iMyanmarHouse.com - Best Property Website for Myanmar
×

တနဂၤေႏြသားသမီးမ်ားအတြက္….

မိတ္ေဆြ သင္ဟာ ဒီအခ်ိန္ပိုင္းမွာ ေအာက္ပါအျဖစ္အပ်က္မ်ား ႀကံဳေတြ႕ရတတ္ပါတယ္။ ဒီအခ်ိန္ပိုင္းဟာ တျခား အခ်ိန္နဲ႔မတူဘူး။ ကိုယ့္ကို မေလးစားတဲ့ လူေတြကေတာင္ ၾကည္ညိဳ ေလးစားလာတတ္ ၾကတယ္။ ဒီအခ်ိန္ပိုင္းမွာ ကံေကာင္းတဲ့ အခ်ိန္လို႔႔ ဆိုရလိမ့္မယ္။ ကိုယ္က ျဖစ္သလို ဝတ္စားတာကို ေဘးဘူက ၾကည့္လို ႔ေကာင္းေနတတ္တယ္။ ထမင္းစားတဲ့ အခါလည္း ဟင္းေကာင္းဖို႔မလိုဘူး။ ဘာနဲ႔ပဲ စားရစားရ ထမင္းၿမိတ္ေနတတ္တယ္။ ကံေကာင္းေနၿပီကိုး။ ကိုယ္က တစ္လဲြ အႀကံေပးလိုက္တယ္။ လုပ္တဲ့ လူကလည္း လိုက္ၿပီးလုပ္တယ္။ သူ႔ဟာနဲ႔သူ အေပါက္ အလမ္း တည့္သြားတယ္။ အဲဒီမွာပဲ ကိုယ့္ကို ေက်းဇူးတင္ေတာ့တာပါပဲ။

ကံေကာင္းေနေတာ့လည္း ေျပာတိုင္း ျဖစ္တာေပါ့ေလ။ ကိုယ္က အလုပ္လုပ္ခ်င္တယ္။ ကိုယ့္မွာ ေငြမရွိဘူး။ ေငြရွိတဲ့လူက သူ႕ေငြေတြကို ယူၿပီးလုပ္ပါ။ ေပးခ်င္တဲ့အခါမွ ျပန္ၿပီး ေပးပါဆိုၿပီး ေငြထုပ္ကို လာၿပီးအပ္တတ္တယ္။

ကံေကာင္းေနတာကိုး။ ေသမေလာက္ ေရာဂါခံေနရတဲ့သူကို ကိုယ္က ၾကားဖူးတဲ့ ေဆးၿမီး တိုကေလးေပးလိုက္တယ္။ သူကလည္း ယံုၾကည္စြာနဲ႔ေ သာက္လိုက္တယ္။ အဲဒီမွာ ေရာဂါ ေပ်ာက္သြားတယ္။ ကိုယ့္ကိုလည္း ဇီဝက ေလာက္ထင္သြားတယ္။ ကံေကာင္းေနတာကိုး။ လုပ္ငန္းသစ္ေတြ စရတတ္တယ္။ မေမွ်ာ္လင့္တဲ့ဆီက ေငြေတြဝင္လာတတ္တယ္။ ဆံဳးၿပီလို႔ထင္တဲ့ ေငြေတြ ျပန္ရတတ္တယ္။ အလုပ္ေတြ အက်ိဳးေပးတတ္တယ္။ ဘုရားဆင္းတုေတာ္ေတြ၊ ဘုရားပံုေတာ္ေတြ အိမ္ကိုျြကလာတတ္တယ္။ တစ္ခုအႀကံေပးေခ်င္တာက ဒီလိုကံေကာင္းတဲ့ ဒီအခ်ိန္ပိုင္းမွာ ကိုယ့္အလုပ္ ကိုယ္ႀကိဳးစားၿပီးလုပ္ပါ။ ဘယ္အသင္း အဖြဲ႕မွ မဝင္ပါနဲ႔။ အခ်ိန္ျဖဳးန္သလိုလုပ္ရတဲ့ က်ားထိုးတာတို႔၊ ခ်က္ထိုးတာတို႔၊ ေဘာလံုးပြဲ ၾကည့္တာတို႔မလုပ္ပါနဲ႔။ မုခ် ခ်မ္းသာမယ့္ အခ်ိန္ျဖစ္မယ္။ ႀကိဳးစားရင္ ႀကိဳးစားသေလာက္ အက်ိဳးရွိမွာျဖစ္တယ္။

အလြန္ေကာင္းတဲ့ သတင္းတစ္ခုၾကားရတတ္ပါတယ္။ လူခ်စ္လူခင္မ်ားမယ့္ အခ်ိန္လဲ ျဖစ္တယ္။ အလွဴလုပ္ရတတ္တယ္။ လုပ္ရမယ့္ အလွဴကလည္း ရည္ရြယ္တုန္းကေသးေသး တကယ္လုပ္ေတာ့ ႀကီးသြားလိမ့္မယ္။ ဒီအခ်ိန္ပိုင္းမွာ ဆိတ္သားဟင္း ေရွာင္ထားပါ။ ကားပိုင္မရွိေသးရင္ေတာ့ ကားပိုင္ရလိမ့္မယ္။ ပထမရတဲ့ကားကေတာ့ မၾကာခဏပ်က္လိမ့္မယ္။ အဲဒီပ်က္တဲ့ ကားကိုလဲၿပီး ေနာက္ရမယ့္ကားက်မွ အေကာင္းစီးရမွာေနာ္။ ကားရွိၿပီးသားဆိုရင္ေတာ့ ကားသစ္ ရၿပီဆိုၿပီး သိပ္လည္းေပ်ာ္မေနနဲ႔ဦး။ ေဘးမွာ ပြတ္တိုက္ထားတဲ့ ဒဏ္ရာရွိတယ္။ဘာပဲျဖစ္ျဖစ္ ဒီအခ်ိန္ပိုင္းမွာ သင္ဟာ ခ်မ္းသာမွာပါ။ အိမ္ေထာင္ေဟာင္းနဲ႔ ပတ္သက္ေသာ ျပႆနာမ်ား ႀကံဳရတတ္ပါတယ္။ ေငြကုန္ေၾကးက် မ်ားျခင္း၊ ရေသာေငြမၿမဲျခင္းမ်ား ႀကံဳရတတ္ပါတယ္။

ယၾတာ…..

မိတ္ေဆြ ဒီအခ်ိန္ပိုင္းမွာ အေတာ့္ကို ကံေကာင္းေနၿပီပဲ။ ဒါေပမယ့္ မေျပာပေလာက္တဲ့ အညံ့အခိုက္ ေတြလည္း ရွိတာေပါ့။ ဲဒါေလးေတြ ေျပေပ်ာက္သြားဖို႔အတြက္ ေစတီေတာ္တစ္ဆူဆူမွာ ယပ္သက္ေစ့ လွဴလိုက္ပါ။ ေရသက္ေစ့သပၸါယ္ပါ။ ႐ုပ္ပြားေတာ္ရဲ႕ ရင္ပတ္ေတာ္မွာ ေရႊ(၁၂)ျပားခ်ပါ။ ေလာကဝိဒူ ဂုဏ္ေတာ္ကို အဓိဌာန္နဲ႔ စိပ္ေပးပါ။ ေရႊထီး (၂)လက္ကို ဘုရားမွာ ၾကက္ေျခခတ္လွဴလိုက္ပါ။ ၾကာပန္းအျဖဴေရာင္ လွဴပါ။အဲဒီလို လွဴလိုက္မယ္ဆိုရင္ အညံ့အခိုက္ေတြဟာ ေျပေပ်ာက္သြားမွာပါပဲ။ ဘာပဲျဖစ္ျဖစ္ဒီအခ်ိန္ပိုင္းမွာ အေတာ့္ကို ကံေကာင္းတဲ့ အခ်ိန္ ျဖစ္ပါတယ္။

တနလၤာသားသမီးမ်ားအတြက္….

မိတ္ေဆြ သင္ဟာ ဒီအခ်ိန္ပိုင္းမွာ ေအာက္ပါအျဖစ္အပ်က္မ်ား ႀကံဳေတြ႕ရတတ္ပါတယ္။ မိတ္ေဆြ … ဒီအခ်ိန္ပိုင္းမွာေတာ့ သင့္အတြက္ ကံေကာင္းေနတဲ့ အခ်ိန္ ျဖစ္ေနပါတယ္။ ခရီးေဝး၊ ခရီးနီး ႏွစ္မ်ိဳး စလံုး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ သြားရတတ္တယ္။ ရာထူးေတြလည္း တိုးလိမ့္မယ္။ ဆံုးမလို ျဖစ္ေနတဲ့ ပစၥည္း ေတြလည္း ျပန္ရတတ္ပါတယ္။ ပစၥည္းသစ္ေတြ၊ အဝတ္အစား သစ္ေတြလည္း ဝင္လာလိမ့္မယ္။ ခါတိုင္းအခ်ိန္နဲ႔ မတူဘူး။ စည္းစိမ္ဥစၥာေတြလည္း တိုးတက္လိမ့္မယ္။ ေက်းဇူးရွင္ေတြ မိဘေတြကိုလည္း ျပန္ၿပီး ၾကည့္ႏိုင္လိမ့္မယ္။ ေငြေတြကလည္း ဝင္လာမွာ သေသာေသာပဲ။ စည္းစိမ္ဥစၥာနဲ႔ ျပည့္စံုမယ့္ႏွစ္ပါပဲ။ အထက္လူႀကီး၊ ဆရာသမားလို ပုဂၢိဳလ္မ်ိဳးကလည္း ၾကည့္လိမ့္မယ္။ မိတ္ေကာင္းေဆြေကာင္း ေတြလည္း ရလိမ့္မယ့္၊ စက္ေတြ၊ စိန္ေတြလည္း ဝင္တတ္တယ္။ မဂၤလာကိစၥေတြလည္း ေဆာင္ရြက္ေပးရ တတ္တယ္။ လြတ္လပ္ၿပီး အရြယ္ေရာက္တဲ့သူဆိုရင္ေတာ့ အိမ္ေထာင္က်တတ္ပါတယ္။ ဒီႏွစ္ကေတာ့ စိတ္တိုင္းက် ေကာင္းမယ့္ႏွစ္ပါပဲ။ မိမိေမွ်ာ္လင့္မထားတဲ့ အဆင့္အတန္းကို ေရာက္သြားလိမ့္မယ္။ ရာထူးႀကီးေတြ ျမင့္တတ္သြားမယ္။ အလြန္ေကာင္းတဲ့ႏွစ္ပါပဲ မိတ္ေဆြ။ ဒါေပမယ့္ မေျပာပေလာက္တဲ့ အညံ့အခိုက္ေလးေတြေတာ့ ရွိတာေပါ့ဗ်ာ။ အဲဒါေလးေတြအတြက္ေတာ့ ယၾတာေခ်ဖို႔ လိုလိမ့္မယ္။ မေတြ႕တာၾကာၿပီျဖစ္ေသာ မိတ္ေဆြမ်ားႏွင့္ ျပန္လည္ေတြ႕ဆံုရတတ္ပါတယ္။

ယၾတာ – အိပ္ရာေရႊ႕အိပ္လိုက္ပါ။ ဆင္းရဲႏြမ္းပါးသူကို ခရီးစရိတ္ ေထာက္ပံ့ေပးပါ။ အဂၤါေန႔တိုင္း ဆီထမင္း(၅)ပြဲ ဘုရားလွဴေပးပါ။ အုန္းသီးမထည့္နဲ႔ေနာ္။ ၾကာသပေတးေန႔တိုင္း မုန္႔ဟိမ္းေပါင္း(၃)န္းကန္လွဴပါ။ အုန္းသီးမထည့္ပါနဲ႔။ ဒီအခ်ိန္ပိုင္းမွာ မိတ္ေဆြအတြက္ အလြန္႔ကို ေပ်ာ္ဖို႔ေကာင္းတဲ့ အခ်ိန္ ျဖစ္ေနပါတယ္။

အဂၤါသားသမီးမ်ားအတြက္…..

