေမယ့်အဲ့ဒီမင်္ဂလာဆောင်မယ့်နေ့မရာက်ခင်မှာပဲသူ့ချစ်သူကောင်မလေးကတခြားကောင်လေး
တယောက်နဲ့ မမျှော်လင့်ဘဲလက်ထပ်သွားတယ်ဆိုတဲ့ သတင်းကိုကောင်လေးကြားလိုက်ရတယ်။

သူစုံစမ်းကြည့်လိုက်တော့ ကောင်မလေးကိုယ်တိုင်က လိုလိုလားလားနဲ့ လက်ထပ်လိုက်တာလို့ သိလိုက်ရတယ်။ အဲ့သတင်းက ိုကြားတာနဲ့ ကောင်လေးလည်း အရမ်းအံ့သြပြီး အရမ်းစိတ်ထိခိုက်
ဝမ်းနည်းစွာနဲ့မစားနိုင်မအိပ်နိုင်ငိုကြွေးနေတော့တယ်။မကြာခင်မှာပဲ ကောင်လေးလည်းစိတ်ထောင်း
ကိုယ်ကြေပြီးအိပ်ယာထဲလဲတော့တယ်။

အချိန်တွေကုန်လွန်လာတာနဲ့အမျှ ကောင်လေးရဲ့ခြေအနေဟာ ပိုပိုဆိုးလာခဲ့တယ်။ဆရာဝန်ပြလည်း မသက်သာတော့ဘူး။

တစ်နေ့မှာတော့ အသက်အရွယ်အိုမင်းနေတဲ့ ဘုန်းတော်ကြီးတစ်ပါးက ကောင်လေးရဲ့ အိမ်ရှေ့မှာရပ်ပြီးတံခါးခေါက်လိုက်တယ်။

အိမ်ဖော်ကောင်မလေးလည်း တံခါးခေါက်သံကြောင့် ထွက်လာပြီးတံခါးဖွင့်လိုက်တော့ ဘုန်းတော်ကြီးအိုတစ်ပါးကို တွေ့တာနဲ့စိတ်ရှုပ်စွာနဲ့”ကန်တော့ဆွမ်းပါဘုရား” လို့ပြောလိုက်တယ်။
ဘုန်းကြီးကပြုံးပြီးတော့…..”ကိုယ်တော်ကဆွမ်းခံကြွလာတာမဟုတ်ပါဘူး။ ဒီအိမ်မှာလူမမာရှိတယ်ကြား
လို့ ဘုန်းဘုန်းက ဆေးနည်းနည်းကုတတ်တော့လာကူညီပေးတာပါဒကာမလေး” လို့ မိန့်ကြားလိုက်တယ်။

အိမ်ဖော်မိန်းကလေးကလည်း သူဆုံးဖြတ်လို့ မရကြောင်းနဲ့ သူမရဲ့ သခင်တွေကိ ုပြန်ပြောကြည့်
ပါမယ်ဆိုတဲ့အကြောင်းပြောပြီးအိမ်ရှင်တွေကိုပြောကြည့်တော့ သဘောတူခွင့်ပြုတာကြောင့် ဘုန်းတော်ကြီး ကိုအိမ်ထဲကိုပင့်ဖိတ်ခဲ့တယ်။

ဘုန်းတော်ကြီး အိပ်ခန်းထဲကိုရောက်တော့ကုတင်ပေါ်မှာဖြူဖတ်ဖြူရော်နဲ့ အရိုးပေါ် အရေတင် ပိန်လှီစွာနဲ့နွမ်းနယ်နုန်းချိစွာလဲလျောင်းနေတဲ့လူမမာသည်ကောင်လေးကို တွေ့လိုက်ရတယ်။ အိမ်ဖော်မိန်းကလေးလည်း ဘုန်းတော်ကြီး အတွက်သောက်တော်ရေတခွက်ပေးလိုက်ပြီး လူမမာကုတင်ဘေးမှာပဲထိုင်ခုံတစ်လုံးစီစဉ်ပေးလိုက်တယ်။ဘုန်းတော်ကြီးကလည်းအခြေအနေ
ကြည့်ပြီးတော့….” တော်တော်အခြေအနေဆိုးနေတာပဲ “လို့ရေရွတ်လိုက်တယ်။

