iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးေတြရဲ႕ စိတ္ကို ေဖာက္ထြင္းျမင္ခ်င္ပါသလား? ေအာက္ကစာကို ဆက္ဖတ္ပါ...

၁) မႏႈိင္းနဲ႔

"သူ႔မိန္းမက အိမ္ေထာင္မႈ ဘယ္ေလာက္ထိန္းႏိုင္တယ္၊ သူ႔ခ်စ္သူက ဘယ္လိုၾကင္နာတတ္တယ္"လို႔ ကိုယ့္မိန္းမ၊ ကိုယ့္ခ်စ္သူကုိ တစ္ျခားမိန္းကေလးေတြနဲ႔ မႏႈိင္းနဲ႔။ ကိုယ္ခ်စ္တဲ့သူနဲ႔ အတူေနခြင့္ရတာ မဂၤလာတစ္ပါးပါ။ မိန္းကေလးအမ်ားက ကိုယ္ခ်စ္တဲ့လူဆီက ၾကားရတဲ့ ခ်ီးက်ဴးစကား တစ္ခြန္းကို အျခားလူေတြဆီက ၾကားရတဲ့ ခ်ီးက်ဴးစကားေတြထက္ ပိုတန္ဖိုးပါတယ္။

၂) လွ်စ္လွ်ဴမ႐ွဴနဲ႔

မိန္းကေလးေတြရဲ႕ ခံစားမႈအာ႐ံုက လႈပ္႐ွားလြယ္တယ္။ ကိုယ္ခ်စ္တဲ့လူနဲ႔ ပတ္သက္လာရင္ မေကာင္းတဲ့ဖက္ ေတြးျမင္လြယ္တယ္။ သဝန္တို၊ အူတိုလြယ္တယ္။ ကိုယ္အခက္အခဲ ၾကံဳတဲ့အခါ သူ႔ကို ဖြင့္ေျပာတိုင္ပင္ျပီး မွ်ေဝခံစားမယ္။ သူဝမ္းနည္းအားငယ္တဲ့အခါ လက္ကို တင္းတင္းဆုပ္ကိုင္ျပီး အၾကင္နာေငြ႔ေတြနဲ႔ ကူညီအားေပးမယ္။ အလုပ္မသြားခင္ ပုစဥ္းေရနား အနမ္းေလးနဲ႔ ႏႈတ္ဆက္မယ္၊ အိမ္ေရာက္ရင္လည္း ျပန္ေရာက္ေၾကာင္း ေပြ႔ဖက္ႏႈတ္ဆက္မယ္။ အဲဒီလိုကိုယ့္အတြက္ အပန္းမၾကီးတဲ့ ႏႈတ္ဆက္ျခင္းေတြ၊ အျပဳအမႈေတြက မိန္းကေလးေတြအတြက္ တစ္သက္လံုး ေတြးတိုင္း ၾကည္ႏူးေစႏိုင္ပါတယ္။

၃) မ်က္ႏွာထား မျပနဲ႔

မိန္းကေလးတစ္ေယာက္ကို ေဒါသမ်က္ႏွာနဲ႔ တင္းျပတတ္တဲ့ ေယာက္်ားေလာက္ ၾကည့္ရဆိုးတာ မရွိဘူး။ ကိုယ္က အျပင္မွာ မအားမလပ္ စီးပြါး႐ွာေနသလို သူလည္း အိမ္မႈကိစၥ၊ ကေလးေတြနဲ႔ အလုပ္႐ႈပ္ေနတယ္ဆို သတိရေပးပါ။ ေနာက္ကေန လိုအပ္သမွ် ျဖည့္ဆည္းေပးတဲ့ သူ႐ွိလို႔ အျပင္မွာ ကိုယ္စိတ္ခ်လက္ခ် အလုပ္လုပ္ႏိုင္တယ္ဆိုတာ သတိရေပးပါ။ ကိုယ္အလုပ္က ျပန္ေရာက္ရင္ " မိန္းမေရ.. ပင္ပန္းေနျပီလား" နဲ႔ " မပင္ပန္းပါဘူး.. အျပင္ထြက္ အလုပ္လုပ္တဲ့ ေယာက္်ားက ပိုပင္ပန္းတာ" ဆိုတဲ့ အျပန္အလွန္ စကားပံုရိပ္ေတြက လွပတဲ့ ပန္းခ်ီကားတစ္ခ်ပ္လိုပါပဲ လူကို ၾကည္ႏူးေစပါတယ္။

