iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးေတြအတြက္ ဝိတ္ခ်ဖို႔အတြက္ဆိုရင္ အၿမဲဆိုသလို ၾကံဳေနရတဲ့ ၿပသာနာတခုေပါ့။

ဒီတေခါက္ေတာ့ အိပ္ေနရင္းနဲ႔ ဝိတ္က်မယ္ဆိုေတာ့ ဘယ္လို ဝိတ္ခ်နည္းၿဖစ္မလဲဆိုတာကို ၾကည့္လိုက္ၾကရေအာင္လား။

? တကယ္ေတာ့ အိပ္ေနရင္း အဆီေတြေလာင္ေနတယ္ !?

ေန႔ခင္းအိပ္ေနတဲ့အခ်ိန္မွာ ကိုယ္ခႏၶာကို လႈပ္ရွားေနမွ ကိုယ္တြင္းအဆီေတြေလာင္ေနတယ္ဆိုထင္ရပင္မယ့္လည္း တကယ္ေတာ့ အိပ္ေနရင္းလည္း အဆီေလာင္ေအာင္လုပ္လို႔ရတယ္ဆိုတာကို သိထားရမွာပါ။ အိပ္ေနရင္း ဘယ္ေလာက္အဆီက်သလဲဆိုတာကို ၾကည့္လိုက္ၾကရေအာင္လား။

ဥပမာ- အသက္ ၃၀ ပတ္ဝန္းက်င္မိန္းကေလးတစ္ေယာက္ဟာ ၇ နာရီအိပ္ေနခ်ိန္မွာ ကာလိုရီက 390 Kcal ေလာက္အဆီက်ႏုိင္ပါတယ္။ အဓိက သတိထားရမွာကေတာ့ လိုအပ္တဲ့ေနရာမွာ ခ်င့္ခ်ိန္ႏုိင္ရင္ အဆင္ေၿပသြားမွာပါ။

? အစားအေသာက္ကို စားရင္ ဗိုက္အၿပည့္မစားဖို႔၊ မအိပ္ခင္ ၃ နာရီ အထိ အစားအေသာက္ေတြကို အကုန္ရပ္။


အိပ္ေနခ်ိန္မွာ ကာလိုရီ (အဆီေလာင္တယ္)ဆိုၿပီး ဘာစားစားအဆင္ေၿပတယ္လို႔ေတာ့ မဟုတ္ပါဘူး။ အစားအေသာက္ကို ခ်ိင့္ခ်ိန္လိုက္ရင္ ကိုယ္လိုခ်င္သလို ဝိတ္ခ်ႏုိင္မွာပါ။ အၿမဲတန္းစားေနသလို ဗိုက္အၿပည့္စားခ်င္တယ္ဆိုတာကို ခဏေလာက္ သည္းခံလိုက္ၿပီး ၃ ပံု ၁ ပံုေလာက္ပဲစားပါ။ စစခ်င္းမွာေတာ့ အခက္အခဲေတြနဲ႔ၾကံဳရမွာပါ။ ေၿဖးေၿဖးခ်င္းအဆင္ေၿပလာမွာပါ။ ေနာက္ၿပီး မအိပ္ခင္ ၃ နာရီမတိုင္ခင္အထိ အစားအေသာက္ေတြကို ၿပီးေအာင္လုပ္ထားလိုက္ပါ။ ဘာၿဖစ္လို႔လဲဆိုေတာ့ အစားေခ်ခ်ိန္က ၃ နာရီအတြင္းၿဖစ္တာေၾကာင့္ပါ။

? ၿမန္ၿမန္အိပ္ရာဝင္ပါ။

အိပ္ေနခ်ိန္မွာ အဆီက်ေစေအာင္ အကူအညီေပးတဲ့ ဟုိမုန္းရွိပါတယ္။ သူ႔ရဲ႕နာမည္ကေတာ့ လြယ္လြယ္ေၿပာရရင္ ပိန္ေစတဲ့ ဟုိမုန္းပါ။ ဒီဟုိမုန္းက အလုပ္လုပ္ခ်ိန္ကေတာ့ ည ၁၀ နာရီကေန မနက္ ၃ နာရီ အထိပါ။ ဒီအခ်ိန္မွာ အိပ္ေနရင္ေတာ့ အဆီက်ေစမွာပါ။ ဒီအခ်ိန္မွာ အိပ္ႏိုင္ေအာင္ ၾကိဳးစားပါ။