လူမမာကောင်လေးကလည်းစိတ်နဲ့ကိုယ်နဲ့ မကပ်စွာနဲ့ပဲဘာမှမကြားသလို တိတ်ဆိတ်ငြိမ်သက်
စွာနေနေတယ်။ ဘုန်းတော်ကြီးလည်းသူလုပ်သင့်တာတွေလုပ်ပြီးတော့…
” ဒကာလေးကတော်တော်သနားစရာကောင်းတယ်….မယုံရင် မှန်ထဲကိုကြည့်လိုက်စမ်းပါ”
လို့မိန့်တော်မူပြီး ကောင်လေးအိပ်ခန်းထဲကကိုယ်လုံးပေါ်မှန်တစ်ချပ်ဆီကိုညွှန်ပြလိုက်တယ်။

ကောင်လေးလည်း လုံးဝစိတ်ဝင်စားမှုမရှိပဲငေးငေးငိုင်ငိုင်
နေနေရာက နေတစ်ချက်မှန်ထဲကိုကြည့်လိုက်တယ်ဆိုရင်ပဲ…မှန်ထဲမှာသူ့ချစ်သူကောင်မလေးပုံကို
တွေ့လိုက်ရတယ်။
သိတ်မကြာခင်မှာပဲ ကောင်မလေးပုံရိပ်ကေ၀ဝါးပျောက်ကွယ်သွားပြီး ပင်လယ်ကမ်းခြေတခု
ပုံပြောင်းလဲသွားတယ်။
အဲ့ပင်လယ်ကမ်းခြေဟာ တိတ်ဆိတ်ငြိမ်သက်နေပြီး လူအသွားအလာမရှိဘူး။ လူမမာကောင်လေးကမှန်ထဲကပုံရိပ်ကိုစိတ်ဝင်စားစွာကြည့်နေစဉ်မှာပဲ
မိန်းကလေး အလောင်းတစ်လောင်းဟာလည်း
လျောင်းနေတဲ့အနေအထားနဲ့ကမ်းခြေမှာရှိနေတာကိုမြင်လိုက်ရတယ်။

ခဏကြာတော့လူတစ်ယောက်ဖြတ်လျှောက်လာတယ်။ သူကအလောင်းကိုရွံရှာစွာကြည့်ပြီးလျင်မြန်
စွာဖြတ်လျှောက်သွားတယ်။အချိန်အတော်လေးကြာတော့နောက်လူတစ်ယောက်ဖြတ်လျှောက်လာပြီး
အဲ့ကောင်မလေးအလောင်းကိုတွေ့သွားပြန်တယ်။

ဒီလူကတော့စိတ်မကောင်းဖြစ်ပြီး သူ့ရဲ့ အပါ်ရုံအင်္ကျီကိုချွတ်လို့ခြုံပေးပြီး ခရီးဆက်ထွက်သွား
တယ်။ အဲ့လိုနဲ့နောက်ထပ်အချိန်တော်တော်လေးကြာလာတော့ နောက်ထပ်လူတစ်ယောက်
ရောက်လာပြန်တယ်။

ဒီလူက အပေါ်ရုံခြုံထားပြီးလဲလျောင်းနေတဲ့ပုံစံကို စိတ်ဝင်စားပြီး ခြုံထည်ကိုလှန်ကြည့်တော့ မိန်းကလေးအလောင်းကိုတွေ့သွားပြီး အရမ်းသနားစိတ်ဝင်လာကာမြေမြုပ်ပေးလိုက်ဖို့ဆုံး
ဖြတ်လိုက်တယ်။

ဒါပေမယ့် သူ့ဆီမှာမြေကျင်းတူးဖို့ဘာပစ္စည်းမှပါမလာဘူး။ နောက်ဆုံးမှာ သူ့ရဲ့လက်နှစ်ဖက်ကို အသုံးပြုဖို့သူဆုံးဖြတ်လိုက်တယ်။

လူငယ်ဟာသူ့လက်နှစ်ဖက်နဲ့မြေတွေကိုယက်ပြီးတဖြေးဖြေးချင်းတူးလာလိုက်တာညနေစောင်းအချိန်မှာ
မိန်းကလေးအလောင်းကိုမြုပ်ဖို့ လုံလောက်တဲ့ကျင်းတစ်ကျင်းကိုတူးလို့ပြီးသွားတယ်။

အဲ့လူလည်းမိန်းကလေးအလောင်းကိုကောင်းမွန်စွာမြုပ်နှံပေးခဲ့ပြီး ခရီးဆက်ထွက်ခွာသွားတယ်။
အဲ့ဒီနောက်မှာ မှန်ထဲမှာမိန်းကလေး အလောင်းရဲ့မျက်နှာပုံပြန်ပေါ်လာပြီး အဲ့မျက်နှာကနေသူ့ချစ်
သူကောင်မလေးရဲ့မျက်နှာကိုပြောင်းသွားခဲ့တယ်။