မိတ္ေဆြ သင္ဟာ ဒီအခ်ိန္ပိုင္းမွာ ေအာက္ပါအျဖစ္အပ်က္မ်ား ႀကံဳေတြ႕ရတတ္ပါတယ္။ မိတ္ေဆြ သင္ဟာ ဒီအခ်ိန္ပိုင္းမွာ အိုးပိုင္ အိမ္ပိုင္မရွိေသးရင္ အိုးပိုင္ အိမ္ပိုင္ရတတ္ပါတယ္။ ဒါမွ မဟုတ္ရင္လည္း အိမ္ေနရာ ေျပာင္းေရႊ႕ရတတ္ပါတယ္။ လုပ္ငန္းတိုးတက္တာမိဳး၊ ရာထူးတိုးတတ္မ်ိဳး ႀကံဳေတြ႕ရပါလိမ့္မယ္။ ခါတိုင္းအခ်ိန္နဲ႔ မတူဘူး၊ သင္ဟာ သင့္ရဲ႕ ပတ္ဝန္းက်င္မွာ တန္ခိုးဩဇာေတြ ျမင့္တတ္လာမယ္။ ေကာင္းတဲ့ဂုဏ္သတင္းေတြ ေက်ာ္ၾကားလာမယ္။ ေပ်ာ္စရာေကာင္းတဲ့အလုပ္ေတြကိုလည္း လုပ္ရပါလိမ့္မယ္။

ကိုယ္ပိုင္လုပ္ငန္းလုပ္တဲ့လူဆိုရင္ေတာ့ လုပ္ငန္းေတြ တိုးခ်ဲ႕ရပါလိမ့္မယ္။ လုပ္ငန္းမွာ ေနရာေကာင္းေတြ႕ရတတ္ပါလိမ့္မယ္။ ဘုရားဖူးထြက္တာမ်ိဳး၊ အလွဴအတန္းကိစၥအတြက္ ခရီးထြက္တာမ်ိဳး ႀကံဳရတတ္ပါတယ္။ ရပ္ေဝး ခရီးသြားရတာမ်ိဳးလည္း ႀကံဳေတြ႕ရတတ္ပါတယ္။ သင္ပိုင္တဲ့ပစၥည္းေတြကိုေတာ့ သတိထားၿပီး သိမ္းဆည္းပါ။ ဒီအခ်ိန္ပိုင္းမွာ သူခိုး ခိုးခံရတတ္ပါတယ္။ အလုပ္အကိုင္ ေကာင္းတယ္ဆိုေပမယ့္ အလုပ္မွာ အတိုက္အခံေတာ့ ရွိတယ္။ မိမိအထက္လူႀကီးက မိမိအေပၚမွာ အထင္လြဲတတ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ ဒီလို ကံေကာင္းတဲ့ အခ်ိန္ပိုင္းမွာ သူမ်ားလာအပ္တဲ့ ပစၥည္းေဟာင္းေတြ၊ အဖိုးမတန္တဲ့ ေက်ာက္မ်က္ရတနာေတြကို လက္မခံရဘူး၊ လက္ခံလိုက္ရင္ လာဘ္တိတ္သြားတယ္။


ရွင္သီဝလိပံုေတာ္ေတြ၊ ဘုရားဆင္းတုေတာ္ေတြ၊ ဓာတ္ေတာ္ေတြ အိမ္ကိုျြက လာတတ္တယ္။ ဒီအခ်ိန္ပိုင္းမွာ အမ်ိဳးသားမ်ားဆိုရင္ ဒုလႅဘ ရဟန္းေတြ ဝတ္ျဖစ္တတ္တယ္။ လူမ်ိဳးျခား ဘာသာျခားေတြ မစတတ္ပါတယ္။ တစ္ခု သတိထားရမွာကေတာ့ မုဆိုးမဧည့္သည္ ညအိပ္လက္ခံမိရင္ မေမွ်ာ္လင့္ဘဲ အမႈျဖစ္တတ္ပါတယ္။ အလြန္ရင္းႏွီးတဲ့ မိတ္ေဆြေတြက အထင္လြဲၿပီး မုန္းသြားတတ္တယ္။ မ်က္ႏွာမွာ အဖုအမိန္႔ အနာေလးေတြ ျဖစ္တတ္ပါတယ္။ ဘာေဆးမွ မလိမ္းပါနဲ႔။ ေဆးလိမ္းရင္ ပြားလာလိမ့္မယ္။ အပူေလာင္တတ္တယ္။ ေရေႏြးအပူတို႔၊ မီးအပူတို႔၊ လွ်ပ္စစ္ေတြကိုင္ရင္ သတိထားပါ။ ေျခေထာက္ပ်က္တတ္၊ နာတတ္ပါတယ္။ ေဆြမ်ိဳးအႀကီးအကဲ ေနထိုင္မေကာင္း အႀကီးအက်ယ္ျဖစ္တတ္ပါတယ္။

ကားရွိရင္ေတာ့ ရပ္တဲ့အခါ သတိထားပါ။ သူမ်ားကားက ပြတ္တိုက္သြားျခင္း၊ ႀကံဳေတြ႕ရတတ္ ပါတယ္။ ေငြေတြကေတာ့ ဒလေဟာဝင္ေနလိမ့္မယ္။ ထြက္တာေတြကလည္း အရမ္းထြက္ေနလိမ့္မယ္။ တစ္ခုသတိထားရမွာက အိမ္ကို ဆရာ အတုအေယာင္ေတြ ေရာက္လာတတ္တယ္။ စက္ေတြ ဘာေတြ ဝယ္မယ္ဆိုရင္လည္း သတိထားပါ။ ၾကည့္တုန္းက အေကာင္းပဲ။ ကိုယ့္လက္ထဲေရာက္မွ အပ်က္ ျဖစ္ေနတတ္တယ္။ နားလည္တဲ့ လူကို ျပၿပီးဝယ္တာ အေကာင္းဆံုးပါပဲ။ ဘာပဲျဖစ္ျဖစ္ ဒီအခ်ိန္ပိုင္းမွာ သင့္အဖို႔ ကံေကာင္းတဲ့ အခ်ိန္လို႔ ယူဆပါ။

မျပည့္စံုတာေတြ ျပည့္စံုလာမယ္။ ျဖစ္ခ်င္တာေတြ မုခ်ျဖစ္ရလိမ့္မယ္။ အႀကံေကာင္းတစ္ခု ေပးခ်င္တာကေတာ့ မၾကာ မၾကာ သတ္သတ္လြတ္ စားေပးပါ။ အိုးပိုင္အိမ္ပိုင္မရွိေသးရင္ေတာ့ ဒီအခ်ိန္ပိုင္းမွာ အိုးအိမ္တိုက္တာအေဆာက္အဦးေတြ ပိုင္ဆိုင္ ရေတာ့မယ္။ အိမ္ေနရာ၊ အလုပ္ေနရာ ေျပာင္းေရႊ႕ရတာမ်ိဳးလည္း ႀကံဳတတ္ပါတယ္။ လုပ္ငန္းမွာ ရာထူးတိုးတက္တာ မုခ်ႀကံဳေတြ႕ပါလိမ့္မယ္။ ဒီအခ်ိန္ပိုင္းမွာ စီးပြားလည္း တက္တတ္ပါတယ္။ လုပ္ငန္းေတြ တိုးခ်ဲ႕လုပ္ကိုင္ရတာမ်ိုးလည္း ႀကံဳရပါလိမ့္မယ္။

ယၾတာ….

မိတ္ေဆြ.. ဒီအခ်ိန္ပိုင္းမွာ ေကာင္းတယ္ဆိုေပမယ့္ အညံ့ေလးေတြ နည္းနည္းပါးပါးေတာ့ ရွိတာေပါ့ဗ်ာ။ အဲဒီ အညံ့ေတြအတြက္ ယၾတာဆိုတာေတာ့ လိုတာေပါ့ဗ်ာ။ မၾကာ မၾကာ အဓိ႒ာန္နဲ႔ သတ္သတ္လြတ္စားေပးပါ။ ဗုဒၶဟူးေန႔တိုင္း ေရွာက္သီးသုပ္ ဆြမ္းေတာ္ကပ္ေပးပါ။တနဂၤေႏြေန႔ ညေနတိုင္း ေစတီေတာ္တစ္ဆူရဲ႕ တနဂၤေႏြေထာင့္မွာ မီးသတ္ေစ့ပူေဇာ္ေပးပါ။ ဘဲသားကို အုန္းႏို႔နဲ႔ခ်က္၊ ေလးဆင့္ခ်ိဳင့္နဲ႔ထည့္ၿပီး ဘုန္းႀကီးေက်ာင္းကိုပို႔ပါ။ အဲဒါကိုလည္းဗုဒၶဟူးေန႔မွာလုပ္ပါ။ သင္ေတြ႕ႀကံဳရမယ့္ အညံ့ေတြ ေျပေပ်ာက္သြားပါလိမ့္မယ္။

ဗုဒၶဟူးသားသမီးမ်ားအတြက္….

