iMyanmarHouse.com - Best Property Website for Myanmar
×

အိမ္ေထာင္ေရးဆုိတဲ့အေဆာက္အအုံႀကီးကုိ နားလည္ခြင့္လႊတ္မႈဆုိတဲ့ အေျခခံအုတ္ျမစ္မပါဘဲနဲ႔ တည္ေဆာက္လုိက္ေတာ့ စလယ္ဝင္အုိးေလး ဖင္မမဲခင္ကတည္းက အကြဲအျပဲဇာတ္လမ္းေတြ ျဖစ္လာမွာပဲေလ။ အိမ္ ေထာင္ေရးတစ္ခုမွာ နားလည္ခြင့္လႊတ္မႈက ဘယ္ေလာက္အေရးႀကီးသလဲဆုိရင္ အီစြတ္ပုံျပင္တစ္ပုဒ္ကုိ ကုိးကားၿပီးေျပာျပခ်င္တယ္။

တစ္ခါတုန္းက ရြာတစ္ရြာမွာ ဆင္းရဲသားအဖုိးအဖြားႏွစ္ဦးရွိခဲ့ပါတယ္။ တစ္ေန႔ေတာ့ သူတို႔ဟာ ပိုင္ဆိုင္သမွ်ထဲက တန္ဖိုးအရွိဆံုးျဖစ္တဲ့ ျမင္းကိုေရာင္းျပီးေတာ့ လိုအပ္တာေတြဝယ္ဖို႔ ဆံုးျဖတ္လိုက္ၾကတယ္။ ဒီလိုန႔ဲ အဘိုးအိုက ေစ်းထဲမွာ ျမင္းကို ႏြားတစ္ေကာင္နဲ႔ လဲလိုက္တယ္။ ခဏေနေတာ့ အဘိုးအိုက ႏြားကို ဆိတ္နဲ႔ လဲလိုက္ျပန္တယ္။ ဆိတ္ကို ငန္းနဲ႔ ငန္းကိုၾကက္နဲ႔၊ ၾကက္ကို ပန္းသီးေတြနဲ႔ လဲလိုက္ျပန္တယ္။ ပါလာတုန္းက ျမင္း၊ ေနာက္ဆုံးမွာေတာ့ အဘုိးအုိရဲ႕လက္ထဲမွာ ပန္းသီးေတြပဲက်န္ပါေတာ့တယ္။ အဘိုးအိုက ပစၥည္းတစ္ခုကေန တစ္ခုလဲေနရျခင္း အေၾကာင္းရင္းက အဘြားအိုကို Surprise လုပ္ခ်င္လုိ႔ပဲျဖစ္ပါတယ္။

အဘိုးအိုဟာ လဲလို႔ရတဲ့ ပန္းသီးေတြကို ထမ္းၿပီး အိမ္အျပန္လမ္းက အရက္ဆိုင္တစ္ဆိုင္မွာ နားေနတုန္း အဂၤလိပ္ႏွစ္ေယာက္နဲ႔ ဆံုခဲ့တယ္။ အလႅာပ၊ သလႅာပေတြ ေျပာေနရင္းကေန သူလဲခဲ့တဲ့ ပစၥည္းေတြအေၾကာင္းရွင္းျပေတာ့ အဂၤလိပ္ေတြက အဘိုးအိုကို တံုးအတယ္ဆိုၿပီး ေလွာင္ၾကတယ္။ အိမ္ျပန္ေရာက္ရင္ အဘြားအိုက ဆူေတာ့မယ္ဆိုတဲ့အေၾကာင္းကို ေျပာေတာ့ အဘိုးအိုက အဆူခံရမွာ မဟုတ္ေၾကာင္း ျငင္းပါတယ္။ ဒါကို အဂၤလိပ္ႏွစ္ေယာက္က တကယ္လို႔ အဘြားအို မဆူရင္ သူတို႔မွာပါတဲ့ ေငြေတြေပးခဲ့မယ္ဆုိၿပီး ေလာင္းၾကေတာ့တယ္။ ဒီလိုနဲ႔ ၃ေယာက္သား အဘိုးအိုတုိ႔ အိမ္ကိုေရာက္လာခဲ့ၾကတယ္။

