iMyanmarHouse.com - Best Property Website for Myanmar
×

သင္အႏွစ္သက္ဆံုးမ်က္ေတာင္တုေလးေတြကို ျပန္သံုးလို႕ရတယ္ ဆိုတာ သင္ၾကားဖူးပါသလား။ ဒါေပမယ့္ ဘယ္ႏွစ္ၾကိမ္ေလာက္ျပန္သံုးလို႕ရလဲ။ အႏၱရာယ္ကင္းရဲ႕လား အစရွိတဲ့ ေမးခြန္းေျမာက္မ်ားစြာ ရွိေနပါတယ္။ အတိုခ်ံဳး ေျပာရရင္ မ်က္ေတာင္တုေတြကို ျပန္လည္ အသံုးျပဳႏိုင္တာ္ဆိုတာ မွန္ပါတယ္။ ဒါေပမယ့္ ျပန္အသံုးျပဳဖို႔နည္းလမ္ဆိုတာက သင္ ဘယ္ေလာက္ သန္႔ရွင္းေရးလုပ္ထားလဲ ၊ ဘယ္ေလာက္ ဂ႐ုစိုက္လဲ ဆိုတာေပၚ မူတည္ပါတယ္။

မိတ္ကပ္ပညာရွင္ အာလန္ အဗန္ဒါနို က ဂီဂီ ဟာဒစ္ နဲ႔ ခရစ္ဆီ တိုင္ဂန္ အပါအ၀င္ သူ ျပင္ေပးေနက် သူ ေတြ အတြက္ မ်က္ေတာင္တုေတြကို တစ္ႀကိမ္ၿပီးတစ္ႀကိမ္ ျပန္မသံုးေပးေပမယ့္ အဲ့ဒါေတြနဲ႔ ပတ္သတ္ၿပီး သင္အပူတျပင္း လိုက္လံရွာေဖြေနတဲ့ နည္းလမ္းတစ္ခု ဒါမွမဟုတ္ ၂ ခု ေလာက္ကို ေတာ့ သူေသခ်ာသိပါတယ္။ ဒါေၾကာင့္ သင့္ရဲ႕ မ်က္ေတာင္တုေတြကို နဂိုအေျခအေနမပ်က္ သိမ္းဆည္းဖို႕ နည္းလမ္းေလးေတြ သူ႕ကို ေမးၾကည့္ရေအာင္။

ပံုမွန္ မ်က္ေတာင္တုေတြကေတာ့ ဂ႐ုတစိုက္သံုးမယ္ဆို အနည္းဆံုး ၄ ႀကိမ္ ၅ ႀကိမ္ေလာက္ေတာ့ ျပန္သံုးႏုိင္ပါတယ္။ အထူသားေတြကေတာ့ သံုးလို႔မရေလာက္ေအာင္ ပ်က္စီးသြားတဲ့အထိ သံုးနိုင္ပါတယ္လို႔ သူက ဆိုပါတယ္။ ပထမဆံုးအေနနဲ႔ သူတို႕ကို သင့္ေတာ္စြာ ျဖဳတ္တတ္ဖို႕လိုအပ္ပါတယ္။ Individual ကို အသံုးျပဳတာပဲ ျဖစ္ျဖစ္ အျပည့္သံုးတာပဲ ျဖစ္ျဖစ္ အဗန္ဒါႏိုက မ်က္ေတာင္တုေတြ ကို ျဖဳတ္တဲ့အခါ ပ်က္စီးေစႏိုင္တဲ့ ဇာကနာ အစား လက္ေခ်ာင္းေလးေတြကို အသံုးျပဳဖို႕ အၾကံေပးထားပါတယ္။ အကယ္၍ အျပည့္ပါတဲ့ Strip Lashes ေတြ ကို သံုးမယ္ဆိုရင္ အျပင္ဘက္ေထာင့္ကေန အတြင္းဘက္ေထာင့္ထိ ဆြဲျဖဳတ္ပစ္ပါ။ လို႕ ေျပာပါတယ္။ Individual ေတြ သံုးမယ္ ဆိုရင္ေတာ့ လက္ေတြ အကုန္သံုးၿပီး ျဖဳတ္မပစ္ဖို႕မွာထားပါတယ္။ ဒါဟာ မ်က္ေတာင္တုေတြကို ပ်က္စီးေစႏိုင္ပါတယ္။ ေနာက္ၿပီး အသစ္လုိ ပံုစံ ျပန္ရေတာ့မွာလည္း မဟုတ္ပါဘူး။