၄) ျပိဳင္ၾကတယ္

ေယာက္်ားေတြက အလုပ္ျပိဳင္၊ ရာထူးျပိဳင္သလို မိန္းကေလးေတြလည္း ကိုယ့္ေယာက္်ား၊ ကိုယ့္ကေလးအေၾကာင္း ျပိဳင္တတ္ၾကတယ္။ ဒါေၾကာင့္ လူေတြေ႐ွ႕မွာ မိန္းကေလးေတြကို မေဟာက္၊ မေအာ္ဘဲ အၾကင္နာေတြ၊ ဂ႐ုစိုက္မႈေတြ ေပးပါ။ တစ္ျခားမိန္းကေလးေတြ မနာလိုဝန္တို
 ျဖစ္ေစေလာက္တဲ့ အခ်စ္ကို ရထားတဲ့ မင္းသမီးလို႔ သူ႔ကိုယ္သူ ထင္ျမင္ေအာင္ ၾကင္နာျပပါ။ သူဟာထက္ျမက္တဲ့ မိန္းကေလးျဖစ္ခဲ့ရင္ ကိုယ့္အေပါင္းသင္းေ႐ွ႕မွာလည္း ကိုယ့္ဟာ မိန္းမကိုဂ႐ုစိုက္ ၾကင္နာသူအျဖင့္ သူမ်က္ႏွာသာ ျပန္ေပးပါလိမ့္မယ္။

၅) ၾကည့္တတ္တယ္

မိန္းမလွေလးေတြ ျမင္ရင္ ေယာက္်ားေလးေတြၾကည့္တတ္ၾကသလို ေယာက္်ားေလး ေခ်ာေခ်ာေတြကို ျ
မင္ရင္လည္း မိန္းကေလးေတြ ၾကည့္တတ္ပါတယ္။ ဒါကို သဝန္တို၊ စိတ္တိုႏိုင္ေပမယ့္ ေခ်ာတဲ့
 ေယာက္်ားကိုၾကည့္တဲ့ မိန္းကေလးရဲ႕အၾကည့္က ေခ်ာတဲ့မိန္းကေလးကို ၾကည့္တဲ့ ကိုယ့္အၾကည့္ထက္ ရိုးသားပါတယ္။ မိန္းကေလးေတြ ၾကည့္တဲ့အၾကည့္က လွတဲ့ပစၥည္းတစ္ခု၊ ပန္းခ်ီကားတစ္ခ်ပ္ကို ၾကည့္႐ႈခံစား သလိုပဲ ေယာက္်ားေလးေတြလို ၾကည့္ျပီး စိတ္ကူးယဥ္တာေတြ မပါပါဘူး။

၆) မ႐ိုက္နဲ႔

မိန္းကေလးတစ္ေယာက္ကို ရုိက္တတ္တဲ့ ေယာက္်ားေလာက္ ေအာက္တန္းက်တာ မရွိဘူး။ သူ႔ကိုတကယ္ခ်စ္ရင္ အျပန္အလွန္ ေလးစားမႈဆိုတာ ရွိသင့္တယ္။ လက္မပါသင့္ဘူး။ သူ႔ကို မခ်စ္ေတာ့ရင္ ကိုယ့္ႏွလံုးသားကို ျပန္ေမးၾကည့္ပါ။ သူ႔ကိုေပ်ာ္ေအာင္ ဆက္ထားႏိုင္မလား? တကယ္လို႔ မထားႏိုင္ခဲ့ရင္ ဆုပ္ကိုင္မထားပါနဲ႔။ လက္လြတ္လိုက္ပါ၊ သူ လြတ္လပ္ပါေစ။

