iMyanmarHouse.com - Best Property Website for Myanmar
×

သူငယ္ခ်င္းဆက္ဆံေရးဆုိတာကလည္း ရည္းစားခ်စ္သူဆက္ဆံေရးလို ေရရွည္တည္တံ့ဖို႔ မလြယ္ပါဘူး။ အက်င့္တူ၊ ဝါသနာတူ၊စိတ္ဓာတ္ေတြတူျပီး သည္းခံေပါင္းႏုိင္မွပါ။ ခ်စ္တဲ့သူငယ္ခ်င္းေတြၾကေတာ့လည္း ရည္းစားထက္ကို ပိုခ်စ္ၾကပါတယ္။ ဘယ္ေလာက္ပဲ ခ်စ္ခ်စ္ သူငယ္ခ်င္းေတြ ေျပာရမွာေၾကာက္တဲ့ စကားေတြရွိပါတယ္။ ဒီထဲကမွ အားလံုးတူညီႏိုင္မယ့္ (၅) ခုေလာက္ကို ေဖာ္ျပေပးလိုက္ပါတယ္။

၁ - ေတာ္ေတာ္ျငီးျငဴတတ္တာပဲ

အျပင္မွာ ပူလိုက္တာ၊ အသုပ္က ငန္သလိုပဲ၊ ကားေတြက ၾကပ္လိုက္တာ၊ အိမ္မွာ နားၾကပ္က်န္ခဲ့တာ ေတာ္ေတာ္ဆိုးတာပဲ စသျဖင့္ အျမဲတမ္းျငီးျငဴေနတဲ့အခါ သူ႔ဘက္က အျမဲတမ္းျငီးျငဴေနတာပဲလို႔ ေျပာခ်င္ပါတယ္။ ဒါေပမဲ့ သင့္ျငီးျငဴမႈဟာ သူ႔ဘက္လွည့္လာမွာ စိုးတာေၾကာင့္ ဒီလို ေျပာမွာ မဟုတ္ပါဘူး။ ေခါင္းေလးျငိမ့္ျပတာ ၊ အျပံဳးေလး ျပံဳးျပတာမ်ိဳးေလာက္ပဲ လုပ္ပါလိမ့္မယ္။ အရမ္းၾကီးဆုိးလာရင္ေတာ့ သင့္ကို မသိခ်င္ေယာင္ေဆာင္ေနတာမ်ိဳးပဲ လုပ္ပါလိမ့္မယ္။

၂ - လက္ေဆာင္

လက္ေဆာင္ေပးတဲ့အခါ ေပးတဲ့လက္ေဆာင္ကို မၾကိဳက္ဘူးလို႔ သင့္ကို ေျပာမွာမဟုတ္ပါဘူး။ အသံုးမဝင္ဘူး၊ အပိုသက္သက္ျဖစ္ေနတယ္ဆိုတာမိ်ဳး ေျပာမွာ မဟုတ္ပါဘူး။ ၾကိဳက္သလို၊ သေဘာက်သလို ဟန္ေဆာင္ေနတတ္ပါတယ္။ ေပါင္းလာတာ ၾကာျပီျဖစ္တဲ့ သူငယ္ခ်င္းတစ္ေယာက္အေနနဲ႔ ဘာအသံုးဝင္မလဲဆိုတာ သိသင့္တယ္လို႔ ထင္ေပမဲ့ ပါးစပ္ကေတာ့ ထုတ္ေျပာမွာ မဟုတ္ပါဘူး။


