iMyanmarHouse.com - Best Property Website for Myanmar
×

ျပီးခဲ့တဲ့ႏွစ္က ခ်စ္သူ မင္းသမီး Chloe Moretz နဲ႕ျပတ္သြားခဲ့တဲ့ Brooklyn Beckham ဟာ ေနာက္တစ္ေယာက္နဲ႕ဒိတ္လုပ္ဖုိ႕ အဆင္သင့္ျဖစ္သြားျပီလားဆုိတဲ့ ေမးခြန္းေတြ အမ်ားၾကီးထြက္လာခဲ့ပါတယ္။ ဘာလို႕လဲဆုိေတာ့ ဒီေမာ္ဒယ္ေကာင္ေလးဟာ ျပီးခဲ့တဲ့အပတ္က ေမာ္ဒယ္ Sofia Richie နဲ႕အတူတူ လန္ဒန္မွာ bowling ပစ္ဖုိ႕ ခ်ိန္းေတြ႕ခဲ့ၾကတာေၾကာင့္ပါ။ ႏွစ္ေယာက္တည္း ခုလို ေတြ႕ၾကတယ္ဆုိေတာ့ ဒါဟာ ရိုးရိုးသားသားေတာ့ မျဖစ္ႏိုင္ဘူးလို႕ အားလံုးက ထင္ေၾကးေတြ ေပးလာၾကပါတယ္။

သူတုိ႕ႏွစ္ေယာက္အတူစကားေျပာတဲ့ ပံုထဲမွာေတာ့ အားလံုးျပတ္ျပတ္သားသား မျမင္ရပဲ ၀ါးေနတာေၾကာင့္ စကားေျပာေနတယ္လို႕သာ မွန္းဆႏိုင္ပါတယ္။ ဒါေပမယ့္ ႏွစ္ဦးသား အဲ့ဒီေနရာကို အတူေရာက္ရွိလာၾကျပီး ၀တ္စားထားၾကတာကလည္း အမိုက္စား ဒီဇိုင္းေလးေတြနဲ႕ပါ။

သူတုိ႕ႏွစ္ေယာက္မွာ တူညီတာေတြ ေတာ္ေတာ္မ်ားပါတယ္။ အထူးသျဖင့္ ႏွစ္ဦးစလံုးက ဂီတအသိုင္းအ၀ိုင္းလည္း ရွိၾကပါတယ္။ Brooklyn ရဲ႕မိခင္ျဖစ္သူ Victoria Beckham ဟာ အရင္က Spice Girls အဖြဲ႕ရဲ႕အဆုိေတာ္ တစ္ဦးျဖစ္တဲ့အျပင္ Sofia Richie ရဲ႕ ဖခင္ကလညး္ ဂရမ္မီဆုေတြ ဆြတ္ခူးခဲ့တဲ့ အဆုိေတာ္၊ ေတးေရး Lionel Richie ပဲျဖစ္ပါတယ္။ သူတုိ႕ႏွစ္ေယာက္ရဲ႕အေျခအေန ဘယ္လိုေတြရွိလာမယ္ဆုိတာ ေသခ်ာမခန္႕မွန္းႏိုင္ေသးေပမယ့္  ဒီသတင္းထြက္ရွိလာတဲ့ေနာက္ပိုင္း Sofia Richie ကိုမုန္းတဲ့သူေတြကေတာ့ ပံုေတြနဲ႕ Troll လာၾကတာ ေတြ႕ရပါတယ္။

Sofia Richie ဟာ အရင္ႏွစ္က Justin Bieber နဲ႕ အီစီကလီအသံေတြထြက္ခဲ့တဲ့အျပင္ ႏွစ္ဦးသားအတူ အပန္းေျဖခရီးလည္း ထြက္ခဲ့ၾကပါေသးတယ္။

Credit: Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ပြီးခဲ့တဲ့နှစ်က ချစ်သူ မင်းသမီး Chloe Moretz နဲ့ပြတ်သွားခဲ့တဲ့ Brooklyn Beckham ဟာ နောက်တစ်ယောက်နဲ့ဒိတ်လုပ်ဖို့ အဆင်သင့်ဖြစ်သွားပြီလားဆိုတဲ့ မေးခွန်းတွေ အများကြီးထွက်လာခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဒီမော်ဒယ်ကောင်လေးဟာ ပြီးခဲ့တဲ့အပတ်က မော်ဒယ် Sofia Richie နဲ့အတူတူ လန်ဒန်မှာ bowling ပစ်ဖို့ ချိန်းတွေ့ခဲ့ကြတာကြောင့်ပါ။ နှစ်ယောက်တည်း ခုလို တွေ့ကြတယ်ဆိုတော့ ဒါဟာ ရိုးရိုးသားသားတော့ မဖြစ်နိုင်ဘူးလို့ အားလုံးက ထင်ကြေးတွေ ပေးလာကြပါတယ်။

သူတို့နှစ်ယောက်အတူစကားပြောတဲ့ ပုံထဲမှာတော့ အားလုံးပြတ်ပြတ်သားသား မမြင်ရပဲ ဝါးနေတာကြောင့် စကားပြောနေတယ်လို့သာ မှန်းဆနိုင်ပါတယ်။ ဒါပေမယ့် နှစ်ဦးသား အဲ့ဒီနေရာကို အတူရောက်ရှိလာကြပြီး ဝတ်စားထားကြတာကလည်း အမိုက်စား ဒီဇိုင်းလေးတွေနဲ့ပါ။

သူတို့နှစ်ယောက်မှာ တူညီတာတွေ တော်တော်များပါတယ်။ အထူးသဖြင့် နှစ်ဦးစလုံးက ဂီတအသိုင်းအဝိုင်းလည်း ရှိကြပါတယ်။ Brooklyn ရဲ့မိခင်ဖြစ်သူ Victoria Beckham ဟာ အရင်က Spice Girls အဖွဲ့ရဲ့အဆိုတော် တစ်ဦးဖြစ်တဲ့အပြင် Sofia Richie ရဲ့ ဖခင်ကလည်း ဂရမ်မီဆုတွေ ဆွတ်ခူးခဲ့တဲ့ အဆိုတော်၊ တေးရေး Lionel Richie ပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့အခြေအနေ ဘယ်လိုတွေရှိလာမယ်ဆိုတာ သေချာမခန့်မှန်းနိုင်သေးပေမယ့်  ဒီသတင်းထွက်ရှိလာတဲ့နောက်ပိုင်း Sofia Richie ကိုမုန်းတဲ့သူတွေကတော့ ပုံတွေနဲ့ Troll လာကြတာ တွေ့ရပါတယ်။

Sofia Richie ဟာ အရင်နှစ်က Justin Bieber နဲ့ အီစီကလီအသံတွေထွက်ခဲ့တဲ့အပြင် နှစ်ဦးသားအတူ အပန်းဖြေခရီးလည်း ထွက်ခဲ့ကြပါသေးတယ်။


Credit: Trend Myanmar



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top