မိတ္ေဆြ သင္ဟာ ဒီအခ်ိန္ပိုင္းမွာ ေအာက္ပါ အျဖစ္အပ်က္မ်ား ႀကံဳေတြ႕ရတတ္ပါတယ္။ မိတ္ေဆြ ဒီႏွစ္ထဲမွာ မေမွ်ာ္လင့္ဘဲ ႐ုတ္တရက္ ေငြေတြ ဝင္လာတတ္တယ္။ အေမြေတြ ဘာေတြ ရစရာရွိရင္ ဒီႏွစ္ထဲမွာ ရတတ္တာေပါ့။ ေငြလည္း စုေဆာင္းမိႏိုင္တာေပါ့။ ထီေတြ ဘာေတြလည္း ေပါက္တတ္ပါတယ္။ ဝါသနာပါရင္ တနလၤာေန႔ (၁၁)နာရီ တိတိမွာ ေရွ႕က (၇၇)ႏွစ္လံုးပူးတဲ့ ထီမ်ိဳး ထိုးရမယ္။ အိမ္ေထာင္ရွိတဲ့ လူမ်ားကေတာ့ သတိထားရပါမယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ဒီအခ်ိန္ပိုင္းမွာ မ်က္ႏွာ ပြင့္တယ္။ လာဘ္လာဘလည္း အလြန္ရႊင္မယ္၊ လူအေနနဲ႔လည္း ဒီအခ်ိန္မွာ ေအာင္ျမင္တတ္ပါတယ္။ လခစား အလုပ္ဆိုရင္ေတာ့ ဒီအခ်ိန္ပိုင္းမွာ ထြက္ခ်င္စိတ္ ေပၚတတ္တယ္။ မထြက္ပါနဲ႔။ သားသမီးရွိရင္ သားသမီးအတြက္ စိတ္ေသာက ေရာက္ရတတ္ပါတယ္။

မေမွ်ာ္လင့္ဘဲ အိမ္မွာ အလွဴလုပ္ျဖစ္လိမ့္မယ္။ လုပ္ေတာ့လည္း ေသးေသး လုပ္မယ္ဆိုၿပီး ႀကီးသြားတတ္ပါတယ္။ ေကာင္းပါတယ္။ ဆရာသမားလို ပုဂၢိဳလ္မ်ိဳး အိမ္ကိုေရာက္လာၿပီး ဒုကၡေပးတတ္ပါတယ္။ ဒီအခ်ိန္ပိုင္း ေရာက္တဲ့အခါ အိမ္ပိုင္၊ ကားပိုင္ေတြ ျဖစ္သြားေတာ့တာပါပဲ။ ဒီအခ်ိန္ပိုင္းဟာ ေျခေထာက္မွာ ေဗြပါတာမ်ိဳးေပါ့။ မၾကာခဏ ခရီးထြက္ရတတ္ပါတယ္။ ရာထူးေတြ ဘာေတြ တတ္တာလည္း ဒီအခ်ိန္ပိုင္းမွာ တတ္တာပါပဲ။ ေနာက္တစ္ခုက ဒီအခ်ိန္ပိုင္းမွာ ဘာေတြပဲျဖစ္ျဖစ္၊ ဘာေတြပဲ ႀကံဳႀကံဳ တစ္ခါတည္းနဲ႔ မၿပီးဘူး၊ ႏွစ္ခါ ႏွစ္ခါထပ္ၿပီး ျဖစ္တတ္တဲ့ သေဘာရွိတယ္။ အိမ္မွာ အရြယ္ေရာက္ၿပီးတဲ့ ေယာက်ာ္းေလး၊ မိန္းကေလးရွိရင္ေတာ့ သတိထားပါဦး။ အိမ္က ထြက္သြားတတ္ပါတယ္။ အဖိုးမတန္ဘူးဆိုၿပီး ဘူးထဲ ခြက္ထဲမွာ ပစ္ထားတဲ့ ေက်ာက္ကေလးတစ္လံုးရွိေနရင္ ဘာေက်ာက္ပဲ ျဖစ္ျဖစ္ အဲဒီေက်ာက္ကေလးကိုရွာၿပီး ေငြလက္စြပ္ကြင္းၿပီး မိတ္ေဆြရဲ႕လက္မွာ ဝတ္ထားလိုက္ပါလား။ အဲဒါ အလြန္ေကာင္းတဲ့ အေဆာင္ျဖစ္တယ္။

ဒီအခ်ိန္ပိုင္းမွာ သင့္အိမ္ကို ကိုယ္ဝန္ေဆာင္သည္ ေရာက္လာၿပီး ညအိပ္ညေန တည္းခိုရင္၊ ဒါမွ မဟုတ္သင့္အိမ္မွာ နဂိုကတည္းက ကိုယ္ဝန္ေဆာင္သည္ရွိေနခဲ့ရင္ ထီဆုႀကီး ေပါက္တတ္ပါတယ္။ က်န္းမာေရးေတာ့ နည္းနည္းဂ႐ုစိုက္ပါ။ ဦးေခါင္းနဲ႔ဝမ္းဗိုက္ ဒုကၡေပးတတ္ပါတယ္။ ေခါင္းမူး တတ္တယ္။ ဗိုက္ေအာင့္တတ္တယ္။ ဝမ္းေတြ ဘာေတြလည္း ပ်က္တတ္တယ္။ အဲဒီလိုမ်ား ျဖစ္ခဲ့ရင္ေတာ့ အုန္းရည္(၄)ခြက္နဲ႔ ေလွကားကိုပတ္ၿပီးေဆးပစ္လိုက္ပါ။ ေဆးတာကေတာ့ ဗုဒၶဟူးေန႔ညေနဆိုရင္ ပိုေကာင္းပါတယ္။

ယၾတာ….

ဘာပဲျဖစ္ျဖစ္ ဒီအခ်ိန္ပိုင္းမွာလည္း သင့္အဖို႔ ကံေကာင္းတဲ့ အခ်ိန္ပါပဲ။ ဒါေပမယ့္လည္း မေျပာပေလာက္တဲ့ အညံ့ အခိုက္ေလးေတြရွိတာေပါ့။ အဲဒါေတြ ေျပေပ်ာက္သြားေအာင္ ယၾတာေတာ့ လိုမယ္။ ဒီေတာ့ မိတ္ေဆြအေနနဲ႔ ယၾတာေလးေတြ ခ်ေပးပါဦး။ အေမႊးနဲ႔သာေရေတြနဲ႔ တနလၤာေထာင့္က ဆင္းတုေတာ္ကို တနလၤာေန႔မွာ ေရသပၸါယ္ေပးပါ။ ၾကာဖူး (၂)ပြင့္၊ သစၥာပန္း(၆)ပြင့္ကိုလည္း အဲဒီဘုရားမွာပဲ ကပ္လွဴပူေဇာ္လိုက္ပါ။ နဂါး႐ံုဘုရားမွာ ထန္းလ်က္(၁၁)ခဲကို စကၠဴကေတာ့ထဲထည့္ၿပီး ကပ္လွဴပူေဇာ္လိုက္ပါ။ အဲဒီလို လုပ္လိုက္မယ္ဆိုရင္ ဒီအခ်ိန္ပိုင္းမွာ မိတ္ေဆြႀကံဳေတြ႕ရမယ့္ အခိုက္အညံ့ေလးေတြ ေျပေပ်ာက္ သြားမွာပါပဲ။ ဘာပဲျဖစ္ျဖစ္ ဒီအခ်ိန္ပိုင္းဟာ မိတ္ေဆြအဖို႔ ကံေကာင္းတဲ့ အခ်ိန္ပဲ ျဖစ္ပါတယ္။

ၾကာသပေတးသားသမီးမ်ားအတြက္….

မိတ္ေဆြ သင္ဟာ ဒီအခ်ိန္ပိုင္းမွာ ေအာက္ပါ အျဖစ္အပ်က္မ်ား ႀကံဳေတြ႕ရတတ္ပါတယ္။ ဒီအခ်ိန္ပိုင္းမွာ မိတ္ေဆြဟာ မေမွ်ာ္လင့္ဘဲ ေအာက္လက္ငယ္သားေတြရဲ႕ ဆန္႔က်င္ ေတာ္လွန္တာေတြကို ႀကံဳေတြ႕ရလိမ့္မယ္။ လုပ္ငန္းေတြမွာ အခက္အခဲေတြ ေတြ႕ရလိမ့္မယ္။ မေမွ်ာ္လင့္ဘဲ စိမ္ညစ္စရာေတြ ေရာက္လာတတ္ပါတယ္။ လုပ္ေနရတဲ့ အလုပ္ကိုလည္း စိတ္မဝင္စားေတာ့ဘဲ စိတ္ေလေနတတ္ပါတယ္။ စီးပြားေရး မေကာင္းပါ။ စီးပြားတက္ေတာ့မလိုလိုနဲ႔ တျဖည္းျဖည္း ကုန္သြားတတ္ပါတယ္။ အျဖစ္ထက္ အပ်က္ဘက္က ပိုမ်ားေနပါတယ္။ လက္ရွိ အလုပ္ကေန တျခားကို ေျပာင္းလိုစိတ္ ေပၚတတ္ပါတယ္။ မေျပာင္းပါနဲ႔။ လက္ရွိအလုပ္က ေတာ္ေသးတယ္။ ေနာက္ေျပာင္းမယ့္ အလုပ္က သင့္ကိုအက်ိဳးမေပးပါဘူး။ သူတစ္ပါးအတြက္ အာမခံေပးတာမ်ိဳး၊ ကိုယ္စားလိုက္ၿပီး ေျပာေပးတာမ်ိဳး မလုပ္ပါနဲ႔။ ဒုကၡေရာက္ တတ္ပါတယ္။


ဒီအခ်ိန္ပိုင္းမွာ မေမွ်ာ္လင့္ဘဲ အမႈအခင္းေတြ ဘာေတြျဖစ္တတ္ပါတယ္။ သတိထားပါ။ မနက္ေစာေစာထၿပီး သမၼာေဒဝ နတ္ေကာင္းနတ္ျမတ္ေတြကို ေမတၲာပို႔ေပးပါ။ သူတို႔က နိမိတ္ေကာင္း ေတြေပးရင္ေတာ့ အညံ့ေတြေျပေပ်ာက္သြားတတ္ပါတယ္။ ညံ့ေနတဲ့ အထဲကေန ေျမေတြဘာေတြ ဝင္လာတတ္ပါတယ္။ စိတ္ညစ္စရာေတြ ႀကံဳရတဲ့ အထဲ သြားတစ္ေခ်ာင္းကလည္း ဒုကၡေပးလိမ့္ဦးမယ္။ ကိုယ့္ေငြေတြ သူမ်ားလက္ထဲသြားၿပီး ျမဳပ္ေနတတ္ပါတယ္။ ခါးနာတာတို႔၊ ေျခေထာက္နာတာတို႔လည္း ျဖစ္တတ္ပါေသးတယ္။ အိမ္တြင္းေရးလည္း မသာမယာျဖစ္တတ္ပါတယ္။ ဒီအခ်ိန္ပိုင္းမွာ သင္ဟာ အိမ္မွာေနရတာကိုမေပ်ာ္ပိုက္ဘဲ ရွိေနလိမ့္မယ္။ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ျမည္တြန္ ေတာက္တီးစရာေတြ ေပၚေနလိမ့္မယ္။

