iMyanmarHouse.com - Best Property Website for Myanmar
×

ဒီေန႕ေခတ္မွာ အမ်ိဳးသားအမ်ားစုက ရည္ရြယ္ခ်က္ေတြ ႀကီးမားလာတတ္ၾကတာ သတိထားမိ ေနပါတယ္။ ရည္ရြယ္ခ်က္ ႀကီးသူတုိင္းအတြက္ အခက္အခဲေတြ ၊ ဖိအားေတြကေတာ့ အနဲနဲ႕အမ်ား ႀကံဳေတြ႕ရသူခ်ည္းပါပဲ။ ဒီအခါ အရက္ ၊ ေဆးလိပ္ ၊ မူးယစ္ေဆး စတာေတြနဲ႕ စိတ္ထြက္ေပါက္ရွာမိတာေၾကာင့္ အညြန္႕က်ိဳးသြားရသူေတြလည္း ဒုနဲ႕ေဒးေပါ့။ ေအာင္ျမင္မႈ လမ္းစကို စတင္နင္းမိေနခ်ိန္မွာ စနစ္တက် တည္ေဆာက္ထားတဲ့ ေနထုိင္မႈပံုစံဆုိတာ အလြန္ပဲ အေရးပါလွ ပါတယ္။ ေျပာခဲ့တဲ့ ဖိအားအျပားအမ်ားကို ျပန္လည္တြန္းလွန္ႏုိင္ဖုိ႕ အေကာင္းဆံုး စိတ္ထြက္ေပါက္ဆုိတာ ရွာမရျဖစ္ေနသူေတြကို အႀကံျပဳတင္ျပေပးပါရေစ။

(၁)     ခႏၶာကိုယ္ ေတာင့္တင္းေစတဲ့ ေလ့က်င့္ခန္းမ်ားလုပ္ေပးပါ။
Gym မွာ အၿမဲတမ္းသြားကစားဖို႕ဆုိတာ သိပ္မဆင္မေျပမွန္း သိပါတယ္။ ဒီေတာ့ တျခား body weight ေလ့က်င့္ခန္းေတြျဖစ္တဲ့ ဘားတန္း ခုိတာ ၊ ၀ိတ္မတာေတြနဲ႕ ဒိုက္ထိုးတာေတြကလည္း အလားတူ အက်ိဳးေက်းဇူးေတြ ေပးႏုိင္ၿပီး သင့္အိမ္မွာပဲ ေရခ်ိဳးခန္းမ၀င္ခင္ အလြယ္တကူ လုပ္ႏုိင္တာေတြပါ။

(၂)     မိသားစုနဲ႕ အခ်ိန္ျဖဳန္းေပးပါ။
လက္ေတာ့ပ္ေတြနားမွာ အခ်ိန္ကုန္ေနမယ့္အစား မိသားစုနဲ႕ ၀ိုင္းဖြဲ႕ၿပီး ညစာစားေပးပါ။ ရံုးက သင့္ကို လံုေလာက္တဲ့ social life ကို ေပးခဲ့ၿပီးပါၿပီ။ ဒီေတာ့ အိမ္ျပန္ေရာက္ၿပီဆုိရင္ လက္ေတြ႕ဘ၀ထဲကို ျပန္၀င္ဖို႕ သတိရပါ။

(၃)     ခ်က္ျပဳတ္ပါ။
တစ္ႀကိမ္ေလာက္ပဲ စၿပီးခ်က္ျပဳတ္ၾကည့္ပါ။ ဘယ္ေလာက္ထိေရာက္တဲ့ ကုထံုးလဲဆုိတာ ေတြ႕ရပါလိ့မ္မယ္။ ဒါ အမ်ိဳးသားတုိင္း မရွိမျဖစ္တတ္ထားရယ့္ ပညာရပ္တစ္ခုလုိ႕လဲ ဆုိႏုိင္ပါတယ္။ ခပ္မ်ားမ်ား ခ်က္ထားမယ္ ဆုိရင္ ေနာက္ေန႕မွာလည္း အိမ္မွာလုပ္တဲ့ အစားအေသာက္ေလး ထပ္စားလုိ႕ရတာေပါ့။

