iMyanmarHouse.com - Best Property Website for Myanmar
×

၁။ မိန္းမေတြက စကားမ်ားလြန္းတယ္။
သိပ္ကုိ အေျခခံက်တဲ့အခ်က္က မိန္းမရဲ႕ စကားမ်ားလြန္းတဲ့ အေျခခံဗီဇပါပဲ။ "ေက်ာပူတာပဲ ခံနုိင္မယ္။ နားပူတာေတာ့ မခံနုိင္ဖူး" ဆုိတဲ့ ေယာက္်ားတုိ႔ရဲ႕
ဝသီအတုိင္း သိပ္ကုိမ်ားလြန္းတဲ့ မိန္းမေတြရဲ႕ စကားလံုးေတြဟာ ေယာက္်ားေတြကို နားလွ်ံသြားေစတာ မဆန္းပါဘူး။

၂။ ေယာက္်ားေတြက သိျပီးသားလုိ႔ ယူဆတယ္။
မိန္းမဘက္က အခ်စ္ေရးအေၾကာင္းေျပာမလား? အိမ္ေထာင္ေရးအေၾကာင္း ေျပာမလား? နားလည္မႈ? ခြင့္လႊတ္မႈနဲ႔ သစၥာတရား? ေယာက္်ားအားလံုးနီးပါးက
ဒါေတြ သူတုိ႔နားလည္ျပီးသားလို႔ ယူဆၾကပါတယ္။ သင္ေျပာလည္း အပုိလုိ႔ယူဆေနတတတ္ပါတယ္။

၃။ မိန္းမတို႔ရဲ႕ ျဗစ္ေတာက္ျဗစ္ေတာက္။
မိန္းမေတြဟာ အေၾကာင္းအရာေပါင္းစံုကုိ တစ္ထုိင္တည္းနဲ႔ ေျပာတတ္တဲ့အက်င့္ရွိပါတယ္။ တစ္ခါတစ္ရံ သူတုိ႔ေျပာခ်င္တဲ့ အေၾကာင္းအရာကုိ သူတုိ႔ပဲသိျပီး
တစ္ဖက္က ေယာက္်ားေလး နားလည္ေအာင္ မေျပာတတ္ပါဘူး။ အေၾကာင္းအရာေတြ၊ ခံစာမႈေတြကလည္း မ်ားလြန္းတဲ့အတြက္ လိပ္ပတ္လည္ေအာင္
မေျပာနုိင္ေတာ့ဘဲ ေယာက္်ားေတြအတြက္ ျဗစ္ေတာက္ျဗစ္ေတာက္အသြင္ ျဖစ္ေျပာင္းသြားပါတယ္။

၄။ ေယာက္်ားေတြက ခ်ဳပ္ခ်ယ္တာမၾကိဳက္ဘူး။
လူေတြရဲ႕ ပင္ကုိယ္စရုိက္အရ ေတာ္ေတာ္မ်ားမ်ားဟာ ခ်ဳပ္ခ်ယ္ေႏွာင္ဖြယ္မႈကို မၾကိဳက္ပါဘူး။ လြတ္လပ္မႈကို လူတုိင္းျမတ္နုိ္းၾကပါတယ္။ ဒီထဲမွာမွ
ေယာက္်ားေတြဟာ ခ်ဳပ္ခ်ယ္တာ လံုးဝ (လံုးဝ) မၾကိဳက္ဘူးဆုိတာကို မိန္းေမေတြသိသင့္ပါတယ္။ ၉၀ ရာခုိင္ႏႈန္းေသာ ေယာက္်ားေတြဟာ လြတ္လပ္မႈကို ကုိယ့္သေဘာနဲ႔
ကုိယ္ ရွာေလ့ရွိပါတယ္။ မိန္းမကုိ ပုိင္တဲ့ေယာက္်ားက ေပၚေပၚတင္တင္ပဲ ခ်ဳပ္ခ်ယ္တာမၾကိဳက္ဘူးလုိ႔ ေျပာလိမ့္မယ္။ မိန္းမကုိ မပုိင္တဲ့ေယာက္်ားက သူ႔နည္းသူ႔ဟန္နဲ႔
ခ်ဳပ္ခ်ယ္မႈေတြက လြတ္ေအာင္ေနလိမ့္မယ္။

