iMyanmarHouse.com - Best Property Website for Myanmar
×


နိမိတ္ဖတ္လကၡဏာ ေဗဒပညာနဲ႔ပတ္သတ္ ၿပီးေတာ့ ကြၽန္ေတာ့္ရဲ႕ ေဗဒင္ေဟာလာတဲ့သက္တမ္း တစ္ေလွ်ာက္မွာ ဘယ္အရာမွ အမႈမဲ့ အမွတ္မဲ့မေနဘဲ ေသေသခ်ာခ်ာ ေဟာၾကားရင္း ေလ့လာထားတဲ့ လကၡဏာအေရးအေၾကာင္းေလးေတြကို မွတ္စုမွာ မွတ္တမ္းတင္ထားေလ့ရွိပါတယ္။
အဲဒီမွတ္တမ္းေလးေတြထဲကေနၿပီး လကၡ ဏာကို စိတ္၀င္စားတဲ့ မည္သူမဆို မိမိတို႔ရဲ႕လက္ ေတြျဖန္႔ၾကည့္ရင္း တိုက္ဆိုင္ၾကည့္ႏိုင္ေအာင္ ေရး သားေဖာ္ျပလိုက္ပါတယ္.

နံပါတ္(၁)ပံုမွာ ျပထားတဲ့အတိုင္း အသက္ လမ္းေၾကာင္းကေနၿပီးေတာ့ ေထာင္တက္လာတဲ့ လမ္းေၾကာင္းဟာ အေပၚဘက္မွာ ရွိတဲ့Óာဏ္လမ္း ေၾကာင္းကို သြားထိေနမယ္ဆိုရင္ေတာ့ သင္ဟာ စီးပြားဥစၥာတိုးတက္မယ္၊ အိမ္ႀကီးအိမ္ေကာင္းေတြပိုင္ ဆိုင္ၿပီးေတာ့ တန္ခိုးၾသဇာထက္မယ့္သူ၊ ေနာက္ၿပီး အစိုးရ၀န္ထမ္းဆိုရင္ေတာ့ ရာထူးတက္တာတို႔၊ ဒီ့ အျပင္ မိန္းကေလးေတြ ဆိုရင္ေတာ့ ခင္ပြန္းေကာင္း ေတြရတတ္တယ္ဆိုတဲ့ နိမိတ္ျဖစ္ပါတယ္။

နံပါတ္(၂)ပံုမွာ ျပထားသည့္အတိုင္း လက္ညိႇဳး နဲ႔ လက္ခလယ္ၾကား စေနၿဂိဳဟ္ခံုနဲ႔ ၾကာသပေတး ၿဂိဳဟ္ခံုၾကားမွာ ထင္ရွားတဲ့ ေညာင္ရြက္သဏၭာန္ တစ္ခုေသာ သေကၤတဟာ သင့္ဘ၀မွာ အလွဴအ တန္း ႀကီးႀကီးမားမားေတြ ေပးရႏိုင္တာတို႔၊ ၀န္ထမ္း အႀကီးအကဲမ်ားႏွင့္ ရင္းႏွီးကြၽမ္း၀င္ ခင္မင္မႈရရွိတတ္ တာေတြရဲ႕ နိမိတ္ကို ေဖာ္ေဆာင္တာပဲျဖစ္ပါတယ္။

နံပါတ္(၃)ပံုမွာ ျပထားတဲ့အတိုင္း လက္ခ လယ္ေအာက္ စေနၿဂိဳဟ္ခံုေပၚမွာရွိတဲ့ ကံလမ္း ေၾကာင္းဟာ အသက္လမ္းေၾကာင္းကေနတစ္ဆင့္ Óာဏ္လမ္းေၾကာင္းနဲ႔ ႏွလံုးလမ္းေၾကာင္းကို ျဖတ္ တက္လာၿပီး ယပ္ေတာင္ပံုသဏၭာန္ျဖစ္ေနတာက ေတာ့ အသက္လတ္ပိုင္းေလာက္ကေန စၿပီးေတာ့ စီးပြားေရး အစစအရာရာ အဆင္ေျပလာၿပီး ရာထူး ၾသဇာအာဏာရွိၿပီး ခ်မ္းသာတဲ့သူေတြရဲ႕ အကူအညီ အေထာက္အပံ့ေကာင္းေတြ ရရွိလိမ့္မယ္လို႔ နိမိတ္ ျပေနျခင္းပဲျဖစ္တယ္။

