iMyanmarHouse.com - Best Property Website for Myanmar
×


သခွားသီး - တခြမ်း
ရှောက်သီး - တခြမ်း
တရုတ် နံနံ - နှစ်စည်း
ဂျင်း - တဇွန်း
ရေ - ခွက် သုံးပုံတပုံစာ



ဘိုင့်...ဘိုင့်...



Unicode Version

မိန်းကလေးတွေရဲ့ အဓိကရန်သူက ခါးအဆီတွေ ဖြစ်ပါတယ်။ ခါးအဆီပျောက်နည်း များစွာရှိမယ်။ ဒီထဲက အလွန်သိသာတဲ့နည်းက သခွားသီးနဲ့ တရုတ်နံနံကို သုံးပြီး ခါးအဆီဖယ်ရှားတဲ့နည်းဖြစ်တယ်။ သခွားသီးက အဆိပ်အတောက်ဖယ်ရှားရာမှာ အသုံးဝင်တယ်။ အရေပြား pH ကို မှန်စေတယ်။တရုတ်နံနံက အဆီပိုဖယ်ရှားရာမှာ အစွမ်းထက်တယ်။ အထူးသဖြင့် ခါးအဆီတွေဖြစ်တယ်။

သခွားသီး - တခြမ်း
ရှောက်သီး - တခြမ်း
တရုတ် နံနံ - နှစ်စည်း
ဂျင်း - တဇွန်း
ရေ - ခွက် သုံးပုံတပုံစာ

သခွားသီးတခြမ်းကို ယူပြီး blenderထဲထည့်ပြီး လှည့်ပါ။ ရှောက်သီးတခြမ်းကို ယူပြီး အရည်ညှစ်ပါ။ ဂျင်းလက်တဆစ်စာကို ယူပြီး ညက်အောင်ထောင်းပါ။ ပြီးရင် တရုတ်နံနံကို ခပ်သေးသေး လှီးပြီး ထပ်ထည့်ပါ။ အဆိုပါပစ္စည်းတွေကို ရေနဲ့ရောပါ။ ပြီးရင် မနက်အိပ်ရာထ တကြိမ်၊ ည မအိပ်ခင်တကြိမ် နှစ်ကြိမ် သောက်ရမယ်။ ရှောက်သီးရဲ့ အချဉ်ဓာတ်ကို သခွားသီးက ချေဖျက်ပေးမယ်။ ဒါ့ကြောင့် အစာအိမ်ရှိသူတွေနဲ့လည်း သင့်တော်တယ်။

နာမည်ကြီး နိုင်ငံခြားမော်ဒယ်တယောက်ကတော့ ဒီနည်းသုံးပြီး တလအတွင်း ပေါင်(၂၀)ကျော် ကျဆင်းသွားတယ်လို့ ဆိုထားတယ်။

ကျတော်တို့လည်း ခါးအဆီတွေကို ဒီနည်းနဲ့ နှုတ်ဆက်လိုက်ရအောင်...။
ဘိုင့်...ဘိုင့်...

Credit:ဒေါက်တာ အေးမင်းထူး

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top