iMyanmarHouse.com - Best Property Website for Myanmar
×

မိတ္ကပ္ လိမ္းမထားေသာ္လည္း ၾကည့္ေကာင္းေစမည့္ နည္းလမ္းမ်ားမိတ္ကပ္ လိမ္းမထားေပမယ့္ မ်က္နွာ အသားအေရ ၾကည္လင္ျပီး ၾကည့္ေကာင္း ေနတယ္ ဆိုရင္ ကိုယ့္ကိုယ္ကိုယ္ အျမဲယံုၾကည္မႈ ရိွေနမွာပါ။ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈရိွရိွ လွပၾကည့္ေကာင္း ေစဖို႔ ေအာက္ပါ နည္းလမ္းမ်ားကို လိုက္နာ သင့္ပါတယ္။

ကိုယ္တြင္းမွ အားျဖည့္ပါ

အသားအေရ တင္းရင္းလွပေစဖို႔ တစ္ညမွာ အိပ္ခ်ိန္ အနည္းဆံုး ရွစ္နာရိွသင့္ပါ။ ၿပီးရင္ ေရကို တစ္ေန႔ ၅ - ၈ ဖန္ခြက္ခန္႔ ေသာက္ပါ။ ဒီနည္းလမ္း ႏွစ္ရပ္စလံုးဟာ မ်က္ဝန္းတစ္ဝိုက္ အ ေရးေၾကာင္း မထင္ဖို႔နဲ႔ မ်က္ကြင္းမညိဳဖို႔ ကာကြယ္ေပးပါတယ္။

တစ္ေန႔နွစ္ၾကိမ္ မ်က္နွာသစ္ပါ

အသားအေရ ထိန္းသိမ္းတာဟာ မိတ္ကပ္မပါဘဲ ၾကည့္ေကာင္းေစမယ့္ အဓိကေသာ့ခ်က္ ျဖစ္ပါတယ္။ မ်က္ႏွာ အသားအေရ လွပၾကည့္ေကာင္းေစဖို႔ အ ေျခခံ အသားအေရ ထိန္းသိမ္းနည္းျဖစ္ တဲ့ မ်က္နွာကို မနက္တစ္ၾကိမ္၊ ညအိပ္ရာဝင္ခါနီး တစ္ၾကိမ္ သန္႔စင္တာ၊ ေန႔လိမ္းခရင္မ္၊ ညလိမ္းခရင္မ္လိမ္းတာ၊ အိုင္းခရင္မ္လိမ္းတာ စတဲ့ နည္းေတြကို ပံုမွန္ လိုက္နာသင့္ပါတယ္။ အသားအ ေရထိန္းသိမ္းရာမွာ ေငြကုန္ေၾကးက်မ မ်ားတဲ့ သခြားသီး၊ ပ်ားရည္၊ ခရမ္းခ်ဥ္ သီး၊ လက္ဖက္အိတ္စတာေတြကို အသံုး ျပဳၿပီး အသားအေရ ထိန္းသင့္ပါတယ္။

မ်က္ခံုးကို ပံုသြင္းပါ

မိတ္ကပ္ လိမ္းမထားလည္း ၾကည့္ေကာင္း ေစဖို႔ရာအတြက္ မ်က္ခံုးကို သပ္သပ္ရပ္ရပ္ျဖစ္ေအာင္ ပံုသြင္းလိုက္ပါ။ ပံုက်က် ရိတ္ထားတဲ့ မ်က္ခံုးေတြက မ်က္ ဝန္းကို ပိုမို လွပေစသလို မ်က္ႏွာပံုစံကို လည္း ပိုမို ၾကည့္ေကာင္းသြားေစပါတယ္။