၅။ စကားလံုးေတြေအာက္က ဖိအားဒဏ္ေတြ။
မိန္းမေတြရဲ႕ ခံစားမႈေတြဟာ သည္းခံရခက္တဲ့ အေနအထားကိုေရာက္လာရင္ ဆုိင္သည္ျဖစ္ေစ၊ မဆုိင္သည္ျဖစ္ေစ အေၾကာင္းအရာေပါင္းစံုကုိ ေျပာျပီး
အနုိင္ယူဖုိ႔ ၾကိဳးစားတတ္ၾကပါတယ္။ ဒါေတြဟာ ေယာက္်ားေတြအတြက္ကေတာ့ သိပ္ကုိဆုိးရြားတဲ့ ဖိအားပါပဲ။ ဒီလုိေျပာေနတာဟာ ေယာက္်ားတစ္ေယာက္ကုိ
နားဝင္ဖုိ႔ေဝးစြ၊ အနားေနခ်င္ေအာင္ေတာင္ မလုပ္နုိင္ပါဘူး။

၆။ ေယာက္်ားေတြရဲ႕ အာရံုစုိက္မႈဟာ ခဏပဲ။
မိန္းမေတြ သိသင့္တဲ့အေရးၾကီးတဲ့အခ်က္က တစ္ခ်ိဳ႕ေယာက္်ားေတြက စကားနားေထာင္တဲ့အခါမွာ ခဏပဲအာရံုစူးစုိက္မႈ ရွိပါတယ္။ အထူးသျဖင့္ စိတ္ျမန္တဲ့
ေယာက္်ားေတြဟာ မိန္းမေတြရဲ႕မျပီးနုိင္မစီးနုိင္တဲ့စကားေတြကုိ အခ်ိန္အၾကာၾကီး စူးစုိက္နားမေထာင္နုိင္ပါဘူး။ ဒါဟာ မိန္းမေတြကုိ မခ်စ္လုိ႔လည္း မဟုတ္ပါဘူး။
ဂရုမစုိက္လုိ႔လည္း မဟုတ္ပါဘူး။ ဒီအခ်က္ကုိေတာ့ မိန္းမေတြဘက္က နားလည္ေပးသင့္ပါတယ္။

၇။ စိတ္ဝင္စားဖြယ္ေကာင္းေအာင္ ေျပာပါ။
မိန္းမေတြရဲ႕ ပင္ကုိယ္အတတ္ပညာထဲမွာ ေယာက္်ားေလးေတြကုိ ကုိယ့္ဘက္ပါလာေအာင္ ဘယ္လုိစည္းရံုးရမလဲဆုိတာ မသင္ဘဲလဲ တတ္ပါတယ္။
ေယာက္်ားေတြစိတ္က အေခ်ာ့ၾကိဳက္ပါတယ္။ ေကာင္းေကာင္းေျပာရင္ လက္ခံျပီး၊ ရွင္းရွင္းေျပာရင္ စိတ္ရွည္ပါတယ္။
ေအာ္ဟစ္ေနတဲ့ မိန္းမကုိ ဘယ္ေယာက္်ားကမွ စိတ္ထဲတကယ္မထားပါဘူး။ ဒါေပမယ့္ အေျပာခ်ိဳခ်ိဳနဲ႔ မိန္းမကေတာ့ ကုိယ္ျဖစ္ခ်င္တာမွန္သမွ်
ေအးေအးေဆးေဆးနဲ႔ ေျပာျပလုိ႔ရပါတယ္။
ေနာက္ဆံုး နိဂံုးခ်ဳပ္အေနနဲ႔ကေတာ့ မိန္းကေလးေတြဟာ ကုိယ္ေျပာခ်င္တဲ့အေၾကာင္းအရာကုိ ရွင္းရွင္းလင္းလင္းနဲ႔ တစ္ဖက္သား နားဝင္ေစမယ့္ အေနအထားနဲ႔
ေျပာသင့္ပါတယ္။ ကုိယ့္ခံစားခ်က္ကုိလုိက္ျပီး ေျပာခ်င္တာေတြကုိ ေျပာခ်င္သလိုေျပာေနရင္ေတာ့ အဆင္ေျပမွာ မဟုတ္ပါဘူ။
ေယာက္်ားေလးေတြကေတာ့ ကုိယ့္ေကာင္မေလး ဘာကုိဆုိလုိခ်င္သလဲဆုိတာကုိသာ သိေအာင္ၾကိဳးစားရင္း စိတ္ရွည္ရွည္နဲ႔သာ ေျပာတာေတြကုိ
သည္းခံနားေထာင္ေပးပါ။
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:Focus Youth E-magazine

