iMyanmarHouse.com - Best Property Website for Myanmar
×

လုပ္ငန္းခြင္မွာ ျပႆနာေပၚလာလို႔ ဒီျပႆနာအတြက္အျပစ္တင္ခံရေတာ့မယ္ဆိုရင္ ဘယ္လိုလုပ္မလဲ။

လူတိုင္းလူတိုင္းမွားတတ္ၾကပါတယ္။ ဒါေပမဲ့ ဝန္ထမ္းေကာင္းတစ္ေယာက္ဆိုရင္ အမွားအတြက္ကို ေတာင္းပန္တယ္။ ဒီအမွားကေနသင္ခန္းစာယူတယ္။  ခပ္ည့ံညံ့လူေတြကေတာ့ အမွားကို ဖံုးထားမယ္။ သူမ်ားအေပၚအျပစ္ကို ပံုခ်တတ္တယ္။

ေန႔စဥ္ေတြ႔ႀကံဳေနရတဲ့ ျပႆနာေတြကို ေျဖရွင္းႏိုင္ဖို႔ နည္းလမ္းတစ္ခ်ိဳ႕ကို ေဝမွ်ေပးလိုက္ပါတယ္။

အတတ္ႏိုင္ဆံုးတိက်ျပတ္သားပါ

ရိပ္ဖမ္းသံဖမ္း ေတာင္းပန္တာဟာ တစ္ခါတစ္ရံမွာ မေတာင္းပန္ဘဲေနတာထက္ ပိုၿပီးဆိုးသြားတတ္ပါတယ္။ ကိုယ့္အမွားအတြက္ေတာင္းပန္သလိုလိုနဲ႔ သူမ်ားကို အျပစ္တင္တာလည္း မေကာင္းတဲ့အျပဳအမူတစ္ခုပါပဲ။ ျဖစ္ခဲ့သမွ်အတြက္ တာဝန္ယူပါ။ ဆင္ေျခေပးဖို႔အတြက္ ေတာင္းပန္တာမ်ိဳး မလုပ္ပါနဲ႔။

ျပႆနာကို ဘယ္လိုေျဖရွင္းထားလဲဆိုတာ ရွင္းျပပါ


ျပင္လို႔မရတဲ့ ျပႆနာဆိုတာ အလြန္ရွားပါတယ္။ ျပႆနာေတြကို ေျဖရွင္းဖို႔ ေဆာင္ရြက္တာနဲ႔ လိုအပ္တာေတြလုပ္မယ္ဆိုရင္ အျခားသူေတြ စိတ္ဆိုးတာလည္း သက္သာမယ္။ သင့္ေတာင္းပန္မႈေၾကာင့္လည္း နာမည္ေကာင္းရမယ္။ အမွားျပင္ဆင္ဖို႔ မစဥ္းစားထားဘဲ ေတာင္းပန္တာလည္း အလကားပါပဲ။

ျပႆနာကိုေျဖရွင္းၿပီးရင္ ထားလိုက္ပါေတာ့

ျဖစ္သြားတဲ့ျပႆနာေတြကို ေျဖရွင္းၿပီးၿပီ၊ တတ္ႏိုင္သမွ် ေက်ပြန္ေအာင္ ႀကိဳးစားၿပီးၿပီဆိုရင္ အဲဒီျပႆနာအေၾကာင္းဘာမွေျပာမေနပါနဲ႔ေတာ့။ အျပစ္ေျပာမိတယ္ဆိုလည္း ထိုလူကိုေတာင္းပန္ၿပီး ေႏြးေႏြးေထြးေထြးဆက္ဆံလိုက္ပါ။ ဒီအမွားအတြက္ မေတာင္းပန္မီ အေရးႀကီးတဲ့အခ်က္ေတြကိုလည္း ႀကိဳတင္စဥ္းစားထားပါ။


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:duwun

#Unicode Version

လုပ်ငန်းခွင်မှာ ပြဿနာပေါ်လာလို့ ဒီပြဿနာအတွက်အပြစ်တင်ခံရတော့မယ်ဆိုရင် ဘယ်လိုလုပ်မလဲ။

လူတိုင်းလူတိုင်းမှားတတ်ကြပါတယ်။ ဒါပေမဲ့ ဝန်ထမ်းကောင်းတစ်ယောက်ဆိုရင် အမှားအတွက်ကို တောင်းပန်တယ်။ ဒီအမှားကနေသင်ခန်းစာယူတယ်။  ခပ်ညံ့ညံ့လူတွေကတော့ အမှားကို ဖုံးထားမယ်။ သူများအပေါ်အပြစ်ကို ပုံချတတ်တယ်။

နေ့စဉ်တွေ့ကြုံနေရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းတစ်ချို့ကို ဝေမျှပေးလိုက်ပါတယ်။

အတတ်နိုင်ဆုံးတိကျပြတ်သားပါ

ရိပ်ဖမ်းသံဖမ်း တောင်းပန်တာဟာ တစ်ခါတစ်ရံမှာ မတောင်းပန်ဘဲနေတာထက် ပိုပြီးဆိုးသွားတတ်ပါတယ်။ ကိုယ့်အမှားအတွက်တောင်းပန်သလိုလိုနဲ့ သူများကို အပြစ်တင်တာလည်း မကောင်းတဲ့အပြုအမူတစ်ခုပါပဲ။ ဖြစ်ခဲ့သမျှအတွက် တာဝန်ယူပါ။ ဆင်ခြေပေးဖို့အတွက် တောင်းပန်တာမျိုး မလုပ်ပါနဲ့။

ပြဿနာကို ဘယ်လိုဖြေရှင်းထားလဲဆိုတာ ရှင်းပြပါ

ပြင်လို့မရတဲ့ ပြဿနာဆိုတာ အလွန်ရှားပါတယ်။ ပြဿနာတွေကို ဖြေရှင်းဖို့ ဆောင်ရွက်တာနဲ့ လိုအပ်တာတွေလုပ်မယ်ဆိုရင် အခြားသူတွေ စိတ်ဆိုးတာလည်း သက်သာမယ်။ သင့်တောင်းပန်မှုကြောင့်လည်း နာမည်ကောင်းရမယ်။ အမှားပြင်ဆင်ဖို့ မစဉ်းစားထားဘဲ တောင်းပန်တာလည်း အလကားပါပဲ။

ပြဿနာကိုဖြေရှင်းပြီးရင် ထားလိုက်ပါတော့

ဖြစ်သွားတဲ့ပြဿနာတွေကို ဖြေရှင်းပြီးပြီ၊ တတ်နိုင်သမျှ ကျေပွန်အောင် ကြိုးစားပြီးပြီဆိုရင် အဲဒီပြဿနာအကြောင်းဘာမှပြောမနေပါနဲ့တော့။ အပြစ်ပြောမိတယ်ဆိုလည်း ထိုလူကိုတောင်းပန်ပြီး နွေးနွေးထွေးထွေးဆက်ဆံလိုက်ပါ။ ဒီအမှားအတွက် မတောင်းပန်မီ အရေးကြီးတဲ့အချက်တွေကိုလည်း ကြိုတင်စဉ်းစားထားပါ။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:duwun


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top