iMyanmarHouse.com - Best Property Website for Myanmar
×

ဆရာရွင့္ ကြ်န္မ အသက္ ၂၇ အိမ္ေထာင္သည္ပါ ။ ကေလးေရာ ကိုယ္ဝန္ေရာမ႐ွိပါ။ ဘယ္ဘက္ေပါင္ထိပ္၊ ဆီးခံု ဘယ္ဘက္ထိပ္ကနာလို႔ ေဆးခန္းျပတယ္ ။ ultrasound ႐ိုက္တယ္ အေျဖေတြက အားလံုးေကာင္းပါတယ္ ။ သားဥျပြန္ ေရာင္တယ္ဆိုျပီး ပိုးသတ္ေဆး ၂ ပတ္ေပးပါတယ္။ နာတာသက္သာေအာင္ Dolfenal 500 mg ေပးပါတယ္ ။ ၂ ပတ္ ျပည့္ျပန္ျပ နာေနတာပဲဆရာ ။ ေနာက္တခါလည္း ထပ္ျပပါတယ္ ။ ေရာင္တဲ့အ႐ွိန္ေၾကာင့္နာတာ စိုးရိမ္စရာမ႐ွိဘူးလို႔ပဲ ေျပာပါတယ္ ။ ေဆးေသာက္ေနရင္ သက္သာပါတယ္။ Dolfenal 500 mg ကို ဘယ္ေလာက္ အခ်ိန္အတိုင္း အတာထိ ေသာက္လို႔ရပါသလဲ ဆရာ ။ ေရာင္တဲ့အ႐ွိန္ေၾကာင့္နာတာကေရာ ဘယ္ေလာက္ ၾကာတတ္ပါသလဲဆရာ ။ ေဆးျဖတ္ျပီးလို႔ နာေနတာက တလေလာက္ေတာင္႐ွိပါျပီ ။ ေျဖေပးပါဦး ဆရာ ။ ေက်းဇူးတင္ပါတယ္ ။ သားဥျပြန္ေရာင္တာကို ပိုးသတ္ေဆးတမ်ိဳးတည္းနဲ႔ပဲေပ်ာက္ပါသလားဆရာ။ ဆရာဝန္က ဘာေဆးမွထပ္မေပးလို႔ပါ။ သားဖြားမီးယပ္ အထူးကုနဲ႔ ျပတာပါ။

တစ္ ၃ လံုးနဲ႔ ေယာင္ ၃ လံုးကို သတ္ပံုျပင္လိုက္ပါတယ္။ ေဆာရီး။

Dolfenal 500 mg ဆိုတာ Mefenamic acid ေဆးျဖစ္တယ္။ အဖ်ား-အနာ-အကိုက္ သက္သာေဆး ျဖစ္တယ္ ။ အဆစ္နာ၊ ရာသီလာစဥ္နာ၊ သြားကိုက္၊ ထိခိုက္ဒဏ္ရာနာ၊ ခြဲစိတ္ျပီးနာ ၊ ေခါင္းကိုက္၊ မိုင္ဂရင္း၊ စတာေတြအတြက္ ေပးတယ္။ ေဘးထြက္သက္ေရာက္မႈမ်ား = ဆီးထဲ-ဝမ္းထဲေသြးပါ ၊ ဆီးသြားတဲ့အၾကိမ္နည္း၊ ရင္ပူ၊ အစာမေက်၊ စားခ်င္စိတ္နည္း၊ ဗိုက္ေအာင့္ ၊ ေသြးဖိအားတက္ ၊ အေရျပားယား၊ ခါးနာ၊ ကိုယ္ေရာင္၊ ေသြးထြက္လြယ္၊ အန္၊ ကိုယ္အေလးခ်ိန္တက္-က်။