နံပါတ္(၄)ပံုမွာျပထားသည့္အတိုင္း လက္ညိႇဳး နဲ႔ လက္ခလယ္ထိပ္ေတြမွာ ခံုးေဗြ(ေခၚ) ေခါင္အုပ္ေဗြ ရွိေနတာဟာ အႏုပညာ၊ အလွပညာ ဆိုင္ရာ အလုပ္ မ်ားနဲ႔ အက်ဳိးေပး ေအာင္ျမင္မယ္ဆိုတဲ့ နိမိတ္ပံုျဖစ္ ေပတယ္။

နံပါတ္(၅)ပံုမွာျပထားသည့္အတိုင္း ႏွလံုး လမ္းေၾကာင္းေပၚကေန စတင္ထြက္လာတဲ့ လက္သူ <ကယ္ေအာက္ စေနၿဂိဳဟ္ခံုေပၚမွာ ေအာင္ျမင္ေရး လမ္းေၾကာင္း ထြက္လာၿပီး ေဘးမွာ အေထာက္အကူ လမ္းေၾကာင္းေတြနဲ႔အတူ ထိပ္ေပၚမွာ ၾကာဖူးပံု ေက်ာက္မ်က္ရတနာသေကၤတေလး ရွိေနရင္ေတာ့ သင္ဟာ ေက်ာက္မ်က္ရတနာ ေရႊလုပ္ငန္းမ်ားျဖင့္ ႀကီးပြားေအာင္ျမင္ကာ ေအာင္ျမင္ေနေသာသူမ်ားႏွင့္ လက္တြဲလုပ္ေဆာင္ရမယ္ဆိုတဲ့ နိမိတ္ပဲျဖစ္ပါတယ္။

နံပါတ္(၆)ပံုမွာျပထားသည့္အတိုင္း လက္သန္း ေအာက္ ဗုဒၶဟူးၿဂိဳဟ္ခံုေပၚမွာ ႏွလံုးလမ္းေၾကာင္း ေပၚကစၿပီး က်န္းမာေရးလမ္းေၾကာင္း ထြက္ေပၚလာ ၿပီး ေဒါင္လိုက္မ်ဥ္းကို ခပ္ေစြေစြမ်ဥ္းတစ္ခု ျဖတ္ထား ရင္ေတာ့ ႏွလံုးႏွင့္ပတ္သတ္ၿပီး က်န္းမာေရးထိခိုက္ ၿပီး အလုပ္ေတြမွာ သူတစ္ပါးရဲ႕ ႐ုတ္တရက္ အလိမ္ ခံရျခင္းေတြ ႀကံဳေတြ႕ရမယ့္ နိမိတ္ျဖစ္ပါတယ္။

နံပါတ္(၇)ပံုမွာျပထားသည့္အတိုင္း Óာဏ္ လမ္းေၾကာင္းနဲ႔ ႏွလံုးသားလမ္းေၾကာင္း အလယ္မွာ စတုဂံလြင္ျပင္မွ ဗိမာန္သေကၤတရွိေနမယ္ဆိုရင္ေတာ့ သင္ဟာ အိုးအိမ္ၿခံေျမတိုက္တာ၊ ယာဥ္ရထားေတြ ပိုင္ဆိုင္ႏိုင္ၿပီး ေက်ာင္းဇရပ္စတဲ့ သာသနိက အ ေဆာက္အအုံေတြကို လွဴဒါန္းႏိုင္မယ္ဆိုတဲ့ နိမိတ္ ျဖစ္ပါတယ္။

နံပါတ္(၈)ပံုမွာျပထားသည့္အတိုင္းÓာဏ္လမ္း ေၾကာင္းဟာ တနလၤာၿဂိဳဟ္ခံုဘက္မွာ ငါး႐ုပ္ပံုသဏၭာန္ သေကၤတရွိေနတာဟာျဖင့္ သင္ဟာ ေရထြက္ကုန္၊ တြင္းထြက္ပစၥည္းစတာေတြနဲ႔ အက်ဳိးေပးမယ့္ နိမိတ္ ျဖစ္ပါတယ္။