အဘြားအိုက အဘိုးအိုျပန္လာတာေတြ႕ေတာ့ ဝမ္းသာအားရ ထြက္ႀကိဳၿပီး ေခြ်းသုတ္ဖို႔ ပုဝါကမ္းေပး၊ ေရကမ္းေပးနဲ႔ အဘိုးအိုကို အေမာေျဖေစတယ္။ ျပီးမွ အဘိုးအို ေျပာျပတဲ့ အျဖစ္ေတြကို စိတ္ဝင္တစား နားေထာင္တယ္။ ပစၥည္းတစ္ခုကေန ေနာက္တစ္ခု လဲေျပာင္းပံုကို အဘိုးအို ေျပာျပတဲ့အခ်ိန္မွာ အဘြားအိုက ဝမ္းသာအားရနဲ႔ …

“ဟာ… က်ဳပ္တို႔ ႏြားႏို႔ေသာက္ရျပီေပါ့”

“အင္း… ဆိတ္ႏို႔လည္း မဆိုးပါဘူး”

“ေအာ္… ငန္းေမြးေတြက သိပ္လွတာ”

“အင္း… က်ဳပ္တို႔ ၾကက္ဥစားရျပီေပါ့”

ဆုိၿပီး အံ့ၾသတႀကီးေျပာရွာတယ္။ ေနာက္ဆံုး အဘိုးအိုက လဲလာတဲ့ ပန္းသီးကိုျပေတာ့ အဘြားအိုက စိတ္ပ်က္သြားပံုမျပဘဲ ” အင္း.. ဒီည က်ဳပ္တို႔ ပန္းသီးကိတ္မုန္႔ လုပ္စားၾကတာေပါ့” လို႔ ေျပာၿပီး အဘိုးအိုကို အားရပါးရ နမ္းလိုက္ေတာ့တယ္။ ပုံျပင္အဆုံးသတ္ကေတာ့ ေျပာစရာမလိုေတာ့ဘူးထင္ပါတယ္။ အဂၤလိပ္ႏွစ္ေယာက္ ပါသမွ်ေငြေတြ ေပးခဲ့ရတယ္ေပါ့။

ပံုျပင္က ရိုးရိုးေလးပါပဲ။ ဖတ္စတုန္းကေတာ့ ဆုိလုိရင္းကို ခ်က္ခ်င္းနားမလည္ခဲ့ဘူး။ တံုးအ တဲ့ ဆင္းရဲသားအဖုိးအဖြားကို ကဲ့ရဲ႕ေဝဖန္ထားတာလား၊ ဒါမွမဟုတ္ရင္ေတာ့ ေလာင္းေၾကးေငြေတြ အႏိုင္ရေအာင္ ဇာတ္တိုက္ထားတာလားလို႔ ေတြးခဲ့မိတယ္။ တကယ္ေတာ့ ပံုျပင္က အိမ္ေထာင္တစ္ခုမွာ အေျခခံျဖစ္တဲ့ လင္မယားႏွစ္ေယာက္ရဲ႕ ခြင့္လြတ္သည္းခံတာေတြ၊ ေလးစားယံုၾကည္တာေတြကုိ ျပခ်င္လုိ႔ပဲျဖစ္တယ္။ အခ်စ္ဆိုတာ အႏုပညာတစ္မ်ဳိး၊ ခြင့္လြတ္ျခင္းက အခ်စ္ရဲ႕ေက်ာ႐ိုးတဲ့။ ျပင္ပေလာကမွာ အဘိုးအိုလို တံုးအတဲ့ အျပဳအမႈမ်ဳိးက တကယ္မရွိႏိုင္ပါဘူး။ လင္မယားႏွစ္ေယာက္ရဲ႕ခ်စ္ခင္မႈ၊ နားလည္ခြင့္လြတ္မႈေတြက အိမ္ေထာင္တည္ျမဲဖို႔အတြက္ အေကာင္းဆံုးနည္းေတြျဖစ္တယ္။ တစ္ေယာက္ရဲ႕အမွားကို တစ္ေယာက္က နားလည္ေပးမယ္၊ အျပစ္မျမင္ဘူး ခြင့္လြတ္သည္းခံမယ္ဆိုရင္ အိမ္ေထာင္ေရးဟာ လွပေနမွာပဲျဖစ္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit : ေက်ာ္စုိးေအာင္ (အခရာ)