အမ်ိဳးသမီးတိုင္းမွာ သားအိမ္ရဲ႕ ဘယ္နဲ႔ညာမွာ သားအိမ္ျပြန္တစံုစီရွိတယ္။ ပ်မ္းမွ် ၁ဝ စင္တီမီတာ ရွည္ၾကတယ္ ။ သူ႔ေအာက္နား ႏွစ္ဖက္လံုးမွာ မ်ိဳးဥအိမ္ေလးေတြရွိတယ္။ အပ်ိဳျဖစ္ကတည္းက ေသြးဆံုးတဲ့အခ်ိန္ထိ လစဥ္ မ်ိဳးဥတဥ ထုတ္ေပးေနတယ္။ အိမ္ေထာင္က်လို႔ က်ားသုက္ပိုးက ဗဂ်ိဳင္းနားကေနဝင္လာျပီး အထက္ကိုတက္လာခ်ိန္နဲ႔ မ်ိဳးဥထြက္ခ်ိတန္ကိုက္ရင္ မ်ိဳးဥဟာ သားအိမ္ျပြန္ ေဘးအဆံုးေပါက္ကေနတဆင့္ ျပြန္ထဲဝင္လာျပီး ျပြန္ရဲ႕ အဖ်ားပိုင္း သံုးပံုတပံုေနရာေလာက္ မွာ ေပါင္းဆံုၾကတယ္ ။

သားအိမ္ျပြန္ေရာင္တာကို Salpingitis လို႔ေခၚတယ္။ ပိုးဝင္လို႔ျဖစ္တယ္။ ဗဂ်ိဳင္းနား ေခၚ ေမြးလမ္းေၾကာင္းကေန အထက္ တက္လာျပီး သားအိမ္၊ ေနာက္တဆင့္ သားအိမ္ျပြန္ဆီေရာက္ လာတာျဖစ္တယ္ ။ တဖက္တည္းျဖစ္ျဖစ္ ႏွစ္ဖက္လံုးျဖစ္ျဖစ္ ေရာင္ႏိုင္တယ္။ သားသမီးမရႏိုင္ေသးသူေတြမွာ ဒီအေၾကာင္းခံေၾကာင့္ျဖစ္တာ အမ်ားဆံုးျဖစ္တယ္။

ဆီးစပ္နာျပီး ဖ်ားတဲ့အမ်ိဳးသမီးေတြ သားအိမ္ျပြန္ေရာင္လို႔ျဖစ္ႏိုင္တယ္။ တဖက္ခ်င္းျဖစ္ေလ့ရွိတယ္။ အပ်ိဳေတြမွာျဖစ္တာ အလြန္ရွားတယ္။ ကေလးေမြးျပီးခ်ိန္၊ ကိုယ္ဝန္ပ်က္ျပီးခ်ိန္၊ ကိုယ္ဝန္ဖ်က္ျပီးခ်ိန္၊ ကိုယ္ဝန္တားပစၥည္းထဲ့ျပီးခ်ိန္၊ မီးယပ္ေရာဂါတခုခု ခြဲစိတ္ျပီးခ်ိန္ေတြမွာ ျဖစ္တတ္တယ္။

အမ်ားအားျဖင့္ ဂႏိုးရီးယားေခၚ လိင္ကတဆင့္ကူးစက္ေရာဂါျဖစ္ေစတဲ့ပိုး Gonococci ကေန ျဖစ္တယ္။ chlamydia, mycoplasma, staphylococci and streptococci ပိုးေတြကေနလည္း ျဖစ္တယ္။

ျဖစ္ရင္ ဆီးစပ္ေနရာနာမယ္။ တဖက္-ႏွစ္ဖက္ ျဖစ္ႏိုင္တယ္။ ဖ်ားႏိုင္တယ္။ ေခြ်းထြက္မယ္။ ခ်မ္းမယ္။ ေမြးလမ္းက တခုခု ဆင္းခ်င္ဆင္းမယ္ ။

အူအတက္ေရာင္တာ၊ သားအိမ္ျပင္ပသေႏၶတည္တာ၊ မ်ိဳးဥအိမ္အလံုးနဲ႔ Endometriosis ေခၚ သားအိမ္ေရာဂါေတြကိုလည္း စဥ္းစားရမယ္ ။