#Unicode Version

 ၁။ မိန်းမတွေက စကားများလွန်းတယ်။
သိပ်ကို အခြေခံကျတဲ့အချက်က မိန်းမရဲ့ စကားများလွန်းတဲ့ အခြေခံဗီဇပါပဲ။ "ကျောပူတာပဲ ခံနိုင်မယ်။ နားပူတာတော့ မခံနိုင်ဖူး" ဆိုတဲ့ ယောက်ျားတို့ရဲ့
ဝသီအတိုင်း သိပ်ကိုများလွန်းတဲ့ မိန်းမတွေရဲ့ စကားလုံးတွေဟာ ယောက်ျားတွေကို နားလျှံသွားစေတာ မဆန်းပါဘူး။

၂။ ယောက်ျားတွေက သိပြီးသားလို့ ယူဆတယ်။
မိန်းမဘက်က အချစ်ရေးအကြောင်းပြောမလား? အိမ်ထောင်ရေးအကြောင်း ပြောမလား? နားလည်မှု? ခွင့်လွှတ်မှုနဲ့ သစ္စာတရား? ယောက်ျားအားလုံးနီးပါးက
ဒါတွေ သူတို့နားလည်ပြီးသားလို့ ယူဆကြပါတယ်။ သင်ပြောလည်း အပိုလို့ယူဆနေတတတ်ပါတယ်။

၃။ မိန်းမတို့ရဲ့ ဗြစ်တောက်ဗြစ်တောက်။
မိန်းမတွေဟာ အကြောင်းအရာပေါင်းစုံကို တစ်ထိုင်တည်းနဲ့ ပြောတတ်တဲ့အကျင့်ရှိပါတယ်။ တစ်ခါတစ်ရံ သူတို့ပြောချင်တဲ့ အကြောင်းအရာကို သူတို့ပဲသိပြီး
တစ်ဖက်က ယောက်ျားလေး နားလည်အောင် မပြောတတ်ပါဘူး။ အကြောင်းအရာတွေ၊ ခံစာမှုတွေကလည်း များလွန်းတဲ့အတွက် လိပ်ပတ်လည်အောင်
မပြောနိုင်တော့ဘဲ ယောက်ျားတွေအတွက် ဗြစ်တောက်ဗြစ်တောက်အသွင် ဖြစ်ပြောင်းသွားပါတယ်။

၄။ ယောက်ျားတွေက ချုပ်ချယ်တာမကြိုက်ဘူး။
လူတွေရဲ့ ပင်ကိုယ်စရိုက်အရ တော်တော်များများဟာ ချုပ်ချယ်နှောင်ဖွယ်မှုကို မကြိုက်ပါဘူး။ လွတ်လပ်မှုကို လူတိုင်းမြတ်နိုးကြပါတယ်။ ဒီထဲမှာမှ
ယောက်ျားတွေဟာ ချုပ်ချယ်တာ လုံးဝ (လုံးဝ) မကြိုက်ဘူးဆိုတာကို မိန်းမေတွေသိသင့်ပါတယ်။ ၉၀ ရာခိုင်နှုန်းသော ယောက်ျားတွေဟာ လွတ်လပ်မှုကို ကိုယ့်သဘောနဲ့
ကိုယ် ရှာလေ့ရှိပါတယ်။ မိန်းမကို ပိုင်တဲ့ယောက်ျားက ပေါ်ပေါ်တင်တင်ပဲ ချုပ်ချယ်တာမကြိုက်ဘူးလို့ ပြောလိမ့်မယ်။ မိန်းမကို မပိုင်တဲ့ယောက်ျားက သူ့နည်းသူ့ဟန်နဲ့
ချုပ်ချယ်မှုတွေက လွတ်အောင်နေလိမ့်မယ်။