? အိပ္ခ်ိန္ကို ၇ နာရီ - ၈ နာရီ ရွိရင္ အေကာင္းဆံုးပါ။

တေန႔ကို အိပ္ခ်ိန္ ၇ နာရီ - ၈ နာရီ ရွိေအာင္ၾကိဳးစားသင့္ပါတယ္။ ၇ နာရီမွာ ထဖို႔ဆိုရင္ ည ၁၂ နာရီေလာက္မွာေတာ့ အိပ္သင့္ပါတယ္။ အိပ္ေရးမဝတာက လူကို ဝေစတဲ့ အဓိကအေၾကာင္းရင္းပါ။ အပ္ေရးမဝခ်ိန္မွာ ကိုယ္ခႏၶာတြင္းက ေဟာ္မုန္းေတြရဲ႕အေၿခအေနကိုေၿပာင္းလဲေစၿပီး စားခ်င္စိတ္ကိုေလ်ာ့နည္းေစတဲ့ ဟုိမုန္း Leptin ကိုေလ်ာ့နည္းေစၿပီး တဖက္မွာ အရမ္းကို စားခ်င္ေအာင္ လုပ္တဲ့ ဟုိမုန္း Ghrelin ကအလုပ္ပိုလုပ္ပါတယ္။ ဒါေၾကာင့္ကို အနည္းဆံုး ၇ နာရီ ကေန ၈ နာရီ အတြင္း အိပ္ၿဖစ္ေအာင္ အိပ္ပါ။

? အိပ္ေပ်ာ္ေအာင္ အိပ္ပါ။


မအိပ္ခင္မွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေအာင္ ၾကိဳးစားရမွာပါ။ အခန္းမီးကို ပိတ္ၿပီး အခုအခ်ိန္ကေန အိပ္ေတာ့မယ္ဆိုတာကို အသိေပးရမွာပါ။ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ႏုိင္ေအာင္ဆိုရင္ေတာ့ မအိပ္ခင္ ၁ နာရီေလာက္မွာ ေရခ်ိဳးလိုက္ရင္ ေကာင္းပါတယ္။ ေရခ်ိဳးၿပီးခ်ိန္မွာ ေၿခလက္ေတြ ပူပူေလးၿဖစ္ေနခ်ိန္က ပိုၿပီး အိပ္ေပ်ာ္ပါလိမ့္မယ္။

ေနာက္ၿပီး မအိပ္ခင္ လက္ကို ဆုပ္လိုက္ၿဖန္႔လိုက္ ၊ ေၿခခ်င္းဝတ္ကိုလည္း လႈပ္ေပးရင္ ေသြးလည္ပတ္မႈေကာင္းလာၿပီး ေအးေနတဲ့ ေၿခလက္ေလးေတြ ပူေႏြးလာမွာပါ။ ကဲ ဝိတ္က်ေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာကိုေတာ့ ေၿပာၿပၿပီးသြားၿပီေနာ္။ လက္ေတြ႕လုပ္ဖို႔ဆိုတာကေတာ့ သူတို႔ေတြရဲ႕တာဝန္ပါ။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:ChelmoTeam

#Unicode Version
မိန်းကလေးတွေအတွက် ဝိတ်ချဖို့အတွက်ဆိုရင် အမြဲဆိုသလို ကြုံနေရတဲ့ ပြသာနာတခုပေါ့။

ဒီတခေါက်တော့ အိပ်နေရင်းနဲ့ ဝိတ်ကျမယ်ဆိုတော့ ဘယ်လို ဝိတ်ချနည်းဖြစ်မလဲဆိုတာကို ကြည့်လိုက်ကြရအောင်လား။

? တကယ်တော့ အိပ်နေရင်း အဆီတွေလောင်နေတယ် !?

နေ့ခင်းအိပ်နေတဲ့အချိန်မှာ ကိုယ်ခန္ဓာကို လှုပ်ရှားနေမှ ကိုယ်တွင်းအဆီတွေလောင်နေတယ်ဆိုထင်ရပင်မယ့်လည်း တကယ်တော့ အိပ်နေရင်းလည်း အဆီလောင်အောင်လုပ်လို့ရတယ်ဆိုတာကို သိထားရမှာပါ။ အိပ်နေရင်း ဘယ်လောက်အဆီကျသလဲဆိုတာကို ကြည့်လိုက်ကြရအောင်လား။

ဥပမာ- အသက် ၃၀ ပတ်ဝန်းကျင်မိန်းကလေးတစ်ယောက်ဟာ ၇ နာရီအိပ်နေချိန်မှာ ကာလိုရီက 390 Kcal လောက်အဆီကျနိုင်ပါတယ်။ အဓိက သတိထားရမှာကတော့ လိုအပ်တဲ့နေရာမှာ ချင့်ချိန်နိုင်ရင် အဆင်ပြေသွားမှာပါ။

? အစားအသောက်ကို စားရင် ဗိုက်အပြည့်မစားဖို့၊ မအိပ်ခင် ၃ နာရီ အထိ အစားအသောက်တွေကို အကုန်ရပ်။

