iMyanmarHouse.com - Best Property Website for Myanmar
×

ယနေ့ခေတ် ဖက်ရှင်ရေစီးကြောင်း ကျယ်ပြန့်လာမှုနဲ့အတူ မိမိကို သူများနဲ့ မတူအောင် ပြင်ဆင်လာတဲ့နည်းလမ်းတွေထဲက တစ်ခုက ဆံပင်ပဲ ဖြစ်ပါတယ်။ သင့်ဆံပင်ကို ဘယ်လိုပြင်ဆင်ထားလဲဆိုတာပေါ် လူတွေ သင့်ကို ဆုံးဖြတ်ကြပါလိမ့်မယ်။ ဒီတော့ သင့်တော်မှန်ကန်တဲ့ ဆံပင်ဂရုစိုက်ထိန်းသိမ်းနည်းတွေ သိဖို့ အထူးအရေးကြီးပါတယ်။ 

၁။ ခေါင်းလျှော်ရည်စင်အောင် မဆေးတာ

ခေါင်းလျှော်ရည်အကြွင်းအကျန်တွေက ခေါင်းလျှော်ရည် မလောက်တာထက် ထိခိုက်ပျက်စီးမှု ပိုဖြစ်စေနိုင်ပါတယ်။ အဲဒါက အညစ်အကြေးတွေ ဆွဲငင်ပြီး ဆံပင်ကို ပိုအဆီပြန်စေပါတယ်။

၂။ တစ်ခုခုမလုပ်ခင် ဆံပင်အခြောက်မထားတာ

မိမိဆံပင်ကို ဆံပင်ပုံသွင်းပစ္စည်းတစ်ခုခုနဲ့ မလုပ်ဆောင်ခင် ဆံပင် လုံးဝ ခြောက်နေဖို့ လိုပါတယ်။ အဲဒါက ဆံပင်ကို လိုသလို ပုံသွင်းလို့ ရစေပါလိမ့်မယ်။

၃။ မိမိနဲ့မလိုက်ဖက်တဲ့ ဆံပင်ပုံစံရွေးတာ

ကိုယ်နဲ့လိုက်ဖက်တဲ့ ဆံပင်ပုံစံမှာ မျက်နှာအသွင်အပြင်၊ ဆံပင်အမျိုးအစား၊ ပင်ကိုယ်စရိုက်၊ ဘဝနေထိုင်ပုံအပါအဝင် အချက်ပေါင်းများစွာ ပါဝင်ပါတယ်။

၎။ မကြာခဏခေါင်းလျှော်တာ သို့မဟုတ် အလုံအလောက်မလျှော်တာ

ဆံပင်လျှော်တဲ့ အကြိမ်ရေက မိမိဆံပင်အမျိုးအစား၊ အရည်အသွေး၊ ကုန်ပစ္စည်း ဘယ်လောက်သုံးလဲ သို့မဟုတ် ပုံမှန်ချွေးဘယ်လောက် ထွက်လဲဆိုတာပေါ် မူတည်ပါလိမ့်မယ်။

၅။ ဆံပင်လျှော်တဲ့အခါ ဦးရေပြားကုတ်ခြစ်တာ

ဦးရေပြားကုတ်ခြစ်တာက ကျိန်းစပ်မှု ဖြစ်စေပြီး မွှေးညင်းပေါက်တွေ အားနည်းပြီး ကျွတ်ကျစေနိုင်ပါတယ်။ ဒါပေမယ့် ခေါင်းလျှော်နေစဉ် ဦးရေပြားနှိပ်နယ်ပေးတာက သွေးလည်ပတ်မှု ကောင်းမွန်စေပါတယ်။
Credit : trend myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top