၇) ႏူးညံ့ပါ
မိန္းကေလးတစ္ေယာက္ဟာ ဘယ္ေလာက္ပဲ ထက္ျမက္္ေနပါေစ ေယာက္်ားတစ္ဦးရဲ႕ ဦးေဆာင္ဆံုးျဖတ္မႈကို ပိုအေလးထားၾကတယ္။ ဒါမွ ကိုယ့္အတြက္ ေဘးကင္းလံုျခံဳတယ္လို႔ ထင္တတ္ၾကတယ္။ မိန္းမေတြဟာ ေယာက္်ားေတြရဲ႕ ႏူးညံ့ သိမ္ေမြ႔တာကို မလြန္ဆန္ႏိုင္ဘူး။ တကယ္လို႔ မိန္းမတစ္ေယာက္ရဲ႕ ႏူးညံ့သိမ္ေမြ႔မႈက ေယာက္်ားတစ္ေယာက္ကို ရင္ဆိုင္ဖို႔ လက္နက္ျဖစ္ခဲ့တယ္ဆိုရင္ ေယာက္်ားတစ္ေယာက္ရဲ႕ ႏူးညံ့မႈက မိန္းကေလးအတြက္ အဏွျမဴပဲျဖစ္တယ္။ ဒါေပမယ့္ မိန္းကေလးေတြမွာ ေမြးရာပါ မိခင္စိတ္ရွိတာေၾကာင့္ တစ္ခါတေလ ကိုယ့္ကို ကေလးေလးတစ္ေယာက္လို အစစအရာရာ စိုးရိမ္စိတ္ေတြပိုျပီး ဗ်စ္ေတာက္ဗ်စ္ေတာက္ လိုက္ေျပာမယ္။ အလိုလိုက္တတ္သလို၊ ဟိုဟာမလုပ္နဲ႔ ဒီလိုလုပ္လို႔ လိုက္စြက္ဖက္မယ္။ ဒါေတြကို အျပစ္မျမင္ ေဗြမယူ၊ ေဒါသမထြက္ဘဲ ႏူးညံ့ေပးပါ။ သူဟာ မိခင္စိတ္ရွိတဲ့ မိန္းမသားျဖစ္ေနလို႔ပါပဲ။

၈) မိသားစုဟာ ပထမ

ေယာက္်ားေတြဟာ အလုပ္ကို တာဝန္ယူရတယ္။ အလုပ္အတြက္ စာရိတၱ ေကာင္းရတယ္။ အလုပ္ထဲမွာ ေပ်ာ္ရႊင္ေအာင္ ေနတတ္ဖို႔နဲ႔ အလုပ္ရဲ႕ ေက်းကြ်န္မျဖစ္ဖို႔ သိတတ္ရတယ္။ အလုပ္လုပ္တာဟာ မိသားစု ေပ်ာ္ရႊင္ဖို႔အတြက္၊ မိသားစု စားဝတ္ေနေရးအတြက္ဆိုရင္ ကိုယ္ခ်စ္တဲ့သူနဲ႔ ကုိယ့္သားသမီးေတြ ေပ်ာ္ရႊင္ဖို႔ ကိုယ္နဲ႔အတူေနခြင့္ အခ်ိန္ကို မၾကာခဏေပးပါ။