#Unicode Version

 အိမ်ထောင်ရေးဆိုတဲ့အဆောက်အအုံကြီးကို နားလည်ခွင့်လွှတ်မှုဆိုတဲ့ အခြေခံအုတ်မြစ်မပါဘဲနဲ့ တည်ဆောက်လိုက်တော့ စလယ်ဝင်အိုးလေး ဖင်မမဲခင်ကတည်းက အကွဲအပြဲဇာတ်လမ်းတွေ ဖြစ်လာမှာပဲလေ။ အိမ် ထောင်ရေးတစ်ခုမှာ နားလည်ခွင့်လွှတ်မှုက ဘယ်လောက်အရေးကြီးသလဲဆိုရင် အီစွတ်ပုံပြင်တစ်ပုဒ်ကို ကိုးကားပြီးပြောပြချင်တယ်။

တစ်ခါတုန်းက ရွာတစ်ရွာမှာ ဆင်းရဲသားအဖိုးအဖွားနှစ်ဦးရှိခဲ့ပါတယ်။ တစ်နေ့တော့ သူတို့ဟာ ပိုင်ဆိုင်သမျှထဲက တန်ဖိုးအရှိဆုံးဖြစ်တဲ့ မြင်းကိုရောင်းပြီးတော့ လိုအပ်တာတွေဝယ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီလိုနဲ့ အဘိုးအိုက ဈေးထဲမှာ မြင်းကို နွားတစ်ကောင်နဲ့ လဲလိုက်တယ်။ ခဏနေတော့ အဘိုးအိုက နွားကို ဆိတ်နဲ့ လဲလိုက်ပြန်တယ်။ ဆိတ်ကို ငန်းနဲ့ ငန်းကိုကြက်နဲ့၊ ကြက်ကို ပန်းသီးတွေနဲ့ လဲလိုက်ပြန်တယ်။ ပါလာတုန်းက မြင်း၊ နောက်ဆုံးမှာတော့ အဘိုးအိုရဲ့လက်ထဲမှာ ပန်းသီးတွေပဲကျန်ပါတော့တယ်။ အဘိုးအိုက ပစ္စည်းတစ်ခုကနေ တစ်ခုလဲနေရခြင်း အကြောင်းရင်းက အဘွားအိုကို Surprise လုပ်ချင်လို့ပဲဖြစ်ပါတယ်။

အဘိုးအိုဟာ လဲလို့ရတဲ့ ပန်းသီးတွေကို ထမ်းပြီး အိမ်အပြန်လမ်းက အရက်ဆိုင်တစ်ဆိုင်မှာ နားနေတုန်း အင်္ဂလိပ်နှစ်ယောက်နဲ့ ဆုံခဲ့တယ်။ အလ္လာပ၊ သလ္လာပတွေ ပြောနေရင်းကနေ သူလဲခဲ့တဲ့ ပစ္စည်းတွေအကြောင်းရှင်းပြတော့ အင်္ဂလိပ်တွေက အဘိုးအိုကို တုံးအတယ်ဆိုပြီး လှောင်ကြတယ်။ အိမ်ပြန်ရောက်ရင် အဘွားအိုက ဆူတော့မယ်ဆိုတဲ့အကြောင်းကို ပြောတော့ အဘိုးအိုက အဆူခံရမှာ မဟုတ်ကြောင်း ငြင်းပါတယ်။ ဒါကို အင်္ဂလိပ်နှစ်ယောက်က တကယ်လို့ အဘွားအို မဆူရင် သူတို့မှာပါတဲ့ ငွေတွေပေးခဲ့မယ်ဆိုပြီး လောင်းကြတော့တယ်။ ဒီလိုနဲ့ ၃ယောက်သား အဘိုးအိုတို့ အိမ်ကိုရောက်လာခဲ့ကြတယ်။