၃ - ဘာေတြတင္မွန္းမသိဘူး

ေဖ့စ္ဘြတ္ေပၚ ဘာပို႔စ္ေတြ တင္မွန္းမသိဘူးလို႔ ေျပာမွာ မဟုတ္ပါဘူး။ ပံုတင္ရင္ လိုက္ေပးရမယ္ဆိုတာ သိပါတယ္။ ဒါေပမဲ့ ေန႔စဥ္ ပံု ၇ ပံုေလာက္တင္ေနတာ၊ ပရိုဖိုင္ပံု ခဏခဏ ေျပာင္းတာေတြက ေထာက္ခံေပးဖို႔ ခက္ခဲပါတယ္။ ေန႔စဥ္အသဲကြဲပို႔စ္ေတြ တင္ျပီး အသည္းကြဲေနရတဲ့အေၾကာင္းအရင္းကိုလည္း နားမလည္ႏုိင္ေပမဲ့ သူငယ္ခ်င္းကို ဖြင့္ေျပာမွာ မဟုတ္ပါဘူး။

 ၄ - ျဖတ္သင့္တယ္

သင့္ရည္စားက ႏွိပ္စက္တယ္၊ သင့္အေပၚမေကာင္းဘူးဆိုတာ သိတဲ့အျပင္ တကယ္ၾကိဳက္လို႔တြဲေနတာမဟုတ္ဘူးဆိုတာကိုေတာင္ သိေနေပမဲ့ သင့္ကို ေျပာမွာ မဟုတ္ပါဘူး။ ေတာ္ေတာ္ေလး ဆုိးဝါးတဲ့ အေျခအေနေရာက္မွသာ သင့္ကို ေျပာရဲမွာပါ။ ဒါေတာင္ တိုက္ရိုက္မဟုတ္ဘဲ ငါသေဘာမက်ဘူးဆိုတာေလာက္ပါပဲ။

၅ - အဲ့လူေတြနဲ႔ မေပါင္းေစခ်င္ဘူး

သင္တြဲေနတဲ့တျခားလူေတြကို မၾကိဳက္ဘူးလို႔ ေျပာရမွာ ေၾကာက္ပါတယ္။ အေပါင္းအသင္းမ်ားတာကို မနာလိုတယ္လို႔ ထင္သြားမွာ စိုးပါတယ္။ ဘယ္သူေတြနဲ႔ ေပါင္းေနလဲဆိုတာေလာက္ပဲ ေမးမွာ ျဖစ္ပါတယ္။ သူငယ္ခ်င္းပဲ ျဖစ္တာေၾကာင့္ သင့္အေပၚစိုးမိုးတယ္လို႔ ထင္သြားမွာ စိုးရိမ္တာပါ။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:duwun

#Unicode Version

သူငယ်ချင်းဆက်ဆံရေးဆိုတာကလည်း ရည်းစားချစ်သူဆက်ဆံရေးလို ရေရှည်တည်တံ့ဖို့ မလွယ်ပါဘူး။ အကျင့်တူ၊ ဝါသနာတူ၊စိတ်ဓာတ်တွေတူပြီး သည်းခံပေါင်းနိုင်မှပါ။ ချစ်တဲ့သူငယ်ချင်းတွေကြတော့လည်း ရည်းစားထက်ကို ပိုချစ်ကြပါတယ်။ ဘယ်လောက်ပဲ ချစ်ချစ် သူငယ်ချင်းတွေ ပြောရမှာကြောက်တဲ့ စကားတွေရှိပါတယ်။ ဒီထဲကမှ အားလုံးတူညီနိုင်မယ့် (၅) ခုလောက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁ - တော်တော်ငြီးငြူတတ်တာပဲ

အပြင်မှာ ပူလိုက်တာ၊ အသုပ်က ငန်သလိုပဲ၊ ကားတွေက ကြပ်လိုက်တာ၊ အိမ်မှာ နားကြပ်ကျန်ခဲ့တာ တော်တော်ဆိုးတာပဲ စသဖြင့် အမြဲတမ်းငြီးငြူနေတဲ့အခါ သူ့ဘက်က အမြဲတမ်းငြီးငြူနေတာပဲလို့ ပြောချင်ပါတယ်။ ဒါပေမဲ့ သင့်ငြီးငြူမှုဟာ သူ့ဘက်လှည့်လာမှာ စိုးတာကြောင့် ဒီလို ပြောမှာ မဟုတ်ပါဘူး။ ခေါင်းလေးငြိမ့်ပြတာ ၊ အပြုံးလေး ပြုံးပြတာမျိုးလောက်ပဲ လုပ်ပါလိမ့်မယ်။ အရမ်းကြီးဆိုးလာရင်တော့ သင့်ကို မသိချင်ယောင်ဆောင်နေတာမျိုးပဲ လုပ်ပါလိမ့်မယ်။