၉) ေယာကၡမဆိုတာလည္း မိဘပဲ

မိန္းမကို တကယ္ခ်စ္ရင္ သူ႔မိဘေတြကုိလည္း ခ်စ္ပါ။ စိတ္ထဲမွာ ဒါကိုယ့္မိဘေတြပဲလို႔ ထည့္ထားပါ။ ေယာကၡမေတြကို ကိုယ့္မိဘအရင္းလို သေဘာထားႏိုင္ရင္ သူတို႔ကလည္း ကိုယ့္ကို သားအရင္းလို သေဘာထားၾကပါလိမ့္မယ္။ လူေတြက အသက္ၾကီး အုိမင္းလာရင္ ကေလးေလးနဲ႔ တူသြားတတ္သတဲ့။ ဒါေၾကာင့္ တစ္ေန႔တစ္ျခား အုိမင္းလာတဲ့ ေယာကၡမ၊ မိဘေတြကို ကေလးတစ္ေယာက္ သေဘာထားျပီး ဂရုစိုက္ပါ၊ ျပဳစုပါ။ သူတုိ႔ေပ်ာ္ရႊင္ေအာင္ ေခ်ာ့ျမဴပါ။ ကိုယ္လဲ တစ္ေန႔ေန႔မွာ အိုမင္းလာႏိုင္တဲ့အတြက္ ၾကည့္မွန္တစ္ခ်ပ္ကို ျပဳလုပ္ေနသလိုပဲ ကိုယ့္သားသမီးေတြ အတုယူႏိုင္ဖို႔ လူအိုေတြကို ဘယ္လိုဂရုစိုက္ ေလးစားရမယ္ဆိုတာကို သူတို႔ သိျမင္ပါေစ။ ဒါမွ ေနာင္တစ္ခ်ိန္မွာ ကိုယ့္ကို သူတို႔ျပန္ေလးစားပါလိမ့္မယ္။

၁ဝ) သစၥာ၊ ယံုၾကည္ျခင္း၊ ခြင့္လြတ္ျခင္း၊ နားလည္ျခင္း

လူႏွစ္ေယာက္ ေပါင္းစပ္ဖို႔ ဒါေတြ လိုအပ္ပါတယ္။ ကိစၥတိုင္းကို ဖြင့္ေျပာ တိုင္ပင္သင့္တယ္ဆိုေပမယ့္ တစ္ခါတေလ မတတ္သာတဲ့အခ်ိန္မွာ ခ်ဳိသာတဲ့ မုသားကိုလည္း သံုးႏိုင္ပါတယ္။ ျပႆနာတစ္ခုခု ရင္ဆိုင္ရျပီဆိုရင္ မိန္းကေလးကို အျပစ္မတင္ခင္ကိစၥတစ္ခုရဲ႕အတိမ္၊အနက္ကို ေဝဖန္ပိုင္းျခားတတ္ဖို႔
လိုျပီး ႐ႈေထာင့္ အဖက္ဖက္ကေနအရင္ၾကည့္႐ႈခံစားေပးပါ။မိန္းကေလးဖက္ကေနဝင္ေရာက္္ခံစားတတ္
ဖို႔လည္း လိုပါလိမ့္မယ္။ ကိုယ္ဟာ သူ႔ရဲ႕အခ်စ္ရဆံုးျဖစ္တဲ့အတြက္ သူ႔ကိုနားလည္ေပးပါ။ အားေပးပါ။ ခြင့္လြတ္ေပးပါ။


Credit:နိုင္းနိုင္းစေန


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်းမြင်ချင်ပါသလား? အောက်ကစာကို ဆက်ဖတ်ပါ...

၁) မနှိုင်းနဲ့

"သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက်ထိန်းနိုင်တယ်၊ သူ့ချစ်သူက ဘယ်လိုကြင်နာတတ်တယ်"လို့ ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို တစ်ခြားမိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့်ရတာ မင်္ဂလာတစ်ပါးပါ။ မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကား တစ်ခွန်းကို အခြားလူတွေဆီက ကြားရတဲ့ ချီးကျူးစကားတွေထက် ပိုတန်ဖိုးပါတယ်။