ယၾတာ…

မိတ္ေဆြ ဒီႏွစ္ဟာ မိတ္ေဆြအတြက္ညံ့တဲ့ အခ်ိန္ပဲ။ အဲဒီအညံ့ေတြေျပေပ်ာက္သြားေအာင္ မၾကာခဏ သကၤန္းလွဴေပးပါ။ ဘုရားေဝယ်ာ ဝစၥေတြလုပ္ေပးပါ။ မၾကာခဏ ဗုေဒၶါဆိုတဲ့ဂုဏ္ေတာ္ကို ပုတီးစိပ္ေပးပါ။ အခါႀကီးရက္ႀကီးေတြနဲ႔ဆံုရင္ သက္သက္လြတ္စားေပးပါ။ သင္ေနတဲ့ေဒသမွာရွိတဲ့ သိမ္မွာ သိမ္ကိုသြားတဲ့လမ္းကို ေရနံဆီသံပံုးနဲ႔ သဲခင္းေပးပါ။ စေနေန႔မနက္မွာ ဆုေတာင္းၿပီး ထန္းသီးတစ္လံုးကို ေရေမွ်ာလိုက္ပါ။ တနလၤာေန႔ညေနမွာ ေခ်ာင္းထဲျမစ္ထဲမွာ ငါး(၂၆)ေကာင္လႊတ္လိုက္ပါ။ ဘုန္းႀကီးေက်ာင္းကိုသြားၿပီး ခ်ိဳင့္ခြက္ရွိေနတဲ့ေနရာကိုသြားၿပီး ေျမဖို႔ေပးလိုက္ပါ။ ဘာပဲျဖစ္ျဖစ္ ဒီအခ်ိန္ဟာ မိတ္ေဆြအဖို႔ စိတ္ညစ္စရာေတြ ၾကံဳေတြ႕ရမယ့္ အခ်ိန္ျဖစ္ပါတယ္။ မၾကာခဏ တရားအားထုတ္ေပးပို႔လိုပါတယ္။

ေသာၾကာသားသမီးမ်ားအတြက္…..

မိတ္ေဆြ သင္ဟာ ဒီအခ်ိန္ပိုင္းမွာ ေအာက္ပါအျဖစ္အပ်က္မ်ား ႀကံဳေတြ႕ရတတ္ပါတယ္။ ဒီအခ်ိန္ကလည္း ညံ့တဲ့ အခ်ိန္ပါပဲ။ အလုပ္လုပ္ရတာလည္း အခက္အခဲေတြနဲ႔ ေတြ႕လိမ့္မယ္။ အလုပ္ကလည္း ပင္န္းတဲ့ အလုပ္မ်ိဳး ျဖစ္ေနတတ္တယ္။ က်ိန္းေသေအာင္ျမင္ ျဖစ္ထြန္းမယ့္ ဟာေတြလည္း လြဲေခ်ာ္ ေနတတ္တယ္။ က်န္းမာေရးလည္း ညံ့တတ္ပါတယ္ မိတ္ေဆြ။ ဒုကၡေတြ တစ္ခုၿပီး တစ္ခု ေရာက္လာတတ္တယ္။ ေသာၾကာ သားသမီး တစ္ေယာက္အိမ္မွာ ညအိပ္တည္းခိုလိုက္ရင္ေတာ့ အဲဒီဒုကၡေတြက လြတ္သြားလိမ့္မယ္။ အလုပ္အကိုင္ ထိခိုက္တတ္တယ္။ အိမ္သားေတြလည္း တစ္ေယာက္ၿပီး တစ္ေယာက္ က်န္းမာေရး ညံ့လို႔ ေဆးခန္းပို႔ရတတ္တယ္။ သူတစ္ပါးက ကိုယ့္ကို အေၾကာင္းမဲ့ တိုက္ခိုက္ၿပီး အက်ိဳးမဲ့ေအာင္ ျပဳလုပ္တတ္တယ္။ ၿပီးေတာ့ မေကာင္းသတင္းလည္း လႊင့္တတ္ပါေသးတယ္။

ရပ္ေဝးက သက္ႀကီးရြယ္အိုေတြ ကိုယ့္ဆီမွာလာၿပီးတည္းတတ္တယ္။ ၿပီးေတာ့ ႐ုပ္တရက္ က်န္းမာေရးညံ့ၿပီး ဆံုးပါးတတ္ပါတယ္။ သူမ်ားအတြက္ သက္ေသလိုက္ရတတ္တယ္။ အမႈအခ်ဳပ္ ေရာက္ေနတဲ့လူကို အာမခံနဲ႔သြားၿပီ းထုတ္ရတတ္တယ္။ ၿပီးေတာ့ အဲဒီလူကပဲ ကိုယ့္ကိုအေကာင္းမေျပာဘဲ ေက်းဇူးကန္းတာကိုခံရလိမ့္မယ္။ ၿပီးခဲ့တဲ့ အခ်ိန္က ညံ့လို႔ ေငြေၾကးပစၥည္းေတြ ကုန္က်ခဲ့မယ္။ က်န္တာေတြေလးေတြ ဒီအခ်ိန္ပိုင္းမွာ ထပ္ၿပီး ကုန္သြားလိမ့္မယ္။ ကံဇာတာ ညံ့ေနတယ္ မိတ္ေဆြ။ အထူးသတိထားပါ။ ေငြေတြ ဘာေတြ ေပ်ာက္တတ္တယ္။ အသက္ကို မထိခိုက္တဲ့ တိုင္ေအာင္ ကားနဲ႔ေတာ့ တိုးမိတယ္။ ပြတ္သြားတာမ်ိဳး ခံရတတ္ပါတယ္။ ခြဲစိတ္ကုသ ခံရဖို႔ကိန္းေတြႀကံဳတတ္တယ္။ ႐ုတ္တရက္ ေလေအာင့္တာတို႔ ဘာတို႔ ျဖစ္တတ္ပါတယ္။ အရြယ္ေရာက္ၿပီးတဲ့ သားသမီးေတြ ဘာေတြရွိရင္လည္း သတိထားရမယ္။ ဒီအခ်ိန္ပိုင္းမွာ အိမ္ေထာင္ က်တတ္တယ္။ ေသြးကို အေၾကာင္းျပဳတဲ့ေရာဂါေတြ ရတတ္ပါတယ္။

ယၾတာ….

ဘာပဲျဖစ္ျဖ စ္ဒီ အခ်ိန္ပိုင္းမွာ ညံ့ေနတာ ထင္ရွားပါတယ္။ ေမြးေန႔ညေနပိုင္းမွာ ငါးသက္ေစ့လႊတ္ေပးပါ။လႊတ္ရင္ ျမစ္ေခ်ာင္းထဲမွာ လႊတ္ပါ။ စေနေန ႔မနက္ေစာေစာ စေနေထာင့္မွာ ထီးနီ သက္ေစ့လွဴလိုက္ပါ မိတ္ေဆြ။ ဘုန္းႀကီးကိုလည္း စတုမဓု လွဴပါ။စေနေန႔ မနက္ပိုင္းမွာ ႏြားကို အစာေကြ်းပါ။ ေျမခ်ိဳင့္ေတြ ဘာေတြရွာၿပီး အုန္းခြံနဲ႔ လမ္းခင္းေပးပါ။ သီလရွိသူကိုရွာၿပီး ထီးတစ္လက္လွဴလိုက္ပါ။

စေနသားသမီးမ်ားအတြက္…..

မိတ္ေဆြ သင္ဟာ ဒီအခ်ိန္ပိုင္းမွာ ေအာက္ပါ အျဖစ္အပ်က္မ်ား ႀကံဳေတြ႕ရတတ္ပါတယ္။ ဒီအခ်ိန္ဟာလည္း ကံဇာတာ ေကာင္းတယ္လို႔သည္ မေျပာႏိုင္ပါဘူး။ ဘာပဲလုပ္လုပ္ အပင္ပန္းခံရ သေလာက္ အက်ိဳးမရွိတတ္ဘူး။ ဟိုဟာလုပ္ရမလို၊ ဒီဟာလုပ္ရမလိုနဲ႔ အခ်ိန္ကုန္သြားတတ္ပါတယ္။ အလုပ္ေတြလည္း တစ္ပိုင္းတစ္စနဲ႔ ျဖစ္ေနတတ္ပါတယ္။ ေငြေတြလည္း ဝင္စရာရွိတာ မဝင္ဘဲ လာဘ္ပိတ္ေနတတ္တယ္။ လုပ္ေနက် လုပ္ငန္းကိုရပ္ၿပီး လုပ္ငန္းအသစ္ေျပာင္းလုပ္ဖို႔ စိတ္ကူးေပၚတတ္တယ္။ မလုပ္ပါနဲ႔လို႔ အႀကံေပးခ်င္ပါတယ္။ လုပ္ငန္းေျပာင္း လုပ္ရင္ မြဲသြားတတ္တယ္။ ကိုယ္တင္ဒုကၡေရာက္တာမဟုတ္ဘူး။ အိမ္သူအိမ္သားေတြလည္း သူ႔နည္းနဲ႔သူ ဒုကၡေတြ ေတြ႕ေနတတ္ပါတယ္။ အိမ္ကို ဘိုးေတာ္လိုလို၊ ဘာလိုလိုနဲ႔ ညာတဲ့လူေတြေရာက္လာတတ္တယ္၊ မယံုပါနဲ႔၊ ပါသြားလိမ့္မယ္။

ေျမကိစၥ၊ အေမြကိစၥ စကားမ်ားရတတ္ပါတယ္။ အိမ္ေထာင္ရွိသူမ်ားကေတာ့ သတိထားေနပါ။ အိမ္ေထာင္ဘက္က ကိုယ့္ကို အထင္လြဲတတ္ပါတယ္။ ဒီအခ်ိန္ပိုင္းမွာ ကံဇာတာက ဘာမွမလုပ္ဘဲေနရင္ နည္းနည္း သက္သာမယ္၊ လုပ္တတ္လို႔ ေလွ်ာက္ၿပီး လုပ္ရင္ေတာ့ လုပ္ေလ ကုန္ေလျဖစ္မွာပဲ၊ မၾကာခဏ ေခါင္းကိုက္ လိမ့္မယ္။ ေငြအတြက္လည္း ပူပင္ ေသာကေရာက္ရလိမ့္မယ္။ အိမ္မွာ သံုးတဲ့ ေရပိုက္ေတြ၊ ေရကန္ေတြ ျပဳျပင္ ရတတ္ပါတယ္၊ ခရီးထြက္ၿပီးလို႔ ျပန္လာရင္ေတာ့ သင့္ရဲ႕ ညံ့ေနတဲ့ကံေတြ ေကာင္းသြားၿပီလို႔ ယူဆပါ။

ယၾတာ….