(၄)     ေရဓါတ္ျပည့္၀ေအာင္ ေနပါ။
 ေန႕စဥ္ လံုေလာက္တဲ့ေရဓါတ္ ပမာဏေရာက္ေအာင္ ေသာက္ေပးပါ။ ကုန္ခန္းသြားတဲ့ ေခၽြးေတြ အတြက္ ေရဓါတ္ျပန္လည္ျဖည့္တင္းဖို႕ လုိအပ္ၿပီး ေရဓါတ္ျပည့္၀ေနရင္ သင့္အေနနဲ႕ ေတာ္ရံုတန္ရံုဆုိ တစ္ေန႕တာလံုး လန္းဆန္းေနပါလိမ့္မယ္။

(၅)     အပ်က္အစီးေတြ ျပဳျပင္တဲ့ အက်င့္ကိုေမြးပါ။
အိမ္မွာ က်ိဳးေနတဲ့ ခံုအေဟာင္းေလးျပင္မယ္ ၊ ပ်က္ေနတဲ့ ကားဘီးေလးလဲမယ္ ၊ ကၽြမ္းေနတဲ့ မီးေခ်ာင္းေလး အသစ္ျပန္တပ္မယ္ ။ ဒါေတြဟာ သင့္ကို တျခားကိုအာရံု မျပန္႕လြင့္ေစဘဲ စိတ္ဓါတ္အင္အားလဲ မ်ားစြာေပး ပါတယ္။ ေကာင္းသြားဖို႕ထက္ လုပ္ျဖစ္ေနဖုိ႕က ပိုအေရးႀကီးပါတယ္။

(၆)     အသီးမ်ားမ်ား စားေပးပါ။
အမ်ိဳးသားေတြက သေရစာ မစားျဖစ္တတ္ၾကသလို အသီးေတြလည္း အစားနည္းပါတယ္။ ဒါေပမယ့္ အသက္ကို ကယ္တင္ႏုိင္တဲ့ အရာေတြထဲ အသီးေတြက မရွိမျဖစ္ပါ။ ဒါေၾကာင့္ က်န္းမာဖုိ႕အတြက္ အနည္းဆံုးလိုအပ္တဲ့ အသီးပမာဏေလးကိုေတာ့ မရွိမျဖစ္ စားေပးရပါမယ္။

(၇)     ျဖစ္ႏုိင္ရင္ အလုပ္ကို လမ္းေလွ်ာက္သြားပါ။
အလုပ္မွာ ဖိအားေတြမ်ားေနၿပီလုိ႕ ခံစားလာရတဲ့အခါ ႏွစ္မိနစ္ ၊ သံုးမိနစ္ေလာက္ လမ္းေလွ်ာက္ထြက္ လုိက္ပါ။ လတ္ဆတ္တဲ့ ေလေတြကို ရႈရိႈက္ၿပီး စိမ္းလန္းတဲ့အရာေတြကို ၾကည့္ရႈေပးပါ။ ဒါမွသာ သင့္ဦးေႏွာက္ေရာ ခႏၶာပါ ျပန္လည္လန္းဆန္းမွာျဖစ္ပါတယ္။

(၈)     ႀကံဳႀကိဳက္တဲ့အခါ အျပင္ထြက္စားပါ။
အေျပာင္းအလဲကို မႀကိဳက္တဲ့သူမ်ား ရွိပါသလား ။ အျပင္စာေတြ ထြက္စားတာ က်န္းမာေရးနဲ႕ မညီညြတ္တာမွန္ေပမယ့္ ဒါကသင့္စိတ္ကို ေပ်ာ္ရႊင္ေစတယ္ဆုိရင္ေတာ့ ရံဖန္ရံခါ ထြက္စားပါ။