အိပ်နေချိန်မှာ ကာလိုရီ (အဆီလောင်တယ်)ဆိုပြီး ဘာစားစားအဆင်ပြေတယ်လို့တော့ မဟုတ်ပါဘူး။ အစားအသောက်ကို ချိင့်ချိန်လိုက်ရင် ကိုယ်လိုချင်သလို ဝိတ်ချနိုင်မှာပါ။ အမြဲတန်းစားနေသလို ဗိုက်အပြည့်စားချင်တယ်ဆိုတာကို ခဏလောက် သည်းခံလိုက်ပြီး ၃ ပုံ ၁ ပုံလောက်ပဲစားပါ။ စစချင်းမှာတော့ အခက်အခဲတွေနဲ့ကြုံရမှာပါ။ ဖြေးဖြေးချင်းအဆင်ပြေလာမှာပါ။ နောက်ပြီး မအိပ်ခင် ၃ နာရီမတိုင်ခင်အထိ အစားအသောက်တွေကို ပြီးအောင်လုပ်ထားလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ အစားချေချိန်က ၃ နာရီအတွင်းဖြစ်တာကြောင့်ပါ။

? မြန်မြန်အိပ်ရာဝင်ပါ။

အိပ်နေချိန်မှာ အဆီကျစေအောင် အကူအညီပေးတဲ့ ဟိုမုန်းရှိပါတယ်။ သူ့ရဲ့နာမည်ကတော့ လွယ်လွယ်ပြောရရင် ပိန်စေတဲ့ ဟိုမုန်းပါ။ ဒီဟိုမုန်းက အလုပ်လုပ်ချိန်ကတော့ ည ၁၀ နာရီကနေ မနက် ၃ နာရီ အထိပါ။ ဒီအချိန်မှာ အိပ်နေရင်တော့ အဆီကျစေမှာပါ။ ဒီအချိန်မှာ အိပ်နိုင်အောင် ကြိုးစားပါ။

? အိပ်ချိန်ကို ၇ နာရီ - ၈ နာရီ ရှိရင် အကောင်းဆုံးပါ။

တနေ့ကို အိပ်ချိန် ၇ နာရီ - ၈ နာရီ ရှိအောင်ကြိုးစားသင့်ပါတယ်။ ၇ နာရီမှာ ထဖို့ဆိုရင် ည ၁၂ နာရီလောက်မှာတော့ အိပ်သင့်ပါတယ်။ အိပ်ရေးမဝတာက လူကို ဝစေတဲ့ အဓိကအကြောင်းရင်းပါ။ အပ်ရေးမဝချိန်မှာ ကိုယ်ခန္ဓာတွင်းက ဟော်မုန်းတွေရဲ့အခြေအနေကိုပြောင်းလဲစေပြီး စားချင်စိတ်ကိုလျော့နည်းစေတဲ့ ဟိုမုန်း Leptin ကိုလျော့နည်းစေပြီး တဖက်မှာ အရမ်းကို စားချင်အောင် လုပ်တဲ့ ဟိုမုန်း Ghrelin ကအလုပ်ပိုလုပ်ပါတယ်။ ဒါကြောင့်ကို အနည်းဆုံး ၇ နာရီ ကနေ ၈ နာရီ အတွင်း အိပ်ဖြစ်အောင် အိပ်ပါ။

? အိပ်ပျော်အောင် အိပ်ပါ။

မအိပ်ခင်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ကြိုးစားရမှာပါ။ အခန်းမီးကို ပိတ်ပြီး အခုအချိန်ကနေ အိပ်တော့မယ်ဆိုတာကို အသိပေးရမှာပါ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်နိုင်အောင်ဆိုရင်တော့ မအိပ်ခင် ၁ နာရီလောက်မှာ ရေချိုးလိုက်ရင် ကောင်းပါတယ်။ ရေချိုးပြီးချိန်မှာ ခြေလက်တွေ ပူပူလေးဖြစ်နေချိန်က ပိုပြီး အိပ်ပျော်ပါလိမ့်မယ်။

နောက်ပြီး မအိပ်ခင် လက်ကို ဆုပ်လိုက်ဖြန့်လိုက် ၊ ခြေချင်းဝတ်ကိုလည်း လှုပ်ပေးရင် သွေးလည်ပတ်မှုကောင်းလာပြီး အေးနေတဲ့ ခြေလက်လေးတွေ ပူနွေးလာမှာပါ။ ကဲ ဝိတ်ကျအောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုတော့ ပြောပြပြီးသွားပြီနော်။ လက်တွေ့လုပ်ဖို့ဆိုတာကတော့ သူတို့တွေရဲ့တာဝန်ပါ။


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



Credit:ChelmoTeam
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top