iMyanmarHouse.com - Best Property Website for Myanmar
×

လူတုိင္းမွာ စိတ္ကူးယဥ္ခ်စ္သူမ်ိဳး ရွိတတ္ၾကပါတယ္။ ဒီလိုခ်စ္သူမ်ိဳးရဖုိ႕ဆုိတာကေတာ့ ဘယ္လိုမွ ကူညီမေပးႏိုင္တဲ့အရာပါ။ ဒါေပမယ့္ လူတစ္ေယာက္ရဲ႕ ရာသီခြင္ကို ၾကည့္ျပီး ဒီလူဟာ ကိုယ့္ခ်စ္သူျဖစ္လာမယ့္ သူဆီက ဘာေတြေမ်ွာ္လင့္တတ္ၾကသလဲဆုိတာကိုေတာ့ ေျပာျပေပးႏိုင္ပါတယ္။ သင္ကိုယ္တုိင္လည္း သင့္ခ်စ္သူရဲ႕ရာသီခြင္ကို ၾကည့္ျပီး သူသင့္ဆီက ဘယ္အရာမ်ိဳးေတြ လိုခ်င္တတ္သလဲဆုိတာ အၾကမ္းဖ်င္း သိႏိုင္တာေပါ့။

၁။Aries (March 21 - April 19)
ဒီရာသီဖြားေတြက ကိုယ့္ကိုကုိယ္ ယံုၾကည္မႈရွိတာမ်ိဳး၊ ကိုယ္ထူကိုယ္ထ လုပ္ကိုင္ႏိုင္စြမ္းရည္ရွိတာမ်ိဳးကို တန္ဖိုးထားတတ္ၾကပါတယ္။ ဒါ့ေၾကာင့္လည္း သူတုိ႕ခ်စ္သူျဖစ္လာမယ့္သူဆီမွာ သူတုိ႕ဟာ ညီမ်ွတဲ့ လုပ္ကိုင္ႏိုင္စြမ္း၊ ကုိယ္ထူကုိယ္ထ ရွိမႈေတြအျပင္ ကိုယ့္ကိုကုိယ္ယံုၾကည္မႈရွိတာမ်ိဳးကို လိုခ်င္တတ္ၾကပါတယ္။

၂။Taurus (April 20 - May 20)
ဒီရာသီဖြားေတြဟာ လူတစ္ေယာက္ကို ေတာ္ရံုတန္ရံုနဲ႕ မယံုၾကည္တတ္ၾကပါဘူး။ ဒီေတာ့ သူတုိ႕ရဲ႕အခ်စ္နဲ႕ယံုၾကည္မႈကို ရဖုိ႕ဆုိရင္ စိတ္ရွည္ရမွာျဖစ္သလို သင္ကိုယ္တုိင္လည္း ၾကိဳးစားအားထုတ္မႈေတြကို ျပသႏိုင္ရမွာပါ။ တကယ္လုိ႕ သူတုိ႕အခ်စ္ကိုခံရျပီ၊ ယံုၾကည္မႈကိုခံရျပီဆုိရင္ေတာ့ သင္ေတာ္ေတာ္ကံေကာင္းသြားပါျပီ။ ဘာလို႕လဲဆုိေတာ့ သူတုိ႕ဟာ အခ်စ္ေရးနဲ႕ပတ္သက္ရင္ သစၥာရွိၾကသူေတြအျဖစ္ အသိအမွတ္ျပဳခံရလို႕ပါပဲ။

၃။Gemini (May 21 - June 20)
ဒီရာသီဖြားေတြကေတာ့ လြတ္လပ္ျပီး ကိုယ္ဘာ့သာကုိယ္ရပ္တည္ရတာမ်ိဳးကို သေဘာက်ၾကပါတယ္။ သူတုိ႕ဟာ ေျပာဆုိဆက္ဆံရတဲ့ေနရာမွာ သူမ်ားေတြထက္ ပိုေကာင္းမြန္တယ္လုိ႕ သိရပါတယ္။ စကားေျပာေကာင္းသလို တစ္ဖက္လူ ေျပာသမ်ွကိုလည္း ေသခ်ာနားေထာင္ေပးတတ္သူေတြပါ။