ဒီအျပဳအမူေလးေတြ သင့္ဆီမွာရွိေအာင္ အေလ့အက်င့္ျပဳလုပ္ေပးမယ္ဆုိရင္ ႀကံဳေတြ႕ရတဲ့ အခက္အခဲေတြနဲ႕ အလုပ္ရဲ႕ ဖိအားေတြကေန မွန္ကန္တဲ့နည္းလမ္းနဲ႕ ရုန္းထြက္ႏုိင္မွာ ေသခ်ာပါတယ္။ ဒါေၾကာင့္ လက္ရွိအသံုးျပဳေနတဲ့ နည္းလမ္းအမွားေတြကို စြန္႕ပစ္လုိက္ပါ။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဒီနေ့ခေတ်မှာ အမျိုးသားအများစုက ရည်ရွယ်ချက်တွေ ကြီးမားလာတတ်ကြတာ သတိထားမိ နေပါတယ်။ ရည်ရွယ်ချက် ကြီးသူတိုင်းအတွက် အခက်အခဲတွေ ၊ ဖိအားတွေကတော့ အနဲနဲ့အများ ကြုံတွေ့ရသူချည်းပါပဲ။ ဒီအခါ အရက် ၊ ဆေးလိပ် ၊ မူးယစ်ဆေး စတာတွေနဲ့ စိတ်ထွက်ပေါက်ရှာမိတာကြောင့် အညွန့်ကျိုးသွားရသူတွေလည်း ဒုနဲ့ဒေးပေါ့။ အောင်မြင်မှု လမ်းစကို စတင်နင်းမိနေချိန်မှာ စနစ်တကျ တည်ဆောက်ထားတဲ့ နေထိုင်မှုပုံစံဆိုတာ အလွန်ပဲ အရေးပါလှ ပါတယ်။ ပြောခဲ့တဲ့ ဖိအားအပြားအများကို ပြန်လည်တွန်းလှန်နိုင်ဖို့ အကောင်းဆုံး စိတ်ထွက်ပေါက်ဆိုတာ ရှာမရဖြစ်နေသူတွေကို အကြံပြုတင်ပြပေးပါရစေ။

(၁)     ခန္ဓာကိုယ် တောင့်တင်းစေတဲ့ လေ့ကျင့်ခန်းများလုပ်ပေးပါ။
Gym မှာ အမြဲတမ်းသွားကစားဖို့ဆိုတာ သိပ်မဆင်မပြေမှန်း သိပါတယ်။ ဒီတော့ တခြား body weight လေ့ကျင့်ခန်းတွေဖြစ်တဲ့ ဘားတန်း ခိုတာ ၊ ဝိတ်မတာတွေနဲ့ ဒိုက်ထိုးတာတွေကလည်း အလားတူ အကျိုးကျေးဇူးတွေ ပေးနိုင်ပြီး သင့်အိမ်မှာပဲ ရေချိုးခန်းမဝင်ခင် အလွယ်တကူ လုပ်နိုင်တာတွေပါ။

(၂)     မိသားစုနဲ့ အချိန်ဖြုန်းပေးပါ။
လက်တော့ပ်တွေနားမှာ အချိန်ကုန်နေမယ့်အစား မိသားစုနဲ့ ဝိုင်းဖွဲ့ပြီး ညစာစားပေးပါ။ ရုံးက သင့်ကို လုံလောက်တဲ့ social life ကို ပေးခဲ့ပြီးပါပြီ။ ဒီတော့ အိမ်ပြန်ရောက်ပြီဆိုရင် လက်တွေ့ဘဝထဲကို ပြန်ဝင်ဖို့ သတိရပါ။

(၃)     ချက်ပြုတ်ပါ။
တစ်ကြိမ်လောက်ပဲ စပြီးချက်ပြုတ်ကြည့်ပါ။ ဘယ်လောက်ထိရောက်တဲ့ ကုထုံးလဲဆိုတာ တွေ့ရပါလိ့မ်မယ်။ ဒါ အမျိုးသားတိုင်း မရှိမဖြစ်တတ်ထားရယ့် ပညာရပ်တစ်ခုလို့လဲ ဆိုနိုင်ပါတယ်။ ခပ်များများ ချက်ထားမယ် ဆိုရင် နောက်နေ့မှာလည်း အိမ်မှာလုပ်တဲ့ အစားအသောက်လေး ထပ်စားလို့ရတာပေါ့။

