iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးအမ်ားစုဟာ ဗိုက္ေအာင့္ျခင္း အျဖစ္မ်ားပါတယ္။ အမ်ိဳးသမီးေတြမွာျဖစ္တတ္တဲ့ ဗိုက္ေအာင့္ဗိုက္နာျခင္းဟာ ေအာက္ပါအေၾကာင္းရင္း ငါးရပ္ေၾကာင့္ အျဖစ္မ်ားပါတယ္။

၁။ သားအိမ္အတြင္းလႊာ ေနရာလဲႊျခင္း

သားအိမ္တစ္သွ်ဴးေတြနဲ႔တူတဲ့ ဆဲလ္ေတြဟာ ေနရာလဲြမွားတည္ရိွၿပီး ရာသီေသြးဆင္းတုိင္း လုိက္လံကြာက်ေနတာမ်ိဳးပါ။ ခံစားရတတ္ေသာ လကၡဏာမ်ား - ရာသီလာခ်ိန္မွာ ေရာၿပီး ဗိုက္ေအာင့္ျခင္းကို ဆုိးဆုိးရြားရြားခံစားရျခင္း၊ ခါးနဲ႔ေျခေထာက္ အထိနာက်င္ျခင္း ။

၂။ ဆီးအိတ္တာရွည္ေရာင္ရမ္းျခင္း

ဆီးအိတ္ထဲမွာ မၾကာခဏ မသက္မသာျဖစ္ရတဲ့ ခံစားခ်က္မ်ိဳးပါ။ ဘက္တီးရီးယားပိုးေၾကာင့္ မဟုတ္ဘဲ ဆီးအိတ္တာရွည္ ေရာင္ရမ္းတာပါ။ ဆီး မၾကာခဏ သြားခ်င္တာနဲ႔ ဆီးသြားတဲ့အခါ နာက်င္တာေတြကို ခံစားရတတ္ပါတယ္။

၃။ ဝမ္းဗိုက္ေအာက္ပိုင္းရိွ ႂကြက္သားမ်ား နာက်င္ကိုက္ခဲျခင္း

႐ုပ္ပိုင္းနဲ႔ စိတ္ပိုင္းဆိုင္ရာ အေျခအေနႏွစ္ရပ္စလံုးဟာ တင္ပါးဆံုအဂၤါေတြကို ေထာက္ပံ့ေပးထားတဲ့ တင္ပါးဆံုႂကြက္သားေတြအေပၚ နာတာရွည္ ဖိအားသက္ေရာက္ေစႏိုင္ပါတယ္။ ဝမ္းဗိုက္ေအာက္ပိုင္းနာက်င္ျခင္း၊ မိန္းမကိုယ္နာက်င္ျခင္း၊ ပူစပ္ပူေလာင္ျဖစ္ျခင္းနဲ႔ ဆီးႁပြန္နာက်င္ျခင္း ။

၄။ ဝမ္းဗိုက္တြင္း ေသြးေၾကာထံုးျခင္း

ဝမ္းဗိုက္ထဲက ေသြးေၾကာေတြ ထံုးတာေၾကာင့္ နာက်င္မႈ ျဖစ္ေစႏိုင္ပါတယ္။ ေျခေထာက္ေသြးေၾကာထံုးျခင္းလုိပဲ ေသြးျပန္ေၾကာထဲက အဆုိ႔ရွင္ေတြဟာ အားနည္းၿပီး ေသြးစီးဆင္းအားနည္းတာေၾကာင့္ နာက်င္တဲ့ ဖိအားကို ျဖစ္ေစပါတယ္ ဝမ္းဗိုက္ေအာက္ပိုင္းမွာ စူးစူးရွရွေအာင့္ျခင္း၊ နံနက္ခင္းမွာ သိပ္မနာဘဲ တျဖည္းျဖည္း ပိုမိုနာက်င္လာျခင္းၿဖစ္လာၿခင္း ။

၅။ တာရွည္ မိန္းမကိုယ္နာျခင္း

တာရွည္မိန္းမကိုယ္နာတာဟာ ဘာေၾကာင့္ ျဖစ္ရသလဲဆိုတာ ေသခ်ာမသိေသးပါ။ မိႈကူးစက္ပိုးဝင္ျခင္းေၾကာင့္ ျဖစ္ႏိုင္သလို ျမင္းစီးျခင္းနဲ႔ ကေလးေမြးဖြားရာမွ နာ့ဗ္ေၾကာ ထိခုိက္သြားတာေၾကာင့္ ျဖစ္တတ္ပါတယ္။
မိန္းမကိုယ္မွာ တာရွည္နာက်င္မႈ ဒါမွမဟုတ္ သက္သာလုိက္ ျပန္ျဖစ္လုိက္ နာက်င္မႈဟာ တင္ပါးနဲ႔ ေပါင္ရင္းေနရာအထိ ပ်ံ႕ႏွံ႔သြားတတ္ျခင္း၊ ရာသီေသြးထိန္းေတာင့္ထည့္ျခင္း၊ က်ပ္တဲ့ ဂ်င္းေဘာင္းဘီဝတ္ျခင္းနဲ႔ အထုိင္မ်ားျခင္းေတြေၾကာင့္လည္း မိန္းမကိုယ္ နာက်င္တတ္ပါတယ္။


