iMyanmarHouse.com - Best Property Website for Myanmar
×

 
 
 

Credit : Trend Myanmar



Unicode Version

ဇန်နဝါရီလအစပိုင်း အင်တာနက်မှာပုံတွေ ပလူပြန်အောင်တက်လာခဲ့တဲ့ Weeknd နဲ့ Selena Gomez တို့ရဲ့ အနမ်းခြွေနေတဲ့ပုံတွေကြောင့် သူတို့နှစ်ဦး တကယ်ပဲ ဒိတ်နေတာလား၊ ဒါမှမဟုတ် ဒီအတိုင်း သူငယ်ချင်းအနေနဲ့ တွေ့ကြတာလားဆိုတာ အားလုံးစဉ်းစားမရဖြစ်ကုန်ပါတယ်။

ဒါပေမယ့် ခုတစ်ပတ်မှာပဲ အီတလီကိုအလည်အပတ်ထွက်ခဲ့ကြတဲ့ သူတို့နှစ်ဦးရဲ့ အခြေအနေကို ကြည့်ခြင်းအားဖြင့် သူတို့ ဒိတ်နေပြီဆိုတာ သေချာသလောက်နီးနီးပါပဲ။ နှစ်ဦးသားသွားရောက်လည်ပတ်တဲ့နေရာတွေက ကမ္ဘာပေါ်မှာ ရိုမန်တစ်အဖြစ်ဆုံး နေရာတွေဖြစ်တဲ့အပြင် သူတို့နှစ်ဦးတစ်ယောက်လက် တစ်ယောက်မလွှတ်တမ်းကိုင်ထားတဲ့ပုံတွေ၊ Selena Gomezက Weeknd ပခုံးပေါ်မှီနေတဲ့ပုံတွေကြောင့် စဉ်းစားစရာတောင် မလိုတော့တဲ့အထိ သေချာသွားခဲ့ပါတယ်။


ခုဆိုရင် သူတို့နှစ်ဦးဟာ တစ်ယောက် instagramအကောင့်ကိုတစ်ယောက် follow လုပ်ခဲ့ကြပြီး R&B အဆိုတော် Weeknd က သူ့instagram အကောင့်မှာ Selena Gomez ပန်းချီးကားတစ်ကားကို ငေးကြည့်နေတဲ့ပုံတင်ကာ သူတို့နှစ်ယောက်အချစ်ရေးကို အတည်ပြုပေးခဲ့ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top