၄။Cancer (June 21 - July 22)
ဒီရာသီဖြားေတြက်ေတာ့ သစၥာရွိသူေတြအတြက္ လူသိမ်ားပါတယ္။ ဒါေပမယ့္ တစ္ပါးသူကို နည္းနည္းမွီတြယ္ခ်င္၊မွီခိုခ်င္ၾကပါတယ္။တစ္ပါးသူကို ယံုဖုိ႕အခ်ိန္ေတာ္ေတာ္ေလး ယူၾကပါတယ္။ တကယ္ယံုျပီဆုိရင္ေတာ့ ပံုအပ္ျပီးေတာ့ကို ခင္မင္ခ်စ္ခင္သြားတတ္ၾကပါတယ္။ သူတုိ႕သေဘာက်တဲ့ လူတစ္ေယာက္ဆီမွာ သူတုိ႕လိုခ်င္တာက သစၥာတရားနဲ႕ အဲ့ဒီလူအေပၚ သူတုိ႕မွီခိုႏိုင္မလားဆုိတဲ့ အခ်က္ပါပဲ။

၅။Leo (July 23 - August 22)
ဒီရာသီဖြားေတြကေတာ့ ကိုယ့္အားကိုယ္ကိုးတတ္ဆံုးလူေတြပဲ ျဖစ္ပါတယ္။ စိတ္ဓာတ္အင္အားျပင္းတယ္။ သူတုိ႕က အျခားလူေတြရဲ႕ အာရံုကို လ်ွင္ျမန္စြာ ဖမ္းစားပစ္ႏိုင္တယ္သလို တျခားလူေတြဆီက ေလးစားမႈကိုလည္း ရတတ္ၾကပါတယ္။ သူတို႕ကို္ယ္တိုင္လည္း တျခားလူေတြကို တေလးတစားနဲ႕ ဆက္ဆံတတ္သလို တျခားလူေတြကလည္း သူတုိ႕ကို အဲ့ဒီလိုဆက္ဆံမွ သေဘာက်သူေတြပါ။

၆။Virgo (August 23 - September  22)
ဒီရာသီဖြားရဲ႕ထူးျခားခ်က္ကေတာ့ ဥာဏ္ေကာင္းျပီး ထက္ျမက္တာပဲ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္လည္း သူတုိ႕နဲ႕တြဲမယ့္သူေတြဟာ သူတုိ႕လို ဥာဏ္ထက္တာမ်ိဳး၊ စဥ္းစားေတြးေခၚတတ္တဲ့သူမ်ိဳးေတြကို ပိုသေဘာက်ၾကပါတယ္။

၇။Libra (September 23 - October 22)
ဒီရာသီဖြားေတြကေတာ့ တစ္ပါးသူေတြအေပၚ ဧည့္၀တ္ေက်ပြန္တဲ့သူ၊ က်က္သေရရွိရွိနဲ႕ သူအဆင့္အတန္းနဲ႕ ဂုဏ္ရွိရွိေနထုိင္ရတာ သေဘာက်သူေတြပါ။  ဒါ့ေၾကာင့္ သူတုိ႕သေဘာက်တဲ့သူေတြဆီကေန သူတုိ႕လိုခ်င္တာက အဆင့္အတန္းေလးရွိေနဖုိ႕နဲ႕ တစ္ခုခုဆုိ ဂုဏ္သေရရွိစြာ ေျပာဆုိဆက္ဆံတတ္တာမ်ိဳးပါ။

၈။Scorpio (October 23 - November 21)
ဒီရာသီဖြားေတြကေတာ့ အခ်စ္ေရးကို ဘယ္ေတာ့မွ ဂိမ္းတစ္ခုလုိ သတ္မွတ္မထားသလို ဂိမ္းကစားသလိုမ်ိဳးလည္း မလုပ္တတ္ပါဘူး။ သူတုိ႕ဟာ ခ်စ္ျပီေဟ့ဆုိရင္ အရမ္းခ်စ္တတ္ၾကျပီး အရမ္းလည္း သ၀န္တုိတတ္ၾကပါတယ္။ သူတို႕ခ်စ္သူကလည္း သူတုိ႕လိုပဲ အရမ္းခ်စ္တတ္ျပီး သူတုိ႕အေပၚ ဂရုစိုက္တာမ်ိဳးကို လုိခ်င္ေလ့ရွိၾကပါတယ္။