၅။ စကားလုံးတွေအောက်က ဖိအားဒဏ်တွေ။
မိန်းမတွေရဲ့ ခံစားမှုတွေဟာ သည်းခံရခက်တဲ့ အနေအထားကိုရောက်လာရင် ဆိုင်သည်ဖြစ်စေ၊ မဆိုင်သည်ဖြစ်စေ အကြောင်းအရာပေါင်းစုံကို ပြောပြီး
အနိုင်ယူဖို့ ကြိုးစားတတ်ကြပါတယ်။ ဒါတွေဟာ ယောက်ျားတွေအတွက်ကတော့ သိပ်ကိုဆိုးရွားတဲ့ ဖိအားပါပဲ။ ဒီလိုပြောနေတာဟာ ယောက်ျားတစ်ယောက်ကို
နားဝင်ဖို့ဝေးစွ၊ အနားနေချင်အောင်တောင် မလုပ်နိုင်ပါဘူး။

၆။ ယောက်ျားတွေရဲ့ အာရုံစိုက်မှုဟာ ခဏပဲ။
မိန်းမတွေ သိသင့်တဲ့အရေးကြီးတဲ့အချက်က တစ်ချို့ယောက်ျားတွေက စကားနားထောင်တဲ့အခါမှာ ခဏပဲအာရုံစူးစိုက်မှု ရှိပါတယ်။ အထူးသဖြင့် စိတ်မြန်တဲ့
ယောက်ျားတွေဟာ မိန်းမတွေရဲ့မပြီးနိုင်မစီးနိုင်တဲ့စကားတွေကို အချိန်အကြာကြီး စူးစိုက်နားမထောင်နိုင်ပါဘူး။ ဒါဟာ မိန်းမတွေကို မချစ်လို့လည်း မဟုတ်ပါဘူး။
ဂရုမစိုက်လို့လည်း မဟုတ်ပါဘူး။ ဒီအချက်ကိုတော့ မိန်းမတွေဘက်က နားလည်ပေးသင့်ပါတယ်။

၇။ စိတ်ဝင်စားဖွယ်ကောင်းအောင် ပြောပါ။
မိန်းမတွေရဲ့ ပင်ကိုယ်အတတ်ပညာထဲမှာ ယောက်ျားလေးတွေကို ကိုယ့်ဘက်ပါလာအောင် ဘယ်လိုစည်းရုံးရမလဲဆိုတာ မသင်ဘဲလဲ တတ်ပါတယ်။
ယောက်ျားတွေစိတ်က အချော့ကြိုက်ပါတယ်။ ကောင်းကောင်းပြောရင် လက်ခံပြီး၊ ရှင်းရှင်းပြောရင် စိတ်ရှည်ပါတယ်။
အော်ဟစ်နေတဲ့ မိန်းမကို ဘယ်ယောက်ျားကမှ စိတ်ထဲတကယ်မထားပါဘူး။ ဒါပေမယ့် အပြောချိုချိုနဲ့ မိန်းမကတော့ ကိုယ်ဖြစ်ချင်တာမှန်သမျှ
အေးအေးဆေးဆေးနဲ့ ပြောပြလို့ရပါတယ်။
နောက်ဆုံး နိဂုံးချုပ်အနေနဲ့ကတော့ မိန်းကလေးတွေဟာ ကိုယ်ပြောချင်တဲ့အကြောင်းအရာကို ရှင်းရှင်းလင်းလင်းနဲ့ တစ်ဖက်သား နားဝင်စေမယ့် အနေအထားနဲ့
ပြောသင့်ပါတယ်။ ကိုယ့်ခံစားချက်ကိုလိုက်ပြီး ပြောချင်တာတွေကို ပြောချင်သလိုပြောနေရင်တော့ အဆင်ပြေမှာ မဟုတ်ပါဘူ။
ယောက်ျားလေးတွေကတော့ ကိုယ့်ကောင်မလေး ဘာကိုဆိုလိုချင်သလဲဆိုတာကိုသာ သိအောင်ကြိုးစားရင်း စိတ်ရှည်ရှည်နဲ့သာ ပြောတာတွေကို
သည်းခံနားထောင်ပေးပါ။
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:Focus Youth E-magazine
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top