Credit:Mg Mandalay

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အမျိုးသမီးအများစုဟာ ဗိုက်အောင့်ခြင်း အဖြစ်များပါတယ်။ အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ဗိုက်အောင့်ဗိုက်နာခြင်းဟာ အောက်ပါအကြောင်းရင်း ငါးရပ်ကြောင့် အဖြစ်များပါတယ်။

၁။ သားအိမ်အတွင်းလွှာ နေရာလွဲှခြင်း

သားအိမ်တစ်သျှူးတွေနဲ့တူတဲ့ ဆဲလ်တွေဟာ နေရာလွဲမှားတည်ရှိပြီး ရာသီသွေးဆင်းတိုင်း လိုက်လံကွာကျနေတာမျိုးပါ။ ခံစားရတတ်သော လက္ခဏာများ - ရာသီလာချိန်မှာ ရောပြီး ဗိုက်အောင့်ခြင်းကို ဆိုးဆိုးရွားရွားခံစားရခြင်း၊ ခါးနဲ့ခြေထောက် အထိနာကျင်ခြင်း ။

၂။ ဆီးအိတ်တာရှည်ရောင်ရမ်းခြင်း

ဆီးအိတ်ထဲမှာ မကြာခဏ မသက်မသာဖြစ်ရတဲ့ ခံစားချက်မျိုးပါ။ ဘက်တီးရီးယားပိုးကြောင့် မဟုတ်ဘဲ ဆီးအိတ်တာရှည် ရောင်ရမ်းတာပါ။ ဆီး မကြာခဏ သွားချင်တာနဲ့ ဆီးသွားတဲ့အခါ နာကျင်တာတွေကို ခံစားရတတ်ပါတယ်။

၃။ ဝမ်းဗိုက်အောက်ပိုင်းရှိ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း

ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေနှစ်ရပ်စလုံးဟာ တင်ပါးဆုံအင်္ဂါတွေကို ထောက်ပံ့ပေးထားတဲ့ တင်ပါးဆုံကြွက်သားတွေအပေါ် နာတာရှည် ဖိအားသက်ရောက်စေနိုင်ပါတယ်။ ဝမ်းဗိုက်အောက်ပိုင်းနာကျင်ခြင်း၊ မိန်းမကိုယ်နာကျင်ခြင်း၊ ပူစပ်ပူလောင်ဖြစ်ခြင်းနဲ့ ဆီးပြွန်နာကျင်ခြင်း ။

၄။ ဝမ်းဗိုက်တွင်း သွေးကြောထုံးခြင်း

ဝမ်းဗိုက်ထဲက သွေးကြောတွေ ထုံးတာကြောင့် နာကျင်မှု ဖြစ်စေနိုင်ပါတယ်။ ခြေထောက်သွေးကြောထုံးခြင်းလိုပဲ သွေးပြန်ကြောထဲက အဆို့ရှင်တွေဟာ အားနည်းပြီး သွေးစီးဆင်းအားနည်းတာကြောင့် နာကျင်တဲ့ ဖိအားကို ဖြစ်စေပါတယ် ဝမ်းဗိုက်အောက်ပိုင်းမှာ စူးစူးရှရှအောင့်ခြင်း၊ နံနက်ခင်းမှာ သိပ်မနာဘဲ တဖြည်းဖြည်း ပိုမိုနာကျင်လာခြင်းဖြစ်လာခြင်း ။

၅။ တာရှည် မိန်းမကိုယ်နာခြင်း

တာရှည်မိန်းမကိုယ်နာတာဟာ ဘာကြောင့် ဖြစ်ရသလဲဆိုတာ သေချာမသိသေးပါ။ မှိုကူးစက်ပိုးဝင်ခြင်းကြောင့် ဖြစ်နိုင်သလို မြင်းစီးခြင်းနဲ့ ကလေးမွေးဖွားရာမှ နာ့ဗ်ကြော ထိခိုက်သွားတာကြောင့် ဖြစ်တတ်ပါတယ်။
မိန်းမကိုယ်မှာ တာရှည်နာကျင်မှု ဒါမှမဟုတ် သက်သာလိုက် ပြန်ဖြစ်လိုက် နာကျင်မှုဟာ တင်ပါးနဲ့ ပေါင်ရင်းနေရာအထိ ပျံ့နှံ့သွားတတ်ခြင်း၊ ရာသီသွေးထိန်းတောင့်ထည့်ခြင်း၊ ကျပ်တဲ့ ဂျင်းဘောင်းဘီဝတ်ခြင်းနဲ့ အထိုင်များခြင်းတွေကြောင့်လည်း မိန်းမကိုယ် နာကျင်တတ်ပါတယ်။


Credit:Mg Mandalay



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top