၉။Sagittarius (November  22 - December 21)
ဒီရာသီဖြားေတြကေတာ့ စြန္႕စြန္႕စားစားလုပ္ရတာ သေဘာက်တဲ့အျပင္ တစ္ခုခုကို လုပ္ေဆာင္ျပီဆုိတာနဲ႕ မေလ်ွာ့ေသာဇြဲနဲ႕ အပီအျပင္ လုပ္ေဆာင္တတ္ပါတယ္။ ကိုယ့္ဘာသာကိုယ္ရပ္တည္ခ်င္တဲ့ ဆႏၵျပင္းျပသူမ်ားျဖစ္ျပီး လူတစ္ေယာက္အေပၚ ကတိေပးလုပ္ေဆာင္ရတာမ်ိဳးေတာ့ သိပ္သေဘာမက်တတ္ပါဘူး။ သူတုိ႕သေဘာက်တဲ့လူေတြကိုလည္း သူတုိ႕လို အရည္အခ်င္းရွိတာမ်ိဳး လိုခ်င္တတ္ၾကပါတယ္။

၁၀။Capricorn (December 22 - January 19)
ဒီရာသီဖြားေတြကေတာ့ ကုိယ့္ဒူးကိုယ္ခ်ြန္ၾကိဳးစားသူေတြျဖစ္ျပီး ရည္မွန္းခ်က္ၾကီးမားၾကပါတယ္။ သူတုိ႕ခ်စ္သူေတြကိုလည္း သူတုိ႕လို ရည္မွန္းခ်က္ျမင့္ျမင့္ထားေစခ်င္သလို ေအာင္ျမင္မႈရေစခ်င္ၾကပါတယ္။ သူတုိ႕က ကိုယ္တစ္ဦးတည္း ဆုိတဲ့စိတ္ သိပ္မထားပဲ ကုိယ့္ခ်စ္သူေအာင္ျမင္ဖု႕ိကိုပါ ၾကိဳးစားအားထုတ္တတ္ၾကပါတယ္။

၁၁။Aquarius (January 20 - February 18)
ဒီရာသီဖြားေတြကေတာ့ လြတ္လြတ္လပ္လပ္ေနရတာကို သေဘာက်သူေတြပါ။ သူတုိ႕ဟာ စြန္႕စားရတာ ႏွစ္သက္တယ္။ လြပ္လပ္စြာ သြားလာေနထုိင္ရတာကို သေဘာက်တာေၾကာင့္ သူတုိ႕ခ်စ္သူေတြမွာလည္း စြန္႕စားလိုစိတ္ေလးရွိေစခ်င္ၾကပါတယ္။

၁၂။Pisces (February 19 - March 20)
ဒီရာသီဖြားေတြကေတာ့ စိတ္ကူးယဥ္ဆန္သလို ရိုမန္တစ္အရမ္းျဖစ္သူေတြပါ။ ဒါ့ေၾကာင့္လည္း သူတုိ႕ကို ခ်ဥ္းကပ္တဲ့အခါ ရိုမန္တစ္ဆန္တဲ့အျပဳအမူမ်ိဳးေတြ လုပ္ေဆာင္ေပးမယ္ဆုိရင္ သူတုိ႕ေတြေၾကြဆင္းသြားတတ္ပါတယ္။

Credit:yourtango

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လူတိုင်းမှာ စိတ်ကူးယဉ်ချစ်သူမျိုး ရှိတတ်ကြပါတယ်။ ဒီလိုချစ်သူမျိုးရဖို့ဆိုတာကတော့ ဘယ်လိုမှ ကူညီမပေးနိုင်တဲ့အရာပါ။ ဒါပေမယ့် လူတစ်ယောက်ရဲ့ ရာသီခွင်ကို ကြည့်ပြီး ဒီလူဟာ ကိုယ့်ချစ်သူဖြစ်လာမယ့် သူဆီက ဘာတွေမျှော်လင့်တတ်ကြသလဲဆိုတာကိုတော့ ပြောပြပေးနိုင်ပါတယ်။ သင်ကိုယ်တိုင်လည်း သင့်ချစ်သူရဲ့ရာသီခွင်ကို ကြည့်ပြီး သူသင့်ဆီက ဘယ်အရာမျိုးတွေ လိုချင်တတ်သလဲဆိုတာ အကြမ်းဖျင်း သိနိုင်တာပေါ့။

၁။Aries (March 21 - April 19)
ဒီရာသီဖွားတွေက ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတာမျိုး၊ ကိုယ်ထူကိုယ်ထ လုပ်ကိုင်နိုင်စွမ်းရည်ရှိတာမျိုးကို တန်ဖိုးထားတတ်ကြပါတယ်။ ဒါ့ကြောင့်လည်း သူတို့ချစ်သူဖြစ်လာမယ့်သူဆီမှာ သူတို့ဟာ ညီမျှတဲ့ လုပ်ကိုင်နိုင်စွမ်း၊ ကိုယ်ထူကိုယ်ထ ရှိမှုတွေအပြင် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိတာမျိုးကို လိုချင်တတ်ကြပါတယ်။