ေနာက္တစ္နည္းကေကာ္ေတြကို ဖယ္ထုတ္ပစ္တာပါ။ မ်က္လံုးကေန ေကာ္ေတြပိတ္တာကို ဖတ္ထုတ္တဲ့အခါ တခါတရံေတာ့ လြယ္ကူႏိုင္ပါတယ္။ ဒါေပမယ့္ မလြယ္ကူတဲ့အခါမွာလည္း စိတ္ရွည္ဖို႔လိုပါတယ္။ ေကာ္ေတြကို ဖယ္ရွားဖို႔အတြက္ ဇာဂနာနဲ႔လက္ေခ်ာင္းေတြကို အသံုးျပဳျပီးေတာ့ အတင္းအၾကပ္ျပဳလုပ္တာထက္စာရင္ နဲနဲခ်င္းစီကိုျဖည္းျဖည္းခ်င္းဖယ္ရွားတာက ပိုေကာင္းပါတယ္။ အဗန္ဒါႏိုက မ်က္ေတာင္ေတြကိုလက္ေခ်ာင္းေတြ ၾကားမွာကိုင္ထားျပီးေတာ့ ျဖည္းျဖည္းခ်င္းအဆံုးထိလိမ္လိုက္ျပီးေကာ္ေတြ မကပ္ေအာင္ျပဳလုပ္နိုင္တယ္လို႔အၾကံျပဳထားပါတယ္။

ေနာက္ဆံုးမွာေတာ့ မ်က္ေတာင္ေကာ့ေဆးအၾကြင္းအက်န္ေတြကိုသန္႔ရွင္းပစ္ဖို႔လိုပါတယ္။ “ တစ္ရွဴးကိုယူျပီး မ်က္ေတာင္တု ကိုတင္လိုက္ပါ။ Q-Tips ကိုမိတ္ကပ္ဖ်က္ေဆး ထဲကိုေျဖးေျဖးထည့္ျပီးမ်က္ေတာင္ေကာ့ေဆးေတြကို ဖ်က္နိုင္ပါတယ္။”လို႔ သူကေျပာထားပါတယ္။ ”မိတ္ကပ္ေတြအကုန္လံုးပ်က္သြားတဲ့ထိ ခဏခဏ လုပ္ပါ။ တစ္ရွဴးနဲ႔ေျခာက္ေအာင္သုတ္ပါ။ ေအး၍ေျခာက္ေသြ႕ေသာေနရာမွာ ဗူးကိုသိမ္းဆည္းပါ” ေနပူေနတဲ့တစ္ရက္မွာ ဗူးအခ်ိဳ႕ကိုကားထဲမွာမေတာ္ တဆထားခဲ့မိလို႔ အပူရွိန္ေၾကာင့္ပံုပ်က္သြားခဲ့ဖူးတယ္လို႔လည္း အဗန္ဒါႏို က၀န္ခံေျပာျပထားပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သင်အနှစ်သက်ဆုံးမျက်တောင်တုလေးတွေကို ပြန်သုံးလို့ရတယ် ဆိုတာ သင်ကြားဖူးပါသလား။ ဒါပေမယ့် ဘယ်နှစ်ကြိမ်လောက်ပြန်သုံးလို့ရလဲ။ အန္တရာယ်ကင်းရဲ့လား အစရှိတဲ့ မေးခွန်းမြောက်များစွာ ရှိနေပါတယ်။ အတိုချုံး ပြောရရင် မျက်တောင်တုတွေကို ပြန်လည် အသုံးပြုနိုင်တာ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ပြန်အသုံးပြုဖို့နည်းလမ်ဆိုတာက သင် ဘယ်လောက် သန့်ရှင်းရေးလုပ်ထားလဲ ၊ ဘယ်လောက် ဂရုစိုက်လဲ ဆိုတာပေါ် မူတည်ပါတယ်။

မိတ်ကပ်ပညာရှင် အာလန် အဗန်ဒါနို က ဂီဂီ ဟာဒစ် နဲ့ ခရစ်ဆီ တိုင်ဂန် အပါအဝင် သူ ပြင်ပေးနေကျ သူ တွေ အတွက် မျက်တောင်တုတွေကို တစ်ကြိမ်ပြီးတစ်ကြိမ် ပြန်မသုံးပေးပေမယ့် အဲ့ဒါတွေနဲ့ ပတ်သတ်ပြီး သင်အပူတပြင်း လိုက်လံရှာဖွေနေတဲ့ နည်းလမ်းတစ်ခု ဒါမှမဟုတ် ၂ ခု လောက်ကို တော့ သူသေချာသိပါတယ်။ ဒါကြောင့် သင့်ရဲ့ မျက်တောင်တုတွေကို နဂိုအခြေအနေမပျက် သိမ်းဆည်းဖို့ နည်းလမ်းလေးတွေ သူ့ကို မေးကြည့်ရအောင်။