အသက္ႀကီးတဲ့ လူမမာကို ေဆးဖိုး၊ ဓာတ္စာဖိုး၊ ေငြလွဴဒါန္းပါ။ အုန္းသီးအစိမ္းတစ္လံးကို အဝျဖတ္ၿပီး အရည္ေတြ သြန္ပစ္လိုက္ပါ။ ၿပီးရင္ ဆားမ်ားမ်ားသိပ္ပါ။ အဲဒီေနာက္ ႐ုကၡစိုးစင္မွာသြားလွဴလိုက္ပါ။ အဲဒီ ယၾတာကို အဂၤါေန႔ နံနက္ေစာေစာျပဳလုပ္ပါ။ လဆန္း(၉)ရက္ျဖစ္ေစ၊ လဆုတ္(၉)ရက္ျဖစ္ေစ၊ အနက္ (၉)နာရီတိတိမွာ အိမ္ဘုရားမွာပဲ ေကာ္ဖီ(၁)ခြက္နဲ႔ ကိတ္မုန္႔(၉)ခ်ပ္ ကပ္လွဴလိုက္ပါ။ အညံ့ေတြေျပေပ်ာက္ သြားပါလိမ့္မယ္။ ၾကာသပေတးေန႔ ညေန(၃)နာရီေလာက္မွာ စမူဆာ(၅)ခုဝယ္ၿပီး လမ္းကေခြးကိုေကြ်းပါ။

အားလံုး၏အက်ိဳးကိုထာစဥ္လိုလားေသာ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:ဆရာဟိန္းတင့္ေဇာ္

#Unicode Version
တနင်္ဂနွေသားသမီးများအတွက်….

မိတ်ဆွေ သင်ဟာ ဒီအချိန်ပိုင်းမှာ အောက်ပါအဖြစ်အပျက်များ ကြုံတွေ့ရတတ်ပါတယ်။ ဒီအချိန်ပိုင်းဟာ တခြား အချိန်နဲ့မတူဘူး။ ကိုယ့်ကို မလေးစားတဲ့ လူတွေကတောင် ကြည်ညို လေးစားလာတတ် ကြတယ်။ ဒီအချိန်ပိုင်းမှာ ကံကောင်းတဲ့ အချိန်လို့ ဆိုရလိမ့်မယ်။ ကိုယ်က ဖြစ်သလို ဝတ်စားတာကို ဘေးဘူက ကြည့်လို့ကောင်းနေတတ်တယ်။ ထမင်းစားတဲ့ အခါလည်း ဟင်းကောင်းဖို့မလိုဘူး။ ဘာနဲ့ပဲ စားရစားရ ထမင်းမြိတ်နေတတ်တယ်။ ကံကောင်းနေပြီကိုး။ ကိုယ်က တစ်လွဲ အကြံပေးလိုက်တယ်။ လုပ်တဲ့ လူကလည်း လိုက်ပြီးလုပ်တယ်။ သူ့ဟာနဲ့သူ အပေါက် အလမ်း တည့်သွားတယ်။ အဲဒီမှာပဲ ကိုယ့်ကို ကျေးဇူးတင်တော့တာပါပဲ။

ကံကောင်းနေတော့လည်း ပြောတိုင်း ဖြစ်တာပေါ့လေ။ ကိုယ်က အလုပ်လုပ်ချင်တယ်။ ကိုယ့်မှာ ငွေမရှိဘူး။ ငွေရှိတဲ့လူက သူ့ငွေတွေကို ယူပြီးလုပ်ပါ။ ပေးချင်တဲ့အခါမှ ပြန်ပြီး ပေးပါဆိုပြီး ငွေထုပ်ကို လာပြီးအပ်တတ်တယ်။

ကံကောင်းနေတာကိုး။ သေမလောက် ရောဂါခံနေရတဲ့သူကို ကိုယ်က ကြားဖူးတဲ့ ဆေးမြီး တိုကလေးပေးလိုက်တယ်။ သူကလည်း ယုံကြည်စွာနဲ့ေ သာက်လိုက်တယ်။ အဲဒီမှာ ရောဂါ ပျောက်သွားတယ်။ ကိုယ့်ကိုလည်း ဇီဝက လောက်ထင်သွားတယ်။ ကံကောင်းနေတာကိုး။ လုပ်ငန်းသစ်တွေ စရတတ်တယ်။ မမျှော်လင့်တဲ့ဆီက ငွေတွေဝင်လာတတ်တယ်။ ဆုံးပြီလို့ထင်တဲ့ ငွေတွေ ပြန်ရတတ်တယ်။ အလုပ်တွေ အကျိုးပေးတတ်တယ်။ ဘုရားဆင်းတုတော်တွေ၊ ဘုရားပုံတော်တွေ အိမ်ကိုြွကလာတတ်တယ်။ တစ်ခုအကြံပေးချေင်တာက ဒီလိုကံကောင်းတဲ့ ဒီအချိန်ပိုင်းမှာ ကိုယ့်အလုပ် ကိုယ်ကြိုးစားပြီးလုပ်ပါ။ ဘယ်အသင်း အဖွဲ့မှ မဝင်ပါနဲ့။ အချိန်ဖြုးန်သလိုလုပ်ရတဲ့ ကျားထိုးတာတို့၊ ချက်ထိုးတာတို့၊ ဘောလုံးပွဲ ကြည့်တာတို့မလုပ်ပါနဲ့။ မုချ ချမ်းသာမယ့် အချိန်ဖြစ်မယ်။ ကြိုးစားရင် ကြိုးစားသလောက် အကျိုးရှိမှာဖြစ်တယ်။

အလွန်ကောင်းတဲ့ သတင်းတစ်ခုကြားရတတ်ပါတယ်။ လူချစ်လူခင်များမယ့် အချိန်လဲ ဖြစ်တယ်။ အလှူလုပ်ရတတ်တယ်။ လုပ်ရမယ့် အလှူကလည်း ရည်ရွယ်တုန်းကသေးသေး တကယ်လုပ်တော့ ကြီးသွားလိမ့်မယ်။ ဒီအချိန်ပိုင်းမှာ ဆိတ်သားဟင်း ရှောင်ထားပါ။ ကားပိုင်မရှိသေးရင်တော့ ကားပိုင်ရလိမ့်မယ်။ ပထမရတဲ့ကားကတော့ မကြာခဏပျက်လိမ့်မယ်။ အဲဒီပျက်တဲ့ ကားကိုလဲပြီး နောက်ရမယ့်ကားကျမှ အကောင်းစီးရမှာနော်။ ကားရှိပြီးသားဆိုရင်တော့ ကားသစ် ရပြီဆိုပြီး သိပ်လည်းပျော်မနေနဲ့ဦး။ ဘေးမှာ ပွတ်တိုက်ထားတဲ့ ဒဏ်ရာရှိတယ်။ဘာပဲဖြစ်ဖြစ် ဒီအချိန်ပိုင်းမှာ သင်ဟာ ချမ်းသာမှာပါ။ အိမ်ထောင်ဟောင်းနဲ့ ပတ်သက်သော ပြဿနာများ ကြုံရတတ်ပါတယ်။ ငွေကုန်ကြေးကျ များခြင်း၊ ရသောငွေမမြဲခြင်းများ ကြုံရတတ်ပါတယ်။

ယတြာ…..

မိတ်ဆွေ ဒီအချိန်ပိုင်းမှာ အတော့်ကို ကံကောင်းနေပြီပဲ။ ဒါပေမယ့် မပြောပလောက်တဲ့ အညံ့အခိုက် တွေလည်း ရှိတာပေါ့။ ဲဒါလေးတွေ ပြေပျောက်သွားဖို့အတွက် စေတီတော်တစ်ဆူဆူမှာ ယပ်သက်စေ့ လှူလိုက်ပါ။ ရေသက်စေ့သပ္ပါယ်ပါ။ ရုပ်ပွားတော်ရဲ့ ရင်ပတ်တော်မှာ ရွှေ(၁၂)ပြားချပါ။ လောကဝိဒူ ဂုဏ်တော်ကို အဓိဌာန်နဲ့ စိပ်ပေးပါ။ ရွှေထီး (၂)လက်ကို ဘုရားမှာ ကြက်ခြေခတ်လှူလိုက်ပါ။ ကြာပန်းအဖြူရောင် လှူပါ။အဲဒီလို လှူလိုက်မယ်ဆိုရင် အညံ့အခိုက်တွေဟာ ပြေပျောက်သွားမှာပါပဲ။ ဘာပဲဖြစ်ဖြစ်ဒီအချိန်ပိုင်းမှာ အတော့်ကို ကံကောင်းတဲ့ အချိန် ဖြစ်ပါတယ်။

တနင်္လာသားသမီးများအတွက်….

မိတ်ဆွေ သင်ဟာ ဒီအချိန်ပိုင်းမှာ အောက်ပါအဖြစ်အပျက်များ ကြုံတွေ့ရတတ်ပါတယ်။ မိတ်ဆွေ … ဒီအချိန်ပိုင်းမှာတော့ သင့်အတွက် ကံကောင်းနေတဲ့ အချိန် ဖြစ်နေပါတယ်။ ခရီးဝေး၊ ခရီးနီး နှစ်မျိုး စလုံး ပျော်ပျော်ရွှင်ရွှင် သွားရတတ်တယ်။ ရာထူးတွေလည်း တိုးလိမ့်မယ်။ ဆုံးမလို ဖြစ်နေတဲ့ ပစ္စည်း တွေလည်း ပြန်ရတတ်ပါတယ်။ ပစ္စည်းသစ်တွေ၊ အဝတ်အစား သစ်တွေလည်း ဝင်လာလိမ့်မယ်။ ခါတိုင်းအချိန်နဲ့ မတူဘူး။ စည်းစိမ်ဥစ္စာတွေလည်း တိုးတက်လိမ့်မယ်။ ကျေးဇူးရှင်တွေ မိဘတွေကိုလည်း ပြန်ပြီး ကြည့်နိုင်လိမ့်မယ်။ ငွေတွေကလည်း ဝင်လာမှာ သသောသောပဲ။ စည်းစိမ်ဥစ္စာနဲ့ ပြည့်စုံမယ့်နှစ်ပါပဲ။ အထက်လူကြီး၊ ဆရာသမားလို ပုဂ္ဂိုလ်မျိုးကလည်း ကြည့်လိမ့်မယ်။ မိတ်ကောင်းဆွေကောင်း တွေလည်း ရလိမ့်မယ့်၊ စက်တွေ၊ စိန်တွေလည်း ဝင်တတ်တယ်။ မင်္ဂလာကိစ္စတွေလည်း ဆောင်ရွက်ပေးရ တတ်တယ်။ လွတ်လပ်ပြီး အရွယ်ရောက်တဲ့သူဆိုရင်တော့ အိမ်ထောင်ကျတတ်ပါတယ်။ ဒီနှစ်ကတော့ စိတ်တိုင်းကျ ကောင်းမယ့်နှစ်ပါပဲ။ မိမိမျှော်လင့်မထားတဲ့ အဆင့်အတန်းကို ရောက်သွားလိမ့်မယ်။ ရာထူးကြီးတွေ မြင့်တတ်သွားမယ်။ အလွန်ကောင်းတဲ့နှစ်ပါပဲ မိတ်ဆွေ။ ဒါပေမယ့် မပြောပလောက်တဲ့ အညံ့အခိုက်လေးတွေတော့ ရှိတာပေါ့ဗျာ။ အဲဒါလေးတွေအတွက်တော့ ယတြာချေဖို့ လိုလိမ့်မယ်။ မတွေ့တာကြာပြီဖြစ်သော မိတ်ဆွေများနှင့် ပြန်လည်တွေ့ဆုံရတတ်ပါတယ်။