၂။Taurus (April 20 - May 20)
ဒီရာသီဖွားတွေဟာ လူတစ်ယောက်ကို တော်ရုံတန်ရုံနဲ့ မယုံကြည်တတ်ကြပါဘူး။ ဒီတော့ သူတို့ရဲ့အချစ်နဲ့ယုံကြည်မှုကို ရဖို့ဆိုရင် စိတ်ရှည်ရမှာဖြစ်သလို သင်ကိုယ်တိုင်လည်း ကြိုးစားအားထုတ်မှုတွေကို ပြသနိုင်ရမှာပါ။ တကယ်လို့ သူတို့အချစ်ကိုခံရပြီ၊ ယုံကြည်မှုကိုခံရပြီဆိုရင်တော့ သင်တော်တော်ကံကောင်းသွားပါပြီ။ ဘာလို့လဲဆိုတော့ သူတို့ဟာ အချစ်ရေးနဲ့ပတ်သက်ရင် သစ္စာရှိကြသူတွေအဖြစ် အသိအမှတ်ပြုခံရလို့ပါပဲ။

၃။Gemini (May 21 - June 20)
ဒီရာသီဖွားတွေကတော့ လွတ်လပ်ပြီး ကိုယ်ဘာ့သာကိုယ်ရပ်တည်ရတာမျိုးကို သဘောကျကြပါတယ်။ သူတို့ဟာ ပြောဆိုဆက်ဆံရတဲ့နေရာမှာ သူများတွေထက် ပိုကောင်းမွန်တယ်လို့ သိရပါတယ်။ စကားပြောကောင်းသလို တစ်ဖက်လူ ပြောသမျှကိုလည်း သေချာနားထောင်ပေးတတ်သူတွေပါ။

၄။Cancer (June 21 - July 22)
ဒီရာသီဖွားတွေကျတော့ သစ္စာရှိသူတွေအတွက် လူသိများပါတယ်။ ဒါပေမယ့် တစ်ပါးသူကို နည်းနည်းမှီတွယ်ချင်၊မှီခိုချင်ကြပါတယ်။တစ်ပါးသူကို ယုံဖို့အချိန်တော်တော်လေး ယူကြပါတယ်။ တကယ်ယုံပြီဆိုရင်တော့ ပုံအပ်ပြီးတော့ကို ခင်မင်ချစ်ခင်သွားတတ်ကြပါတယ်။ သူတို့သဘောကျတဲ့ လူတစ်ယောက်ဆီမှာ သူတို့လိုချင်တာက သစ္စာတရားနဲ့ အဲ့ဒီလူအပေါ် သူတို့မှီခိုနိုင်မလားဆိုတဲ့ အချက်ပါပဲ။

၅။Leo (July 23 - August 22)
ဒီရာသီဖွားတွေကတော့ ကိုယ့်အားကိုယ်ကိုးတတ်ဆုံးလူတွေပဲ ဖြစ်ပါတယ်။ စိတ်ဓာတ်အင်အားပြင်းတယ်။ သူတို့က အခြားလူတွေရဲ့ အာရုံကို လျှင်မြန်စွာ ဖမ်းစားပစ်နိုင်တယ်သလို တခြားလူတွေဆီက လေးစားမှုကိုလည်း ရတတ်ကြပါတယ်။ သူတို့ကိုယ်တိုင်လည်း တခြားလူတွေကို တလေးတစားနဲ့ ဆက်ဆံတတ်သလို တခြားလူတွေကလည်း သူတို့ကို အဲ့ဒီလိုဆက်ဆံမှ သဘောကျသူတွေပါ။

၆။Virgo (August 23 - September  22)
ဒီရာသီဖွားရဲ့ထူးခြားချက်ကတော့ ဉာဏ်ကောင်းပြီး ထက်မြက်တာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း သူတို့နဲ့တွဲမယ့်သူတွေဟာ သူတို့လို ဉာဏ်ထက်တာမျိုး၊ စဉ်းစားတွေးခေါ်တတ်တဲ့သူမျိုးတွေကို ပိုသဘောကျကြပါတယ်။