ေဆးရံုတက္ကုသရႏိုင္တယ္။ ပိုးေသေဆးခ်က္ခ်င္းေပးရမယ္။ ေဆးေျပာင္းေပးဘို႔လိုရင္ ေျပာင္းရတယ္။ အနာသက္သာေဆးလိုမယ္။ ျပည္တည္မွသာ ခြဲစိတ္ဘို႔လိုမယ္။ gonorrhoea နဲ႔ chlamydia ပိုးျဖစ္လို႔ လိင္ကတဆင့္ ကူးစက္တာျဖစ္ရင္ ခင္ပြန္းကိုပါ ပိုးေသေဆးေပးရမယ္။

ေဆးေသခ်ာမကုသရင္ ဆက္ျဖစ္ႏိုင္တာေတြရွိလာမယ္။ Pelvic inflammatory disease (PID) ေခၚ တင္ပါးဆံုးတြင္း အဂၤါေတြေရာင္ျခင္းက ဆိုးတယ္။ ေဆးကုတာေစာရင္ ကေလးမရမျဖစ္ေစပါ။ သားအိမ္ျပြန္ ပိတ္မပိတ္ ေသခ်ာေအာင္ hysterosalpingogram (HSG) ရိုက္ရမယ္။ နာတာရွည္ျဖစ္ရင္ အမာရြတ္ျဖစ္စဥ္ ကေန တြယ္ကပ္မႈေၾကာင့္ ျပြန္ပိတ္မယ္။ နာတာရွည္ျဖစ္ရင္ ဆီးစပ္ေနရာ နာေနမယ္။ အတူေနစဥ္မွာ မနာသင့္ပဲနာမယ္။ ဗဂ်ိဳင္းနားက တခုခုဆင္းမယ္။ က်န္းမာေရးမေကာင္းျဖစ္ေနမယ္။ ကေလးမရႏိုင္ျဖစ္မယ္။

Pelvic inflammatory disease (PID) တင္ပါးဆံုတြင္းေရာင္ရမ္းျခင္းေရာဂါ http://doctortintswe.blogspot.com/2015/07/pelvic-inflammatory-disease-pid.html

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Credit:ေဒါက္တာတင့္ေဆြ

#Unicode Version
ဆရာရှင့် ကျွန်မ အသက် ၂၇ အိမ်ထောင်သည်ပါ ။ ကလေးရော ကိုယ်ဝန်ရောမရှိပါ။ ဘယ်ဘက်ပေါင်ထိပ်၊ ဆီးခုံ ဘယ်ဘက်ထိပ်ကနာလို့ ဆေးခန်းပြတယ် ။ ultrasound ရိုက်တယ် အဖြေတွေက အားလုံးကောင်းပါတယ် ။ သားဥပြွန် ရောင်တယ်ဆိုပြီး ပိုးသတ်ဆေး ၂ ပတ်ပေးပါတယ်။ နာတာသက်သာအောင် Dolfenal 500 mg ပေးပါတယ် ။ ၂ ပတ် ပြည့်ပြန်ပြ နာနေတာပဲဆရာ ။ နောက်တခါလည်း ထပ်ပြပါတယ် ။ ရောင်တဲ့အရှိန်ကြောင့်နာတာ စိုးရိမ်စရာမရှိဘူးလို့ပဲ ပြောပါတယ် ။ ဆေးသောက်နေရင် သက်သာပါတယ်။ Dolfenal 500 mg ကို ဘယ်လောက် အချိန်အတိုင်း အတာထိ သောက်လို့ရပါသလဲ ဆရာ ။ ရောင်တဲ့အရှိန်ကြောင့်နာတာကရော ဘယ်လောက် ကြာတတ်ပါသလဲဆရာ ။ ဆေးဖြတ်ပြီးလို့ နာနေတာက တလလောက်တောင်ရှိပါပြီ ။ ဖြေပေးပါဦး ဆရာ ။ ကျေးဇူးတင်ပါတယ် ။ သားဥပြွန်ရောင်တာကို ပိုးသတ်ဆေးတမျိုးတည်းနဲ့ပဲပျောက်ပါသလားဆရာ။ ဆရာဝန်က ဘာဆေးမှထပ်မပေးလို့ပါ။ သားဖွားမီးယပ် အထူးကုနဲ့ ပြတာပါ။