လူမမာကောင်လေးလည်းအလွန်အမင်းအံ့သြနေစဉ်မှာပဲမြေမြုပ်ပေးတဲ့လူရွယ်ရဲ့မျက်နှာပြန်ပေါ် လာပြီး
 လူတစ်ယောက်ရဲ့မျက်နှာ အဖြစ်ပြောင်းသွားပြန်တယ်။

အဲ့ဒီနောက်မှာတော့မှန်ထဲကပုံရိပ်တွေအကုန်ပျောက်ကွယ်သွားခဲ့တယ်။
ကောင်လေးလည်းအံ့သြစွာနဲ့မင်သက်နေတုန်းမှာပဲ ဘုန်းတော်ကြီးက ခုလိုပဲမိန့်ကြားတော်မူလိုက်တယ်။

“ခုဆိုရင်ဒကာလေးလည်းသဘောပေါက်လောက်ပြီထင်တယ်။အဲ့မိန်းကလေးအလောင်းကဒကာလေး
ရဲ့ချစ်သူမိန်းကလေးဖြစ်တယ်။ဘဝတစ်ခုမှာ သူမရဲ့အလောင်းကို မြေမြုပ်ပေးတဲ့ ကုသိုလ်ကံ
  ရေစက်ကြောင့် အဲ့ဒီလူငယ်ဟာဒီဘဝမှာကောင်မလေးနဲ့လက်ထပ်ပေါင်းသင်းခွင့်ရခဲ့တယ်။

ဒကာလေးကတော့ သူမရဲ့အလောင်းကို အပါ်ရုံနဲ့ လွှမ်းခြုံပေးခဲ့တဲ့ ရေစက်ကံကြောင့် ဒီဘဝမှာသူမနဲ့
သုံးနှစ်တာချစ်ခင်ခွင့်ရခဲ့တယ်။ခုသုံးနှစ်ပြည့်လို့ရေစက်ကုန်ချိန်မှာခွဲခွာရတယ်”ဘုန်းတော်ကြီးရဲ့
စကားအဆုံးမှာ ကောင်လေးလည်း အမြင်မှန်ရပြီး နားလည်သဘောပေါက်သွားခဲ့တယ်။နောက်
ပိုင်းမှာကောင်လေးလည်းပြန်လည် ကျန်းမာလာပြီးလောကီကိုစွန့်လို့ သင်္ကန်းဝတ်သွားတော့တယ်။
ပုံပြင်လေးကတော့ ဒီလောက်ပါပဲ.. ဆိုလိုချင်တာကတော့ ကျွန်မတို့လူသားတွေအချင်းချင်းဒီ
ဘဝမှာအဖေ၊ အမေ၊ဆွေမျိုးညီအစ်ကိုမောင်နှမ၊ သူငယ်ချင်းမိတ်ဆွေ၊ချစ်သူ၊ရန်သူအဖြစ်နဲ့
တွေ့ဆုံတော်စပ်ပတ်သက်ခွင့်ရကြတာဟာအမှုမဲ့အမှတ်မဲ့မဟုတ်ပါဘူး။ဘဝတစ်ခုခုကပြုခဲ့တဲ့ရေစက်
ကံကြောင့်သာဤမျှများပြားလှသောလူ့ဘောင်အဖွဲ့အစည်းအတွင်းမှာ တွေ့ဆုံရင်းနှီးချစ်ခင်ခွင့်ရခဲ့ကြ
တာဖြစ်ပါတယ်။

အဲ့လိုပဲရေစက်ကုန်ချိန်ရောက်ရင်ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှဆွဲထားလို့မရပဲသေကွဲ၊ ရှင်ကွဲမျိုးစုံနဲ့
ခွဲခွာကြရမှာပါ။ အဲ့ဒါကြောင့်ခုမခွဲခွာရခင် အချိန်လေးမှာမိမိနဲ့ပတ်သက်ခွင့်ရခဲ့တဲ့ သူတွေအပေါ်မှာ
တတ်နိုင်သလောက်စိတ်ချမ်းသာမှုတွေ..မေတ္တာတွေပေးနိုင်သလောက်ပေးနိုင်အောင်ကြိုးစားသင့်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းလူတိုင်း ဘယ်သူကမှ ဘယ်သူ့ကိုဘယ်အချိန်မှာ ရေစက်ကုန်လို့
ခွဲခွာကြရမယ်ဆိုတာကိုမသိနိုင်ကြလို့ပဲဖြစ်ပါတယ်။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္
တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit::မူရင်းရေးသူ
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top