၂) လျှစ်လျှူမရှူနဲ့

မိန်းကလေးတွေရဲ့ ခံစားမှုအာရုံက လှုပ်ရှားလွယ်တယ်။ ကိုယ်ချစ်တဲ့လူနဲ့ ပတ်သက်လာရင် မကောင်းတဲ့ဖက် တွေးမြင်လွယ်တယ်။ သဝန်တို၊ အူတိုလွယ်တယ်။ ကိုယ်အခက်အခဲ ကြုံတဲ့အခါ သူ့ကို ဖွင့်ပြောတိုင်ပင်ပြီး မျှဝေခံစားမယ်။ သူဝမ်းနည်းအားငယ်တဲ့အခါ လက်ကို တင်းတင်းဆုပ်ကိုင်ပြီး အကြင်နာငွေ့တွေနဲ့ ကူညီအားပေးမယ်။ အလုပ်မသွားခင် ပုစဉ်းရေနား အနမ်းလေးနဲ့ နှုတ်ဆက်မယ်၊ အိမ်ရောက်ရင်လည်း ပြန်ရောက်ကြောင်း ပွေ့ဖက်နှုတ်ဆက်မယ်။ အဲဒီလိုကိုယ့်အတွက် အပန်းမကြီးတဲ့ နှုတ်ဆက်ခြင်းတွေ၊ အပြုအမှုတွေက မိန်းကလေးတွေအတွက် တစ်သက်လုံး တွေးတိုင်း ကြည်နူးစေနိုင်ပါတယ်။

၃) မျက်နှာထား မပြနဲ့

မိန်းကလေးတစ်ယောက်ကို ဒေါသမျက်နှာနဲ့ တင်းပြတတ်တဲ့ ယောက်ျားလောက် ကြည့်ရဆိုးတာ မရှိဘူး။ ကိုယ်က အပြင်မှာ မအားမလပ် စီးပွါးရှာနေသလို သူလည်း အိမ်မှုကိစ္စ၊ ကလေးတွေနဲ့ အလုပ်ရှုပ်နေတယ်ဆို သတိရပေးပါ။ နောက်ကနေ လိုအပ်သမျှ ဖြည့်ဆည်းပေးတဲ့ သူရှိလို့ အပြင်မှာ ကိုယ်စိတ်ချလက်ချ အလုပ်လုပ်နိုင်တယ်ဆိုတာ သတိရပေးပါ။ ကိုယ်အလုပ်က ပြန်ရောက်ရင် " မိန်းမရေ.. ပင်ပန်းနေပြီလား" နဲ့ " မပင်ပန်းပါဘူး.. အပြင်ထွက် အလုပ်လုပ်တဲ့ ယောက်ျားက ပိုပင်ပန်းတာ" ဆိုတဲ့ အပြန်အလှန် စကားပုံရိပ်တွေက လှပတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ လူကို ကြည်နူးစေပါတယ်။

၄) ပြိုင်ကြတယ်

ယောက်ျားတွေက အလုပ်ပြိုင်၊ ရာထူးပြိုင်သလို မိန်းကလေးတွေလည်း ကိုယ့်ယောက်ျား၊ ကိုယ့်ကလေးအကြောင်း ပြိုင်တတ်ကြတယ်။ ဒါကြောင့် လူတွေရှေ့မှာ မိန်းကလေးတွေကို မဟောက်၊ မအော်ဘဲ အကြင်နာတွေ၊ ဂရုစိုက်မှုတွေ ပေးပါ။ တစ်ခြားမိန်းကလေးတွေ မနာလိုဝန်တို
 ဖြစ်စေလောက်တဲ့ အချစ်ကို ရထားတဲ့ မင်းသမီးလို့ သူ့ကိုယ်သူ ထင်မြင်အောင် ကြင်နာပြပါ။ သူဟာထက်မြက်တဲ့ မိန်းကလေးဖြစ်ခဲ့ရင် ကိုယ့်အပေါင်းသင်းရှေ့မှာလည်း ကိုယ့်ဟာ မိန်းမကိုဂရုစိုက် ကြင်နာသူအဖြင့် သူမျက်နှာသာ ပြန်ပေးပါလိမ့်မယ်။