ပုံမှန် မျက်တောင်တုတွေကတော့ ဂရုတစိုက်သုံးမယ်ဆို အနည်းဆုံး ၄ ကြိမ် ၅ ကြိမ်လောက်တော့ ပြန်သုံးနိုင်ပါတယ်။ အထူသားတွေကတော့ သုံးလို့မရလောက်အောင် ပျက်စီးသွားတဲ့အထိ သုံးနိုင်ပါတယ်လို့ သူက ဆိုပါတယ်။ ပထမဆုံးအနေနဲ့ သူတို့ကို သင့်တော်စွာ ဖြုတ်တတ်ဖို့လိုအပ်ပါတယ်။ Individual ကို အသုံးပြုတာပဲ ဖြစ်ဖြစ် အပြည့်သုံးတာပဲ ဖြစ်ဖြစ် အဗန်ဒါနိုက မျက်တောင်တုတွေ ကို ဖြုတ်တဲ့အခါ ပျက်စီးစေနိုင်တဲ့ ဇာကနာ အစား လက်ချောင်းလေးတွေကို အသုံးပြုဖို့ အကြံပေးထားပါတယ်။ အကယ်၍ အပြည့်ပါတဲ့ Strip Lashes တွေ ကို သုံးမယ်ဆိုရင် အပြင်ဘက်ထောင့်ကနေ အတွင်းဘက်ထောင့်ထိ ဆွဲဖြုတ်ပစ်ပါ။ လို့ ပြောပါတယ်။ Individual တွေ သုံးမယ် ဆိုရင်တော့ လက်တွေ အကုန်သုံးပြီး ဖြုတ်မပစ်ဖို့မှာထားပါတယ်။ ဒါဟာ မျက်တောင်တုတွေကို ပျက်စီးစေနိုင်ပါတယ်။ နောက်ပြီး အသစ်လို ပုံစံ ပြန်ရတော့မှာလည်း မဟုတ်ပါဘူး။

နောက်တစ်နည်းကကော်တွေကို ဖယ်ထုတ်ပစ်တာပါ။ မျက်လုံးကနေ ကော်တွေပိတ်တာကို ဖတ်ထုတ်တဲ့အခါ တခါတရံတော့ လွယ်ကူနိုင်ပါတယ်။ ဒါပေမယ့် မလွယ်ကူတဲ့အခါမှာလည်း စိတ်ရှည်ဖို့လိုပါတယ်။ ကော်တွေကို ဖယ်ရှားဖို့အတွက် ဇာဂနာနဲ့လက်ချောင်းတွေကို အသုံးပြုပြီးတော့ အတင်းအကြပ်ပြုလုပ်တာထက်စာရင် နဲနဲချင်းစီကိုဖြည်းဖြည်းချင်းဖယ်ရှားတာက ပိုကောင်းပါတယ်။ အဗန်ဒါနိုက မျက်တောင်တွေကိုလက်ချောင်းတွေ ကြားမှာကိုင်ထားပြီးတော့ ဖြည်းဖြည်းချင်းအဆုံးထိလိမ်လိုက်ပြီးကော်တွေ မကပ်အောင်ပြုလုပ်နိုင်တယ်လို့အကြံပြုထားပါတယ်။

နောက်ဆုံးမှာတော့ မျက်တောင်ကော့ဆေးအကြွင်းအကျန်တွေကိုသန့်ရှင်းပစ်ဖို့လိုပါတယ်။ “ တစ်ရှူးကိုယူပြီး မျက်တောင်တု ကိုတင်လိုက်ပါ။ Q-Tips ကိုမိတ်ကပ်ဖျက်ဆေး ထဲကိုဖြေးဖြေးထည့်ပြီးမျက်တောင်ကော့ဆေးတွေကို ဖျက်နိုင်ပါတယ်။”လို့ သူကပြောထားပါတယ်။ ”မိတ်ကပ်တွေအကုန်လုံးပျက်သွားတဲ့ထိ ခဏခဏ လုပ်ပါ။ တစ်ရှူးနဲ့ခြောက်အောင်သုတ်ပါ။ အေး၍ခြောက်သွေ့သောနေရာမှာ ဗူးကိုသိမ်းဆည်းပါ” နေပူနေတဲ့တစ်ရက်မှာ ဗူးအချို့ကိုကားထဲမှာမတော် တဆထားခဲ့မိလို့ အပူရှိန်ကြောင့်ပုံပျက်သွားခဲ့ဖူးတယ်လို့လည်း အဗန်ဒါနို ကဝန်ခံပြောပြထားပါတယ်။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top