နံပါတ္(၉)ပံုမွာျပထားသည့္အတိုင္း လက္ ဖေနာင့္စြန္းမွာ ေဒါင္လိုက္မ်ဥ္းေတြ ခပ္ေစာင္းေစာင္း ျဖစ္ေပၚေနမယ္ဆိုရင္ သင္ဟာ ျပည္တြင္း ျပည္ပ ခရီးေတြ သြားရတာေတြ မၾကာခဏ လုပ္ရမယ့္နိမိတ္ ျဖစ္ပါေတာ့တယ္။


Credit:ေအာင္ခိုင္ေမာ္


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

 နိမိတ်ဖတ်လက္ခဏာ ဗေဒပညာနဲ့ပတ်သတ် ပြီးတော့ ကျွန်တော့်ရဲ့ ဗေဒင်ဟောလာတဲ့သက်တမ်း တစ်လျှောက်မှာ ဘယ်အရာမှ အမှုမဲ့ အမှတ်မဲ့မနေဘဲ သေသေချာချာ ဟောကြားရင်း လေ့လာထားတဲ့ လက္ခဏာအရေးအကြောင်းလေးတွေကို မှတ်စုမှာ မှတ်တမ်းတင်ထားလေ့ရှိပါတယ်။
အဲဒီမှတ်တမ်းလေးတွေထဲကနေပြီး လက္ခ ဏာကို စိတ်ဝင်စားတဲ့ မည်သူမဆို မိမိတို့ရဲ့လက် တွေဖြန့်ကြည့်ရင်း တိုက်ဆိုင်ကြည့်နိုင်အောင် ရေး သားဖော်ပြလိုက်ပါတယ်.

နံပါတ်(၁)ပုံမှာ ပြထားတဲ့အတိုင်း အသက် လမ်းကြောင်းကနေပြီးတော့ ထောင်တက်လာတဲ့ လမ်းကြောင်းဟာ အပေါ်ဘက်မှာ ရှိတဲ့Óာဏ်လမ်း ကြောင်းကို သွားထိနေမယ်ဆိုရင်တော့ သင်ဟာ စီးပွားဥစ္စာတိုးတက်မယ်၊ အိမ်ကြီးအိမ်ကောင်းတွေပိုင် ဆိုင်ပြီးတော့ တန်ခိုးသြဇာထက်မယ့်သူ၊ နောက်ပြီး အစိုးရဝန်ထမ်းဆိုရင်တော့ ရာထူးတက်တာတို့၊ ဒီ့ အပြင် မိန်းကလေးတွေ ဆိုရင်တော့ ခင်ပွန်းကောင်း တွေရတတ်တယ်ဆိုတဲ့ နိမိတ်ဖြစ်ပါတယ်။

နံပါတ်(၂)ပုံမှာ ပြထားသည့်အတိုင်း လက်ညှိုး နဲ့ လက်ခလယ်ကြား စနေဂြိုဟ်ခုံနဲ့ ကြာသပတေး ဂြိုဟ်ခုံကြားမှာ ထင်ရှားတဲ့ ညောင်ရွက်သဏ္ဌာန် တစ်ခုသော သင်္ကေတဟာ သင့်ဘဝမှာ အလှူအ တန်း ကြီးကြီးမားမားတွေ ပေးရနိုင်တာတို့၊ ဝန်ထမ်း အကြီးအကဲများနှင့် ရင်းနှီးကျွမ်းဝင် ခင်မင်မှုရရှိတတ် တာတွေရဲ့ နိမိတ်ကို ဖော်ဆောင်တာပဲဖြစ်ပါတယ်။

နံပါတ်(၃)ပုံမှာ ပြထားတဲ့အတိုင်း လက်ခ လယ်အောက် စနေဂြိုဟ်ခုံပေါ်မှာရှိတဲ့ ကံလမ်း ကြောင်းဟာ အသက်လမ်းကြောင်းကနေတစ်ဆင့် Óာဏ်လမ်းကြောင်းနဲ့ နှလုံးလမ်းကြောင်းကို ဖြတ် တက်လာပြီး ယပ်တောင်ပုံသဏ္ဌာန်ဖြစ်နေတာက တော့ အသက်လတ်ပိုင်းလောက်ကနေ စပြီးတော့ စီးပွားရေး အစစအရာရာ အဆင်ပြေလာပြီး ရာထူး သြဇာအာဏာရှိပြီး ချမ်းသာတဲ့သူတွေရဲ့ အကူအညီ အထောက်အပံ့ကောင်းတွေ ရရှိလိမ့်မယ်လို့ နိမိတ် ပြနေခြင်းပဲဖြစ်တယ်။