ယတြာ – အိပ်ရာရွှေ့အိပ်လိုက်ပါ။ ဆင်းရဲနွမ်းပါးသူကို ခရီးစရိတ် ထောက်ပံ့ပေးပါ။ အင်္ဂါနေ့တိုင်း ဆီထမင်း(၅)ပွဲ ဘုရားလှူပေးပါ။ အုန်းသီးမထည့်နဲ့နော်။ ကြာသပတေးနေ့တိုင်း မုန့်ဟိမ်းပေါင်း(၃)န်းကန်လှူပါ။ အုန်းသီးမထည့်ပါနဲ့။ ဒီအချိန်ပိုင်းမှာ မိတ်ဆွေအတွက် အလွန့်ကို ပျော်ဖို့ကောင်းတဲ့ အချိန် ဖြစ်နေပါတယ်။

အင်္ဂါသားသမီးများအတွက်…..

မိတ်ဆွေ သင်ဟာ ဒီအချိန်ပိုင်းမှာ အောက်ပါအဖြစ်အပျက်များ ကြုံတွေ့ရတတ်ပါတယ်။ မိတ်ဆွေ သင်ဟာ ဒီအချိန်ပိုင်းမှာ အိုးပိုင် အိမ်ပိုင်မရှိသေးရင် အိုးပိုင် အိမ်ပိုင်ရတတ်ပါတယ်။ ဒါမှ မဟုတ်ရင်လည်း အိမ်နေရာ ပြောင်းရွှေ့ရတတ်ပါတယ်။ လုပ်ငန်းတိုးတက်တာမိုး၊ ရာထူးတိုးတတ်မျိုး ကြုံတွေ့ရပါလိမ့်မယ်။ ခါတိုင်းအချိန်နဲ့ မတူဘူး၊ သင်ဟာ သင့်ရဲ့ ပတ်ဝန်းကျင်မှာ တန်ခိုးဩဇာတွေ မြင့်တတ်လာမယ်။ ကောင်းတဲ့ဂုဏ်သတင်းတွေ ကျော်ကြားလာမယ်။ ပျော်စရာကောင်းတဲ့အလုပ်တွေကိုလည်း လုပ်ရပါလိမ့်မယ်။

ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့လူဆိုရင်တော့ လုပ်ငန်းတွေ တိုးချဲ့ရပါလိမ့်မယ်။ လုပ်ငန်းမှာ နေရာကောင်းတွေ့ရတတ်ပါလိမ့်မယ်။ ဘုရားဖူးထွက်တာမျိုး၊ အလှူအတန်းကိစ္စအတွက် ခရီးထွက်တာမျိုး ကြုံရတတ်ပါတယ်။ ရပ်ဝေး ခရီးသွားရတာမျိုးလည်း ကြုံတွေ့ရတတ်ပါတယ်။ သင်ပိုင်တဲ့ပစ္စည်းတွေကိုတော့ သတိထားပြီး သိမ်းဆည်းပါ။ ဒီအချိန်ပိုင်းမှာ သူခိုး ခိုးခံရတတ်ပါတယ်။ အလုပ်အကိုင် ကောင်းတယ်ဆိုပေမယ့် အလုပ်မှာ အတိုက်အခံတော့ ရှိတယ်။ မိမိအထက်လူကြီးက မိမိအပေါ်မှာ အထင်လွဲတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလို ကံကောင်းတဲ့ အချိန်ပိုင်းမှာ သူများလာအပ်တဲ့ ပစ္စည်းဟောင်းတွေ၊ အဖိုးမတန်တဲ့ ကျောက်မျက်ရတနာတွေကို လက်မခံရဘူး၊ လက်ခံလိုက်ရင် လာဘ်တိတ်သွားတယ်။


ရှင်သီဝလိပုံတော်တွေ၊ ဘုရားဆင်းတုတော်တွေ၊ ဓာတ်တော်တွေ အိမ်ကိုြွက လာတတ်တယ်။ ဒီအချိန်ပိုင်းမှာ အမျိုးသားများဆိုရင် ဒုလ္လဘ ရဟန်းတွေ ဝတ်ဖြစ်တတ်တယ်။ လူမျိုးခြား ဘာသာခြားတွေ မစတတ်ပါတယ်။ တစ်ခု သတိထားရမှာကတော့ မုဆိုးမဧည့်သည် ညအိပ်လက်ခံမိရင် မမျှော်လင့်ဘဲ အမှုဖြစ်တတ်ပါတယ်။ အလွန်ရင်းနှီးတဲ့ မိတ်ဆွေတွေက အထင်လွဲပြီး မုန်းသွားတတ်တယ်။ မျက်နှာမှာ အဖုအမိန့် အနာလေးတွေ ဖြစ်တတ်ပါတယ်။ ဘာဆေးမှ မလိမ်းပါနဲ့။ ဆေးလိမ်းရင် ပွားလာလိမ့်မယ်။ အပူလောင်တတ်တယ်။ ရေနွေးအပူတို့၊ မီးအပူတို့၊ လျှပ်စစ်တွေကိုင်ရင် သတိထားပါ။ ခြေထောက်ပျက်တတ်၊ နာတတ်ပါတယ်။ ဆွေမျိုးအကြီးအကဲ နေထိုင်မကောင်း အကြီးအကျယ်ဖြစ်တတ်ပါတယ်။

ကားရှိရင်တော့ ရပ်တဲ့အခါ သတိထားပါ။ သူများကားက ပွတ်တိုက်သွားခြင်း၊ ကြုံတွေ့ရတတ် ပါတယ်။ ငွေတွေကတော့ ဒလဟောဝင်နေလိမ့်မယ်။ ထွက်တာတွေကလည်း အရမ်းထွက်နေလိမ့်မယ်။ တစ်ခုသတိထားရမှာက အိမ်ကို ဆရာ အတုအယောင်တွေ ရောက်လာတတ်တယ်။ စက်တွေ ဘာတွေ ဝယ်မယ်ဆိုရင်လည်း သတိထားပါ။ ကြည့်တုန်းက အကောင်းပဲ။ ကိုယ့်လက်ထဲရောက်မှ အပျက် ဖြစ်နေတတ်တယ်။ နားလည်တဲ့ လူကို ပြပြီးဝယ်တာ အကောင်းဆုံးပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီအချိန်ပိုင်းမှာ သင့်အဖို့ ကံကောင်းတဲ့ အချိန်လို့ ယူဆပါ။

မပြည့်စုံတာတွေ ပြည့်စုံလာမယ်။ ဖြစ်ချင်တာတွေ မုချဖြစ်ရလိမ့်မယ်။ အကြံကောင်းတစ်ခု ပေးချင်တာကတော့ မကြာ မကြာ သတ်သတ်လွတ် စားပေးပါ။ အိုးပိုင်အိမ်ပိုင်မရှိသေးရင်တော့ ဒီအချိန်ပိုင်းမှာ အိုးအိမ်တိုက်တာအဆောက်အဦးတွေ ပိုင်ဆိုင် ရတော့မယ်။ အိမ်နေရာ၊ အလုပ်နေရာ ပြောင်းရွှေ့ရတာမျိုးလည်း ကြုံတတ်ပါတယ်။ လုပ်ငန်းမှာ ရာထူးတိုးတက်တာ မုချကြုံတွေ့ပါလိမ့်မယ်။ ဒီအချိန်ပိုင်းမှာ စီးပွားလည်း တက်တတ်ပါတယ်။ လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်ရတာမျိုးလည်း ကြုံရပါလိမ့်မယ်။

ယတြာ….

မိတ်ဆွေ.. ဒီအချိန်ပိုင်းမှာ ကောင်းတယ်ဆိုပေမယ့် အညံ့လေးတွေ နည်းနည်းပါးပါးတော့ ရှိတာပေါ့ဗျာ။ အဲဒီ အညံ့တွေအတွက် ယတြာဆိုတာတော့ လိုတာပေါ့ဗျာ။ မကြာ မကြာ အဓိဋ္ဌာန်နဲ့ သတ်သတ်လွတ်စားပေးပါ။ ဗုဒ္ဓဟူးနေ့တိုင်း ရှောက်သီးသုပ် ဆွမ်းတော်ကပ်ပေးပါ။တနင်္ဂနွေနေ့ ညနေတိုင်း စေတီတော်တစ်ဆူရဲ့ တနင်္ဂနွေထောင့်မှာ မီးသတ်စေ့ပူဇော်ပေးပါ။ ဘဲသားကို အုန်းနို့နဲ့ချက်၊ လေးဆင့်ချိုင့်နဲ့ထည့်ပြီး ဘုန်းကြီးကျောင်းကိုပို့ပါ။ အဲဒါကိုလည်းဗုဒ္ဓဟူးနေ့မှာလုပ်ပါ။ သင်တွေ့ကြုံရမယ့် အညံ့တွေ ပြေပျောက်သွားပါလိမ့်မယ်။

ဗုဒ္ဓဟူးသားသမီးများအတွက်….