၅) ကြည့်တတ်တယ်

မိန်းမလှလေးတွေ မြင်ရင် ယောက်ျားလေးတွေကြည့်တတ်ကြသလို ယောက်ျားလေး ချောချောတွေကို ြ
မင်ရင်လည်း မိန်းကလေးတွေ ကြည့်တတ်ပါတယ်။ ဒါကို သဝန်တို၊ စိတ်တိုနိုင်ပေမယ့် ချောတဲ့
 ယောက်ျားကိုကြည့်တဲ့ မိန်းကလေးရဲ့အကြည့်က ချောတဲ့မိန်းကလေးကို ကြည့်တဲ့ ကိုယ့်အကြည့်ထက် ရိုးသားပါတယ်။ မိန်းကလေးတွေ ကြည့်တဲ့အကြည့်က လှတဲ့ပစ္စည်းတစ်ခု၊ ပန်းချီကားတစ်ချပ်ကို ကြည့်ရှုခံစား သလိုပဲ ယောက်ျားလေးတွေလို ကြည့်ပြီး စိတ်ကူးယဉ်တာတွေ မပါပါဘူး။

၆) မရိုက်နဲ့

မိန်းကလေးတစ်ယောက်ကို ရိုက်တတ်တဲ့ ယောက်ျားလောက် အောက်တန်းကျတာ မရှိဘူး။ သူ့ကိုတကယ်ချစ်ရင် အပြန်အလှန် လေးစားမှုဆိုတာ ရှိသင့်တယ်။ လက်မပါသင့်ဘူး။ သူ့ကို မချစ်တော့ရင် ကိုယ့်နှလုံးသားကို ပြန်မေးကြည့်ပါ။ သူ့ကိုပျော်အောင် ဆက်ထားနိုင်မလား? တကယ်လို့ မထားနိုင်ခဲ့ရင် ဆုပ်ကိုင်မထားပါနဲ့။ လက်လွတ်လိုက်ပါ၊ သူ လွတ်လပ်ပါစေ။

၇) နူးညံ့ပါ
မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ ထက်မြက်နေပါစေ ယောက်ျားတစ်ဦးရဲ့ ဦးဆောင်ဆုံးဖြတ်မှုကို ပိုအလေးထားကြတယ်။ ဒါမှ ကိုယ့်အတွက် ဘေးကင်းလုံခြုံတယ်လို့ ထင်တတ်ကြတယ်။ မိန်းမတွေဟာ ယောက်ျားတွေရဲ့ နူးညံ့ သိမ်မွေ့တာကို မလွန်ဆန်နိုင်ဘူး။ တကယ်လို့ မိန်းမတစ်ယောက်ရဲ့ နူးညံ့သိမ်မွေ့မှုက ယောက်ျားတစ်ယောက်ကို ရင်ဆိုင်ဖို့ လက်နက်ဖြစ်ခဲ့တယ်ဆိုရင် ယောက်ျားတစ်ယောက်ရဲ့ နူးညံ့မှုက မိန်းကလေးအတွက် အဏှမြူပဲဖြစ်တယ်။ ဒါပေမယ့် မိန်းကလေးတွေမှာ မွေးရာပါ မိခင်စိတ်ရှိတာကြောင့် တစ်ခါတလေ ကိုယ့်ကို ကလေးလေးတစ်ယောက်လို အစစအရာရာ စိုးရိမ်စိတ်တွေပိုပြီး ဗျစ်တောက်ဗျစ်တောက် လိုက်ပြောမယ်။ အလိုလိုက်တတ်သလို၊ ဟိုဟာမလုပ်နဲ့ ဒီလိုလုပ်လို့ လိုက်စွက်ဖက်မယ်။ ဒါတွေကို အပြစ်မမြင် ဗွေမယူ၊ ဒေါသမထွက်ဘဲ နူးညံ့ပေးပါ။ သူဟာ မိခင်စိတ်ရှိတဲ့ မိန်းမသားဖြစ်နေလို့ပါပဲ။