၇။Libra (September 23 - October 22)
ဒီရာသီဖွားတွေကတော့ တစ်ပါးသူတွေအပေါ် ဧည့်ဝတ်ကျေပွန်တဲ့သူ၊ ကျက်သရေရှိရှိနဲ့ သူအဆင့်အတန်းနဲ့ ဂုဏ်ရှိရှိနေထိုင်ရတာ သဘောကျသူတွေပါ။  ဒါ့ကြောင့် သူတို့သဘောကျတဲ့သူတွေဆီကနေ သူတို့လိုချင်တာက အဆင့်အတန်းလေးရှိနေဖို့နဲ့ တစ်ခုခုဆို ဂုဏ်သရေရှိစွာ ပြောဆိုဆက်ဆံတတ်တာမျိုးပါ။

၈။Scorpio (October 23 - November 21)
ဒီရာသီဖွားတွေကတော့ အချစ်ရေးကို ဘယ်တော့မှ ဂိမ်းတစ်ခုလို သတ်မှတ်မထားသလို ဂိမ်းကစားသလိုမျိုးလည်း မလုပ်တတ်ပါဘူး။ သူတို့ဟာ ချစ်ပြီဟေ့ဆိုရင် အရမ်းချစ်တတ်ကြပြီး အရမ်းလည်း သဝန်တိုတတ်ကြပါတယ်။ သူတို့ချစ်သူကလည်း သူတို့လိုပဲ အရမ်းချစ်တတ်ပြီး သူတို့အပေါ် ဂရုစိုက်တာမျိုးကို လိုချင်လေ့ရှိကြပါတယ်။

၉။Sagittarius (November  22 - December 21)
ဒီရာသီဖွားတွေကတော့ စွန့်စွန့်စားစားလုပ်ရတာ သဘောကျတဲ့အပြင် တစ်ခုခုကို လုပ်ဆောင်ပြီဆိုတာနဲ့ မလျှော့သောဇွဲနဲ့ အပီအပြင် လုပ်ဆောင်တတ်ပါတယ်။ ကိုယ့်ဘာသာကိုယ်ရပ်တည်ချင်တဲ့ ဆန္ဒပြင်းပြသူများဖြစ်ပြီး လူတစ်ယောက်အပေါ် ကတိပေးလုပ်ဆောင်ရတာမျိုးတော့ သိပ်သဘောမကျတတ်ပါဘူး။ သူတို့သဘောကျတဲ့လူတွေကိုလည်း သူတို့လို အရည်အချင်းရှိတာမျိုး လိုချင်တတ်ကြပါတယ်။

၁၀။Capricorn (December 22 - January 19)
ဒီရာသီဖွားတွေကတော့ ကိုယ့်ဒူးကိုယ်ချွန်ကြိုးစားသူတွေဖြစ်ပြီး ရည်မှန်းချက်ကြီးမားကြပါတယ်။ သူတို့ချစ်သူတွေကိုလည်း သူတို့လို ရည်မှန်းချက်မြင့်မြင့်ထားစေချင်သလို အောင်မြင်မှုရစေချင်ကြပါတယ်။ သူတို့က ကိုယ်တစ်ဦးတည်း ဆိုတဲ့စိတ် သိပ်မထားပဲ ကိုယ့်ချစ်သူအောင်မြင်ဖု့ိကိုပါ ကြိုးစားအားထုတ်တတ်ကြပါတယ်။

၁၁။Aquarius (January 20 - February 18)
ဒီရာသီဖွားတွေကတော့ လွတ်လွတ်လပ်လပ်နေရတာကို သဘောကျသူတွေပါ။ သူတို့ဟာ စွန့်စားရတာ နှစ်သက်တယ်။ လွပ်လပ်စွာ သွားလာနေထိုင်ရတာကို သဘောကျတာကြောင့် သူတို့ချစ်သူတွေမှာလည်း စွန့်စားလိုစိတ်လေးရှိစေချင်ကြပါတယ်။

၁၂။Pisces (February 19 - March 20)
ဒီရာသီဖွားတွေကတော့ စိတ်ကူးယဉ်ဆန်သလို ရိုမန်တစ်အရမ်းဖြစ်သူတွေပါ။ ဒါ့ကြောင့်လည်း သူတို့ကို ချဉ်းကပ်တဲ့အခါ ရိုမန်တစ်ဆန်တဲ့အပြုအမူမျိုးတွေ လုပ်ဆောင်ပေးမယ်ဆိုရင် သူတို့တွေကြွေဆင်းသွားတတ်ပါတယ်။

Credit:yourtango



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top