မိတ်ဆွေ သင်ဟာ ဒီအချိန်ပိုင်းမှာ အောက်ပါ အဖြစ်အပျက်များ ကြုံတွေ့ရတတ်ပါတယ်။ မိတ်ဆွေ ဒီနှစ်ထဲမှာ မမျှော်လင့်ဘဲ ရုတ်တရက် ငွေတွေ ဝင်လာတတ်တယ်။ အမွေတွေ ဘာတွေ ရစရာရှိရင် ဒီနှစ်ထဲမှာ ရတတ်တာပေါ့။ ငွေလည်း စုဆောင်းမိနိုင်တာပေါ့။ ထီတွေ ဘာတွေလည်း ပေါက်တတ်ပါတယ်။ ဝါသနာပါရင် တနင်္လာနေ့ (၁၁)နာရီ တိတိမှာ ရှေ့က (၇၇)နှစ်လုံးပူးတဲ့ ထီမျိုး ထိုးရမယ်။ အိမ်ထောင်ရှိတဲ့ လူများကတော့ သတိထားရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ဒီအချိန်ပိုင်းမှာ မျက်နှာ ပွင့်တယ်။ လာဘ်လာဘလည်း အလွန်ရွှင်မယ်၊ လူအနေနဲ့လည်း ဒီအချိန်မှာ အောင်မြင်တတ်ပါတယ်။ လခစား အလုပ်ဆိုရင်တော့ ဒီအချိန်ပိုင်းမှာ ထွက်ချင်စိတ် ပေါ်တတ်တယ်။ မထွက်ပါနဲ့။ သားသမီးရှိရင် သားသမီးအတွက် စိတ်သောက ရောက်ရတတ်ပါတယ်။

မမျှော်လင့်ဘဲ အိမ်မှာ အလှူလုပ်ဖြစ်လိမ့်မယ်။ လုပ်တော့လည်း သေးသေး လုပ်မယ်ဆိုပြီး ကြီးသွားတတ်ပါတယ်။ ကောင်းပါတယ်။ ဆရာသမားလို ပုဂ္ဂိုလ်မျိုး အိမ်ကိုရောက်လာပြီး ဒုက္ခပေးတတ်ပါတယ်။ ဒီအချိန်ပိုင်း ရောက်တဲ့အခါ အိမ်ပိုင်၊ ကားပိုင်တွေ ဖြစ်သွားတော့တာပါပဲ။ ဒီအချိန်ပိုင်းဟာ ခြေထောက်မှာ ဗွေပါတာမျိုးပေါ့။ မကြာခဏ ခရီးထွက်ရတတ်ပါတယ်။ ရာထူးတွေ ဘာတွေ တတ်တာလည်း ဒီအချိန်ပိုင်းမှာ တတ်တာပါပဲ။ နောက်တစ်ခုက ဒီအချိန်ပိုင်းမှာ ဘာတွေပဲဖြစ်ဖြစ်၊ ဘာတွေပဲ ကြုံကြုံ တစ်ခါတည်းနဲ့ မပြီးဘူး၊ နှစ်ခါ နှစ်ခါထပ်ပြီး ဖြစ်တတ်တဲ့ သဘောရှိတယ်။ အိမ်မှာ အရွယ်ရောက်ပြီးတဲ့ ယောကျာ်းလေး၊ မိန်းကလေးရှိရင်တော့ သတိထားပါဦး။ အိမ်က ထွက်သွားတတ်ပါတယ်။ အဖိုးမတန်ဘူးဆိုပြီး ဘူးထဲ ခွက်ထဲမှာ ပစ်ထားတဲ့ ကျောက်ကလေးတစ်လုံးရှိနေရင် ဘာကျောက်ပဲ ဖြစ်ဖြစ် အဲဒီကျောက်ကလေးကိုရှာပြီး ငွေလက်စွပ်ကွင်းပြီး မိတ်ဆွေရဲ့လက်မှာ ဝတ်ထားလိုက်ပါလား။ အဲဒါ အလွန်ကောင်းတဲ့ အဆောင်ဖြစ်တယ်။

ဒီအချိန်ပိုင်းမှာ သင့်အိမ်ကို ကိုယ်ဝန်ဆောင်သည် ရောက်လာပြီး ညအိပ်ညနေ တည်းခိုရင်၊ ဒါမှ မဟုတ်သင့်အိမ်မှာ နဂိုကတည်းက ကိုယ်ဝန်ဆောင်သည်ရှိနေခဲ့ရင် ထီဆုကြီး ပေါက်တတ်ပါတယ်။ ကျန်းမာရေးတော့ နည်းနည်းဂရုစိုက်ပါ။ ဦးခေါင်းနဲ့ဝမ်းဗိုက် ဒုက္ခပေးတတ်ပါတယ်။ ခေါင်းမူး တတ်တယ်။ ဗိုက်အောင့်တတ်တယ်။ ဝမ်းတွေ ဘာတွေလည်း ပျက်တတ်တယ်။ အဲဒီလိုများ ဖြစ်ခဲ့ရင်တော့ အုန်းရည်(၄)ခွက်နဲ့ လှေကားကိုပတ်ပြီးဆေးပစ်လိုက်ပါ။ ဆေးတာကတော့ ဗုဒ္ဓဟူးနေ့ညနေဆိုရင် ပိုကောင်းပါတယ်။

ယတြာ….

ဘာပဲဖြစ်ဖြစ် ဒီအချိန်ပိုင်းမှာလည်း သင့်အဖို့ ကံကောင်းတဲ့ အချိန်ပါပဲ။ ဒါပေမယ့်လည်း မပြောပလောက်တဲ့ အညံ့ အခိုက်လေးတွေရှိတာပေါ့။ အဲဒါတွေ ပြေပျောက်သွားအောင် ယတြာတော့ လိုမယ်။ ဒီတော့ မိတ်ဆွေအနေနဲ့ ယတြာလေးတွေ ချပေးပါဦး။ အမွှေးနဲ့သာရေတွေနဲ့ တနင်္လာထောင့်က ဆင်းတုတော်ကို တနင်္လာနေ့မှာ ရေသပ္ပါယ်ပေးပါ။ ကြာဖူး (၂)ပွင့်၊ သစ္စာပန်း(၆)ပွင့်ကိုလည်း အဲဒီဘုရားမှာပဲ ကပ်လှူပူဇော်လိုက်ပါ။ နဂါးရုံဘုရားမှာ ထန်းလျက်(၁၁)ခဲကို စက္ကူကတော့ထဲထည့်ပြီး ကပ်လှူပူဇော်လိုက်ပါ။ အဲဒီလို လုပ်လိုက်မယ်ဆိုရင် ဒီအချိန်ပိုင်းမှာ မိတ်ဆွေကြုံတွေ့ရမယ့် အခိုက်အညံ့လေးတွေ ပြေပျောက် သွားမှာပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီအချိန်ပိုင်းဟာ မိတ်ဆွေအဖို့ ကံကောင်းတဲ့ အချိန်ပဲ ဖြစ်ပါတယ်။

ကြာသပတေးသားသမီးများအတွက်….

မိတ်ဆွေ သင်ဟာ ဒီအချိန်ပိုင်းမှာ အောက်ပါ အဖြစ်အပျက်များ ကြုံတွေ့ရတတ်ပါတယ်။ ဒီအချိန်ပိုင်းမှာ မိတ်ဆွေဟာ မမျှော်လင့်ဘဲ အောက်လက်ငယ်သားတွေရဲ့ ဆန့်ကျင် တော်လှန်တာတွေကို ကြုံတွေ့ရလိမ့်မယ်။ လုပ်ငန်းတွေမှာ အခက်အခဲတွေ တွေ့ရလိမ့်မယ်။ မမျှော်လင့်ဘဲ စိမ်ညစ်စရာတွေ ရောက်လာတတ်ပါတယ်။ လုပ်နေရတဲ့ အလုပ်ကိုလည်း စိတ်မဝင်စားတော့ဘဲ စိတ်လေနေတတ်ပါတယ်။ စီးပွားရေး မကောင်းပါ။ စီးပွားတက်တော့မလိုလိုနဲ့ တဖြည်းဖြည်း ကုန်သွားတတ်ပါတယ်။ အဖြစ်ထက် အပျက်ဘက်က ပိုများနေပါတယ်။ လက်ရှိ အလုပ်ကနေ တခြားကို ပြောင်းလိုစိတ် ပေါ်တတ်ပါတယ်။ မပြောင်းပါနဲ့။ လက်ရှိအလုပ်က တော်သေးတယ်။ နောက်ပြောင်းမယ့် အလုပ်က သင့်ကိုအကျိုးမပေးပါဘူး။ သူတစ်ပါးအတွက် အာမခံပေးတာမျိုး၊ ကိုယ်စားလိုက်ပြီး ပြောပေးတာမျိုး မလုပ်ပါနဲ့။ ဒုက္ခရောက် တတ်ပါတယ်။


ဒီအချိန်ပိုင်းမှာ မမျှော်လင့်ဘဲ အမှုအခင်းတွေ ဘာတွေဖြစ်တတ်ပါတယ်။ သတိထားပါ။ မနက်စောစောထပြီး သမ္မာဒေဝ နတ်ကောင်းနတ်မြတ်တွေကို မေတ္တာပို့ပေးပါ။ သူတို့က နိမိတ်ကောင်း တွေပေးရင်တော့ အညံ့တွေပြေပျောက်သွားတတ်ပါတယ်။ ညံ့နေတဲ့ အထဲကနေ မြေတွေဘာတွေ ဝင်လာတတ်ပါတယ်။ စိတ်ညစ်စရာတွေ ကြုံရတဲ့ အထဲ သွားတစ်ချောင်းကလည်း ဒုက္ခပေးလိမ့်ဦးမယ်။ ကိုယ့်ငွေတွေ သူများလက်ထဲသွားပြီး မြုပ်နေတတ်ပါတယ်။ ခါးနာတာတို့၊ ခြေထောက်နာတာတို့လည်း ဖြစ်တတ်ပါသေးတယ်။ အိမ်တွင်းရေးလည်း မသာမယာဖြစ်တတ်ပါတယ်။ ဒီအချိန်ပိုင်းမှာ သင်ဟာ အိမ်မှာနေရတာကိုမပျော်ပိုက်ဘဲ ရှိနေလိမ့်မယ်။ အကြောင်းအမျိုးမျိုးနဲ့ မြည်တွန် တောက်တီးစရာတွေ ပေါ်နေလိမ့်မယ်။

ယတြာ…

မိတ်ဆွေ ဒီနှစ်ဟာ မိတ်ဆွေအတွက်ညံ့တဲ့ အချိန်ပဲ။ အဲဒီအညံ့တွေပြေပျောက်သွားအောင် မကြာခဏ သင်္ကန်းလှူပေးပါ။ ဘုရားဝေယျာ ဝစ္စတွေလုပ်ပေးပါ။ မကြာခဏ ဗုဒ္ဓေါဆိုတဲ့ဂုဏ်တော်ကို ပုတီးစိပ်ပေးပါ။ အခါကြီးရက်ကြီးတွေနဲ့ဆုံရင် သက်သက်လွတ်စားပေးပါ။ သင်နေတဲ့ဒေသမှာရှိတဲ့ သိမ်မှာ သိမ်ကိုသွားတဲ့လမ်းကို ရေနံဆီသံပုံးနဲ့ သဲခင်းပေးပါ။ စနေနေ့မနက်မှာ ဆုတောင်းပြီး ထန်းသီးတစ်လုံးကို ရေမျှောလိုက်ပါ။ တနင်္လာနေ့ညနေမှာ ချောင်းထဲမြစ်ထဲမှာ ငါး(၂၆)ကောင်လွှတ်လိုက်ပါ။ ဘုန်းကြီးကျောင်းကိုသွားပြီး ချိုင့်ခွက်ရှိနေတဲ့နေရာကိုသွားပြီး မြေဖို့ပေးလိုက်ပါ။ ဘာပဲဖြစ်ဖြစ် ဒီအချိန်ဟာ မိတ်ဆွေအဖို့ စိတ်ညစ်စရာတွေ ကြုံတွေ့ရမယ့် အချိန်ဖြစ်ပါတယ်။ မကြာခဏ တရားအားထုတ်ပေးပို့လိုပါတယ်။

သောကြာသားသမီးများအတွက်…..