နံပါတ်(၄)ပုံမှာပြထားသည့်အတိုင်း လက်ညှိုး နဲ့ လက်ခလယ်ထိပ်တွေမှာ ခုံးဗွေ(ခေါ်) ခေါင်အုပ်ဗွေ ရှိနေတာဟာ အနုပညာ၊ အလှပညာ ဆိုင်ရာ အလုပ် များနဲ့ အကျိုးပေး အောင်မြင်မယ်ဆိုတဲ့ နိမိတ်ပုံဖြစ် ပေတယ်။

နံပါတ်(၅)ပုံမှာပြထားသည့်အတိုင်း နှလုံး လမ်းကြောင်းပေါ်ကနေ စတင်ထွက်လာတဲ့ လက်သူ <ကယ်အောက် စနေဂြိုဟ်ခုံပေါ်မှာ အောင်မြင်ရေး လမ်းကြောင်း ထွက်လာပြီး ဘေးမှာ အထောက်အကူ လမ်းကြောင်းတွေနဲ့အတူ ထိပ်ပေါ်မှာ ကြာဖူးပုံ ကျောက်မျက်ရတနာသင်္ကေတလေး ရှိနေရင်တော့ သင်ဟာ ကျောက်မျက်ရတနာ ရွှေလုပ်ငန်းများဖြင့် ကြီးပွားအောင်မြင်ကာ အောင်မြင်နေသောသူများနှင့် လက်တွဲလုပ်ဆောင်ရမယ်ဆိုတဲ့ နိမိတ်ပဲဖြစ်ပါတယ်။

နံပါတ်(၆)ပုံမှာပြထားသည့်အတိုင်း လက်သန်း အောက် ဗုဒ္ဓဟူးဂြိုဟ်ခုံပေါ်မှာ နှလုံးလမ်းကြောင်း ပေါ်ကစပြီး ကျန်းမာရေးလမ်းကြောင်း ထွက်ပေါ်လာ ပြီး ဒေါင်လိုက်မျဉ်းကို ခပ်စွေစွေမျဉ်းတစ်ခု ဖြတ်ထား ရင်တော့ နှလုံးနှင့်ပတ်သတ်ပြီး ကျန်းမာရေးထိခိုက် ပြီး အလုပ်တွေမှာ သူတစ်ပါးရဲ့ ရုတ်တရက် အလိမ် ခံရခြင်းတွေ ကြုံတွေ့ရမယ့် နိမိတ်ဖြစ်ပါတယ်။

နံပါတ်(၇)ပုံမှာပြထားသည့်အတိုင်း Óာဏ် လမ်းကြောင်းနဲ့ နှလုံးသားလမ်းကြောင်း အလယ်မှာ စတုဂံလွင်ပြင်မှ ဗိမာန်သင်္ကေတရှိနေမယ်ဆိုရင်တော့ သင်ဟာ အိုးအိမ်ခြံမြေတိုက်တာ၊ ယာဉ်ရထားတွေ ပိုင်ဆိုင်နိုင်ပြီး ကျောင်းဇရပ်စတဲ့ သာသနိက အ ဆောက်အအုံတွေကို လှူဒါန်းနိုင်မယ်ဆိုတဲ့ နိမိတ် ဖြစ်ပါတယ်။

နံပါတ်(၈)ပုံမှာပြထားသည့်အတိုင်းÓာဏ်လမ်း ကြောင်းဟာ တနင်္လာဂြိုဟ်ခုံဘက်မှာ ငါးရုပ်ပုံသဏ္ဌာန် သင်္ကေတရှိနေတာဟာဖြင့် သင်ဟာ ရေထွက်ကုန်၊ တွင်းထွက်ပစ္စည်းစတာတွေနဲ့ အကျိုးပေးမယ့် နိမိတ် ဖြစ်ပါတယ်။

နံပါတ်(၉)ပုံမှာပြထားသည့်အတိုင်း လက် ဖနောင့်စွန်းမှာ ဒေါင်လိုက်မျဉ်းတွေ ခပ်စောင်းစောင်း ဖြစ်ပေါ်နေမယ်ဆိုရင် သင်ဟာ ပြည်တွင်း ပြည်ပ ခရီးတွေ သွားရတာတွေ မကြာခဏ လုပ်ရမယ့်နိမိတ် ဖြစ်ပါတော့တယ်။


Credit:အောင်ခိုင်မော်



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top