တစ် ၃ လုံးနဲ့ ယောင် ၃ လုံးကို သတ်ပုံပြင်လိုက်ပါတယ်။ ဆောရီး။

Dolfenal 500 mg ဆိုတာ Mefenamic acid ဆေးဖြစ်တယ်။ အဖျား-အနာ-အကိုက် သက်သာဆေး ဖြစ်တယ် ။ အဆစ်နာ၊ ရာသီလာစဉ်နာ၊ သွားကိုက်၊ ထိခိုက်ဒဏ်ရာနာ၊ ခွဲစိတ်ပြီးနာ ၊ ခေါင်းကိုက်၊ မိုင်ဂရင်း၊ စတာတွေအတွက် ပေးတယ်။ ဘေးထွက်သက်ရောက်မှုများ = ဆီးထဲ-ဝမ်းထဲသွေးပါ ၊ ဆီးသွားတဲ့အကြိမ်နည်း၊ ရင်ပူ၊ အစာမကျေ၊ စားချင်စိတ်နည်း၊ ဗိုက်အောင့် ၊ သွေးဖိအားတက် ၊ အရေပြားယား၊ ခါးနာ၊ ကိုယ်ရောင်၊ သွေးထွက်လွယ်၊ အန်၊ ကိုယ်အလေးချိန်တက်-ကျ။

အမျိုးသမီးတိုင်းမှာ သားအိမ်ရဲ့ ဘယ်နဲ့ညာမှာ သားအိမ်ပြွန်တစုံစီရှိတယ်။ ပျမ်းမျှ ၁ဝ စင်တီမီတာ ရှည်ကြတယ် ။ သူ့အောက်နား နှစ်ဖက်လုံးမှာ မျိုးဥအိမ်လေးတွေရှိတယ်။ အပျိုဖြစ်ကတည်းက သွေးဆုံးတဲ့အချိန်ထိ လစဉ် မျိုးဥတဥ ထုတ်ပေးနေတယ်။ အိမ်ထောင်ကျလို့ ကျားသုက်ပိုးက ဗဂျိုင်းနားကနေဝင်လာပြီး အထက်ကိုတက်လာချိန်နဲ့ မျိုးဥထွက်ချိတန်ကိုက်ရင် မျိုးဥဟာ သားအိမ်ပြွန် ဘေးအဆုံးပေါက်ကနေတဆင့် ပြွန်ထဲဝင်လာပြီး ပြွန်ရဲ့ အဖျားပိုင်း သုံးပုံတပုံနေရာလောက် မှာ ပေါင်းဆုံကြတယ် ။

သားအိမ်ပြွန်ရောင်တာကို Salpingitis လို့ခေါ်တယ်။ ပိုးဝင်လို့ဖြစ်တယ်။ ဗဂျိုင်းနား ခေါ် မွေးလမ်းကြောင်းကနေ အထက် တက်လာပြီး သားအိမ်၊ နောက်တဆင့် သားအိမ်ပြွန်ဆီရောက် လာတာဖြစ်တယ် ။ တဖက်တည်းဖြစ်ဖြစ် နှစ်ဖက်လုံးဖြစ်ဖြစ် ရောင်နိုင်တယ်။ သားသမီးမရနိုင်သေးသူတွေမှာ ဒီအကြောင်းခံကြောင့်ဖြစ်တာ အများဆုံးဖြစ်တယ်။