မိတ်ဆွေ သင်ဟာ ဒီအချိန်ပိုင်းမှာ အောက်ပါအဖြစ်အပျက်များ ကြုံတွေ့ရတတ်ပါတယ်။ ဒီအချိန်ကလည်း ညံ့တဲ့ အချိန်ပါပဲ။ အလုပ်လုပ်ရတာလည်း အခက်အခဲတွေနဲ့ တွေ့လိမ့်မယ်။ အလုပ်ကလည်း ပင်န်းတဲ့ အလုပ်မျိုး ဖြစ်နေတတ်တယ်။ ကျိန်းသေအောင်မြင် ဖြစ်ထွန်းမယ့် ဟာတွေလည်း လွဲချော် နေတတ်တယ်။ ကျန်းမာရေးလည်း ညံ့တတ်ပါတယ် မိတ်ဆွေ။ ဒုက္ခတွေ တစ်ခုပြီး တစ်ခု ရောက်လာတတ်တယ်။ သောကြာ သားသမီး တစ်ယောက်အိမ်မှာ ညအိပ်တည်းခိုလိုက်ရင်တော့ အဲဒီဒုက္ခတွေက လွတ်သွားလိမ့်မယ်။ အလုပ်အကိုင် ထိခိုက်တတ်တယ်။ အိမ်သားတွေလည်း တစ်ယောက်ပြီး တစ်ယောက် ကျန်းမာရေး ညံ့လို့ ဆေးခန်းပို့ရတတ်တယ်။ သူတစ်ပါးက ကိုယ့်ကို အကြောင်းမဲ့ တိုက်ခိုက်ပြီး အကျိုးမဲ့အောင် ပြုလုပ်တတ်တယ်။ ပြီးတော့ မကောင်းသတင်းလည်း လွှင့်တတ်ပါသေးတယ်။

ရပ်ဝေးက သက်ကြီးရွယ်အိုတွေ ကိုယ့်ဆီမှာလာပြီးတည်းတတ်တယ်။ ပြီးတော့ ရုပ်တရက် ကျန်းမာရေးညံ့ပြီး ဆုံးပါးတတ်ပါတယ်။ သူများအတွက် သက်သေလိုက်ရတတ်တယ်။ အမှုအချုပ် ရောက်နေတဲ့လူကို အာမခံနဲ့သွားပြီ းထုတ်ရတတ်တယ်။ ပြီးတော့ အဲဒီလူကပဲ ကိုယ့်ကိုအကောင်းမပြောဘဲ ကျေးဇူးကန်းတာကိုခံရလိမ့်မယ်။ ပြီးခဲ့တဲ့ အချိန်က ညံ့လို့ ငွေကြေးပစ္စည်းတွေ ကုန်ကျခဲ့မယ်။ ကျန်တာတွေလေးတွေ ဒီအချိန်ပိုင်းမှာ ထပ်ပြီး ကုန်သွားလိမ့်မယ်။ ကံဇာတာ ညံ့နေတယ် မိတ်ဆွေ။ အထူးသတိထားပါ။ ငွေတွေ ဘာတွေ ပျောက်တတ်တယ်။ အသက်ကို မထိခိုက်တဲ့ တိုင်အောင် ကားနဲ့တော့ တိုးမိတယ်။ ပွတ်သွားတာမျိုး ခံရတတ်ပါတယ်။ ခွဲစိတ်ကုသ ခံရဖို့ကိန်းတွေကြုံတတ်တယ်။ ရုတ်တရက် လေအောင့်တာတို့ ဘာတို့ ဖြစ်တတ်ပါတယ်။ အရွယ်ရောက်ပြီးတဲ့ သားသမီးတွေ ဘာတွေရှိရင်လည်း သတိထားရမယ်။ ဒီအချိန်ပိုင်းမှာ အိမ်ထောင် ကျတတ်တယ်။ သွေးကို အကြောင်းပြုတဲ့ရောဂါတွေ ရတတ်ပါတယ်။

ယတြာ….

ဘာပဲဖြစ်ဖြ စ်ဒီ အချိန်ပိုင်းမှာ ညံ့နေတာ ထင်ရှားပါတယ်။ မွေးနေ့ညနေပိုင်းမှာ ငါးသက်စေ့လွှတ်ပေးပါ။လွှတ်ရင် မြစ်ချောင်းထဲမှာ လွှတ်ပါ။ စနေနေ့မနက်စောစော စနေထောင့်မှာ ထီးနီ သက်စေ့လှူလိုက်ပါ မိတ်ဆွေ။ ဘုန်းကြီးကိုလည်း စတုမဓု လှူပါ။စနေနေ့ မနက်ပိုင်းမှာ နွားကို အစာကျွေးပါ။ မြေချိုင့်တွေ ဘာတွေရှာပြီး အုန်းခွံနဲ့ လမ်းခင်းပေးပါ။ သီလရှိသူကိုရှာပြီး ထီးတစ်လက်လှူလိုက်ပါ။

စနေသားသမီးများအတွက်…..

မိတ်ဆွေ သင်ဟာ ဒီအချိန်ပိုင်းမှာ အောက်ပါ အဖြစ်အပျက်များ ကြုံတွေ့ရတတ်ပါတယ်။ ဒီအချိန်ဟာလည်း ကံဇာတာ ကောင်းတယ်လို့သည် မပြောနိုင်ပါဘူး။ ဘာပဲလုပ်လုပ် အပင်ပန်းခံရ သလောက် အကျိုးမရှိတတ်ဘူး။ ဟိုဟာလုပ်ရမလို၊ ဒီဟာလုပ်ရမလိုနဲ့ အချိန်ကုန်သွားတတ်ပါတယ်။ အလုပ်တွေလည်း တစ်ပိုင်းတစ်စနဲ့ ဖြစ်နေတတ်ပါတယ်။ ငွေတွေလည်း ဝင်စရာရှိတာ မဝင်ဘဲ လာဘ်ပိတ်နေတတ်တယ်။ လုပ်နေကျ လုပ်ငန်းကိုရပ်ပြီး လုပ်ငန်းအသစ်ပြောင်းလုပ်ဖို့ စိတ်ကူးပေါ်တတ်တယ်။ မလုပ်ပါနဲ့လို့ အကြံပေးချင်ပါတယ်။ လုပ်ငန်းပြောင်း လုပ်ရင် မွဲသွားတတ်တယ်။ ကိုယ်တင်ဒုက္ခရောက်တာမဟုတ်ဘူး။ အိမ်သူအိမ်သားတွေလည်း သူ့နည်းနဲ့သူ ဒုက္ခတွေ တွေ့နေတတ်ပါတယ်။ အိမ်ကို ဘိုးတော်လိုလို၊ ဘာလိုလိုနဲ့ ညာတဲ့လူတွေရောက်လာတတ်တယ်၊ မယုံပါနဲ့၊ ပါသွားလိမ့်မယ်။

မြေကိစ္စ၊ အမွေကိစ္စ စကားများရတတ်ပါတယ်။ အိမ်ထောင်ရှိသူများကတော့ သတိထားနေပါ။ အိမ်ထောင်ဘက်က ကိုယ့်ကို အထင်လွဲတတ်ပါတယ်။ ဒီအချိန်ပိုင်းမှာ ကံဇာတာက ဘာမှမလုပ်ဘဲနေရင် နည်းနည်း သက်သာမယ်၊ လုပ်တတ်လို့ လျှောက်ပြီး လုပ်ရင်တော့ လုပ်လေ ကုန်လေဖြစ်မှာပဲ၊ မကြာခဏ ခေါင်းကိုက် လိမ့်မယ်။ ငွေအတွက်လည်း ပူပင် သောကရောက်ရလိမ့်မယ်။ အိမ်မှာ သုံးတဲ့ ရေပိုက်တွေ၊ ရေကန်တွေ ပြုပြင် ရတတ်ပါတယ်၊ ခရီးထွက်ပြီးလို့ ပြန်လာရင်တော့ သင့်ရဲ့ ညံ့နေတဲ့ကံတွေ ကောင်းသွားပြီလို့ ယူဆပါ။

ယတြာ….

အသက်ကြီးတဲ့ လူမမာကို ဆေးဖိုး၊ ဓာတ်စာဖိုး၊ ငွေလှူဒါန်းပါ။ အုန်းသီးအစိမ်းတစ်လံးကို အဝဖြတ်ပြီး အရည်တွေ သွန်ပစ်လိုက်ပါ။ ပြီးရင် ဆားများများသိပ်ပါ။ အဲဒီနောက် ရုက္ခစိုးစင်မှာသွားလှူလိုက်ပါ။ အဲဒီ ယတြာကို အင်္ဂါနေ့ နံနက်စောစောပြုလုပ်ပါ။ လဆန်း(၉)ရက်ဖြစ်စေ၊ လဆုတ်(၉)ရက်ဖြစ်စေ၊ အနက် (၉)နာရီတိတိမှာ အိမ်ဘုရားမှာပဲ ကော်ဖီ(၁)ခွက်နဲ့ ကိတ်မုန့်(၉)ချပ် ကပ်လှူလိုက်ပါ။ အညံ့တွေပြေပျောက် သွားပါလိမ့်မယ်။ ကြာသပတေးနေ့ ညနေ(၃)နာရီလောက်မှာ စမူဆာ(၅)ခုဝယ်ပြီး လမ်းကခွေးကိုကျွေးပါ။

အားလုံး၏အကျိုးကိုထာစဉ်လိုလားသော

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit:ဆရာဟိန်းတင့်ဇော်
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top