၈) မိသားစုဟာ ပထမ

ယောက်ျားတွေဟာ အလုပ်ကို တာဝန်ယူရတယ်။ အလုပ်အတွက် စာရိတ္တ ကောင်းရတယ်။ အလုပ်ထဲမှာ ပျော်ရွှင်အောင် နေတတ်ဖို့နဲ့ အလုပ်ရဲ့ ကျေးကျွန်မဖြစ်ဖို့ သိတတ်ရတယ်။ အလုပ်လုပ်တာဟာ မိသားစု ပျော်ရွှင်ဖို့အတွက်၊ မိသားစု စားဝတ်နေရေးအတွက်ဆိုရင် ကိုယ်ချစ်တဲ့သူနဲ့ ကိုယ့်သားသမီးတွေ ပျော်ရွှင်ဖို့ ကိုယ်နဲ့အတူနေခွင့် အချိန်ကို မကြာခဏပေးပါ။

၉) ယောက္ခမဆိုတာလည်း မိဘပဲ

မိန်းမကို တကယ်ချစ်ရင် သူ့မိဘတွေကိုလည်း ချစ်ပါ။ စိတ်ထဲမှာ ဒါကိုယ့်မိဘတွေပဲလို့ ထည့်ထားပါ။ ယောက္ခမတွေကို ကိုယ့်မိဘအရင်းလို သဘောထားနိုင်ရင် သူတို့ကလည်း ကိုယ့်ကို သားအရင်းလို သဘောထားကြပါလိမ့်မယ်။ လူတွေက အသက်ကြီး အိုမင်းလာရင် ကလေးလေးနဲ့ တူသွားတတ်သတဲ့။ ဒါကြောင့် တစ်နေ့တစ်ခြား အိုမင်းလာတဲ့ ယောက္ခမ၊ မိဘတွေကို ကလေးတစ်ယောက် သဘောထားပြီး ဂရုစိုက်ပါ၊ ပြုစုပါ။ သူတို့ပျော်ရွှင်အောင် ချော့မြူပါ။ ကိုယ်လဲ တစ်နေ့နေ့မှာ အိုမင်းလာနိုင်တဲ့အတွက် ကြည့်မှန်တစ်ချပ်ကို ပြုလုပ်နေသလိုပဲ ကိုယ့်သားသမီးတွေ အတုယူနိုင်ဖို့ လူအိုတွေကို ဘယ်လိုဂရုစိုက် လေးစားရမယ်ဆိုတာကို သူတို့ သိမြင်ပါစေ။ ဒါမှ နောင်တစ်ချိန်မှာ ကိုယ့်ကို သူတို့ပြန်လေးစားပါလိမ့်မယ်။

၁ဝ) သစ္စာ၊ ယုံကြည်ခြင်း၊ ခွင့်လွတ်ခြင်း၊ နားလည်ခြင်း

လူနှစ်ယောက် ပေါင်းစပ်ဖို့ ဒါတွေ လိုအပ်ပါတယ်။ ကိစ္စတိုင်းကို ဖွင့်ပြော တိုင်ပင်သင့်တယ်ဆိုပေမယ့် တစ်ခါတလေ မတတ်သာတဲ့အချိန်မှာ ချိုသာတဲ့ မုသားကိုလည်း သုံးနိုင်ပါတယ်။ ပြဿနာတစ်ခုခု ရင်ဆိုင်ရပြီဆိုရင် မိန်းကလေးကို အပြစ်မတင်ခင်ကိစ္စတစ်ခုရဲ့အတိမ်၊အနက်ကို ဝေဖန်ပိုင်းခြားတတ်ဖို့
လိုပြီး ရှုထောင့် အဖက်ဖက်ကနေအရင်ကြည့်ရှုခံစားပေးပါ။မိန်းကလေးဖက်ကနေဝင်ရောက်ခံစားတတ်
ဖို့လည်း လိုပါလိမ့်မယ်။ ကိုယ်ဟာ သူ့ရဲ့အချစ်ရဆုံးဖြစ်တဲ့အတွက် သူ့ကိုနားလည်ပေးပါ။ အားပေးပါ။ ခွင့်လွတ်ပေးပါ။


Credit:နိုင်းနိုင်းစနေ




ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top