(၄)     ရေဓါတ်ပြည့်ဝအောင် နေပါ။
 နေ့စဉ် လုံလောက်တဲ့ရေဓါတ် ပမာဏရောက်အောင် သောက်ပေးပါ။ ကုန်ခန်းသွားတဲ့ ချွေးတွေ အတွက် ရေဓါတ်ပြန်လည်ဖြည့်တင်းဖို့ လိုအပ်ပြီး ရေဓါတ်ပြည့်ဝနေရင် သင့်အနေနဲ့ တော်ရုံတန်ရုံဆို တစ်နေ့တာလုံး လန်းဆန်းနေပါလိမ့်မယ်။

(၅)     အပျက်အစီးတွေ ပြုပြင်တဲ့ အကျင့်ကိုမွေးပါ။
အိမ်မှာ ကျိုးနေတဲ့ ခုံအဟောင်းလေးပြင်မယ် ၊ ပျက်နေတဲ့ ကားဘီးလေးလဲမယ် ၊ ကျွမ်းနေတဲ့ မီးချောင်းလေး အသစ်ပြန်တပ်မယ် ။ ဒါတွေဟာ သင့်ကို တခြားကိုအာရုံ မပြန့်လွင့်စေဘဲ စိတ်ဓါတ်အင်အားလဲ များစွာပေး ပါတယ်။ ကောင်းသွားဖို့ထက် လုပ်ဖြစ်နေဖို့က ပိုအရေးကြီးပါတယ်။

(၆)     အသီးများများ စားပေးပါ။
အမျိုးသားတွေက သရေစာ မစားဖြစ်တတ်ကြသလို အသီးတွေလည်း အစားနည်းပါတယ်။ ဒါပေမယ့် အသက်ကို ကယ်တင်နိုင်တဲ့ အရာတွေထဲ အသီးတွေက မရှိမဖြစ်ပါ။ ဒါကြောင့် ကျန်းမာဖို့အတွက် အနည်းဆုံးလိုအပ်တဲ့ အသီးပမာဏလေးကိုတော့ မရှိမဖြစ် စားပေးရပါမယ်။

(၇)     ဖြစ်နိုင်ရင် အလုပ်ကို လမ်းလျှောက်သွားပါ။
အလုပ်မှာ ဖိအားတွေများနေပြီလို့ ခံစားလာရတဲ့အခါ နှစ်မိနစ် ၊ သုံးမိနစ်လောက် လမ်းလျှောက်ထွက် လိုက်ပါ။ လတ်ဆတ်တဲ့ လေတွေကို ရှုရှိုက်ပြီး စိမ်းလန်းတဲ့အရာတွေကို ကြည့်ရှုပေးပါ။ ဒါမှသာ သင့်ဦးနှောက်ရော ခန္ဓာပါ ပြန်လည်လန်းဆန်းမှာဖြစ်ပါတယ်။

(၈)     ကြုံကြိုက်တဲ့အခါ အပြင်ထွက်စားပါ။
အပြောင်းအလဲကို မကြိုက်တဲ့သူများ ရှိပါသလား ။ အပြင်စာတွေ ထွက်စားတာ ကျန်းမာရေးနဲ့ မညီညွတ်တာမှန်ပေမယ့် ဒါကသင့်စိတ်ကို ပျော်ရွှင်စေတယ်ဆိုရင်တော့ ရံဖန်ရံခါ ထွက်စားပါ။

ဒီအပြုအမူလေးတွေ သင့်ဆီမှာရှိအောင် အလေ့အကျင့်ပြုလုပ်ပေးမယ်ဆိုရင် ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ အလုပ်ရဲ့ ဖိအားတွေကနေ မှန်ကန်တဲ့နည်းလမ်းနဲ့ ရုန်းထွက်နိုင်မှာ သေချာပါတယ်။ ဒါကြောင့် လက်ရှိအသုံးပြုနေတဲ့ နည်းလမ်းအမှားတွေကို စွန့်ပစ်လိုက်ပါ။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top