ဆီးစပ်နာပြီး ဖျားတဲ့အမျိုးသမီးတွေ သားအိမ်ပြွန်ရောင်လို့ဖြစ်နိုင်တယ်။ တဖက်ချင်းဖြစ်လေ့ရှိတယ်။ အပျိုတွေမှာဖြစ်တာ အလွန်ရှားတယ်။ ကလေးမွေးပြီးချိန်၊ ကိုယ်ဝန်ပျက်ပြီးချိန်၊ ကိုယ်ဝန်ဖျက်ပြီးချိန်၊ ကိုယ်ဝန်တားပစ္စည်းထဲ့ပြီးချိန်၊ မီးယပ်ရောဂါတခုခု ခွဲစိတ်ပြီးချိန်တွေမှာ ဖြစ်တတ်တယ်။

အများအားဖြင့် ဂနိုးရီးယားခေါ် လိင်ကတဆင့်ကူးစက်ရောဂါဖြစ်စေတဲ့ပိုး Gonococci ကနေ ဖြစ်တယ်။ chlamydia, mycoplasma, staphylococci and streptococci ပိုးတွေကနေလည်း ဖြစ်တယ်။

ဖြစ်ရင် ဆီးစပ်နေရာနာမယ်။ တဖက်-နှစ်ဖက် ဖြစ်နိုင်တယ်။ ဖျားနိုင်တယ်။ ချွေးထွက်မယ်။ ချမ်းမယ်။ မွေးလမ်းက တခုခု ဆင်းချင်ဆင်းမယ် ။

အူအတက်ရောင်တာ၊ သားအိမ်ပြင်ပသန္ဓေတည်တာ၊ မျိုးဥအိမ်အလုံးနဲ့ Endometriosis ခေါ် သားအိမ်ရောဂါတွေကိုလည်း စဉ်းစားရမယ် ။

ဆေးရုံတက်ကုသရနိုင်တယ်။ ပိုးသေဆေးချက်ချင်းပေးရမယ်။ ဆေးပြောင်းပေးဘို့လိုရင် ပြောင်းရတယ်။ အနာသက်သာဆေးလိုမယ်။ ပြည်တည်မှသာ ခွဲစိတ်ဘို့လိုမယ်။ gonorrhoea နဲ့ chlamydia ပိုးဖြစ်လို့ လိင်ကတဆင့် ကူးစက်တာဖြစ်ရင် ခင်ပွန်းကိုပါ ပိုးသေဆေးပေးရမယ်။

ဆေးသေချာမကုသရင် ဆက်ဖြစ်နိုင်တာတွေရှိလာမယ်။ Pelvic inflammatory disease (PID) ခေါ် တင်ပါးဆုံးတွင်း အင်္ဂါတွေရောင်ခြင်းက ဆိုးတယ်။ ဆေးကုတာစောရင် ကလေးမရမဖြစ်စေပါ။ သားအိမ်ပြွန် ပိတ်မပိတ် သေချာအောင် hysterosalpingogram (HSG) ရိုက်ရမယ်။ နာတာရှည်ဖြစ်ရင် အမာရွတ်ဖြစ်စဉ် ကနေ တွယ်ကပ်မှုကြောင့် ပြွန်ပိတ်မယ်။ နာတာရှည်ဖြစ်ရင် ဆီးစပ်နေရာ နာနေမယ်။ အတူနေစဉ်မှာ မနာသင့်ပဲနာမယ်။ ဗဂျိုင်းနားက တခုခုဆင်းမယ်။ ကျန်းမာရေးမကောင်းဖြစ်နေမယ်။ ကလေးမရနိုင်ဖြစ်မယ်။

Pelvic inflammatory disease (PID) တင်ပါးဆုံတွင်းရောင်ရမ်းခြင်းရောဂါ http://doctortintswe.blogspot.com/2015/07/pelvic-inflammatory-disease-pid.html

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



Credit:ဒေါက်တာတင့်ဆွေ
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top