အဘွားအိုက အဘိုးအိုပြန်လာတာတွေ့တော့ ဝမ်းသာအားရ ထွက်ကြိုပြီး ချွေးသုတ်ဖို့ ပုဝါကမ်းပေး၊ ရေကမ်းပေးနဲ့ အဘိုးအိုကို အမောဖြေစေတယ်။ ပြီးမှ အဘိုးအို ပြောပြတဲ့ အဖြစ်တွေကို စိတ်ဝင်တစား နားထောင်တယ်။ ပစ္စည်းတစ်ခုကနေ နောက်တစ်ခု လဲပြောင်းပုံကို အဘိုးအို ပြောပြတဲ့အချိန်မှာ အဘွားအိုက ဝမ်းသာအားရနဲ့ …

“ဟာ… ကျုပ်တို့ နွားနို့သောက်ရပြီပေါ့”

“အင်း… ဆိတ်နို့လည်း မဆိုးပါဘူး”

“အော်… ငန်းမွေးတွေက သိပ်လှတာ”

“အင်း… ကျုပ်တို့ ကြက်ဥစားရပြီပေါ့”

ဆိုပြီး အံ့သြတကြီးပြောရှာတယ်။ နောက်ဆုံး အဘိုးအိုက လဲလာတဲ့ ပန်းသီးကိုပြတော့ အဘွားအိုက စိတ်ပျက်သွားပုံမပြဘဲ ” အင်း.. ဒီည ကျုပ်တို့ ပန်းသီးကိတ်မုန့် လုပ်စားကြတာပေါ့” လို့ ပြောပြီး အဘိုးအိုကို အားရပါးရ နမ်းလိုက်တော့တယ်။ ပုံပြင်အဆုံးသတ်ကတော့ ပြောစရာမလိုတော့ဘူးထင်ပါတယ်။ အင်္ဂလိပ်နှစ်ယောက် ပါသမျှငွေတွေ ပေးခဲ့ရတယ်ပေါ့။

ပုံပြင်က ရိုးရိုးလေးပါပဲ။ ဖတ်စတုန်းကတော့ ဆိုလိုရင်းကို ချက်ချင်းနားမလည်ခဲ့ဘူး။ တုံးအ တဲ့ ဆင်းရဲသားအဖိုးအဖွားကို ကဲ့ရဲ့ဝေဖန်ထားတာလား၊ ဒါမှမဟုတ်ရင်တော့ လောင်းကြေးငွေတွေ အနိုင်ရအောင် ဇာတ်တိုက်ထားတာလားလို့ တွေးခဲ့မိတယ်။ တကယ်တော့ ပုံပြင်က အိမ်ထောင်တစ်ခုမှာ အခြေခံဖြစ်တဲ့ လင်မယားနှစ်ယောက်ရဲ့ ခွင့်လွတ်သည်းခံတာတွေ၊ လေးစားယုံကြည်တာတွေကို ပြချင်လို့ပဲဖြစ်တယ်။ အချစ်ဆိုတာ အနုပညာတစ်မျိုး၊ ခွင့်လွတ်ခြင်းက အချစ်ရဲ့ကျောရိုးတဲ့။ ပြင်ပလောကမှာ အဘိုးအိုလို တုံးအတဲ့ အပြုအမှုမျိုးက တကယ်မရှိနိုင်ပါဘူး။ လင်မယားနှစ်ယောက်ရဲ့ချစ်ခင်မှု၊ နားလည်ခွင့်လွတ်မှုတွေက အိမ်ထောင်တည်မြဲဖို့အတွက် အကောင်းဆုံးနည်းတွေဖြစ်တယ်။ တစ်ယောက်ရဲ့အမှားကို တစ်ယောက်က နားလည်ပေးမယ်၊ အပြစ်မမြင်ဘူး ခွင့်လွတ်သည်းခံမယ်ဆိုရင် အိမ်ထောင်ရေးဟာ လှပနေမှာပဲဖြစ်ပါတယ်။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : ကျော်စိုးအောင် (အခရာ)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top