နွစ္ရက္ျခား တစ္ခါ ေခါင္းေလွ်ာ္ပါ

သင့္ဆံပင္ေတြက အလြယ္တကူ အဆီျပန္တတ္တယ္ဆိုရင္ လ်စ္လ်ဴရႈ မထားပါနဲ႔။ ဆံပင္ေတြကို ေန႔တိုင္း ေခါင္း ေလွ်ာ္ဖို႔လည္း မလိုပါဘူး။ ဆံပင္သားကို မွန္မွန္ ေခါင္းေလွ်ာ္တာ၊ ကြန္ဒီရွင္နာ လိမ္းတာနဲ႔ ေပါင္းတင္ၿပီး သပ္ရပ္ေအာင္ ျပဳျပင္ေပးတာေတြကလည္း သင့္ကို စမတ္ က်ၾကည့္ေကာင္းေစပါတယ္။ ဆံပင္သား ေခ်ာေမြ႕ေတာက္ေျပာင္ေစဖို႔ ေခါင္းေလွ်ာ္ တိုင္း ေရေအးနဲ႔ ေဆးေၾကာေပးပါ။

လိုက္ဖက္ေသာ ဆံပင္ပံုစံ ရိွပါေစ

သင့္မ်က္ႏွာက်ပံုစံ၊ သင့္အလုပ္အ ကိုင္၊ သင္ဝတ္ေနက် အဝတ္အစားေတြ နဲ႔ လိုက္ဖက္မႈ ရွိတဲ့ ဆံပင္ပံုစံ ရွိတာက အၿမဲၾကည့္ေကာင္းေနေစပါတယ္။ ေန႔စဥ္ အဆိုဓာတ္ထိန္း ခရင္မ္နွင့္ ေနကာခရင္မ္ လိမ္းပါ
ေနကာႏိုင္စြမ္းရွိတဲ့ အစိုဓာတ္ထိန္း ခရင္မ္ကို ေန႔စဥ္မွန္မွန္ လိမ္းေပးပါ။ တိမ္ ထူတဲ့ ေန႔နဲ႔ ႏွင္းက်တဲ့ ေန႔ေတြမွာလည္း ခရမ္းလြန္ေရာင္ျခည္ေၾကာင့္ အသားအ ေရ ထိခိုက္မႈ ျဖစ္ေစႏိုင္တဲ့အတြက္ ေနကာ ခရင္မ္ကို လိမ္းဖို႔ မေမ့ပါနဲ႔။

ျပံဳးပါ

ၿပံဳးလိုက္တာေၾကာင့္ ျဖစ္ေပၚလာတဲ့ ေကာင္းမြန္တဲ့ စိတ္ခံစားခ်က္နဲ႔ ကိုယ့္ကိုယ္ ကိုယ္ ယံုၾကည္မႈရွိတဲ့ စိတ္ထားဟာ သင့္ ပင္ကိုအလွကို ပိုမိုေတာက္ပေစပါတယ္။

ၾကယ္စင္


Credit:BY GOOD HEALT

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version
မိတ်ကပ် လိမ်းမထားသော်လည်း ကြည့်ကောင်းစေမည့် နည်းလမ်းများမိတ်ကပ် လိမ်းမထားပေမယ့် မျက်နှာ အသားအရေ ကြည်လင်ပြီး ကြည့်ကောင်း နေတယ် ဆိုရင် ကိုယ့်ကိုယ်ကိုယ် အမြဲယုံကြည်မှု ရှိနေမှာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိ လှပကြည့်ကောင်း စေဖို့ အောက်ပါ နည်းလမ်းများကို လိုက်နာ သင့်ပါတယ်။

ကိုယ်တွင်းမှ အားဖြည့်ပါ

အသားအရေ တင်းရင်းလှပစေဖို့ တစ်ညမှာ အိပ်ချိန် အနည်းဆုံး ရှစ်နာရှိသင့်ပါ။ ပြီးရင် ရေကို တစ်နေ့ ၅ - ၈ ဖန်ခွက်ခန့် သောက်ပါ။ ဒီနည်းလမ်း နှစ်ရပ်စလုံးဟာ မျက်ဝန်းတစ်ဝိုက် အ ရေးကြောင်း မထင်ဖို့နဲ့ မျက်ကွင်းမညိုဖို့ ကာကွယ်ပေးပါတယ်။

တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ပါ

အသားအရေ ထိန်းသိမ်းတာဟာ မိတ်ကပ်မပါဘဲ ကြည့်ကောင်းစေမယ့် အဓိကသော့ချက် ဖြစ်ပါတယ်။ မျက်နှာ အသားအရေ လှပကြည့်ကောင်းစေဖို့ အ ခြေခံ အသားအရေ ထိန်းသိမ်းနည်းဖြစ် တဲ့ မျက်နှာကို မနက်တစ်ကြိမ်၊ ညအိပ်ရာဝင်ခါနီး တစ်ကြိမ် သန့်စင်တာ၊ နေ့လိမ်းခရင်မ်၊ ညလိမ်းခရင်မ်လိမ်းတာ၊ အိုင်းခရင်မ်လိမ်းတာ စတဲ့ နည်းတွေကို ပုံမှန် လိုက်နာသင့်ပါတယ်။ အသားအ ရေထိန်းသိမ်းရာမှာ ငွေကုန်ကြေးကျမ များတဲ့ သခွားသီး၊ ပျားရည်၊ ခရမ်းချဉ် သီး၊ လက်ဖက်အိတ်စတာတွေကို အသုံး ပြုပြီး အသားအရေ ထိန်းသင့်ပါတယ်။

မျက်ခုံးကို ပုံသွင်းပါ

မိတ်ကပ် လိမ်းမထားလည်း ကြည့်ကောင်း စေဖို့ရာအတွက် မျက်ခုံးကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပုံသွင်းလိုက်ပါ။ ပုံကျကျ ရိတ်ထားတဲ့ မျက်ခုံးတွေက မျက် ဝန်းကို ပိုမို လှပစေသလို မျက်နှာပုံစံကို လည်း ပိုမို ကြည့်ကောင်းသွားစေပါတယ်။

နှစ်ရက်ခြား တစ်ခါ ခေါင်းလျှော်ပါ

သင့်ဆံပင်တွေက အလွယ်တကူ အဆီပြန်တတ်တယ်ဆိုရင် လျစ်လျူရှု မထားပါနဲ့။ ဆံပင်တွေကို နေ့တိုင်း ခေါင်း လျှော်ဖို့လည်း မလိုပါဘူး။ ဆံပင်သားကို မှန်မှန် ခေါင်းလျှော်တာ၊ ကွန်ဒီရှင်နာ လိမ်းတာနဲ့ ပေါင်းတင်ပြီး သပ်ရပ်အောင် ပြုပြင်ပေးတာတွေကလည်း သင့်ကို စမတ် ကျကြည့်ကောင်းစေပါတယ်။ ဆံပင်သား ချောမွေ့တောက်ပြောင်စေဖို့ ခေါင်းလျှော် တိုင်း ရေအေးနဲ့ ဆေးကြောပေးပါ။

လိုက်ဖက်သော ဆံပင်ပုံစံ ရှိပါစေ

သင့်မျက်နှာကျပုံစံ၊ သင့်အလုပ်အ ကိုင်၊ သင်ဝတ်နေကျ အဝတ်အစားတွေ နဲ့ လိုက်ဖက်မှု ရှိတဲ့ ဆံပင်ပုံစံ ရှိတာက အမြဲကြည့်ကောင်းနေစေပါတယ်။ နေ့စဉ် အဆိုဓာတ်ထိန်း ခရင်မ်နှင့် နေကာခရင်မ် လိမ်းပါ
နေကာနိုင်စွမ်းရှိတဲ့ အစိုဓာတ်ထိန်း ခရင်မ်ကို နေ့စဉ်မှန်မှန် လိမ်းပေးပါ။ တိမ် ထူတဲ့ နေ့နဲ့ နှင်းကျတဲ့ နေ့တွေမှာလည်း ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအ ရေ ထိခိုက်မှု ဖြစ်စေနိုင်တဲ့အတွက် နေကာ ခရင်မ်ကို လိမ်းဖို့ မမေ့ပါနဲ့။

ပြုံးပါ

ပြုံးလိုက်တာကြောင့် ဖြစ်ပေါ်လာတဲ့ ကောင်းမွန်တဲ့ စိတ်ခံစားချက်နဲ့ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုရှိတဲ့ စိတ်ထားဟာ သင့် ပင်ကိုအလှကို ပိုမိုတောက်ပစေပါတယ်။

ကြယ်စင်


Credit:BY GOOD HEALT



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top