၂ - လက်ဆောင်

လက်ဆောင်ပေးတဲ့အခါ ပေးတဲ့လက်ဆောင်ကို မကြိုက်ဘူးလို့ သင့်ကို ပြောမှာမဟုတ်ပါဘူး။ အသုံးမဝင်ဘူး၊ အပိုသက်သက်ဖြစ်နေတယ်ဆိုတာမျိုး ပြောမှာ မဟုတ်ပါဘူး။ ကြိုက်သလို၊ သဘောကျသလို ဟန်ဆောင်နေတတ်ပါတယ်။ ပေါင်းလာတာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်အနေနဲ့ ဘာအသုံးဝင်မလဲဆိုတာ သိသင့်တယ်လို့ ထင်ပေမဲ့ ပါးစပ်ကတော့ ထုတ်ပြောမှာ မဟုတ်ပါဘူး။


၃ - ဘာတွေတင်မှန်းမသိဘူး

ဖေ့စ်ဘွတ်ပေါ် ဘာပို့စ်တွေ တင်မှန်းမသိဘူးလို့ ပြောမှာ မဟုတ်ပါဘူး။ ပုံတင်ရင် လိုက်ပေးရမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ နေ့စဉ် ပုံ ၇ ပုံလောက်တင်နေတာ၊ ပရိုဖိုင်ပုံ ခဏခဏ ပြောင်းတာတွေက ထောက်ခံပေးဖို့ ခက်ခဲပါတယ်။ နေ့စဉ်အသဲကွဲပို့စ်တွေ တင်ပြီး အသည်းကွဲနေရတဲ့အကြောင်းအရင်းကိုလည်း နားမလည်နိုင်ပေမဲ့ သူငယ်ချင်းကို ဖွင့်ပြောမှာ မဟုတ်ပါဘူး။

 ၄ - ဖြတ်သင့်တယ်

သင့်ရည်စားက နှိပ်စက်တယ်၊ သင့်အပေါ်မကောင်းဘူးဆိုတာ သိတဲ့အပြင် တကယ်ကြိုက်လို့တွဲနေတာမဟုတ်ဘူးဆိုတာကိုတောင် သိနေပေမဲ့ သင့်ကို ပြောမှာ မဟုတ်ပါဘူး။ တော်တော်လေး ဆိုးဝါးတဲ့ အခြေအနေရောက်မှသာ သင့်ကို ပြောရဲမှာပါ။ ဒါတောင် တိုက်ရိုက်မဟုတ်ဘဲ ငါသဘောမကျဘူးဆိုတာလောက်ပါပဲ။

၅ - အဲ့လူတွေနဲ့ မပေါင်းစေချင်ဘူး

သင်တွဲနေတဲ့တခြားလူတွေကို မကြိုက်ဘူးလို့ ပြောရမှာ ကြောက်ပါတယ်။ အပေါင်းအသင်းများတာကို မနာလိုတယ်လို့ ထင်သွားမှာ စိုးပါတယ်။ ဘယ်သူတွေနဲ့ ပေါင်းနေလဲဆိုတာလောက်ပဲ မေးမှာ ဖြစ်ပါတယ်။ သူငယ်ချင်းပဲ ဖြစ်တာကြောင့် သင့်အပေါ်စိုးမိုးတယ်လို့ ထင်သွားမှာ စိုးရိမ်တာပါ။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top